ဗဟုတုသ

က်ပ္ေငြအတု လက္ဝယ္ကိုင္ထားမိရင္ ဘာျဖစ္လာႏိုင္သလဲ

(Zawgyi)

က်ပ္ေငြအတု လက္ဝယ္ကိုင္ထားမိရင္ ဘာျဖစ္လာႏိုင္သလဲ

ေငြစကၠဴအတုေတြကို လက္ဝယ္ကိုင္ေဆာင္ သုံးစြဲမိပါက မည္သူမဆို ဖမ္းဆီးစစ္ေဆးခံရႏိုင္တာေၾကာင့္ သာမန္ျပည္သူေတြအေနနဲ႔ အတုအစစ္ခြဲျခားႏိုင္တဲ့ အေျခခံအခ်က္တခ်ိဳ႕ကို သိထားဖို႔လိုအပ္တယ္လို႔ ဥပေဒပညာရွင္အခ်ိဳ႕နဲ႔ အႀကီးတန္းဘဏ္ အရာရွိတခ်ိဳ႕က အႀကံျပဳေျပာဆိုၾကပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ စကၤာပူမွာ အိမ္အကူအလုပ္သြားလုပ္ၿပီး ျပန္လာတဲ့ အမ်ိဳးသမီးငယ္တစ္ဦး ရရွိလာတဲ့ လစာေငြေတြမွာ တစ္ေသာင္းတန္အတုေတြ ပါဝင္ေနလို႔ ဖမ္းဆီးခံထားရတဲ့အေၾကာင္း ကလည္း လူထုအၾကားမွာ လက္တေလာ စိတ္ဝင္စားမႈ အရွိန္ ျမင့္တက္ေနတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ သိပ္မၾကာေသးခင္တုန္းကလည္း ျမန္မာျပည္ကို အလည္လာေရာက္တဲ့ စကၤာပူ ခရီးသြား ဧည့္သည္ ၂ ေယာက္ဆီကေန ျမန္မာ ေငြစကၠဴ အတုေတြ သိမ္းဆည္းမိခဲ့ၿပီး စကၤာပူက ေငြလဲေကာင္တာ ၁၈ ခုကိုလည္း စကၤာပူရဲတပ္ဖြဲ႕က စုံစမ္း စစ္ေဆးခဲ့ပါတယ္။

ေငြအတုမွန္းမသိဘဲ လက္ဝယ္ကိုင္ထားမိရင္ ဘာျဖစ္ႏိုင္သလဲ-

ေငြအတုနဲ႔ပတ္သက္ၿပီး ၂၀၁၃ ခုႏွစ္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၁ မွာ ဗဟိုဘဏ္က ထုတ္တဲ့ ေငြစကၠဴ၊ ဒဂၤါးျပားေတြကို အတုမွန္းသိလ်က္နဲ႔ သုံးစြဲျခင္းမျပဳဖို႔နဲ႔၊ ပုဒ္မ ၁၀၂ မွာေတာ့ အတုျပဳလုပ္ျခင္း၊ အတုကိုျပည္ပကေန သြင္းယူျခင္း ျပည္ပကိုတင္ပို႔ျခင္း မျပဳလုပ္ရလို႔ တားျမစ္ထားပါတယ္။ အဲဒီမွာ ပုဒ္မ ၁၀၁ ကိုေဖာက္ဖ်က္ရင္ အဲဒီလူကို ေငြဒဏ္၊ ၃ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ ဒါမွမဟုတ္ ဒဏ္ ၂ ရပ္လုံးလည္းခ်မွတ္ႏိုင္တယ္။ ပုဒ္မ ၁၀၂ ကိုေဖာက္ဖ်က္ရင္ေတာ့ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန အမ်ားဆုံး ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္တယ္လို႔ ဗဟိုဘဏ္ဥပေဒမွာ ျပ႒ာန္းထားပါတယ္။

