ဗဟုတုသ

ခႏၶာကိုယ္တြင္း အပူၿငိမ္းေစမယ့္ အေအးစာေလးမ်ား

(Zawgyi)

ခႏၶာကိုယ္တြင္း အပူၿငိမ္းေစမယ့္ အေအးစာေလးမ်ား

လူသားတစ္ေယာက္အတြက္ ကိုယ္တြင္းအပူခ်ိန္ဟာ ပ်မ္းမွ် ၉၈.၆ ဒီဂရီျဖစ္ၿပီး၊ ရာသီဥတုေပၚမူတည္၍ ၎ပမာဏထက္ အပူခ်ိန္ အတက္/ အက် အနည္းငယ္ေျပာင္းလဲ တတ္ပါတယ္။

ကိုယ္တြင္းအပူမ်ားတာကို ေဆးပညာေလာကမွာ “heat stress” လို႔ေခၚၾကၿပီး၊ ခႏၶာကိုယ္တြင္းအပူခ်ိန္က သူ႔အလိုလိုေအးသြားမ်ိဳးမရွိတတ္ပါဘူး။ လိုအပ္တာထက္ အပူခ်ိန္မ်ားေနတဲ့အခါ၊ ပိန္ခ်ဳံးလာျခင္း၊ ႂကြက္တက္ျခင္း၊ လွ်ာ-ႏႈတ္ ခမ္းေတြသာမက အရည္ျပားေပၚမွာ အဖုအပိမ့္ေတြထြက္လာျခင္း၊ ဝက္ၿခံထြက္ျခင္း၊ ေခါင္းမူးေဝျခင္း၊ ပ်ိဳ႕အန္ျခင္းတို႔အျပင္ ခႏၶာကိုယ္တြင္း ကလီစာေတြကိုပါ ပ်က္စီးေစႏိုင္ပါတယ္။

ေရခဲေရမ်ား၊ ေရေႏြး-စြပ္ျပဳတ္ စတဲ့အရည္ပူပူမ်ား၊ ေနပူပူထဲ အခ်ိန္အၾကာႀကီး သြားလာျခင္း၊ င႐ုပ္သီး-ဂ်င္း-မွ်စ္ခ်ဥ္- င႐ုပ္ေကာင္း-ပတဲေကာ စတဲ့ ပူပူေလာင္ေလာင္အစပ္ေတြ စားျခင္း၊ ေရေသာက္နည္းျခင္းတို႔က ကိုယ္တြင္းအပူရွိန္ ျမင့္တက္လာေစလို႔ (အထူး)ေရွာင္က်ဥ္ေပးရမယ့္ အစားအေသာက္ေတြျဖစ္ပါတယ္။ ခႏၵာကိုယ္တြင္း အပူၿငိမ္းေအးေစဖို႔အတြက္၊ အဓိက ေဆးကေတာ့ ေရ၀၀ေသာက္၍ တစ္ေန႔ကို ေရ ၂-ႀကိမ္ ခ်ိဳးေပးျခင္းပါဘဲ။ (မိုးရာသီမွလြဲ၍ ခ်မ္းေအးတဲ့ ေဆာင္းရာသီနဲ႔ ေႏြပူပူတို႔မွာ ခႏၶာကိုယ္တြင္း အပူဓာတ္မ်ားသူေတြအေနျဖင့္ ယခင္ကထက္ ေရပိုေသာက္ရင္း၊ ေန႔စဥ္စားသမွ် အစားအစာေတြထဲမွာ ေရဓာတ္ႂကြယ္ဝတဲ့ အေအးစာေလးေတြကို ျဖည့္စြက္စာအျဖစ္ စားသုံးသင့္ပါတယ္)

(ဖရဲသီး)

လူ႔ခႏၶာကိုယ္ရဲ႕ ၃-ပုံ ၂-ပုံကို အရည္ဓာတ္နဲ႔ဖြဲ႕စည္းတည္ေဆာက္ထားပါတယ္။ ဖရဲသီးထဲမွာ ေရဓာတ္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ပါရွိတာေၾကာင့္ အပူၿငိမ္းေအးေစတဲ့ အေကာင္းဆုံး သီးႏွံျဖစ္ပါတယ္။

(သခြားသီး)

သခြားသီးေလးေတြမွာ ေရဓာတ္ႂကြယ္ဝစြာပါရွိလို႔၊ ခႏၶာကိုယ္ကို ထိထိေရာက္ေရာက္ ေအးျမေစပါတယ္။ ဒါေၾကာင့္ တန္ဖိုးနည္း သခြားသီးေလးေတြကို ေန႔စဥ္ စားေပးသင့္ပါတယ္။

(ပူစီနံ႐ြက္)

