ဗဟုတုသ

ေငြစကၠဴသုံးသူတိုင္း သိထားရမယ့္ ေငြစကၠဴ အတု၊ အစစ္ ခြဲျခားသိႏိုင္ေစမယ့္ နည္းလမ္း ၁ နည္း

(Zawgyi)

ေငြစကၠဴသုံးသူတိုင္း သိထားရမယ့္ ေငြစကၠဴ အတု၊ အစစ္ ခြဲျခားသိႏိုင္ေစမယ့္ နည္းလမ္း ၁ နည္း

ေရးသားသူ – Ko Minn Thaik

(ဒီနည္းလမ္းကလည္း အမ်ားႀကီးဆိုရင္ေတာ့ အဆင္မေျပဘူးေပါ့ဗ်ာ၊ ဘာပဲျဖစ္ျဖစ္ ဗဟုသုတ အေနနဲ႔ေဝမွ်လိုက္ျခင္းပါ )

ကမာၻေက်ာ္ ေငြစကၠဴအတုဂိုဏ္းေတြဟာ နည္းပညာ ဘယ္လို ျမင့္ျမင့္ ရေအာင္ လိုက္တုပလုပ္တယ္။ ေငြစကၠဴအသား အမ်ိဳးအစား ထပ္တူ၊ လုံၿခဳံေရးႀကိဳးေတြ၊ မွင္ေတြကအစ၊ ေရစာ အဆုံး အကုန္ အတုထြက္ တယ္၊ တ႐ုပ္ျပည္က ဒိုင္ခံ ေရာင္းေပးေနတာ ခရမ္းလြန္ေရာင္ျခည္ မီးနဲ႔ ထိုးၾကည့္မွ ျမင္ရတဲ့ Invisible ink , UV ink လိုမ်ိဳးကေတာ့ ဘာအေရာင္ လိုခ်င္သလဲ အကုန္ရတယ္။ အခု တစ္ေသာင္းတန္မွာ ထည့္႐ိုက္လာတဲ့ METALLIC INK လိုခ်င္လားရတယ္။

အရင္ အေမရိကန္ ေငြစကၠဴမွာ ပထမဆုံးအသုံးျပဳတဲ့ OVI ေခၚတဲ့ Optically Variable Ink လားရမယ္။ ဘယ္အေရာင္ကေန ဘယ္ အေရာင္ေျပာင္းတာ လိုခ်င္လဲ၊ အေမရိကန္က အဲဒီ OVI ကို အဆင့္ျမင့္နည္းပညာနဲ႔ သူ႔ ေဒၚလာေပၚ မွာ ႐ိုက္တာ။ အစိမ္းကေန ခရမ္းေရာင္ေျပာင္းတဲ့မွင္နဲ႔တူတယ္။ ေျမာက္ႀကီးက ထုတ္ျပလိုက္ေတာ့ လန႔္ျဖန႔္ၿပီးအခု 3-D Security Ribbon ႀကီး ထြင္ထည့္လိုက္ရတာ။ အဲဒါလည္း သိပ္မၾကာဘူး အတုထြက္ဦးမွာပဲ အခုဆို စမ္းသပ္ေနၾကေရာေပါ့။

ေငြစကၠဴ အတုလုပ္တဲ့သူေတြ ဘယ္လိုမွ ေတာ္႐ုံတုပလို႔မရတဲ့ နည္းပညာကေတာ့ Printing Technology ပဲ။ ျမန္မာက်ပ္ေငြမွာလည္း အဲဒီ အခ်က္ေလးေတြရွိတယ္၊ ဘယ္သူမွ တုလို႔မရဘူး။ ဂ်ာမဏီက စက္ႀကီးဝယ္ၿပီး တုရင္ေတာ့ ရႏိုင္ တာေပါ့။ မဟုတ္တာလုပ္စားၿပီး တစ္က်ပ္ရင္း တစ္ေထာင္ေလာက္ေတာ့ ဘယ္အျမတ္က်န္မလဲ ။ အခန႔္မသင့္ရင္ ကြိသြားမွာ။ ဒီလို security printing ေတြအတြက္ ဟာ့ဝဲေတြ ေရာင္းတဲ့ ကုမၸဏီႀကီးေတြ ဆိုတာလည္း ဂါးဗားမင့္ သီးသန႔္ပဲ ေရာင္းတာပါ။ စက္ေတြေတာင္ အလုံးအေရအတြက္ သတ္မွတ္ထုတ္တာ။ အျပင္လူမေရာင္းဘူး။

