ဗဟုတုသ

သဲေျခေက်ာက္တည္ေနတာကို မခြဲလိုက္ရပဲ ေကာင္းသြားတဲ႔နည္းေလးမို႔ မွ်ေ၀ပါရေစ

သဲခြေကျောက်တည်နေတာကို မခွဲလိုက်ရပဲ ကောင်းသွားတဲ့နည်းလေးမို့ မျှဝေပါရစေ

သဲခြေကျောက်တည်နေတာကို မခွဲလိုက်ရပဲ ကောင်းသွားတဲ့နည်းလေးမို့ မျှဝေပါရစေ ကိုယ်တွေ့ဆေးကောင်းတစ်ခွက် လမ်းညွှန်ပါစေ။ ဆေးသုံးလေးကြိမ်လောက်စစ်ဖူးတယ်။ ပထမဆုံးဆေးစစ်ရတော့ အက်ထရာဆောင်းရိုက်တာ သဲခြေကျောက်တည်နေတာတွေ့လို့ ဆရာဝန်ကခွဲမလားပြောတယ်။ မခွဲဘဲနေလို့ရသေးလားဆိုတော့ ရသေးတယ်၊ဆေးစားလို့တော့ရတယ်။ ဒါပေမဲ့မပျောက်ဘဲ ကြီးလာရင်တော့ မင်းဆေးရုံတက်ခွဲရမယ်လို့ပြောတယ်။ ဒါနဲ့မခွဲသေးဘဲ ဆေးစားမယ်လို့စိတ်ကူးလိုက်တယ်။ fame ကထုတ်တဲ့ ကျောက်ပျော်ဆေးကိုစားကြည့်တယ်၊ ၂ လလောက်တော့ ဆေးပြန်စစ်ရ တယ်။ ပိုကြီးလာတယ်။ ဆေးဆက်စားတယ်။ သူငယ်ချင်းတစ်ယောက်က ပန်းသီး တစ်နေ့ငါးလုံး စားတဲ့နည်းပြောပြတယ်၊ အဲဒီနည်းက ပန်းသီးနေ့တိုင်းစားရမှာ ပျင်းတာနဲ့မစားဖြစ်ဘူး။ ရုံးကကျန်းမာရေးအားလုံးစစ်ရမယ်ဆိုတော့ စစ်ရပြန်တယ်။ အသည်းဆီဖုံးလည်းရှိတယ်။သည်းခြေမှာလည်း ကျောက်ရှိပြန်တယ်တဲ့။ကျောက်ပျော်ဆေးဆက်စားတယ်။ တစ်လလောက်နေတော့ အစာအိမ်သွေးယိုလို့ဆေးရုံတက်ရပြန်ရော၊ အဲဒီမှာ ဆေးရုံဆင်းတော့အက်ထရာဆောင်းရိုက်ခဲ့တယ်။ ကျောက်ကအရွယ်အစားပိုကြီးလာတယ်။ တစ်နေ့တော့ မြဝတီဝက်ဆိုဒ်မှာ ငါးပြေမနဲ့ဇောင်းလျားသီး ရောပြီးဟင်းချက်စားရင် သည်းခြေကျောက်တည်တာနဲ့ အသည်းဆီဖုန်းတာပျောက်တယ်တဲ့။ ၂ ခါ ၃ ခါလောက်ချက်စားလိုက်တယ်။ယုံတော့သိပ်မယုံပါ။ နောက်ဆုံးတစ်ခါဆေးစစ်ချိန်မှာ တော့ သည်းခြေကျောက်တည်တာရော၊ အသည်းဆီဖုံးတာရောမရှိတော့ပါတဲ့ဗျာ၊ အံ့သြဖွယ်ပါ။ တိုက်ဆိုင်တာလား၊ ဘာလားတော့မသိ အလုပ်လည်းမပျက်ဘေးထွက် ဆိုးကျိုးလည်းမရှိတော့ စမ်းကြည့်ကြဖို့ သတင်းပေးလိုပါတယ်ဗျာ။

Credit-Yan Naing Soe

(Zawgyi)

