ဗဟုတုသ

က်ား/မ မေရြးအတြက္ ဆံပင္ကြၽတ္တာ သက္သာၿပီး ၂လ အတြင္း သင့္ဆံပင္ကို ထူလာေစမဲ့ ကိုယ္ေတြ႕နည္းလမ္းေလး

(Zawgyi)

ဆံပင္ကြၽတ္တာ သက္သာၿပီး ၂ လ အတြင္း သင့္ဆံပင္ကို ထူလာေစမဲ့ နည္းလမ္းေလး

ဒီရက္ပိုင္း ကိုယ္တိုင္ဆံသားကြၽတ္လြယ္ ျပတ္လြယ္တာမို႔ ဆံပင္နဲ႔ ပက္သတ္တဲ့နည္းေတြ လိုက္လုပ္ျဖစ္တယ္။ အမွန္ဆို ငယ္ငယ္က ဆံပင္အုံထူလြန္းလို႔ ဆံပင္ဆိုင္သြားတိုင္း အၿမဲပါးခိုင္းရတဲ့သူတေယာက္ပါ။ ဒီရက္ပိုင္းမွာေတာ့ ဆံပင္ကြၽတ္တာ ခဏခဏျဖစ္လာေတာ့ နည္းနည္းလန႔္လာတယ္။ ကိုယ္တိုင္ခံစားမိေတာ့ ကိုယ့္လိုျဖစ္ေနတဲ့သူေတြအတြက္ နည္းေပးခ်င္လာတယ္။

ဆံပင္နဲ႔ပက္သတ္လို႔ အေကာင္းဆုံးဆိုတဲ့နည္းေတြ လိုက္ရွာၾကည့္တယ္။ ေထာပတ္၊ ဇီးျဖဴ၊ လက္ဖက္စိမ္း၊ ႀကံ၊ လိေမၼာ္၊ သံပုရာ၊ သံလြင္ဆီ စသည္ျဖင့္ နည္းေပါင္းစုံေတြ႕တယ္။ အားလုံးထဲမွာ အေကာင္းဆုံးဆိုတဲ့နည္း တစ္ခုေတာ့ ေတြ႕တယ္။ အဲဒီနည္းက သိပ္မခက္ဘဲ ဆံသားကိုပါ ထူေစၿပီး ဆံပင္ေပါက္လြယ္လို႔ ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။

ဒီနည္းမွာ ၾကက္ဆူဆီက အေရးပါတယ္။ အရင္ဆုံး ၾကက္ဆူဆီ ထမင္းစားဇြန္း(၂)ဇြန္းကို ယူၿပီး ပ်ားရည္ထမင္းစားဇြန္း (၁)ဇြန္းနဲ႔ေရာပါ။

ၿပီးရင္ အထဲကို ၾကက္ဥႏွစ္(အဝါႏွစ္)တလုံး ထည့္ၿပီး သမေအာင္ေမႊပါ။ အဆိုပါအေရာကို ဆံပင္အရင္း(ဆံသားအေျခ)က ေမႊးညႇင္းေပါက္ေတြထဲဝင္ေအာင္ ငါးမိနစ္ခန႔္ ႏွိပ္ေပးပါ။ ၿပီးရင္ တေခါင္းလုံးကို ေသခ်ာပြတ္ၿပီး အေပၚက hair cap သို႔ ပလတ္စတစ္အၾကည္တခုနဲ႔ အုပ္ပါ။

အထက္ပါအတိုင္း ေလးနာရီထားပါ။ အားလုံးၿပီးရင္ ရွန္ပူခပ္ေပ်ာ့ေပ်ာ့နဲ႔ ထပ္ေလွ်ာ္ပါ။ ဆံပင္ေလွ်ာ္တဲ့အခါ လက္နဲ႔အရမ္းဖိမေလွ်ာ္သင့္ဘူး၊ ေရေႏြးမသုံးသင့္ဘူး။ ေရေအးသာသုံးပါ။ ဒီနည္းအတိုင္း တပတ္ကို ႏွစ္ႀကိမ္တိတိလုပ္ပါ။

