ဗဟုတုသ

ဗိုက်ခေါက်ထူ၊ ဗိုက်ပူလို့ အလှပျက်နေသော ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်များအတွက် (၇) ရက်အတွင်း ဗိုက်ချပ်ပြီး အဆီကျစေတဲ့ လက်တွေ့ဆေးနည်း

(Zawgyi)




ဖော်စပ်နည်း


အသုံးပြုနည်း



Credit – မြဝတီ



ဖော်စပ်နည်း


အသုံးပြုနည်း


Credit – မြဝတီ

(Unicode)

ဗိုက်ခေါက်ထူ၊ ဗိုက်ပူလို့ အလှပျက်နေသော ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်များအတွက် လက်တွေ့ (၇) ရက်အတွင်း ဗိုက်ချပ်ပြီး အဆီကျစေတဲ့ ဆေးနည်း

မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ် အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ။ ဒါ့ကြောင့် ဗိုက်ခေါက်ထူ၊ ဗိုက်ပူပြီး အဆီများ နေသူတွေအတွက် လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်။ ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်။ အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ သံပုရာသီး၊ အုန်းဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ။

ဖော်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ။ အကြမ်း ပုဂံလုံးထဲသို့ အုန်းဆီ သုံးလေးစက်လောက် ထည့်ပေးပါ။ ထို့နောက် ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ တစ်မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး မွှေပေးပါ။

အသုံးပြုနည်း

ညအိပ်ယာ ဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ဝမ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။ ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်။ တစ်ပါတ်အတွင်း သိသာစွာ ဗိုက်ချပ်လာသည်ကို လက်တွေ့ တွေ့မြင် ခံစားရမှာပါ။

မှတ်ချက် – ညစာကို ပုံမှန်ထက် လျှော့စားပေးရင် ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်။ တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာ ဖြစ်ပါတယ်။

Credit – မြဝတီ

Leave a Reply

Your email address will not be published. Required fields are marked *