ဗဟုတုသ

ပဲကတၱီပါ (သို႔မဟုတ္) ေက်ာက္ကပ္ပ်က္စီးျခင္းေတြအတြက္ သဘာဝႀကီး၏ ျပဳျပင္ဖန္တီးေပးမႈ

(Zawgyi)

ပဲကတၱီပါ (သို႔မဟုတ္) ေက်ာက္ကပ္ပ်က္စီးျခင္းေတြအတြက္ သဘာဝႀကီး၏ ျပဳျပင္ဖန္တီးေပးမႈ

ညီမေလးေရ ဖတ္ၾကည့္ေနာ္ ၿပီးရင္ shareေပးအုံးေနာ္။ ေက်ာက္ကပ္ကို အားျဖည့္ၾကပါ။ (ေက်ာက္ကပ္အားနည္းျခင္း၊ေက်ာက္ကပ္ လုပ္ေဆာင္ခ်က္က်ျခင္း၊ ေက်က္ကပ္ေဆးေနရျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္းေတြအတြက္ သဘာဝႀကီး၏ ျပဳျပင္ဖန္တီးေပးမႈ) မိတ္ေဆြတစ္ေယာက္ ေက်ာက္ကပ္ေဆးေနရလို႔ ေက်ာက္ကပ္ေဆးတဲ့ဌာန တစ္ခုကိုသြားၾကည့္ပါတယ္။

အဲဒီမွာ အံ့ၾသရတာတစ္ခုက ေက်ာက္ကပ္လာေဆးေနၾကရတဲ့ သူေတြထဲမွာ အသက္ႀကီးသူေတြအျပင္ လူငယ္ေလးေတြပါေက်ာက္ကပ္လာေဆးေနၾကရတာကို ေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။ လူငယ္ေတြဟာ ေက်ာပိုးအိပ္ေလးေတြနဲ႔ ေက်ာင္းသားအ႐ြယ္ေတြပါ။ ေက်ာက္ကပ္လာေဆးၿပီး ေပါ့ေပါ့ပါးပါးပဲ ျပန္ထြက္သြားၾကတယ္။ အဲဒါေန႔စဥ္ပါပဲတဲ့။ အဲ့လိုသာ ခဏခဏ ေဆးေနရရင္ မလြယ္ဘူး။ ေက်ာက္ကပ္တစ္ခါေဆးရင္ ေလးငါးေသာင္းကုန္တယ္ေလ။ တစ္သက္လုံးပဲ ေဆးေနရေတာ့မွာလား။ ဒီကေလးေတြကို ၾကည့္ၿပီးေတာ့ က်ေနာ္စိတ္မေကာင္းျဖစ္မိပါတယ္။ တ႐ုတ္ႏို႔မႈန႔္လို အဆိပ္ေတြေသာက္ၿပီး ႀကီးလာၾကရတဲ့ကေလးေတြ ဘယ္ေလာက္ေတာင္ မ်ားေနၿပီလဲ။ ယေန႔ေခတ္ ကမာၻႀကီးမွာ က်ေနာ္တို႔စားေသာက္ေနရတဲ့ အစားအေသာက္ေတြထဲမွာ ေက်ာက္ကပ္ကို ထိခိုက္ေစတဲ့ အဆိပ္အေတာက္ေတြ အမ်ားႀကီးပါေနတဲ့အတြက္ လူႀကီးလူငယ္မေ႐ြး ေက်ာက္ကပ္ေတြ ထိခိုက္ေနၾကရပါၿပီ။ အရင္ကေတာ့ ေက်ာက္ကပ္ကို ဒုကၡေပးမယ့္ ေက်ာက္ေတြကို ေက်ာက္ဖယုံသီးနဲ႔ ဖယ္ရွားေပးတဲ့ အေၾကာင္းေတြကိုပဲ ဦးစားေပး တင္ျပခဲ့ပါတယ္။ အခုကေတာ့ ေက်ာက္ကပ္လုံးဝ ခံႏိုင္ရည္ရွိေအာင္ ေက်ာက္ကပ္ဆဲလ္အသစ္ေတြ တည္ေဆာက္ၿပီး ျပဳျပင္တဲ့နည္းလမ္းတစ္ခုကို အျမန္ေပးမွျဖစ္ေတာ့မယ္လို႔ ယူဆၿပီး အဲဒီအေၾကာင္းကို မွ်ေဝခ်င္ပါတယ္။