ဗဟိုဘဏ္ရဲ႕ ျပ႒ာန္းထားတဲ့ဥပေဒအရ ေငြအတုကို မသိဘဲနဲ႔လည္း လက္ဝယ္ကိုင္ေဆာင္မိတာ၊ သုံးစြဲမိတာမ်ိဳးရွိခဲ့ရင္လည္း ဖမ္းဆီးအေရးယူခံရႏိုင္ေျခရွိတယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေဇာ္ ( မရမ္းကုန္း) ကေျပာပါတယ္။ “အဲဒါကေတာ့ ကိုယ္ကမသိေၾကာင္း၊ ဒါကို အတုမွန္းသိလ်က္နဲ႔ သုံးစြဲတာမဟုတ္ဘူး၊ လက္ဝယ္ထားတာ မဟုတ္ဘူးဆိုတာ ထုေခ်ဖို႔က စြပ္စြဲခံရသူ တရားခံဘက္က တာဝန္က်သြားတယ္၊ ဒါမ်ိဳးအဖမ္းခံရႏိုင္တဲ့အတြက္ ကိုယ္တိုင္က ေငြအတုအစစ္နဲ႔ပတ္သက္ၿပီး ဗဟုသုတရွိဖို႔လိုပါတယ္၊ မသိဘဲနဲ႔ လက္ဝယ္ထားမိရင္ မိမိမွာ တာဝန္ရွိလာပါမယ္၊ ဒါေပမယ့္ တာဝန္ရွိတဲ့အေပၚမွာ လြတ္လပ္စြာ ေခ်ပထုေခ်ပိုင္ခြင့္ရွိပါတယ္” လို႔ ဦးခင္ေဇာ္ ( မရမ္းကုန္း) ကရွင္းျပပါတယ္။

၂၀၁၂ ခုႏွစ္မွာ စတင္ထုတ္ေဝသုံးစြဲခဲ့တဲ့ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴေတြဟာ ျမန္မာ့ေငြေၾကးထဲမွာ တန္ဖိုး အျမင့္ဆုံး ျဖစ္ပါတယ္။ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုေတြဟာ အခုေနာက္ပိုင္းမွာ ပိုမိုအဆင့္ျမင့္လာတာေၾကာင့္လည္း ပုဂၢလိက ဘဏ္ေတြမွာေတာ့ ေငြအတုအစစ္ခြဲတဲ့ စက္ေတြကို အဓိကထားၿပီး ခြဲျခားလာရတယ္လို႔လည္း သိရပါတယ္။

အတုမွန္း သံသယရွိရင္ ဘယ္လိုလုပ္မလဲ-

ေငြအတုအစစ္ ခြဲတဲ့စက္ကေတာ့ ဘဏ္ေတြနဲ႔ လုပ္ငန္းႀကီးေတြမွာပဲ အမ်ားအားျဖင့္ရွိၿပီး၊ သာမန္ျပည္သူေတြမွာေတာ့ အဲဒီလိုစက္ မရွိႏိုင္တဲ့အတြက္ အတု၊ အစစ္ ခြဲျခားဖို႔က သုံးစြဲသူေတြအတြက္ အခက္အခဲ ရွိတယ္လို႔ CB ဘဏ္အႀကံေပးျဖစ္တဲ့ ဦးေဖျမင့္ကေျပာပါတယ္။

” ဘဏ္ေတြမွာေတာ့ ေငြအတုအစစ္ ခြဲတဲ့စက္ေတြရွိေတာ့ ဘဏ္ကိုလာအပ္တဲ့ ေငြေတြထဲမွာ အတုေတြပါ လာရင္ေတာ့ ဘဏ္ကပဲ သိမ္းထားလိုက္တာ မ်ားတယ္၊ ၁ ႐ြက္ ၂ ႐ြက္ဆိုရင္ေတာ့ ရဲကိုအေၾကာင္းၾကား မေနေတာ့ဘူး။ ဒါကေတာ့ ဗဟိုဘဏ္ ၫႊန္ၾကားထားတဲ့အတိုင္းေတာ့ မဟုတ္ဘူးေပါ့။ ကိုယ့္ရဲ႕ေဖာက္သည္ေတြ အလုပ္မရႈပ္ေအာင္ လုပ္လိုက္တာေပါ့၊ အတုက မ်ားရင္ေတာ့လည္း ရဲကိုဖုန္းဆက္ အေၾကာင္းၾကား ရတာေပါ့” လို႔လည္း လက္ေတြ႕ ေျမျပင္ အေျခအေနကို ဦးေဖျမင့္က ထပ္မံေျပာျပပါတယ္။