ေငြစကၠဴတိုင္းမွာပါတဲ့ လုံၿခဳံေရးအခ်က္အလက္ေတြထဲမွာ အတုသမားေတြ တုဖို႔ခက္တဲ့ micro print လို႔ေခၚတဲ့ သာမန္ မ်က္လုံးနဲ႔ ႐ုတ္တရက္ မျမင္ႏိုင္တဲ့ စာလုံးေလးေတြ၊ ျမန္မာေငြစကၠဴ က်ပ္တစ္ေသာင္းတန္မွာ ဆိုရင္ SECURITYPRINTINGWORKS ဆိုၿပီး ထည့္သြင္း႐ိုက္ႏွိပ္ ထားတယ္။ တခ်ိဳ႕ေနရာေတြမွာ CBMCBMCBM ဆိုၿပီး Central Bank of Myanmar အတိုေကာက္ထည့္႐ိုက္ထားတယ္။ မွန္ဘီလူးနဲ႔ၾကည့္မွ ျမင္ႏိုင္ေသာ္လည္း သာမန္ လူတစ္ဦး၊ မွန္ဘီလူးလည္း အဆင္သင့္ မရွိတဲ့လူက ဘယ္လို သိႏိုင္မလဲဆိုရင္ လက္ကိုင္ဖုန္းတိုင္းမွာ ကင္မရာ ပါတယ္။

လက္ကိုင္ဖုန္းကင္မရာနဲ႔ အဲဒီ စာလုံးေလးေတြ ႐ိုက္ထားတဲ့ ေနရာကို ( ပုံမွာ ျပထားတယ္ ) ခ်ိန္ေထာက္ၿပီး ဖိုးကပ္ ျပတ္ေအာင္ခ်ိန္ၿပီး ႐ိုက္၊ ႐ိုက္ၿပီး ဓါတ္ပုံကို ျပန္ၿဖဲၾကည့္၊ အဲဒီ စာလုံးေလးေတြဟာ ျပတ္ျပတ္သားသားမရွိဘူး ဝါးေနမယ္ လုံးေနမယ္ဆိုရင္ က်ိန္းေသတယ္ အဲဒါ အတုပဲ။ ကြန္ျပဴတာ ပရင္တာ အေကာင္းစားႀကီး မေျပာနဲ႔ ပုဂၢလိက လုပ္ငန္းသုံး ပုံႏွိပ္စက္အေကာင္းစားမွာေတာင္ အဲဒီ မိုက္ခ႐ိုပရင့္ စာလုံးေသးေလးေတြ ျပတ္သားေအာင္ မ႐ိုက္ႏိုင္ဘူး။

ေနာက္တစ္ခ်က္ အလြယ္တကူ အတုအစစ္ခြဲလို႔ရတာက တစ္ေသာင္း တန္၊ ငါးေတာင္တန္၊ တစ္ေထာင္တန္ အကုန္လုံးမွာ ပါတယ္။ ေငြစကၠဴရဲ႕ မ်က္ႏွာစာ ဘယ္ဘက္ ( ေရစာေဘး ) အကြက္ေလးထဲမွာ CBM ဆိုတဲ့ စာလုံးေတြကို ကႏုတ္ေတြနဲ႔ ေရာျမဳပ္ ဖြက္ၿပီး႐ိုက္ႏွိပ္ထားတယ္။ အဲဒီ နည္းပညာကို Latent Image လို႔ေခၚတယ္။ အလင္းေရာင္ရွိတဲ့ေနရာမွာ ေငြစကၠဴ ကို ( သီအိုရီအရေတာ့ ၄၅ ဒီဂရီေစာင္းၾကည့္လိုက္မွ ) ျမဳပ္႐ိုက္ထားတဲ့ စာလုံးေလးေတြ ေပၚလာတာ။