ေက်ာက္ကပ္ဆိုတာက ခႏၶာကိုယ္မွာ အလြန္အေရးႀကီးတဲ့ အဂၤါတစ္ခုပါ။ ေသြးထဲက အဆိပ္ေတြကို ဖယ္ထုတ္ၿပီးဆီးလမ္းေၾကာင္းကေန စြန႔္ပစ္တဲ့ အလုပ္ကို လုပ္ေပးပါတယ္။ အဆိပ္ေတြမ်ားလာရင္ေတာ့ ေက်ာက္ကပ္လည္း ခံႏိုင္ရည္မရွိေတာ့ဘူး။ မႏိုင္ေတာ့ အရႈံးေပးရေတာ့တာေပါ့။ အဲဒီမွာ ေက်ာက္ကပ္က ဆဲလ္ေတြစတင္ၿပီး ပ်က္စီးေတာ့တာပါပဲ။ေနာက္ဆုံး လုပ္ေဆာင္ခ်က္ေတြ ရပ္ဆိုင္းၿပီဆိုရင္ေတာ့ ေက်ာက္ကပ္ပ်က္စီးသြားပါၿပီ။ အဲဒီလိုပ်က္စီးျခင္းမ်ိဳးအထိ မျဖစ္ရေအာင္ အတြက္ဘာလုပ္ရမလဲ။ ေလမုန္တိုင္းဒဏ္ကို ခံႏိုင္ေအာင္ ခိုင္ခံ့တဲ့ တိုက္အိမ္ေကာင္းေကာင္းေဆာက္ထားဖို႔လိုသလို အဆိပ္ေတြရဲ႕ ဒဏ္ကို ခံႏိုင္ေအာင္ မိမိရဲ႕ေက်ာက္ကပ္ကို သံမဏိလို တည္ေဆာက္ထားဖို႔ပါပဲ။ ေက်ာက္ကပ္ဆိုတာ အေသြးအသားတစ္ခုျဖစ္တယ္။ Cellေတြစုေပါင္းၿပီး တည္ေဆာက္ထားတာျဖစ္တယ္။အဲဒီCellေတြရရွိတဲ့ Sourceကဘာလဲ။ အေသြးအသားေတြအားလုံးရဲ႕ sourceက အာဟာရက လာတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္cellေတြကို တည္ေဆာက္ေပးမယ့္ အာဟာရကိုရွာရမယ္။

လူ႔ခႏၶာကိုယ္မွာရွိတဲ့ အဂၤါေတြအားလုံးအတြက္ ျဖည့္စြက္ေပးမယ့္ အာဟာရကို သဘာဝႀကီးက ပုံစံတူ ေပးထားၿပီးျဖစ္ပါတယ္။ အဲဒါကိုလူေတြက နားမလည္ၾကေတာ့ မသိသူေက်ာ္သြား သိသူေဖာ္စားအဆင့္မွာပဲ ရွိေနရတယ္။ ေက်ာက္ကပ္အတြက္ အားျဖည့္ေပးမယ့္ အစာကေတာ့ ျမန္မာေတြနဲ႔ မစိမ္းတဲ့ပဲကတၱီပါ (kidney bean)ပဲ ျဖစ္ပါတယ္။ ပဲကတၱီပါကို ေသခ်ာေလ့လာၾကည့္ပါ။ ေက်ာက္ကပ္နဲ႔တစ္ပုံစံထည္း ျဖစ္ပါတယ္။ ပဲကတၱီပါမွာပါတဲ့ အခါးဓာတ္ေလးကအလြန္အဖိုးတန္တဲ့ အင္ဇိုင္းတစ္ခုျဖစ္တယ္။ အဲဒီအင္ဇိုင္းဟာ ေက်ာက္ကပ္ရဲ႕ cellေတြကို အသစ္တည္ေဆာက္ေပးႏိုင္တဲ့အမိုင္ႏိုအက္စစ္ ပ႐ိုတင္းေတြ ျဖစ္တယ္။ ထိခိုက္ပ်က္စီးသြားတဲ့ ေက်ာက္ကပ္အစိတ္အပိုင္းေတြကို cellအသစ္ေတြနဲ႔ ဖာေထးျပဳျပင္ၿပီး ေက်ာက္ကပ္ကို ပကတိအေကာင္းအတိုင္း ျဖစ္သြားေအာင္ လုပ္ေပးႏိုင္တယ္။

