ဗဟုတုသ

ညဘက္အိပ္ေနရင္း သြားႀကိတ္တဲ့သူေတြ မႀကိတ္ေအာင္ျပဳလုပ္နည္း

(Zawgyi)

ညဘက္အိပ္ေနရင္း သြားႀကိတ္တဲ့သူေတြ မႀကိတ္ေအာင္ျပဳလုပ္နည္း

မိုးလင္းလို႔ အိပ္ရာကထလာရင္ ေမး႐ိုးကိုက္တာေတြ ေခါင္းကိုက္တာေတြကို ႀကဳံေတြ႕ရေနပါသလား။ ဒါကသင္အိပ္ေနစဥ္ သြားႀကိတ္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးကို ေဆးပညာေလာကမွာေတာ့ Bruxism လို႔ေခၚၿပီး အိပ္မေပ်ာ္တဲ့ေရာဂါပါ ရႏိုင္ပါတယ္။ သင့္လည္ေခ်ာင္းႂကြက္သားေတြ ေျဖေလ်ာ့ေနစဥ္မွာ သင့္အသက္ရွဴလမ္းေၾကာင္းကိုပိတ္သြားလို႔ ျဖစ္ေပၚတာျဖစ္ပါတယ္။ ေအာက္မွာေတာ့ ဒီလို သြားႀကိတ္တာေတြကို ရပ္တန႔္ႏိုင္မယ့္ နည္းလမ္းေတြကို ျပေပးထားတာမို႔ ေကာင္းေကာင္းအိပ္ေပ်ာ္ၿပီး က်န္းမာတဲ့ သြားေလးေတြ ရရွိႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္ဗ်ာ။

Brixism ဆိုတဲ့ေရာဂါဟာ သြားေတြရဲ႕ မူမမွန္လႈပ္ရွားမႈလို႔ ဆိုႏိုင္ၿပီး ကမာၻ႔လူဦးေရရဲ႕ ၈ ရာခိုင္ႏႈန္းကေန ၃၁ ရာခိုင္ႏႈန္း ေလာက္က ခံစားေနရတာျဖစ္ပါတယ္။ ဒီေရာဂါျဖစ္ရတဲ့ အေၾကာင္းအရင္းေတြက တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ မတူညီၾကပါဘူး။ အေပၚသြားေတြက ေအာက္သြားေတြထက္ အေရွ႕ပိုေရာက္ေနျခင္းကလည္း ဒီေရာဂါခံစားေနရေၾကာင္းျပတာပါပဲ။ ဒါေၾကာင့္ ေအာက္က ေဆာင္ရန္ ေရွာင္ရန္ေတြကို လိုက္နာဖို႔လိုမယ္ေနာ္။

၁။ ကဖိန္းဓာတ္နဲ႔ အရက္ ေရွာင္သင့္

ဒီႏွစ္မ်ိဳးစလုံးကေတာ့ သင့္သြားႀကိတ္ေရာဂါကို ပိုမိုဆိုး႐ြားေစမွာပါ။ ကဖိန္းဓာတ္ကေတာ့ ညဘက္အိပ္မေပ်ာ္ေစမွာျဖစ္ၿပီး အရက္ကေတာ့ သင့္ကို နေမာ္နမဲ့ အိပ္ေပ်ာ္ေစမွာ ျဖစ္ပါတယ္။ အက်ိဳးဆက္အားျဖင့္ ေရာဂါသာ ပိုဆိုးလာမွာျဖစ္ပါတယ္။

၂။ စိတ္ဖိအားေလွ်ာ့ခ်သင့္

ဒါက သင့္ဦးေႏွာက္ကို ေန႔ေရာညပါ အနားမရေစတာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္သက္သာရာရေစတဲ့ နည္းလမ္းေတြျဖစ္တဲ့ ေလ့က်င့္ခန္းလုပ္တာေတြ ေဆးေသာက္တာေတြ လုပ္သင့္ပါတယ္။ မနက္တိုင္း တစ္ခ်ိန္တည္းျဖစ္ေအာင္ ထသင့္ၿပီး သင့္သြားက်န္းမာေရးကိုလည္း ဂ႐ုစိုက္သင့္ပါတယ္။ အရမ္းခ်ိဳတဲ့ အစားအစာေတြကို ေရွာင္သင့္တာေတာ့အမွန္ပါ။