ပူစီနံ႐ြက္ဟာ ခႏၶာကိုယ္တြင္းကို ေအးျမေစတာေၾကာင့္ ျမန္မာ၊ အိႏၵိယ၊ ဗီယက္နမ္၊ မကာအို စတဲ့ အာရွတိုက္တခြင္ရွိ ေရွးတိုင္းရင္းေဆးဆရာႀကီးမ်ားက ပူစီနံပင္မ်ားကို အပူၿငိမ္းေဆးအျဖစ္ ေဆးဝါးေဖာ္စပ္လာခဲ့ၾကပါတယ္။

(မုန္လာဥအျဖဴ)

အျဖဴေရာင္ မုန္လာဥေလးေတြမွာ ဗီတာမင္စီပါရွိတဲ့အျပင္၊ ကိုယ္တြင္းအပူရွိန္ကို တိုက္ထုတ္ေပးႏိုင္တဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ အလုံအေလာက္ပါရွိေနပါတယ္။ ဒါေၾကာင့္ “heat stress” ကို တိုက္ထုတ္ေပးႏိုင္တဲ့ မုန္လာဥအျဖဴ ေတြကို စားျဖစ္ေအာင္ စားေပးပါ။

(ႏွမ္း)

ႏွမ္းေစ့ေလးေတြက အပူၿငိမ္းေအးေစတဲ့ အိမ္တြင္းေဆးဝါးတစ္မ်ိဳး ျဖစ္တာေၾကာင့္ ႏွမ္းစားရင္း ေရမ်ားမ်ားေသာက္ပါ။ (ႏွမ္းပ်စ္၊ ႏွမ္းယိုေလးေတြကလည္း အပူၿငိမ္းေအးေစေအာင္ အေထာက္အပံ့ေပးပါတယ္)

(စမုံစပါး)

စမုံစပါးအေစ့ေလးေတြကို ေသာက္ေရခြက္ထဲ တညအိပ္စိမ္ထားၿပီး၊ နံက္အိပ္ယာ ထတဲ့အခါ ေရေသာက္ရင္း အဖတ္ေတြပါ ကုန္ေအာင္ဝါးစားေပးပါ။ တေန႔တာလုံး အပူၿငိမ္းေအးေစႏိုင္တဲ့အျပင္ ခံတြင္းရနံ႔ကိုပါ ရွင္းသန႔္ေစပါတယ္။

(အုန္းစိမ္းေရ)

အုန္းသီးစိမ္းႏုႏုမွရတဲ့ အုန္ုးစိမ္းရည္ဟာလည္း ခႏၶာကိုယ္တြင္းအပူၿငိမ္းေစတဲ့ ေဆးေကာင္းတလက္ ျဖစ္တာမို႔၊ ကိုယ္တြင္းအပူူဓာတ္မ်ားသူေတြနဲ႔ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ား မွီဝဲသင့္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္းမွလည္း ကာကြယ္ေပးပါတယ္။

(သလဲသီး)

သလဲသီးနဲ႔ သလဲသီးေဖ်ာ္ရည္ေတြက ခႏၶာကိုယ္ကိုေအးျမၿပီး၊ ကိုယ္တြင္းအပူေတြကို သူ႔အလိုလို စုပ္ယူပစ္တာမို႔ ေန႔စဥ္စားသုံးသင့္တဲ့ သီးႏွံတစ္ခုပါဘဲ။

(ဘိန္းေစ့)

ဥပမာ ဘိန္းမုန႔္၊ ဆႏြင္းမကင္း စတဲ့ သေရစာမုန႔္ေတြမွာ အသုံးျပဳေလ့ရွိတဲ့ ဘိန္းေစ့ေလးေတြကလည္း ကိုယ္ပူရွိန္ကို ပုံမွန္ျဖစ္ေအာင္ အေထာက္အပံ့ေပးပါတယ္။ ညအိပ္ယာဝင္ခါနီး ဘိန္းေစ့ လက္တဆုပ္စာဝါးစားၿပီး ေရေသာက္အိပ္တဲ့အခါ ႏွိပ္ၿခိဳက္စြာ အိပ္ေမာက်ေစတဲ့အျပင္ ေနာက္တေန႔တာလုံး အပူၿငိမ္းေအးေစပါတယ္။

(ပဲနံ႔သာပင္အေစ့)

ေရွးေရွးကစလို႔ယေန႔ထိတိုင္ အိႏၵိယႏိုင္ငံမွာ အပူၿငိမ္းေဆးတိုင္းရင္းကုထုံးျဖင့္ ပဲနံ႔သာပင္ အေစ့ေတြကို အသုံးျပဳလွ်က္ရွိပါတယ္။(ပဲနံ႔သာပင္ အေစ့ေလးေတြကို အိႏၵိယ ပရေဆးဆိုင္ေတြမွာ ဝယ္ယူရရွိႏိုင္ပါတယ္)

(ႏြားႏို႔)

ကိုယ္တြင္းအပူၿငိမ္းလိုသူမ်ား က်ိဳခ်က္ၿပီး ႏြားႏို႔ကို အေအးခံ၍ နံနက္တိုင္း ေသာက္ေပးပါ။ (သို႔မဟုတ္) ႏြားႏို႔ကို ပ်ားရည္ အနည္းငယ္ခတ္၍ ေသာက္ႏိုင္ပါတယ္။ (ေရခဲျဖင့္ အေအးခံထားတဲ့ ႏို႔ေအးမ်ိဳးကို မဆိုလိုပါ)