ပဲကတၱီပါမွာ ဗီတာမင္Eေတြ အမ်ားႀကီးပါတဲ့အတြက္ ေသြးကိုသန႔္စင္ရာမွာ အာနိသင္ ပိုထက္ျမက္တယ္။ ဒါေၾကာင့္ပဲကတၱီပါကို ေက်ာက္ကပ္အတြက္ အေကာင္းဆုံး အာဟာရလို႔ ေျပာႏိုင္ပါတယ္။ ေကာင္းလြန္းလို႔လည္း အဂၤလိပ္ေတြကပဲကတၱီပါကို kidney bean (ေက်ာက္ကပ္ပဲ)လို႔ အမည္ေပးထားျခင္း ျဖစ္ပါတယ္။ ေက်ာက္ကပ္အၿမဲတန္းေကာင္းေစဖို႔အတြက္ ပဲကတၱီပါကို စားေပးရမယ္ဆိုတာ သိရွိၿပီျဖစ္တယ္။ သို႔ေသာ္လဲ ေကာင္းတယ္ဆိုၿပီး အမ်ားႀကီးမစားရပါဘူး။ ပဲကတၱီပါမွာပါတဲ့ အမိုင္ႏိုအက္စစ္ကို ေက်ာက္ကပ္က အမ်ားႀကီးမလိုဘူး။ မ်ားသြားရင္ ေက်ာက္ကပ္အတြက္ အဆိပ္ျပန္ျဖစ္တတ္တယ္။ ဒါေၾကာင့္သင့္႐ုံေလာက္ပဲ စားဖို႔လိုပါတယ္။

ေက်ာက္ကပ္ကို တစ္သက္လုံး ေစာင့္ေရွာက္ခ်င္တယ္ဆိုရင္ေတာ့ ေဆာင္ရန္ေရွာင္ရန္ေလးေတြကို လိုက္နာမွျဖစ္လိမ့္မယ္။ ေရွာင္ရန္ကို အရင္ေျပာမယ္။ ေက်ာက္ကပ္ဟာ အေအးကို မႀကိဳက္ဘူး၊ အပူကိုႀကိဳက္တယ္။ ဒါေၾကာင့္မနက္ေစာေစာ ေက်ာက္ကပ္ေအးေနခ်ိန္မွာ ျပင္းထန္တဲ့ အားကစားမလုပ္သင့္ဘဲ ေနပူဆာေလာက္ပဲ လႈံရမယ္။ ျပင္းထန္တဲ့ ကိုယ္လက္လႈပ္ရွားမႈျပဳရင္ ကိုယ္တြင္းမွာ လက္တစ္အက္စစ္ေတြ မ်ားလာတယ္။ အဲဒီလက္တစ္အက္စစ္က ေက်ာက္ကပ္ရဲ႕ အဆိပ္ျဖစ္တယ္။ ပ်ဴရင္းဓာတ္ ႂကြယ္ဝတဲ့ အစားအေသာက္ေတြစားရင္ ထြက္လာတဲ့ ယူရစ္အက္စစ္ကလည္း ေက်ာက္ကပ္အတြက္ အဆိပ္ျဖစ္တယ္။ ဆိုဒီယံဆားနဲ႔ ဟင္းခတ္မႈန႔္၊ အရက္ေသစာ၊ သၾကားျဖဴေတြကိုလည္း မႀကိဳက္ဘူး။ အဆိုးဆုံးကေတာ့ ေခတ္ေပၚအစားအစာေတြမွာ ပါလာတဲ့ အဆိပ္ေတြပဲေပါ့။

႐ုပ္ပိုင္းဆိုင္ရာေၾကာင့္ ေက်ာက္ကပ္ပ်က္စီးတာထက္ ကိုယ္စိတ္ပိုင္းဆိုင္ရာေၾကာင့္ ပ်က္စီးရတာက ပိုဆိုးပါတယ္။ေၾကာက္လန႔္မႈတစ္ခုခုနဲ႔ ႀကဳံလိုက္ရတာနဲ႔ ေက်ာက္ကပ္ကက်ဳံ႔ၿပီး ရပ္သြားေရာ။ စိတ္ဖိစီးမႈမ်ားျခင္း၊ စိုးရိမ္ေၾကာင့္ၾကျခင္း၊ စိတ္ေသာကေရာက္ျခင္း၊ ပရိေဒဝမီးေတာက္ျခင္း၊ ေဒါမနသျဖစ္ျခင္းေတြက ေက်ာက္ကပ္ကို တိုက္႐ိုက္ထိတတ္လို႔ ေယာနိေသာမနသီကာယလို႔ေခၚတဲ့ သင့္တင့္ေလ်ာက္ပတ္စြာ ႏွလုံးသြင္းတတ္ေအာင္ က်င့္ထားဖို႔ လိုပါတယ္။ ေဆာင္ရန္ကေတာ့ ေရမ်ားမ်ားေသာက္ျခင္း၊ ေက်ာက္ဖ႐ုံသီးစားျခင္း၊ ဆိုဒီယံဆားအစား ပန္းေရာင္ေက်ာက္ဆား၊ ပင္လယ္ဆား၊ ပိုတက္စီယံဆားတို႔ကို မွ်သုံးျခင္း၊ အာဟာရမွ်တ စုံလင္ေအာင္ စားေသာက္ျခင္း၊ လမ္းေလွ်ာက္ျခင္း၊ အိပ္ေရးဝေအာင္ အိပ္ျခင္းနဲ႔ ဗီတာမင္Dရေအာင္ ေနပူဆာလႈံေပးျခင္းတို႔ပဲ ျဖစ္ပါတယ္။

ထမင္းကို အသားငါးဟင္းေတြနဲ႔ အၿမဲစားေနရတာ မၿငီးေငြ႕ဘူးလားဗ်ာ။ ပဲကတၱီပါသုတ္ေလးနဲ႔ အရသာရွိရွိ စားၾကည့္ပါလား။ အမယ္မ်ားမ်ား မလိုပါဘူး။ ၾကက္သြန္နီ၊ ႏွမ္းဆီ၊ ေက်ာက္ဆား၊ င႐ုတ္သီးစိမ္းေတြပဲ လိုတာပါ။ ၾကက္သြန္နီကိုမႊန္မွာ ေၾကာက္ရင္ အမႊန္သတ္လို႔ရတယ္။ ၾကက္သြန္နီကို လွီးၿပီး ဗင္နီဂါရည္၊ ဆားနဲနဲတို႔နဲ႔ ခဏနယ္ႏွပ္ထားလိုက္ပါ။ၾကက္သြန္နီက အမႊန္ေတြ ေပ်ာက္သြားၿပီး ခ်ိဳလာေရာဗ်။ အဲဒီေတာ့မွ ပဲကတၱီပါသုတ္ထဲ ေရာနယ္ၿပီး ထမင္းပူပူေလးနဲ႔စားၾကည့္ပါ။ ေဆြမ်ိဳးေတာင္ေမ့မယ္ဗ်ိဳ႕။

ခ်စ္ခင္ေလးစားလွ်က္……

စာအုပ္အမည္……..ပထမတန္းစားက်န္းမာေရး

ေရးသူ………မင္းေက်ာ္ဝင္း(ေနာက္ထပ္ထြက္လာမည့္ျပည္သူ႔အက်ိဳးျပဳစာအုပ္)

Via – https://lodarya.com/archives/19993

(Unicode)

ပဲကတ္တီပါ (သို့မဟုတ်) ကျောက်ကပ်ပျက်စီးခြင်းတွေအတွက် သဘာဝကြီး၏ ပြုပြင်ဖန်တီးပေးမှု

ညီမလေးရေ ဖတ်ကြည့်နော် ပြီးရင် shareပေးအုံးနော်။ ကျောက်ကပ်ကို အားဖြည့်ကြပါ။ (ကျောက်ကပ်အားနည်းခြင်း၊ကျောက်ကပ် လုပ်ဆောင်ချက်ကျခြင်း၊ ကျေက်ကပ်ဆေးနေရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတွေအတွက် သဘာဝကြီး၏ ပြုပြင်ဖန်တီးပေးမှု) မိတ်ဆွေတစ်ယောက် ကျောက်ကပ်ဆေးနေရလို့ ကျောက်ကပ်ဆေးတဲ့ဌာန တစ်ခုကိုသွားကြည့်ပါတယ်။

