ဗဟုတုသ


(Zawgyi)






Credit – popular news

(Zawgyi)






Credit – popular news

(Unicode)

ရန်ကုန်မှာမီးပျက်ရင် ဒီဖုန်းနံပါတ်ကိုဆက်ပြီး မေးမြန်းနိုင်ပါပြီ

ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်မြို့တွင်းမှာ လျှပ်စစ်မီးပြတ်တောက်ခြင်း အပါအဝင်ဓာတ်အားဖြန့်ဖြူးရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို (၂၄)နာရီ ဖုန်းဆက်မေးနိုင်မယ့် Call Center တစ်ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒီ Call Center နံပါတ်ကိုတော့ အလွယ်တကူ မှတ်သားနိုင်ဖို့ 1717 အဖြစ်သတ်မှတ်ထားပြီး ဓာတ်အားဖြန့်ဖြူးရေးနဲ့ ပါတ်သက်တာတွေကို အချိန်နဲ့တပြေးညီ ဖြေကြားပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီ Call Center ကို အခုဆက်သွယ်မေးမြန်းလို့ ရနေပြီဖြစ်ပါတယ်။ ”(၂၄)နာရီ ဖုန်းဆက်မေးနိုင်အောင် စီစဉ်ထားပါတယ်။ မီးပျက်ရင်ဖြစ်စေ ဓာတ်အားမပြည့်ဝတာတွေ နောက်ဓာတ်ကြိုးပြတ်တောက်လို့ အသိပေးတာတွေကအစ ချက်ချင်းဖုန်းဆက်နိုင်အောင် စီစဉ်ထားတာပါ”လို့ YESC ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာ ဦးဝင်းသန့်က ပြောပါတယ်။

မီးပျက်ချိန်တွေကို ဖုန်းဆက်မေးတဲ့အခါမှာ Plan Outage Shut Down လုပ်နေချိန်တွေဆိုရင် ဘယ်အချိန် မီးပြန်လာမလဲဆိုတာတွေကိုပါ ဖြေကြားပေးနိုင်မှာ ဖြစ်ပေမယ့် အရေးပေါ်ကိစ္စတွေကြောင့် System Breakdown ဖြစ်တာမျိုးကိုတော့ မီးပြန်လာချိန်ကို ဖြေဖို့ခက်နေပါသေးတယ်လို့လည်း ပြောပါတယ်။

ဒီလို 1717 Call Center ကို ရန်ကုန်မြို့နေပြည်သူတွေ အလွယ်တကူဆက်သွယ်ပြောကြားနိုင်ဖို့ အသိပေးကြေညာတာတွေကိုလည်း ဆက်လက်ပြုလုပ်သွားဖို့ YESC က စီစဉ်နေပါတယ်။

Credit – popular news

Leave a Reply

Your email address will not be published. Required fields are marked *