ဗဟုတုသ

ခဏခဏ ေမ့တတ္လာသူမ်ားအတြက္ “ဦးေႏွာက္ မွတ္ဉာဏ္စြမ္းရည္ ျမင့္တက္ေစမယ့္ နည္းလမ္းမ်ား”

(Zawgyi)

ဦးေႏွာက္ မွတ္ဉာဏ္စြမ္းရည္ ျမင့္တက္ေစမယ့္ နည္းလမ္းမ်ား

စိတ္ဖိစီးမႈေတြ မ်ားေနတဲ့ ဒီေန႔ေခတ္ႀကီးမွာ မွတ္ဉာဏ္ျပႆနာေတြ အမ်ားဆုံး ႀကဳံေတြ႕ရပါတယ္။ ဒီလို အေျခအေနေတြကို ေျဖေလ်ာ့ႏိုင္ေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းေတြလည္း ရွိေနျပန္ပါတယ္။ ေန႔စဥ္လုပ္ေနက် အျပဳအမူေတြကို အနည္းငယ္ ေျပာင္းလဲလိုက္႐ုံနဲ႔ သတိေမ့တာမ်ိဳးေတြ ေလ်ာ့နည္းသြားၿပီး အရင္လို ဉာဏ္ရည္ ျပန္သြက္လာပါလိမ့္မယ္။

ေျပာင္းျပန္လႈပ္ရွားမႈေတြက သင့္ဦးေႏွာက္အတြက္ အေကာင္းဆုံး ေလ့က်င့္ခန္း တခုပါ။ ပုံမွန္သြားတိုက္ေနက် ညဘက္လက္အစား ဘယ္ဘက္ ေျပာင္းတိုက္တာမ်ိဳး၊ သြားတိုက္ေဆးညႇစ္တာကအစ ကိုယ္မသန္တဲ့ဘက္ကို သုံးေပးတဲ့အခါ ဦးေႏွာက္ဆဲလ္ေတြကို ႏိုးၾကားေစပါတယ္။

ေရခ်ိဳးတဲ့အခါ မ်က္စိမွိတ္ၿပီး လက္နဲ႔ပဲ ထိေတြ႕ လႈပ္ရွားၿပီး ခ်ိဳးၾကည့္ပါ။ အျမင္အာ႐ုံထက္ အထိအေတြ႕အပိုင္းနဲ႔ ျမင္ေအာင္ လုပ္ႏိုင္တာကလည္း သင့္ဦးေႏွာက္ကို အာ႐ုံစူးစိုက္ႏိုင္ေအာင္ ေလ့က်င့္ေပးရာေရာက္ပါတယ္။ မ်က္စိမွိတ္ၿပီး ေရခ်ိဳးသလိုပဲ ေခါင္းေလွ်ာ္တာ၊ မုတ္ဆိတ္ရိတ္ေတြမွာလည္း မ်က္စိမွိတ္ထားၿပီး မ်က္လုံးထဲေပၚေအာင္ ပုံေဖာ္ရင္း လုပ္ၾကည့္ပါ။

မနက္ႏိုးတာနဲ႔ ေန႔စဥ္လုပ္ၿမဲအလုပ္ေတြက သင့္ဦးေႏွာက္အတြက္ ဘာမွ မထူးျခားေစပါဘူး။ ေန႔စဥ္လုပ္ေနက်မို႔ ေခါင္းကေန စဥ္းစားစရာေတာင္ မလိုဘဲ အလိုလို လုပ္မိရက္သား ျဖစ္ေနတတ္လို႔ပါ။ ဒါေၾကာင့္ မနက္တိုင္းလုပ္ေနက် အလုပ္ေတြကေန အေျပာင္းအလဲ နည္းနည္းလုပ္ၾကည့္ပါ။

ဧည့္ခန္းနဲ႔ အိမ္ထဲမွာ အလွခ်ိတ္ထားတဲ့ ဓာတ္ပုံ၊ ပန္းခ်ီကားေတြကို ပုံမွန္အတည့္အတိုင္း ၾကည့္တာထက္ ေျပာင္းျပန္ထားၿပီး ပုံေဖာ္ၾကည့္ပါ။ သင့္ဦးေႏွာက္က အတည့္ပုံေတြထက္ ေျပာင္းျပန္ေတြၾကည့္တဲ့အခါ ပိုအာ႐ုံစိုက္ၿပီး အလုပ္လုပ္ရပါတယ္။ အိမ္တအိမ္မွာ ထမင္းစားပြဲမွာျဖစ္ျဖစ္၊ ဧည့္ခန္းမွာျဖစ္ျဖစ္ အိမ္သားတေယာက္စီ ထိုင္ေနၾကေနရာဆိုတာ ရွိပါတယ္။ အၿမဲတမ္းထိုင္ေနက် ေနရာကေန ၾကည့္ေနက် အျမင္ေတြကလည္း တူတူပဲမို႔ ၾကာလာရင္ ဦးေႏွာက္ အလုပ္မလုပ္ေတာ့ဘဲ ဆိုင္းသြားတတ္ပါတယ္။ ဒါေၾကာင့္ အေျပာင္းအလဲျဖစ္ေအာင္ ခုံေနရာ ေ႐ြ႕ထိုင္ၾကည့္ပါ။ ဒီလိုပဲ ထမင္းစားပြဲေပၚက ဆားဘူး၊ င႐ုပ္ေကာင္းဘူးေတြကိုလည္း ထားေနၾကေနရာ အေျပာင္းအလဲလုပ္ပါ။