သာမန္ျပည္သူတစ္ဦးအေနနဲ႔ ကိုယ့္မွာ ကိုင္ေဆာင္ထားတဲ့ ေငြစကၠဴကို အတုလို႔ သံသယ ရွိတယ္ဆိုရင္ ကိုယ္တိုင္ မီးရႈိ႕ဖ်က္ဆီးတာမ်ိဳး လုပ္ပါကလည္း အစစ္ျဖစ္ေနရင္ ေငြစကၠဴဖ်က္ဆီးမႈနဲ႔ အေရးယူခံရႏိုင္တဲ့အတြက္ ဖ်က္ဆီးဖို႔လည္း မျဖစ္ႏိုင္ဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေဇာ္ (မရမ္းကုန္း)က ေျပာပါတယ္။ ”ဘဏ္မွာသြားအပ္လိုက္ရင္ေတာ့ အတုေတြ႕ရင္ ဖ်က္ဆီးၿပီး သုံးမရေအာင္ လုပ္လိုက္မယ္၊ အဲဒီမွာပင္ ၿပီးသြားၿပီ၊ သြားအပ္ရင္ေတာ့ အဖမ္းခံရႏိုင္မလားဆိုၿပီး လူထုအၾကားမွာ စိုးရိမ္ပူပန္မႈလည္း ရွိလာေနတယ္။” လို႔ စင္ကာပူကေန ျပန္လာအၿပီး ရရွိလာတဲ့ လစာေငြေတြကို သုံးစြဲရာက ေငြစကၠဴအတုျဖစ္ေၾကာင္း သိရတဲ့အတြက္ အုပ္ခ်ဳပ္ေရးမႉးနဲ႔အတူ ရဲစခန္းသြားအပ္ခဲ့ေပမယ့္လည္း လတ္တေလာ အဖမ္းဆီးခံထားရတဲ့ ေနာ္ေသာ့သြဲ႕ထူးကို ရည္ၫႊန္းၿပီး ဦးခင္ေဇာ္ (မရမ္းကုန္း)က ေျပာဆိုသြားတာပါ။

ေငြအတုနဲ႔ပတ္သက္ၿပီး မသိဘဲသုံးစြဲမိရင္ ဒီႏိုင္ငံမွာ အဖမ္းခံရႏိုင္ေပမယ့္ အျခားျပည္ပႏိုင္ငံ တခ်ိဳ႕မွာေတာ့ ဒါမ်ိဳးမရွိဘူးလို႔လည္း ဦးေဖျမင့္က သူ႔ရဲ႕ျပည္ပႏိုင္ငံေတြကို သြားေရာက္ခဲ့တဲ့ အေတြ႕အႀကဳံေတြအရေျပာျပ ပါတယ္။” အဓိက က ျပည္သူကို မနစ္နာေအာင္လုပ္ေပးရမွာ၊ အခုက သုံးတဲ့သူေတြကိုပဲ ဖမ္းေနတာ၊ အတုလုပ္တဲ့ ဂိုဏ္းေတြ လုပ္ေနတဲ့သူေတြကို ဖမ္းဆီးဖို႔ လုပ္ရမွာေလ” လို႔ ဦးေဖျမင့္ကေျပာပါတယ္။

က်ပ္ တစ္ေသာင္းတန္ကို အတုအစစ္ ဘယ္လိုခြဲမလဲ-

“တစ္ေသာင္းတန္ကို အတုအစစ္ခြဲဖို႔ ဗဟိုဘဏ္က ထုတ္ထားတဲ့ အခ်က္ေတြက မ်ားတယ္။ သာမန္လူေတြ အေနနဲ႔ တစ္ေသာင္းတန္ကို အတုအစစ္ခြဲဖို႔ ဆိုရင္ ေဘးတန္းမွာ ၾကာပန္းလိုမ်ိဳး အရွည္ျပားေလးပါတယ္၊ ကိုင္ၾကည့္လိုက္တာနဲ႔ ၾကမ္းေနရင္အစစ္၊ ေခ်ာေနရင္အတုပဲ၊ က်န္တာေတြစစ္ဖို႔က ၾကာတယ္” လို႔ CB ဘဏ္ အႀကံေပးအရာရွိျဖစ္တဲ့ ဦးေဖျမင့္က က်ပ္ တစ္ေသာင္းတန္ကို အလြယ္ကူဆုံး ခြဲျခားႏိုင္မယ့္အခ်က္ကို ေျပာျပ ပါတယ္။

ဒါေတြ အျပင္ ေရစာ၊ ေဖာင္းႂကြပုံႏွိပ္၊ လုံၿခဳံေရးႀကိဳး စတာတြကို သာမန္ မ်က္စိနဲ႔ စစ္ေဆးတာမ်ိဳး၊ ေငြစကၠဴနံပါတ္ အမွတ္စဥ္ေတြ တူေနတာ ရွိ၊ မရွိ စစ္ၾကည့္တာမ်ိဳးနဲ႔ အလင္းေရာင္မွာ တစ္ေသာင္းတန္ ေငြစကၠဴကို ေထာင္ၾကည့္ရန္ ၾကာဖူးပုံ ေပၚ၊ မေပၚ စတဲ့ အခ်က္ေတြကို စစ္ေဆးၾကည့္ဖို႔ ကြၽမ္းက်င္သူေတြက အႀကံျပဳပါတယ္။

Credit – BBC Burmese

Source – https://www.bbc.com/burmese/burma-46534661

(Unicode)

ကျပ်ငွေအတု လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်လာနိုင်သလဲ

ငွေစက္ကူအတုတွေကို လက်ဝယ်ကိုင်ဆောင် သုံးစွဲမိပါက မည်သူမဆို ဖမ်းဆီးစစ်ဆေးခံရနိုင်တာကြောင့် သာမန်ပြည်သူတွေအနေနဲ့ အတုအစစ်ခွဲခြားနိုင်တဲ့ အခြေခံအချက်တချို့ကို သိထားဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင်အချို့နဲ့ အကြီးတန်းဘဏ် အရာရှိတချို့က အကြံပြုပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စင်္ကာပူမှာ အိမ်အကူအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးငယ်တစ်ဦး ရရှိလာတဲ့လစာငွေတွေမှာ တစ်သောင်းတန်အတုတွေ ပါဝင်နေလို့ ဖမ်းဆီးခံထားရတဲ့အကြောင်း ကလည်း လူထုအကြားမှာ လက်တလော စိတ်ဝင်စားမှု အရှိန် မြင့်တက်နေတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သိပ်မကြာသေးခင်တုန်းကလည်း မြန်မာပြည်ကို အလည်လာရောက်တဲ့ စင်္ကာပူ ခရီးသွား ဧည့်သည် ၂ ယောက်ဆီကနေ မြန်မာ ငွေစက္ကူ အတုတွေ သိမ်းဆည်းမိခဲ့ပြီး စင်္ကာပူက ငွေလဲကောင်တာ ၁၈ ခုကိုလည်း စင်္ကာပူရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးခဲ့ပါတယ်။

ငွေအတုမှန်းမသိဘဲ လက်ဝယ်ကိုင်ထားမိရင် ဘာဖြစ်နိုင်သလဲ-

ငွေအတုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာ ဗဟိုဘဏ်က ထုတ်တဲ့ ငွေစက္ကူ၊ ဒင်္ဂါးပြားတွေကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်းမပြုဖို့နဲ့၊ ပုဒ်မ ၁၀၂ မှာတော့ အတုပြုလုပ်ခြင်း၊ အတုကိုပြည်ပကနေ သွင်းယူခြင်း ပြည်ပကိုတင်ပို့ခြင်း မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။ အဲဒီမှာ ပုဒ်မ ၁၀၁ ကိုဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ်၊ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်းချမှတ်နိုင်တယ်။ ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဗဟိုဘဏ်ရဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေအရ ငွေအတုကို မသိဘဲနဲ့လည်း လက်ဝယ်ကိုင်ဆောင်မိတာ၊ သုံးစွဲမိတာမျိုးရှိခဲ့ရင်လည်း ဖမ်းဆီးအရေးယူခံရနိုင်ခြေရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် ( မရမ်းကုန်း) ကပြောပါတယ်။ “အဲဒါကတော့ ကိုယ်ကမသိကြောင်း၊ ဒါကို အတုမှန်းသိလျက်နဲ့ သုံးစွဲတာမဟုတ်ဘူး၊ လက်ဝယ်ထားတာ မဟုတ်ဘူးဆိုတာ ထုချေဖို့က စွပ်စွဲခံရသူ တရားခံဘက်က တာဝန်ကျသွားတယ်၊ ဒါမျိုးအဖမ်းခံရနိုင်တဲ့အတွက် ကိုယ်တိုင်က ငွေအတုအစစ်နဲ့ပတ်သက်ပြီး ဗဟုသုတရှိဖို့လိုပါတယ်၊ မသိဘဲနဲ့ လက်ဝယ်ထားမိရင် မိမိမှာ တာဝန်ရှိလာပါမယ်၊ ဒါပေမယ့် တာဝန်ရှိတဲ့အပေါ်မှာ လွတ်လပ်စွာ ချေပထုချေပိုင်ခွင့်ရှိပါတယ်” လို့ ဦးခင်ဇော် ( မရမ်းကုန်း) ကရှင်းပြပါတယ်။

၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံး ဖြစ်ပါတယ်။ တစ်သောင်းကျပ်တန် ငွေစက္ကူအတုတွေဟာ အခုနောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာတာကြောင့်လည်း ပုဂ္ဂလိက ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့ စက်တွေကို အဓိကထားပြီး ခွဲခြားလာရတယ်လို့လည်း သိရပါတယ်။

အတုမှန်း သံသယရှိရင် ဘယ်လိုလုပ်မလဲ-

ငွေအတုအစစ် ခွဲတဲ့စက်ကတော့ ဘဏ်တွေနဲ့ လုပ်ငန်းကြီးတွေမှာပဲ အများအားဖြင့်ရှိပြီး၊ သာမန်ပြည်သူတွေမှာတော့ အဲဒီလိုစက် မရှိနိုင်တဲ့အတွက် အတု၊ အစစ် ခွဲခြားဖို့က သုံးစွဲသူတွေအတွက် အခက်အခဲ ရှိတယ်လို့ CB ဘဏ်အကြံပေးဖြစ်တဲ့ ဦးဖေမြင့်ကပြောပါတယ်။

” ဘဏ်တွေမှာတော့ ငွေအတုအစစ် ခွဲတဲ့စက်တွေရှိတော့ ဘဏ်ကိုလာအပ်တဲ့ ငွေတွေထဲမှာ အတုတွေပါ လာရင်တော့ ဘဏ်ကပဲ သိမ်းထားလိုက်တာ များတယ်၊ ၁ ရွက် ၂ ရွက်ဆိုရင်တော့ ရဲကိုအကြောင်းကြား မနေတော့ဘူး။ ဒါကတော့ ဗဟိုဘဏ် ညွှန်ကြားထားတဲ့အတိုင်းတော့ မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ဖောက်သည်တွေ အလုပ်မရှုပ်အောင် လုပ်လိုက်တာပေါ့၊ အတုက များရင်တော့လည်း ရဲကိုဖုန်းဆက် အကြောင်းကြား ရတာပေါ့” လို့လည်း လက်တွေ့ မြေပြင် အခြေအနေကို ဦးဖေမြင့်က ထပ်မံပြောပြပါတယ်။