ျမန္မာေငြစကၠဴမွာ က်ပ္ေငြ တစ္ေထာင္တန္အထိ အဲဒီ Latent Image ကြာလတီေကာင္းေသးတယ္။ သီအိုရီနဲ႔ ကိုက္တယ္၊ ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္မွာလုံးဝ ခ်ာတူးလန္သြားၿပီ ေစာင္းၾကည့္စရာမလိုပဲ ေပၚေနတယ္။ စက္လည္းညံလာသလို ဒီဇိုင္းဆြဲတဲ့သူ လည္း ညံ့တယ္။ အမွန္က အတည့္ၾကည့္ရင္ မေပၚရပါဘူး။ နည္းနည္းေစာင္းလိုက္မွ ေပၚလာတာ။ အဲဒီ Latent Image ကို ဘယ္လို မွ အတုလုပ္လို႔မရဘူး။ ဂရပ္ဖစ္ ဒီဇိုင္းအေခၚအေဝၚအရ Hairline လို႔ေခၚတဲ့ ဆံခ်ည္မွ်င္လိုင္းထက္ အမ်ားႀကီး ပိုေသးတဲ့ လိုင္းေသးေသးေလး ေတြနဲ႔ ေရာယွက္ ဒီဇိုင္းဆြဲ ျမဳပ္ထားတဲ့ နည္းပညာ၊ အဲဒီ နည္းပညာကိုတိတိက်က် ပုံႏွိပ္ဖို႔ ပုံႏွိပ္စက္ဆိုတာ ပုဂၢလိကမွာလည္းမရွိဘူး။ ဘယ္ႏိုင္ငံက ေငြတုလုပ္တဲ့သူေတြမွလည္း မလုပ္ႏိုင္ဘူး။

ဆိုေတာ့ကာ ျမန္မာေငြ အတုအစစ္ အလြယ္တကူခြဲျခားႏိုင္ဖို႔ နံပတ္တစ္က ပိုက္ဆံ မ်က္ႏွာစာ ဘယ္ဘက္နားက ေရစာ ေဘးမွာရွိတဲ့ CBM ဆိုတဲ့ စာလုံးေလးေတြ ေပၚမေပၚ အလင္းေရာင္ထဲမွာ ေစာင္းၾကည့္ တည့္ၾကည့္စစ္ပါ။ ေနာက္တစ္ခ်က္က မိုက္ခ႐ို ပရင့္နည္းပညာနဲ႔႐ိုက္ထားတဲ့ စာလုံးေသးေသးေလးေတြကို မွန္ဘီလူးနဲ႔ ၾကည့္ႏိုင္ရင္ၾကည့္ မွန္ဘီလူးမရွိရင္ လည္း လက္ကိုင္ဖုန္းကင္မရာနဲ႔ အနီးကပ္႐ိုက္ၾကည့္ၿပီး စစ္ပါ။

တခ်ိဳ႕က ေငြစကၠဴ ထိပ္စည္းအေပၚပိုင္းနဲ႔ ေအာက္ပိုင္း ကႏုတ္ဒီဇိုင္းရွိ တဲ့ေနရာကို လက္မေလးနဲ႔ အသာပြတ္ဆြဲ ၾကည့္တယ္။ ထစ္ထစ္ ထစ္ထစ္ျဖစ္ေနမယ္ ေဖါင္းႂကြ အရသာမ်ိဳးေလးခံစားရမယ္ဆို အစစ္လို႔ပဲ သတ္မွတ္ၾကတယ္။ အဲဒီ နည္းသြားမစမ္းနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္က သထုံမွာမိတဲ့ က်ပ္တစ္ေသာင္းတန္ အတု သိန္းေထာင့္ႏွစ္ရာဖိုး အတုလုပ္တဲ့ အဖြဲ႕က အေတာ္ဆရာက်တဲ့ ငနဲေတြလို႔ေျပာရမယ္။ ေအာက္ခံဒီဇိုင္းေလာက္ကိုသာ ကာလာပရင္တာ အေပါစားနဲ႔ ႐ိုက္ထုတ္တာ။