သဲေျခေက်ာက္တည္ေနတာကို မခြဲလိုက္ရပဲ ေကာင္းသြားတဲ့နည္းေလးမို႔ မွ်ေဝပါရေစ

သဲေျခေက်ာက္တည္ေနတာကို မခြဲလိုက္ရပဲ ေကာင္းသြားတဲ့နည္းေလးမို႔ မွ်ေဝပါရေစ ကိုယ္ေတြ႕ေဆးေကာင္းတစ္ခြက္ လမ္းၫႊန္ပါေစ။ ေဆးသုံးေလးႀကိမ္ေလာက္စစ္ဖူးတယ္။ ပထမဆုံးေဆးစစ္ရေတာ့ အက္ထရာေဆာင္း႐ိုက္တာ သဲေျခေက်ာက္တည္ေနတာေတြ႕လို႔ ဆရာဝန္ကခြဲမလားေျပာတယ္။ မခြဲဘဲေနလို႔ရေသးလားဆိုေတာ့ ရေသးတယ္၊ေဆးစားလို႔ေတာ့ရတယ္။ ဒါေပမဲ့မေပ်ာက္ဘဲ ႀကီးလာရင္ေတာ့ မင္းေဆး႐ုံတက္ခြဲရမယ္လို႔ေျပာတယ္။ ဒါနဲ႔မခြဲေသးဘဲ ေဆးစားမယ္လို႔စိတ္ကူးလိုက္တယ္။ fame ကထုတ္တဲ့ ေက်ာက္ေပ်ာ္ေဆးကိုစားၾကည့္တယ္၊ ၂ လေလာက္ေတာ့ ေဆးျပန္စစ္ရ တယ္။ ပိုႀကီးလာတယ္။ ေဆးဆက္စားတယ္။ သူငယ္ခ်င္းတစ္ေယာက္က ပန္းသီး တစ္ေန႔ငါးလုံး စားတဲ့နည္းေျပာျပတယ္၊ အဲဒီနည္းက ပန္းသီးေန႔တိုင္းစားရမွာ ပ်င္းတာနဲ႔မစားျဖစ္ဘူး။ ႐ုံးကက်န္းမာေရးအားလုံးစစ္ရမယ္ဆိုေတာ့ စစ္ရျပန္တယ္။ အသည္းဆီဖုံးလည္းရွိတယ္။သည္းေျခမွာလည္း ေက်ာက္ရွိျပန္တယ္တဲ့။ေက်ာက္ေပ်ာ္ေဆးဆက္စားတယ္။ တစ္လေလာက္ေနေတာ့ အစာအိမ္ေသြးယိုလို႔ေဆး႐ုံတက္ရျပန္ေရာ၊ အဲဒီမွာ ေဆး႐ုံဆင္းေတာ့အက္ထရာေဆာင္း႐ိုက္ခဲ့တယ္။ ေက်ာက္ကအ႐ြယ္အစားပိုႀကီးလာတယ္။ တစ္ေန႔ေတာ့ ျမဝတီဝက္ဆိုဒ္မွာ ငါးေျပမနဲ႔ေဇာင္းလ်ားသီး ေရာၿပီးဟင္းခ်က္စားရင္ သည္းေျခေက်ာက္တည္တာနဲ႔ အသည္းဆီဖုန္းတာေပ်ာက္တယ္တဲ့။ ၂ ခါ ၃ ခါေလာက္ခ်က္စားလိုက္တယ္။ယုံေတာ့သိပ္မယုံပါ။ ေနာက္ဆုံးတစ္ခါေဆးစစ္ခ်ိန္မွာ ေတာ့ သည္းေျခေက်ာက္တည္တာေရာ၊ အသည္းဆီဖုံးတာေရာမရွိေတာ့ပါတဲ့ဗ်ာ၊ အံ့ၾသဖြယ္ပါ။ တိုက္ဆိုင္တာလား၊ ဘာလားေတာ့မသိ အလုပ္လည္းမပ်က္ေဘးထြက္ ဆိုးက်ိဳးလည္းမရွိေတာ့ စမ္းၾကည့္ၾကဖို႔ သတင္းေပးလိုပါတယ္ဗ်ာ။

Credit-Yan Naing Soe

Leave a Reply

Your email address will not be published. Required fields are marked *