သာမန်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်မှာ ကိုင်ဆောင်ထားတဲ့ ငွေစက္ကူကို အတုလို့ သံသယရှိတယ်ဆိုရင် ကိုယ်တိုင် မီးရှို့ဖျက်ဆီးတာမျိုးလုပ်ပါကလည်း အစစ်ဖြစ်နေရင် ငွေစက္ကူဖျက်ဆီးမှုနဲ့ အရေးယူခံရနိုင်တဲ့အတွက် ဖျက်ဆီးဖို့လည်း မဖြစ်နိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ပြောပါတယ်။ ”ဘဏ်မှာသွားအပ်လိုက်ရင်တော့ အတုတွေ့ရင် ဖျက်ဆီးပြီး သုံးမရအောင် လုပ်လိုက်မယ်၊ အဲဒီမှာပင် ပြီးသွားပြီ၊ သွားအပ်ရင်တော့ အဖမ်းခံရနိုင်မလားဆိုပြီး လူထုအကြားမှာ စိုးရိမ်ပူပန်မှုလည်း ရှိလာနေတယ်။” လို့ စင်ကာပူကနေ ပြန်လာအပြီး ရရှိလာတဲ့ လစာငွေတွေကို သုံးစွဲရာက ငွေစက္ကူအတုဖြစ်ကြောင်း သိရတဲ့အတွက် အုပ်ချုပ်ရေးမှူးနဲ့အတူ ရဲစခန်းသွားအပ်ခဲ့ပေမယ့်လည်း လတ်တလော အဖမ်းဆီးခံထားရတဲ့ နော်သော့သွဲ့ထူးကို ရည်ညွှန်းပြီး ဦးခင်ဇော် (မရမ်းကုန်း)ကပြောဆိုသွားတာပါ။

ငွေအတုနဲ့ပတ်သက်ပြီး မသိဘဲသုံးစွဲမိရင် ဒီနိုင်ငံမှာ အဖမ်းခံရနိုင်ပေမယ့် အခြားပြည်ပနိုင်ငံတချို့မှာတော့ ဒါမျိုးမရှိဘူးလို့လည်း ဦးဖေမြင့်က သူ့ရဲ့ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေအရပြောပြ ပါတယ်။” အဓိက က ပြည်သူကို မနစ်နာအောင်လုပ်ပေးရမှာ၊ အခုက သုံးတဲ့သူတွေကိုပဲ ဖမ်းနေတာ၊ အတုလုပ်တဲ့ ဂိုဏ်းတွေ လုပ်နေတဲ့သူတွေကို ဖမ်းဆီးဖို့ လုပ်ရမှာလေ” လို့ ဦးဖေမြင့်ကပြောပါတယ်။

ကျပ် တစ်သောင်းတန်ကို အတုအစစ် ဘယ်လိုခွဲမလဲ-

“တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဗဟိုဘဏ်က ထုတ်ထားတဲ့ အချက်တွေက များတယ်။ သာမန်လူတွေ အနေနဲ့ တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဆိုရင် ဘေးတန်းမှာ ကြာပန်းလိုမျိုး အရှည်ပြားလေးပါတယ်၊ ကိုင်ကြည့်လိုက်တာနဲ့ ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ ကျန်တာတွေစစ်ဖို့က ကြာတယ်” လို့ CB ဘဏ် အကြံပေးအရာရှိဖြစ်တဲ့ ဦးဖေမြင့်က ကျပ် တစ်သောင်းတန်ကို အလွယ်ကူဆုံး ခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

ဒါတွေ အပြင် ရေစာ၊ ဖောင်းကြွပုံနှိပ်၊ လုံခြုံရေးကြိုး စတာတွကို သာမန် မျက်စိနဲ့ စစ်ဆေးတာမျိုး၊ ငွေစက္ကူနံပါတ် အမှတ်စဉ်တွေ တူနေတာ ရှိ၊ မရှိ စစ်ကြည့်တာမျိုးနဲ့ အလင်းရောင်မှာ တစ်သောင်းတန် ငွေစက္ကူကို ထောင်ကြည့်ရန် ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့ အချက်တွေကို စစ်ဆေးကြည့်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

Credit – BBC Burmese

Source – https://www.bbc.com/burmese/burma-46534661

Leave a Reply

Your email address will not be published. Required fields are marked *