အေပၚထိပ္စည္းနဲ႔ ေအာက္ကႏုတ္သားကို သီးသန႔္ မိုလ္လုပ္ထားၿပီး ေဖါင္းႂကြျဖစ္ေအာင္ ေဆးနဲ႔ ဖိ႐ိုက္သြင္းတာ၊ လက္မနဲ႔ ပြတ္စမ္းၾကည့္ အင္မိသြားမယ္၊ ဒီအုပ္စု႐ိုက္ထုတ္ေနတဲ့ သိန္းေထာင္ခ်ီတဲ့ တစ္ေသာင္းတန္ေတြကို ဘယ္ေနရာမွာ အထုပ္လိုက္ အထည္လိုက္ လက္စေဖ်ာက္ ျဖဳန္းပစ္သလဲဆိုတာကေတာ့ စီအိုင္ဒီ အေနနဲ႔ ေသခ်ာ ေျခရာေကာက္ဖို႔ လိုၿပီေနာ္။

က်ပ္တစ္ေသာင္းတန္ကလည္း ေမာ္ဒယ္အေဟာင္းနဲ႔ ေမာ္ဒယ္အသစ္ ၂ မ်ိဳးရွိတာ သတိထားၾကဦး။ ေရစာကြာတယ္ ဒီဇိုင္းလိုင္း ေလးေတြ နည္းနည္း ကြာတယ္၊ တစ္ေသာင္း လို႔ ႐ိုက္ထားတဲ့ေနရာမွာ Invisible ink မ်ားမ်ားထည့္႐ိုက္ၿပီး စာလုံးႀကီးထားတယ္။ ဘာမွေတာ့ လုံၿခဳံေရးပိုင္းက ထူးသြားတာမဟုတ္ပါဘူး။

ျမန္မာျပည္သူအေပါင္း ေငြတု လက္ဝယ္မိျခင္းေဘးက ကင္းေဝးၾကပါေစ။ မွီျငမ္းကိုးကား – Glossary of Banknotes….အေသးစိတ္ စိတ္ဝင္စားသူမ်ား ဒီမွာ ေလ့လာေတာ္မူၾကပါ –

https://regulaforensics.com/en/support/glossary-banknotes/

Credit – Minn Thaik

ossary-banknotes/

(Unicode)

ငွေစက္ကူသုံးသူတိုင်း သိထားရမယ့် ငွေစက္ကူ အတု၊ အစစ် ခွဲခြားသိနိုင်စေမယ့် နည်းလမ်း ၁ နည်း

ရေးသားသူ – Ko Minn Thaik

(ဒီနည်းလမ်းကလည်း အများကြီးဆိုရင်တော့ အဆင်မပြေဘူးပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ခြင်းပါ )

ကမ္ဘာကျော် ငွေစက္ကူအတုဂိုဏ်းတွေဟာ နည်းပညာ ဘယ်လို မြင့်မြင့် ရအောင် လိုက်တုပလုပ်တယ်။ ငွေစက္ကူအသား အမျိုးအစား ထပ်တူ၊ လုံခြုံရေးကြိုးတွေ၊ မှင်တွေကအစ၊ ရေစာ အဆုံး အကုန် အတုထွက် တယ်၊ တရုပ်ပြည်က ဒိုင်ခံ ရောင်းပေးနေတာ ခရမ်းလွန်ရောင်ခြည် မီးနဲ့ ထိုးကြည့်မှ မြင်ရတဲ့ Invisible ink , UV ink လိုမျိုးကတော့ ဘာအရောင် လိုချင်သလဲ အကုန်ရတယ်။ အခု တစ်သောင်းတန်မှာ ထည့်ရိုက်လာတဲ့ METALLIC INK လိုချင်လားရတယ်။