၃။ အစာမဟုတ္တဲ့ အျခားအရာေတြ မကိုက္ပါနဲ႔

ဒါကငယ္ငယ္ကတည္းက အက်င့္တစ္ခုျဖစ္ပါတယ္။ အသက္ႀကီးလာတဲ့ အခ်ိန္အထိေတာင္ ဒီအက်င့္မေပ်ာက္ေသးတဲ့သူေတြရွိပါတယ္။ သင့္ခံတြင္းထဲကို ဘက္တီးရီးယားပိုးေတြ ပိုမိုဝင္ေရာက္သြားႏိုင္တာေၾကာင့္ပါ။ က်န္းမာေရးအတြက္မေကာင္းသလို ဒီအက်င့္ေပ်ာက္ေအာင္ ျမန္ျမန္လုပ္ဖို႔ေတာ့ လိုမယ္ေနာ္။

၄။ ကယ္ဆီယမ္နဲ႔ မဂၢနီဆီယမ္ဓာတ္ပါတာပိုစားသင့္

ဒီလိုအစားအေသာက္ေတြကို ပိုမိုစားေသာက္ေပးျခင္းကလည္း သင့္သြားက်န္းမာေရးအျပင္ ႂကြက္သားေတြ အာ႐ုံေၾကာစနစ္ေတြအတြက္ပါအေရးႀကီးတာျဖစ္ပါတယ္။

၅။ အံႀကိတ္ျခင္း

သင္အလြန္အမင္းစဥ္းစားတဲ့အခါေတြမွာ သင္အံႀကိတ္တတ္ပါတယ္။ ဒါကိုသင္သတိထားျပဳျပင္ႏိုင္ဖို႔ေတာ့လိုအပ္ပါတယ္ေနာ္

၆။ မအိပ္ခင္အနားယူပါ

သင္ ေကာင္းေကာင္းအနားယူေလ သြားႀကိတ္ျခင္းျဖစ္ႏိုင္ေျခနည္းေလပါပဲ။ ဒီလိုအနားမယူျခင္းကလည္း စိတ္ဖိစီးမႈတစ္ရပ္ပါပဲ။ Chamomile လို လက္ဖက္ရည္မ်ိဳးေသာက္သင့္ၿပီး သင့္တစ္ကိုယ္လုံးကို ေျဖေလွ်ာ့ထားတာအေကာင္းဆုံးနည္းလမ္းပါပဲ

၇။ ခံတြင္းကာ ထည့္အိပ္မယ္

သင္ လက္ေဝွ႔သမားေတြ ပါးစပ္ထဲထည့္ေလ့ရွိတဲ့ ခံတြင္းကာ ပစၥည္းေတြကိုေတာ့ သိမွာေပါ့ေနာ္။ သင့္မွာ သြားဆရာဝန္နဲ႔လည္းျပသဖို႔ အခြင့္မသာဘူးဆိုရင္ေတာ့ ဒါေလးဝယ္ယူအသုံးျပဳျခင္းက အေကာင္းဆုံးနည္းလမ္းျဖစ္မွာပါ။

သြားေတြဟာ ဆံပင္ေတြလို ျပန္လည္ထြက္ဖို႔ ခက္ခဲတာ အားလုံးအသိပါ။ ဒါ့ေၾကာင့္ သင့္သြားက်န္းမာေရးကို ဂ႐ုစိုက္ဖို႔က အလြန္အေရးႀကီးတာကို သိထားသင့္တယ္ေနာ္။

Credit – Min Thu (Daily Hot News)

(Unicode)

ညဘက်အိပ်နေရင်း သွားကြိတ်တဲ့သူတွေ မကြိတ်အောင်ပြုလုပ်နည်း

မိုးလင်းလို့ အိပ်ရာကထလာရင် မေးရိုးကိုက်တာတွေ ခေါင်းကိုက်တာတွေကို ကြုံတွေ့ရနေပါသလား။ ဒါကသင်အိပ်နေစဉ် သွားကြိတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဆေးပညာလောကမှာတော့ Bruxism လို့ခေါ်ပြီး အိပ်မပျော်တဲ့ရောဂါပါ ရနိုင်ပါတယ်။ သင့်လည်ချောင်းကြွက်သားတွေ ဖြေလျော့နေစဉ်မှာ သင့်အသက်ရှူလမ်းကြောင်းကိုပိတ်သွားလို့ ဖြစ်ပေါ်တာဖြစ်ပါတယ်။ အောက်မှာတော့ ဒီလို သွားကြိတ်တာတွေကို ရပ်တန့်နိုင်မယ့် နည်းလမ်းတွေကို ပြပေးထားတာမို့ ကောင်းကောင်းအိပ်ပျော်ပြီး ကျန်းမာတဲ့ သွားလေးတွေ ရရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Brixism ဆိုတဲ့ရောဂါဟာ သွားတွေရဲ့ မူမမှန်လှုပ်ရှားမှုလို့ ဆိုနိုင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၈ ရာခိုင်နှုန်းကနေ ၃၁ ရာခိုင်နှုန်း လောက်က ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူညီကြပါဘူး။ အပေါ်သွားတွေက အောက်သွားတွေထက် အရှေ့ပိုရောက်နေခြင်းကလည်း ဒီရောဂါခံစားနေရကြောင်းပြတာပါပဲ။ ဒါကြောင့် အောက်က ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာဖို့လိုမယ်နော်။

