ဗဟုတုသ

လည္ပင္းမည္း၊ ခ်ိဳင္းမည္းသူမ်ားအတြက္

(Zawgyi)

လည္ပင္းမည္းတာ၊ ခ်ိဳင္းမည္းတာေတြကို သက္သာေစမယ့္ အသားအေရ ထိန္းသိမ္းနည္း

လည္ပင္းနားတစ္ဝိုက္မွာ မည္းတာ ခ်ိဳင္းမည္းတာေတြက လူေတြအမ်ားအားျဖင့္ ႀကဳံေတြ႕ေနရတဲ့ ျပႆနာတစ္ခုပါပဲ။ အခုလို မည္းညႇစ္ေနတဲ့ေနရာေတြကို သက္သာေပ်ာက္ကင္းေစဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကိုမွ်ေဝေပးပါမယ္။

၁။ ႏြားႏို႔နဲ႔ သၾကား

ႏို႔မွာ Lactic အက္ဆစ္ပါဝင္ၿပီး အသားအေရကို ျပန္ၿပီးျဖဴဝင္းေစသလို ေရဓါတ္ျဖည့္တင္းေပးပါတယ္။ သၾကားကလည္း ဆဲလ္ေသေတြကိုဖယ္ရွားေပးလို႔ လည္ပင္းမည္းတာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

ပါဝင္ပစၥည္း –

သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း

ႏြားႏို႔ စားပြဲတင္ဇြန္း ၃ ဇြန္း ( ဒါမွမဟုတ္ သံပုယိုသီး တစ္ျခမ္းထည့္ပါ)

နည္းလမ္း –

ပါဝင္ပစၥည္းႏွစ္မ်ိဳးကို ေရာလိုက္ၿပီး မည္းညႇစ္ေနတဲ့ လည္ပင္းသားနဲ႔ ခ်ိဳင္းၾကားမွာ လိမ္းေပးလိုက္ပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးရင္ ေရေအးေအးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ပါ။

၂။ သခြားသီးနဲ႔ ႏွင္းဆီေရ

သခြားသီး တစ္ျခမ္း

ႏွင္းဆီေရ စားပြဲတင္ဇြန္း ၆ ဇြန္း (ႏွင္းဆီေရ ႏွင္းဆီပန္းပြင့္ကို ေရေသခ်ာေဆးၿပီး ေရေအးနဲ႔ ညလုံးေပါက္စိမ္ထားပါ။ မနက္က်မွသုံးပါ)

ျပဳလုပ္နည္း-

ပါဝင္ပစၥည္းႏွစ္မ်ိဳးကို က်ိတ္စက္ထဲထည့္ၿပီး က်ိတ္လိုက္ပါ။ ၿပီးရင္ လည္ပင္းနဲ႔ မည္းေနတဲ့ေနရာေတြကို အဓိက ပြတ္ၿပီးလိမ္းေပးပါ။ မိနစ္ ၃၀ ေလာက္ထားၿပီး ေရေဆးခ်ပါ။ ညတိုင္းလိုလိုလုပ္ေပးပါ။

၃။ ေကြကာအုတ္နဲ႔ ခရမ္းခ်ဥ္သီး

ပါဝင္ပစၥည္း-

ေကြကာအုတ္ စားပြဲတင္ဇြန္း ၁ ဇြန္း

ခရမ္းခ်ဥ္သီးအရည္ စားပြဲတင္ဇြန္း ၅ ဇြန္း

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ပါဝင္ပစၥည္းအားလုံးကို က်ိတ္စက္ထဲထည့္ၿပီး က်ိတ္လိုက္ပါ။ ၿပီးရင္ လည္ပင္းနဲ႔ မည္းေနတဲ့ေနရာေတြကို လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ ေရေဆးခ်ေပးပါ။ တစ္ပတ္ကို ၃ ႀကိမ္ကေန ၄ ႀကိမ္ထိလုပ္ေပးပါ။

၄။ ရွားေစာင္းလက္ပက္နဲ႔ သံပုယိုသီး

ပါဝင္ပစၥည္း-

ရွားေစာင္းလက္ပက္အႏွစ္ စားပြဲတင္ဇြန္း ၃ ဇြန္း

သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း-

ပါဝင္ပစၥည္းႏွစ္မ်ိဳးကို ေသခ်ာေရာၿပီး ေမႊလိုက္ပါ။ ၿပီးရင္ မည္းညႇစ္ေနတဲ့ ေနရာကိုလိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားပါ။ ၿပီးရင္ေရေအးေအးနဲ႔ ေဆးခ်ေပးပါ။ ညတိုင္းလိုလို လုပ္ေပးပါ။

Credit – Mystylemyanmar

(Zawgyi)

လည်ပင်းမည်းတာ၊ ချိုင်းမည်းတာတွေကို သက်သာစေမယ့် အသားအရေ ထိန်းသိမ်းနည်း

လည်ပင်းနားတစ်ဝိုက်မှာ မည်းတာ ချိုင်းမည်းတာတွေက လူတွေအများအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ အခုလို မည်းညှစ်နေတဲ့နေရာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးပါမယ်။

၁။ နွားနို့နဲ့ သကြား

နို့မှာ Lactic အက်ဆစ်ပါဝင်ပြီး အသားအရေကို ပြန်ပြီးဖြူဝင်းစေသလို ရေဓါတ်ဖြည့်တင်းပေးပါတယ်။ သကြားကလည်း ဆဲလ်သေတွေကိုဖယ်ရှားပေးလို့ လည်ပင်းမည်းတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်း –

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်း ( ဒါမှမဟုတ် သံပုယိုသီး တစ်ခြမ်းထည့်ပါ)

နည်းလမ်း –

ပါဝင်ပစ္စည်းနှစ်မျိုးကို ရောလိုက်ပြီး မည်းညှစ်နေတဲ့ လည်ပင်းသားနဲ့ ချိုင်းကြားမှာ လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။

၂။ သခွားသီးနဲ့ နှင်းဆီရေ

သခွားသီး တစ်ခြမ်း

နှင်းဆီရေ စားပွဲတင်ဇွန်း ၆ ဇွန်း (နှင်းဆီရေ နှင်းဆီပန်းပွင့်ကို ရေသေချာဆေးပြီး ရေအေးနဲ့ ညလုံးပေါက်စိမ်ထားပါ။ မနက်ကျမှသုံးပါ)

ပြုလုပ်နည်း-

ပါဝင်ပစ္စည်းနှစ်မျိုးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မည်းနေတဲ့နေရာတွေကို အဓိက ပွတ်ပြီးလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပါ။ ညတိုင်းလိုလိုလုပ်ပေးပါ။

၃။ ကွေကာအုတ်နဲ့ ခရမ်းချဉ်သီး

ပါဝင်ပစ္စည်း-

ကွေကာအုတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၅ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မည်းနေတဲ့နေရာတွေကို လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေဆေးချပေးပါ။ တစ်ပတ်ကို ၃ ကြိမ်ကနေ ၄ ကြိမ်ထိလုပ်ပေးပါ။

၄။ ရှားစောင်းလက်ပက်နဲ့ သံပုယိုသီး

ပါဝင်ပစ္စည်း-

ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း-

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မည်းညှစ်နေတဲ့ နေရာကိုလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင်ရေအေးအေးနဲ့ ဆေးချပေးပါ။ ညတိုင်းလိုလို လုပ်ပေးပါ။

Credit – Mystylemyanmar

Leave a Reply

Your email address will not be published. Required fields are marked *