အရင် အမေရိကန် ငွေစက္ကူမှာ ပထမဆုံးအသုံးပြုတဲ့ OVI ခေါ်တဲ့ Optically Variable Ink လားရမယ်။ ဘယ်အရောင်ကနေ ဘယ် အရောင်ပြောင်းတာ လိုချင်လဲ၊ အမေရိကန်က အဲဒီ OVI ကို အဆင့်မြင့်နည်းပညာနဲ့ သူ့ ဒေါ်လာပေါ် မှာ ရိုက်တာ။ အစိမ်းကနေ ခရမ်းရောင်ပြောင်းတဲ့မှင်နဲ့တူတယ်။ မြောက်ကြီးက ထုတ်ပြလိုက်တော့ လန့်ဖြန့်ပြီးအခု 3-D Security Ribbon ကြီး ထွင်ထည့်လိုက်ရတာ။ အဲဒါလည်း သိပ်မကြာဘူး အတုထွက်ဦးမှာပဲ အခုဆို စမ်းသပ်နေကြရောပေါ့။

ငွေစက္ကူ အတုလုပ်တဲ့သူတွေ ဘယ်လိုမှ တော်ရုံတုပလို့မရတဲ့ နည်းပညာကတော့ Printing Technology ပဲ။ မြန်မာကျပ်ငွေမှာလည်း အဲဒီ အချက်လေးတွေရှိတယ်၊ ဘယ်သူမှ တုလို့မရဘူး။ ဂျာမဏီက စက်ကြီးဝယ်ပြီး တုရင်တော့ ရနိုင် တာပေါ့။ မဟုတ်တာလုပ်စားပြီး တစ်ကျပ်ရင်း တစ်ထောင်လောက်တော့ ဘယ်အမြတ်ကျန်မလဲ ။ အခန့်မသင့်ရင် ကွိသွားမှာ။ ဒီလို security printing တွေအတွက် ဟာ့ဝဲတွေ ရောင်းတဲ့ ကုမ္ပဏီကြီးတွေ ဆိုတာလည်း ဂါးဗားမင့် သီးသန့်ပဲ ရောင်းတာပါ။ စက်တွေတောင် အလုံးအရေအတွက် သတ်မှတ်ထုတ်တာ။ အပြင်လူမရောင်းဘူး။

ငွေစက္ကူတိုင်းမှာပါတဲ့ လုံခြုံရေးအချက်အလက်တွေထဲမှာ အတုသမားတွေ တုဖို့ခက်တဲ့ micro print လို့ခေါ်တဲ့ သာမန် မျက်လုံးနဲ့ ရုတ်တရက် မမြင်နိုင်တဲ့ စာလုံးလေးတွေ၊ မြန်မာငွေစက္ကူ ကျပ်တစ်သောင်းတန်မှာ ဆိုရင် SECURITYPRINTINGWORKS ဆိုပြီး ထည့်သွင်းရိုက်နှိပ် ထားတယ်။ တချို့နေရာတွေမှာ CBMCBMCBM ဆိုပြီး Central Bank of Myanmar အတိုကောက်ထည့်ရိုက်ထားတယ်။ မှန်ဘီလူးနဲ့ကြည့်မှ မြင်နိုင်သော်လည်း သာမန် လူတစ်ဦး၊ မှန်ဘီလူးလည်း အဆင်သင့် မရှိတဲ့လူက ဘယ်လို သိနိုင်မလဲဆိုရင် လက်ကိုင်ဖုန်းတိုင်းမှာ ကင်မရာ ပါတယ်။

လက်ကိုင်ဖုန်းကင်မရာနဲ့ အဲဒီ စာလုံးလေးတွေ ရိုက်ထားတဲ့ နေရာကို ( ပုံမှာ ပြထားတယ် ) ချိန်ထောက်ပြီး ဖိုးကပ် ပြတ်အောင်ချိန်ပြီး ရိုက်၊ ရိုက်ပြီး ဓါတ်ပုံကို ပြန်ဖြဲကြည့်၊ အဲဒီ စာလုံးလေးတွေဟာ ပြတ်ပြတ်သားသားမရှိဘူး ဝါးနေမယ် လုံးနေမယ်ဆိုရင် ကျိန်းသေတယ် အဲဒါ အတုပဲ။ ကွန်ပြူတာ ပရင်တာ အကောင်းစားကြီး မပြောနဲ့ ပုဂ္ဂလိက လုပ်ငန်းသုံး ပုံနှိပ်စက်အကောင်းစားမှာတောင် အဲဒီ မိုက်ခရိုပရင့် စာလုံးသေးလေးတွေ ပြတ်သားအောင် မရိုက်နိုင်ဘူး။

နောက်တစ်ချက် အလွယ်တကူ အတုအစစ်ခွဲလို့ရတာက တစ်သောင်း တန်၊ ငါးတောင်တန်၊ တစ်ထောင်တန် အကုန်လုံးမှာ ပါတယ်။ ငွေစက္ကူရဲ့ မျက်နှာစာ ဘယ်ဘက် ( ရေစာဘေး ) အကွက်လေးထဲမှာ CBM ဆိုတဲ့ စာလုံးတွေကို ကနုတ်တွေနဲ့ ရောမြုပ် ဖွက်ပြီးရိုက်နှိပ်ထားတယ်။ အဲဒီ နည်းပညာကို Latent Image လို့ခေါ်တယ်။ အလင်းရောင်ရှိတဲ့နေရာမှာ ငွေစက္ကူ ကို ( သီအိုရီအရတော့ ၄၅ ဒီဂရီစောင်းကြည့်လိုက်မှ ) မြုပ်ရိုက်ထားတဲ့ စာလုံးလေးတွေ ပေါ်လာတာ။

မြန်မာငွေစက္ကူမှာ ကျပ်ငွေ တစ်ထောင်တန်အထိ အဲဒီ Latent Image ကွာလတီကောင်းသေးတယ်။ သီအိုရီနဲ့ ကိုက်တယ်၊ ငါးထောင်တန်နဲ့ တစ်သောင်းတန်မှာလုံးဝ ချာတူးလန်သွားပြီ စောင်းကြည့်စရာမလိုပဲ ပေါ်နေတယ်။ စက်လည်းညံလာသလို ဒီဇိုင်းဆွဲတဲ့သူ လည်း ညံ့တယ်။ အမှန်က အတည့်ကြည့်ရင် မပေါ်ရပါဘူး။ နည်းနည်းစောင်းလိုက်မှ ပေါ်လာတာ။ အဲဒီ Latent Image ကို ဘယ်လို မှ အတုလုပ်လို့မရဘူး။ ဂရပ်ဖစ် ဒီဇိုင်းအခေါ်အဝေါ်အရ Hairline လို့ခေါ်တဲ့ ဆံချည်မျှင်လိုင်းထက် အများကြီး ပိုသေးတဲ့ လိုင်းသေးသေးလေး တွေနဲ့ ရောယှက် ဒီဇိုင်းဆွဲ မြုပ်ထားတဲ့ နည်းပညာ၊ အဲဒီ နည်းပညာကိုတိတိကျကျ ပုံနှိပ်ဖို့ ပုံနှိပ်စက်ဆိုတာ ပုဂ္ဂလိကမှာလည်းမရှိဘူး။ ဘယ်နိုင်ငံက ငွေတုလုပ်တဲ့သူတွေမှလည်း မလုပ်နိုင်ဘူး။

ဆိုတော့ကာ မြန်မာငွေ အတုအစစ် အလွယ်တကူခွဲခြားနိုင်ဖို့ နံပတ်တစ်က ပိုက်ဆံ မျက်နှာစာ ဘယ်ဘက်နားက ရေစာ ဘေးမှာရှိတဲ့ CBM ဆိုတဲ့ စာလုံးလေးတွေ ပေါ်မပေါ် အလင်းရောင်ထဲမှာ စောင်းကြည့် တည့်ကြည့်စစ်ပါ။ နောက်တစ်ချက်က မိုက်ခရို ပရင့်နည်းပညာနဲ့ရိုက်ထားတဲ့ စာလုံးသေးသေးလေးတွေကို မှန်ဘီလူးနဲ့ ကြည့်နိုင်ရင်ကြည့် မှန်ဘီလူးမရှိရင် လည်း လက်ကိုင်ဖုန်းကင်မရာနဲ့ အနီးကပ်ရိုက်ကြည့်ပြီး စစ်ပါ။

တချို့က ငွေစက္ကူ ထိပ်စည်းအပေါ်ပိုင်းနဲ့ အောက်ပိုင်း ကနုတ်ဒီဇိုင်းရှိ တဲ့နေရာကို လက်မလေးနဲ့ အသာပွတ်ဆွဲ ကြည့်တယ်။ ထစ်ထစ် ထစ်ထစ်ဖြစ်နေမယ် ဖေါင်းကြွ အရသာမျိုးလေးခံစားရမယ်ဆို အစစ်လို့ပဲ သတ်မှတ်ကြတယ်။ အဲဒီ နည်းသွားမစမ်းနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က သထုံမှာမိတဲ့ ကျပ်တစ်သောင်းတန် အတု သိန်းထောင့်နှစ်ရာဖိုး အတုလုပ်တဲ့ အဖွဲ့က အတော်ဆရာကျတဲ့ ငနဲတွေလို့ပြောရမယ်။ အောက်ခံဒီဇိုင်းလောက်ကိုသာ ကာလာပရင်တာ အပေါစားနဲ့ ရိုက်ထုတ်တာ။

အပေါ်ထိပ်စည်းနဲ့ အောက်ကနုတ်သားကို သီးသန့် မိုလ်လုပ်ထားပြီး ဖေါင်းကြွဖြစ်အောင် ဆေးနဲ့ ဖိရိုက်သွင်းတာ၊ လက်မနဲ့ ပွတ်စမ်းကြည့် အင်မိသွားမယ်၊ ဒီအုပ်စုရိုက်ထုတ်နေတဲ့ သိန်းထောင်ချီတဲ့ တစ်သောင်းတန်တွေကို ဘယ်နေရာမှာ အထုပ်လိုက် အထည်လိုက် လက်စဖျောက် ဖြုန်းပစ်သလဲဆိုတာကတော့ စီအိုင်ဒီ အနေနဲ့ သေချာ ခြေရာကောက်ဖို့ လိုပြီနော်။

ကျပ်တစ်သောင်းတန်ကလည်း မော်ဒယ်အဟောင်းနဲ့ မော်ဒယ်အသစ် ၂ မျိုးရှိတာ သတိထားကြဦး။ ရေစာကွာတယ် ဒီဇိုင်းလိုင်း လေးတွေ နည်းနည်း ကွာတယ်၊ တစ်သောင်း လို့ ရိုက်ထားတဲ့နေရာမှာ Invisible ink များများထည့်ရိုက်ပြီး စာလုံးကြီးထားတယ်။ ဘာမှတော့ လုံခြုံရေးပိုင်းက ထူးသွားတာမဟုတ်ပါဘူး။

မြန်မာပြည်သူအပေါင်း ငွေတု လက်ဝယ်မိခြင်းဘေးက ကင်းဝေးကြပါစေ။ မှီငြမ်းကိုးကား – Glossary of Banknotes….အသေးစိတ် စိတ်ဝင်စားသူများ ဒီမှာ လေ့လာတော်မူကြပါ –

https://regulaforensics.com/en/support/glossary-banknotes/

Credit – Minn Thaik

ossary-banknotes/

Leave a Reply

Your email address will not be published. Required fields are marked *