၁။ ကဖိန်းဓာတ်နဲ့ အရက် ရှောင်သင့်

ဒီနှစ်မျိုးစလုံးကတော့ သင့်သွားကြိတ်ရောဂါကို ပိုမိုဆိုးရွားစေမှာပါ။ ကဖိန်းဓာတ်ကတော့ ညဘက်အိပ်မပျော်စေမှာဖြစ်ပြီး အရက်ကတော့ သင့်ကို နမော်နမဲ့ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ရောဂါသာ ပိုဆိုးလာမှာဖြစ်ပါတယ်။

၂။ စိတ်ဖိအားလျှော့ချသင့်

ဒါက သင့်ဦးနှောက်ကို နေ့ရောညပါ အနားမရစေတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်သက်သာရာရစေတဲ့ နည်းလမ်းတွေဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်တာတွေ ဆေးသောက်တာတွေ လုပ်သင့်ပါတယ်။ မနက်တိုင်း တစ်ချိန်တည်းဖြစ်အောင် ထသင့်ပြီး သင့်သွားကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ အရမ်းချိုတဲ့ အစားအစာတွေကို ရှောင်သင့်တာတော့အမှန်ပါ။

၃။ အစာမဟုတ်တဲ့ အခြားအရာတွေ မကိုက်ပါနဲ့

ဒါကငယ်ငယ်ကတည်းက အကျင့်တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာတဲ့ အချိန်အထိတောင် ဒီအကျင့်မပျောက်သေးတဲ့သူတွေရှိပါတယ်။ သင့်ခံတွင်းထဲကို ဘက်တီးရီးယားပိုးတွေ ပိုမိုဝင်ရောက်သွားနိုင်တာကြောင့်ပါ။ ကျန်းမာရေးအတွက်မကောင်းသလို ဒီအကျင့်ပျောက်အောင် မြန်မြန်လုပ်ဖို့တော့ လိုမယ်နော်။

၄။ ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ပါတာပိုစားသင့်

ဒီလိုအစားအသောက်တွေကို ပိုမိုစားသောက်ပေးခြင်းကလည်း သင့်သွားကျန်းမာရေးအပြင် ကြွက်သားတွေ အာရုံကြောစနစ်တွေအတွက်ပါအရေးကြီးတာဖြစ်ပါတယ်။

၅။ အံကြိတ်ခြင်း

သင်အလွန်အမင်းစဉ်းစားတဲ့အခါတွေမှာ သင်အံကြိတ်တတ်ပါတယ်။ ဒါကိုသင်သတိထားပြုပြင်နိုင်ဖို့တော့လိုအပ်ပါတယ်နော်

၆။ မအိပ်ခင်အနားယူပါ

သင် ကောင်းကောင်းအနားယူလေ သွားကြိတ်ခြင်းဖြစ်နိုင်ခြေနည်းလေပါပဲ။ ဒီလိုအနားမယူခြင်းကလည်း စိတ်ဖိစီးမှုတစ်ရပ်ပါပဲ။ Chamomile လို လက်ဖက်ရည်မျိုးသောက်သင့်ပြီး သင့်တစ်ကိုယ်လုံးကို ဖြေလျှော့ထားတာအကောင်းဆုံးနည်းလမ်းပါပဲ

၇။ ခံတွင်းကာ ထည့်အိပ်မယ်

သင် လက်ဝှေ့သမားတွေ ပါးစပ်ထဲထည့်လေ့ရှိတဲ့ ခံတွင်းကာ ပစ္စည်းတွေကိုတော့ သိမှာပေါ့နော်။ သင့်မှာ သွားဆရာဝန်နဲ့လည်းပြသဖို့ အခွင့်မသာဘူးဆိုရင်တော့ ဒါလေးဝယ်ယူအသုံးပြုခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။

သွားတွေဟာ ဆံပင်တွေလို ပြန်လည်ထွက်ဖို့ ခက်ခဲတာ အားလုံးအသိပါ။ ဒါ့ကြောင့် သင့်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အလွန်အရေးကြီးတာကို သိထားသင့်တယ်နော်။

Credit – Min Thu (Daily Hot News)

Leave a Reply

Your email address will not be published. Required fields are marked *