အနံ႔ေတြကလည္း သင့္ဦးေႏွာက္ မွတ္ဉာဏ္ကို အေထာက္အပံ့ေပးပါတယ္။ ဒါေၾကာင့္ မနက္မိုးလင္းတာနဲ႔ ေကာ္ဖီနံ႔ တမ်ိဳးတည္း ရေနတာထက္ ျဖစ္ႏိုင္ရင္ တျခားအနံ႔ေတြပါ ရေအာင္လုပ္ပါ။ ဗယ္နီလာ၊ ဗီတာမင္စီ၊ ပူစီနံလို အနံ႔မ်ိဳးကိုလည္း အနံ႔ခံၾကည့္ပါ။ သင္အႀကိဳက္ဆုံး အနံ႔တမ်ိဳးကို အိပ္ရာေဘးမွာ ထားအိပ္တာလည္း ဦးေႏွာက္ကို ၾကည္လင္လန္းဆန္းေစပါတယ္။

စူပါးမားကတ္မွာ ေဈးဝယ္တဲ့အခါ ကိုယ္ဝယ္ခ်င္တခုပဲ ေ႐ြးမဝယ္ခဲ့ပါနဲ႔။ အခ်ိန္ရရင္ စင္ေပၚက တျခားပစၥည္း အစုံကို လိုက္ၾကည့္ပါ။ တခါမွ ကိုယ္မသိလိုက္တဲ့ ပစၥည္းေတြ၊ ကိုယ္မျမင္ခဲ့တဲ့ ပစၥည္းေတြကို ေတြ႕လာပါလိမ့္မယ္။ ဒါဟာ ဦးေႏွာက္ကို အသစ္အသစ္ေသာ ပစၥည္းအမ်ိဳးအစားေတြနဲ႔ မိတ္ဆက္လိုက္တာပါ။

အားလပ္ရက္မွာ အိမ္မွာ အနားယူတာထက္ သင္ယူခ်င္တဲ့ ပညာအသစ္ေတြကို အေပါင္းအသင္းေတြနဲ႔အတူ စုေပါင္း ေလ့လာ သင္ယူၾကည့္ပါ။ ဒါ့အျပင္ သူငယ္ခ်င္းေတြနဲ႔ ဆိုရွယ္မီဒီယာမွာထက္ အျပင္မွာ ေတြ႕ဆုံၾကပါ။ ကိုယ္စားေလ့ မရွိတဲ့ အစားအေသာက္ အသစ္ေတြကိုလည္း မၾကာခဏ ျမည္းစမ္းၾကည့္သင့္ပါတယ္။

Ref: Reader’s Digest

Credit – Aurora, The Irrawaddy – Burmese Edition

(Unicode)

ဦးနှောက် မှတ်ဉာဏ်စွမ်းရည် မြင့်တက်စေမယ့် နည်းလမ်းများ

စိတ်ဖိစီးမှုတွေ များနေတဲ့ ဒီနေ့ခေတ်ကြီးမှာ မှတ်ဉာဏ်ပြဿနာတွေ အများဆုံး ကြုံတွေ့ရပါတယ်။ ဒီလို အခြေအနေတွေကို ဖြေလျော့နိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပြန်ပါတယ်။ နေ့စဉ်လုပ်နေကျ အပြုအမူတွေကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ သတိမေ့တာမျိုးတွေ လျော့နည်းသွားပြီး အရင်လို ဉာဏ်ရည် ပြန်သွက်လာပါလိမ့်မယ်။

ပြောင်းပြန်လှုပ်ရှားမှုတွေက သင့်ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်း တခုပါ။ ပုံမှန်သွားတိုက်နေကျ ညဘက်လက်အစား ဘယ်ဘက် ပြောင်းတိုက်တာမျိုး၊ သွားတိုက်ဆေးညှစ်တာကအစ ကိုယ်မသန်တဲ့ဘက်ကို သုံးပေးတဲ့အခါ ဦးနှောက်ဆဲလ်တွေကို နိုးကြားစေပါတယ်။

ရေချိုးတဲ့အခါ မျက်စိမှိတ်ပြီး လက်နဲ့ပဲ ထိတွေ့ လှုပ်ရှားပြီး ချိုးကြည့်ပါ။ အမြင်အာရုံထက် အထိအတွေ့အပိုင်းနဲ့ မြင်အောင် လုပ်နိုင်တာကလည်း သင့်ဦးနှောက်ကို အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ မျက်စိမှိတ်ပြီး ရေချိုးသလိုပဲ ခေါင်းလျှော်တာ၊ မုတ်ဆိတ်ရိတ်တွေမှာလည်း မျက်စိမှိတ်ထားပြီး မျက်လုံးထဲပေါ်အောင် ပုံဖော်ရင်း လုပ်ကြည့်ပါ။