ႏွစ္လအတြင္း ဆံပင္ပါးတာ၊ ဆံပင္ကြၽတ္တာ သိသိသာသာ သက္သာၿပီး သင့္ဆံပင္ေတြ ထူလာလိမ့္မယ္။

Credit – ေဒါက္တာ ေအးမင္းထူး

(Unicode)

ဆံပင်ကျွတ်တာ သက်သာပြီး ၂ လ အတွင်း သင့်ဆံပင်ကို ထူလာစေမဲ့ နည်းလမ်းလေး

ဒီရက်ပိုင်း ကိုယ်တိုင်ဆံသားကျွတ်လွယ် ပြတ်လွယ်တာမို့ ဆံပင်နဲ့ ပက်သတ်တဲ့နည်းတွေ လိုက်လုပ်ဖြစ်တယ်။ အမှန်ဆို ငယ်ငယ်က ဆံပင်အုံထူလွန်းလို့ ဆံပင်ဆိုင်သွားတိုင်း အမြဲပါးခိုင်းရတဲ့သူတယောက်ပါ။ ဒီရက်ပိုင်းမှာတော့ ဆံပင်ကျွတ်တာ ခဏခဏဖြစ်လာတော့ နည်းနည်းလန့်လာတယ်။ ကိုယ်တိုင်ခံစားမိတော့ ကိုယ့်လိုဖြစ်နေတဲ့သူတွေအတွက် နည်းပေးချင်လာတယ်။

ဆံပင်နဲ့ပက်သတ်လို့ အကောင်းဆုံးဆိုတဲ့နည်းတွေ လိုက်ရှာကြည့်တယ်။ ထောပတ်၊ ဇီးဖြူ၊ လက်ဖက်စိမ်း၊ ကြံ၊ လိမ္မော်၊ သံပုရာ၊ သံလွင်ဆီ စသည်ဖြင့် နည်းပေါင်းစုံတွေ့တယ်။ အားလုံးထဲမှာ အကောင်းဆုံးဆိုတဲ့နည်း တစ်ခုတော့ တွေ့တယ်။ အဲဒီနည်းက သိပ်မခက်ဘဲ ဆံသားကိုပါ ထူစေပြီး ဆံပင်ပေါက်လွယ်လို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။

ဒီနည်းမှာ ကြက်ဆူဆီက အရေးပါတယ်။ အရင်ဆုံး ကြက်ဆူဆီ ထမင်းစားဇွန်း(၂)ဇွန်းကို ယူပြီး ပျားရည်ထမင်းစားဇွန်း (၁)ဇွန်းနဲ့ရောပါ။

ပြီးရင် အထဲကို ကြက်ဥနှစ်(အဝါနှစ်)တလုံး ထည့်ပြီး သမအောင်မွှေပါ။ အဆိုပါအရောကို ဆံပင်အရင်း(ဆံသားအခြေ)က မွှေးညှင်းပေါက်တွေထဲဝင်အောင် ငါးမိနစ်ခန့် နှိပ်ပေးပါ။ ပြီးရင် တခေါင်းလုံးကို သေချာပွတ်ပြီး အပေါ်က hair cap သို့ ပလတ်စတစ်အကြည်တခုနဲ့ အုပ်ပါ။

အထက်ပါအတိုင်း လေးနာရီထားပါ။ အားလုံးပြီးရင် ရှန်ပူခပ်ပျော့ပျော့နဲ့ ထပ်လျှော်ပါ။ ဆံပင်လျှော်တဲ့အခါ လက်နဲ့အရမ်းဖိမလျှော်သင့်ဘူး၊ ရေနွေးမသုံးသင့်ဘူး။ ရေအေးသာသုံးပါ။ ဒီနည်းအတိုင်း တပတ်ကို နှစ်ကြိမ်တိတိလုပ်ပါ။

နှစ်လအတွင်း ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာ သိသိသာသာ သက်သာပြီး သင့်ဆံပင်တွေ ထူလာလိမ့်မယ်။

Credit – ဒေါက်တာ အေးမင်းထူး

Leave a Reply

Your email address will not be published. Required fields are marked *