အဲဒီမှာ အံ့သြရတာတစ်ခုက ကျောက်ကပ်လာဆေးနေကြရတဲ့ သူတွေထဲမှာ အသက်ကြီးသူတွေအပြင် လူငယ်လေးတွေပါကျောက်ကပ်လာဆေးနေကြရတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ လူငယ်တွေဟာ ကျောပိုးအိပ်လေးတွေနဲ့ ကျောင်းသားအရွယ်တွေပါ။ ကျောက်ကပ်လာဆေးပြီး ပေါ့ပေါ့ပါးပါးပဲ ပြန်ထွက်သွားကြတယ်။ အဲဒါနေ့စဉ်ပါပဲတဲ့။ အဲ့လိုသာ ခဏခဏ ဆေးနေရရင် မလွယ်ဘူး။ ကျောက်ကပ်တစ်ခါဆေးရင် လေးငါးသောင်းကုန်တယ်လေ။ တစ်သက်လုံးပဲ ဆေးနေရတော့မှာလား။ ဒီကလေးတွေကို ကြည့်ပြီးတော့ ကျနော်စိတ်မကောင်းဖြစ်မိပါတယ်။ တရုတ်နို့မှုန့်လို အဆိပ်တွေသောက်ပြီး ကြီးလာကြရတဲ့ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ။ ယနေ့ခေတ် ကမ္ဘာကြီးမှာ ကျနော်တို့စားသောက်နေရတဲ့ အစားအသောက်တွေထဲမှာ ကျောက်ကပ်ကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေ အများကြီးပါနေတဲ့အတွက် လူကြီးလူငယ်မရွေး ကျောက်ကပ်တွေ ထိခိုက်နေကြရပါပြီ။ အရင်ကတော့ ကျောက်ကပ်ကို ဒုက္ခပေးမယ့် ကျောက်တွေကို ကျောက်ဖယုံသီးနဲ့ ဖယ်ရှားပေးတဲ့ အကြောင်းတွေကိုပဲ ဦးစားပေး တင်ပြခဲ့ပါတယ်။ အခုကတော့ ကျောက်ကပ်လုံးဝ ခံနိုင်ရည်ရှိအောင် ကျောက်ကပ်ဆဲလ်အသစ်တွေ တည်ဆောက်ပြီး ပြုပြင်တဲ့နည်းလမ်းတစ်ခုကို အမြန်ပေးမှဖြစ်တော့မယ်လို့ ယူဆပြီး အဲဒီအကြောင်းကို မျှဝေချင်ပါတယ်။

ကျောက်ကပ်ဆိုတာက ခန္ဓာကိုယ်မှာ အလွန်အရေးကြီးတဲ့ အင်္ဂါတစ်ခုပါ။ သွေးထဲက အဆိပ်တွေကို ဖယ်ထုတ်ပြီးဆီးလမ်းကြောင်းကနေ စွန့်ပစ်တဲ့ အလုပ်ကို လုပ်ပေးပါတယ်။ အဆိပ်တွေများလာရင်တော့ ကျောက်ကပ်လည်း ခံနိုင်ရည်မရှိတော့ဘူး။ မနိုင်တော့ အရှုံးပေးရတော့တာပေါ့။ အဲဒီမှာ ကျောက်ကပ်က ဆဲလ်တွေစတင်ပြီး ပျက်စီးတော့တာပါပဲ။နောက်ဆုံး လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းပြီဆိုရင်တော့ ကျောက်ကပ်ပျက်စီးသွားပါပြီ။ အဲဒီလိုပျက်စီးခြင်းမျိုးအထိ မဖြစ်ရအောင် အတွက်ဘာလုပ်ရမလဲ။ လေမုန်တိုင်းဒဏ်ကို ခံနိုင်အောင် ခိုင်ခံ့တဲ့ တိုက်အိမ်ကောင်းကောင်းဆောက်ထားဖို့လိုသလို အဆိပ်တွေရဲ့ ဒဏ်ကို ခံနိုင်အောင် မိမိရဲ့ကျောက်ကပ်ကို သံမဏိလို တည်ဆောက်ထားဖို့ပါပဲ။ ကျောက်ကပ်ဆိုတာ အသွေးအသားတစ်ခုဖြစ်တယ်။ Cellတွေစုပေါင်းပြီး တည်ဆောက်ထားတာဖြစ်တယ်။အဲဒီCellတွေရရှိတဲ့ Sourceကဘာလဲ။ အသွေးအသားတွေအားလုံးရဲ့ sourceက အာဟာရက လာတယ်။ ဒါကြောင့် ကျောက်ကပ်cellတွေကို တည်ဆောက်ပေးမယ့် အာဟာရကိုရှာရမယ်။

လူ့ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါတွေအားလုံးအတွက် ဖြည့်စွက်ပေးမယ့် အာဟာရကို သဘာဝကြီးက ပုံစံတူ ပေးထားပြီးဖြစ်ပါတယ်။ အဲဒါကိုလူတွေက နားမလည်ကြတော့ မသိသူကျော်သွား သိသူဖော်စားအဆင့်မှာပဲ ရှိနေရတယ်။ ကျောက်ကပ်အတွက် အားဖြည့်ပေးမယ့် အစာကတော့ မြန်မာတွေနဲ့ မစိမ်းတဲ့ပဲကတ္တီပါ (kidney bean)ပဲ ဖြစ်ပါတယ်။ ပဲကတ္တီပါကို သေချာလေ့လာကြည့်ပါ။ ကျောက်ကပ်နဲ့တစ်ပုံစံထည်း ဖြစ်ပါတယ်။ ပဲကတ္တီပါမှာပါတဲ့ အခါးဓာတ်လေးကအလွန်အဖိုးတန်တဲ့ အင်ဇိုင်းတစ်ခုဖြစ်တယ်။ အဲဒီအင်ဇိုင်းဟာ ကျောက်ကပ်ရဲ့ cellတွေကို အသစ်တည်ဆောက်ပေးနိုင်တဲ့အမိုင်နိုအက်စစ် ပရိုတင်းတွေ ဖြစ်တယ်။ ထိခိုက်ပျက်စီးသွားတဲ့ ကျောက်ကပ်အစိတ်အပိုင်းတွေကို cellအသစ်တွေနဲ့ ဖာထေးပြုပြင်ပြီး ကျောက်ကပ်ကို ပကတိအကောင်းအတိုင်း ဖြစ်သွားအောင် လုပ်ပေးနိုင်တယ်။

ပဲကတ္တီပါမှာ ဗီတာမင်Eတွေ အများကြီးပါတဲ့အတွက် သွေးကိုသန့်စင်ရာမှာ အာနိသင် ပိုထက်မြက်တယ်။ ဒါကြောင့်ပဲကတ္တီပါကို ကျောက်ကပ်အတွက် အကောင်းဆုံး အာဟာရလို့ ပြောနိုင်ပါတယ်။ ကောင်းလွန်းလို့လည်း အင်္ဂလိပ်တွေကပဲကတ္တီပါကို kidney bean (ကျောက်ကပ်ပဲ)လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်အမြဲတန်းကောင်းစေဖို့အတွက် ပဲကတ္တီပါကို စားပေးရမယ်ဆိုတာ သိရှိပြီဖြစ်တယ်။ သို့သော်လဲ ကောင်းတယ်ဆိုပြီး အများကြီးမစားရပါဘူး။ ပဲကတ္တီပါမှာပါတဲ့ အမိုင်နိုအက်စစ်ကို ကျောက်ကပ်က အများကြီးမလိုဘူး။ များသွားရင် ကျောက်ကပ်အတွက် အဆိပ်ပြန်ဖြစ်တတ်တယ်။ ဒါကြောင့်သင့်ရုံလောက်ပဲ စားဖို့လိုပါတယ်။

ကျောက်ကပ်ကို တစ်သက်လုံး စောင့်ရှောက်ချင်တယ်ဆိုရင်တော့ ဆောင်ရန်ရှောင်ရန်လေးတွေကို လိုက်နာမှဖြစ်လိမ့်မယ်။ ရှောင်ရန်ကို အရင်ပြောမယ်။ ကျောက်ကပ်ဟာ အအေးကို မကြိုက်ဘူး၊ အပူကိုကြိုက်တယ်။ ဒါကြောင့်မနက်စောစော ကျောက်ကပ်အေးနေချိန်မှာ ပြင်းထန်တဲ့ အားကစားမလုပ်သင့်ဘဲ နေပူဆာလောက်ပဲ လှုံရမယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုရင် ကိုယ်တွင်းမှာ လက်တစ်အက်စစ်တွေ များလာတယ်။ အဲဒီလက်တစ်အက်စစ်က ကျောက်ကပ်ရဲ့ အဆိပ်ဖြစ်တယ်။ ပျူရင်းဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေစားရင် ထွက်လာတဲ့ ယူရစ်အက်စစ်ကလည်း ကျောက်ကပ်အတွက် အဆိပ်ဖြစ်တယ်။ ဆိုဒီယံဆားနဲ့ ဟင်းခတ်မှုန့်၊ အရက်သေစာ၊ သကြားဖြူတွေကိုလည်း မကြိုက်ဘူး။ အဆိုးဆုံးကတော့ ခေတ်ပေါ်အစားအစာတွေမှာ ပါလာတဲ့ အဆိပ်တွေပဲပေါ့။

ရုပ်ပိုင်းဆိုင်ရာကြောင့် ကျောက်ကပ်ပျက်စီးတာထက် ကိုယ်စိတ်ပိုင်းဆိုင်ရာကြောင့် ပျက်စီးရတာက ပိုဆိုးပါတယ်။ကြောက်လန့်မှုတစ်ခုခုနဲ့ ကြုံလိုက်ရတာနဲ့ ကျောက်ကပ်ကကျုံ့ပြီး ရပ်သွားရော။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်သောကရောက်ခြင်း၊ ပရိဒေဝမီးတောက်ခြင်း၊ ဒေါမနသဖြစ်ခြင်းတွေက ကျောက်ကပ်ကို တိုက်ရိုက်ထိတတ်လို့ ယောနိသောမနသီကာယလို့ခေါ်တဲ့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်အောင် ကျင့်ထားဖို့ လိုပါတယ်။ ဆောင်ရန်ကတော့ ရေများများသောက်ခြင်း၊ ကျောက်ဖရုံသီးစားခြင်း၊ ဆိုဒီယံဆားအစား ပန်းရောင်ကျောက်ဆား၊ ပင်လယ်ဆား၊ ပိုတက်စီယံဆားတို့ကို မျှသုံးခြင်း၊ အာဟာရမျှတ စုံလင်အောင် စားသောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းနဲ့ ဗီတာမင်Dရအောင် နေပူဆာလှုံပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

ထမင်းကို အသားငါးဟင်းတွေနဲ့ အမြဲစားနေရတာ မငြီးငွေ့ဘူးလားဗျာ။ ပဲကတ္တီပါသုတ်လေးနဲ့ အရသာရှိရှိ စားကြည့်ပါလား။ အမယ်များများ မလိုပါဘူး။ ကြက်သွန်နီ၊ နှမ်းဆီ၊ ကျောက်ဆား၊ ငရုတ်သီးစိမ်းတွေပဲ လိုတာပါ။ ကြက်သွန်နီကိုမွှန်မှာ ကြောက်ရင် အမွှန်သတ်လို့ရတယ်။ ကြက်သွန်နီကို လှီးပြီး ဗင်နီဂါရည်၊ ဆားနဲနဲတို့နဲ့ ခဏနယ်နှပ်ထားလိုက်ပါ။ကြက်သွန်နီက အမွှန်တွေ ပျောက်သွားပြီး ချိုလာရောဗျ။ အဲဒီတော့မှ ပဲကတ္တီပါသုတ်ထဲ ရောနယ်ပြီး ထမင်းပူပူလေးနဲ့စားကြည့်ပါ။ ဆွေမျိုးတောင်မေ့မယ်ဗျို့။

ချစ်ခင်လေးစားလျှက်……

စာအုပ်အမည်……..ပထမတန်းစားကျန်းမာရေး

ရေးသူ………မင်းကျော်ဝင်း(နောက်ထပ်ထွက်လာမည့်ပြည်သူ့အကျိုးပြုစာအုပ်)

Via – https://lodarya.com/archives/19993

Leave a Reply

Your email address will not be published. Required fields are marked *