(သံပုရာသီး)

နံက္အိပ္ယာထ သံပုရာရည္တစ္ခြက္ ေသာက္ျခင္းကလည္း ကိုယ္တြင္းအပူ ျငိမ္းေအးေစ႐ုံမွ်မက၊ ေနရထိုင္ရတာ ေပါ့ပါးလန္းဆန္းလာၿပီး တေနကုန္ သက္လုံေကာင္းေစပါတယ္။

Author – တင္ထက္ထက္ေဇာ္

Credit – The Mirror Daily

Source – https://www.facebook.com/TheMirrorDaily/posts/802408833185339

(Unicode)

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။

ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။

ရေခဲရေများ၊ ရေနွေး-စွပ်ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူထဲ အချိန်အကြာကြီး သွားလာခြင်း၊ ငရုပ်သီး-ဂျင်း-မျှစ်ချဉ်- ငရုပ်ကောင်း-ပတဲကော စတဲ့ ပူပူလောင်လောင်အစပ်တွေ စားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်းအပူရှိန် မြင့်တက်လာစေလို့ (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေဖြစ်ပါတယ်။ ခန္ဒာကိုယ်တွင်း အပူငြိမ်းအေးစေဖို့အတွက်၊ အဓိက ဆေးကတော့ ရေ၀၀သောက်၍ တစ်နေ့ကို ရေ ၂-ကြိမ် ချိုးပေးခြင်းပါဘဲ။ (မိုးရာသီမှ လွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်)

(ဖရဲသီး)

လူ့ခန္ဓာကိုယ်ရဲ့ ၃-ပုံ ၂-ပုံကို အရည်ဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ကျော် ပါရှိတာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။

(သခွားသီး)

သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့၊ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့စဉ် စားပေးသင့်ပါတယ်။

(ပူစီနံရွက်)

ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက် တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။

(မုန်လာဥအဖြူ)

အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ ဒါကြောင့် “heat stress” ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူ တွေကို စားဖြစ်အောင် စားပေးပါ။

(နှမ်း)

နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုး ဖြစ်တာကြောင့် နှမ်းစားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယိုလေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေးပါတယ်)

(စမုံစပါး)

စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တညအိပ်စိမ်ထားပြီး၊ နံက်အိပ်ယာ ထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တနေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေပါတယ်။

(အုန်းစိမ်းရေ)

အုန်းသီးစိမ်းနုနုမှရတဲ့ အုန်ုးစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်းအပူငြိမ်းစေတဲ့ ဆေးကောင်းတလက် ဖြစ်တာမို့၊ ကိုယ်တွင်းအပူူဓာတ်များသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(သလဲသီး)

သလဲသီးနဲ့သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့အလိုလိုစုပ်ယူပစ်တာ မို့နေ့စဉ်စားသုံးသင့်တဲ့ သီးနှံတစ်ခုပါဘဲ။

(ဘိန်းစေ့)

ဥပမာ ဘိန်းမုန့်၊ ဆနွင်းမကင်း စတဲ့ သရေစာမုန့်တွေမှာအသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့လေးတွေကလည်း ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ် ယာဝင်ခါနီး ဘိန်းစေ့ လက်တဆုပ်စာဝါးစားပြီး ရေသောက်အိပ်တဲ့အခါ နှိပ်ခြိုက်စွာ အိပ်မောကျစေတဲ့အပြင် နောက်တနေ့တာလုံး အပူငြိမ်းအေးစေပါတယ်။

(ပဲနံ့သာပင်အစေ့)

ရှေးရှေးကစလို့ယနေ့ထိတိုင် အိန္ဒိယနိုင်ငံမှာ အပူငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံ့သာပင် အစေ့တွေကို အသုံးပြုလျှက်ရှိပါတယ်။(ပဲနံ့သာပင် အစေ့လေးတွေကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်)

(နွားနို့)

ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီး နွားနို့ကို အအေးခံ၍ နံနက်တိုင်း သောက်ပေးပါ။ (သို့မဟုတ်) နွားနို့ကို ပျားရည် အနည်းငယ်ခတ်၍ သောက်နိုင်ပါတယ်။ (ရေခဲဖြင့် အအေးခံထားတဲ့ နို့အေးမျိုးကို မဆိုလိုပါ)

(သံပုရာသီး)

နံက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းအေးစေရုံမျှမက၊ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပြီး တနေကုန် သက်လုံကောင်းစေပါတယ်။

Author – တင်ထက်ထက်ဇော်

Credit – The Mirror Daily

Source – https://www.facebook.com/TheMirrorDaily/posts/802408833185339

Leave a Reply

Your email address will not be published. Required fields are marked *