မနက်နိုးတာနဲ့ နေ့စဉ်လုပ်မြဲအလုပ်တွေက သင့်ဦးနှောက်အတွက် ဘာမှ မထူးခြားစေပါဘူး။ နေ့စဉ်လုပ်နေကျမို့ ခေါင်းကနေ စဉ်းစားစရာတောင် မလိုဘဲ အလိုလို လုပ်မိရက်သား ဖြစ်နေတတ်လို့ပါ။ ဒါကြောင့် မနက်တိုင်းလုပ်နေကျ အလုပ်တွေကနေ အပြောင်းအလဲ နည်းနည်းလုပ်ကြည့်ပါ။

ဧည့်ခန်းနဲ့ အိမ်ထဲမှာ အလှချိတ်ထားတဲ့ ဓာတ်ပုံ၊ ပန်းချီကားတွေကို ပုံမှန်အတည့်အတိုင်း ကြည့်တာထက် ပြောင်းပြန်ထားပြီး ပုံဖော်ကြည့်ပါ။ သင့်ဦးနှောက်က အတည့်ပုံတွေထက် ပြောင်းပြန်တွေကြည့်တဲ့အခါ ပိုအာရုံစိုက်ပြီး အလုပ်လုပ်ရပါတယ်။

အိမ်တအိမ်မှာ ထမင်းစားပွဲမှာဖြစ်ဖြစ်၊ ဧည့်ခန်းမှာဖြစ်ဖြစ် အိမ်သားတယောက်စီ ထိုင်နေကြနေရာဆိုတာ ရှိပါတယ်။ အမြဲတမ်းထိုင်နေကျ နေရာကနေ ကြည့်နေကျ အမြင်တွေကလည်း တူတူပဲမို့ ကြာလာရင် ဦးနှောက် အလုပ်မလုပ်တော့ဘဲ ဆိုင်းသွားတတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ခုံနေရာ ရွေ့ထိုင်ကြည့်ပါ။ ဒီလိုပဲ ထမင်းစားပွဲပေါ်က ဆားဘူး၊ ငရုပ်ကောင်းဘူးတွေကိုလည်း ထားနေကြနေရာ အပြောင်းအလဲလုပ်ပါ။

အနံ့တွေကလည်း သင့်ဦးနှောက် မှတ်ဉာဏ်ကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ ကော်ဖီနံ့ တမျိုးတည်း ရနေတာထက် ဖြစ်နိုင်ရင် တခြားအနံ့တွေပါ ရအောင်လုပ်ပါ။ ဗယ်နီလာ၊ ဗီတာမင်စီ၊ ပူစီနံလို အနံ့မျိုးကိုလည်း အနံ့ခံကြည့်ပါ။ သင်အကြိုက်ဆုံး အနံ့တမျိုးကို အိပ်ရာဘေးမှာ ထားအိပ်တာလည်း ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပါတယ်။

မနက်ဘက် ရုံးသွားတဲ့လမ်းမှာ ပတ်ဝန်းကျင်က အသံတွေ၊ အနံ့တွေကို အာရုံစိုက်နိုင်အောင် ကားတံခါးကို ဖွင့်စီး သွားကြည့်ပါ။ မှန်ပိတ်ပြီး အရုပ်ပဲမြင်နေရတာထက် အသံနဲ့အနံကိုပါ တပေါင်းတည်းမြင်ရ၊ ကြားရတာက ဦးနှောက် အာရုံခံလိုင်းတွေကို ပိုအလုပ်လုပ်စေနိုင်ပါတယ်။

စူပါးမားကတ်မှာ ဈေးဝယ်တဲ့အခါ ကိုယ်ဝယ်ချင်တခုပဲ ရွေးမဝယ်ခဲ့ပါနဲ့။ အချိန်ရရင် စင်ပေါ်က တခြားပစ္စည်း အစုံကို လိုက်ကြည့်ပါ။ တခါမှ ကိုယ်မသိလိုက်တဲ့ ပစ္စည်းတွေ၊ ကိုယ်မမြင်ခဲ့တဲ့ ပစ္စည်းတွေကို တွေ့လာပါလိမ့်မယ်။ ဒါဟာ ဦးနှောက်ကို အသစ်အသစ်သော ပစ္စည်းအမျိုးအစားတွေနဲ့ မိတ်ဆက်လိုက်တာပါ။

အားလပ်ရက်မှာ အိမ်မှာ အနားယူတာထက် သင်ယူချင်တဲ့ ပညာအသစ်တွေကို အပေါင်းအသင်းတွေနဲ့အတူ စုပေါင်း လေ့လာ သင်ယူကြည့်ပါ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ဆိုရှယ်မီဒီယာမှာထက် အပြင်မှာ တွေ့ဆုံကြပါ။ ကိုယ်စားလေ့ မရှိတဲ့ အစားအသောက် အသစ်တွေကိုလည်း မကြာခဏ မြည်းစမ်းကြည့်သင့်ပါတယ်။

Ref: Reader’s Digest

Credit – Aurora, The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *