ဗဟုတုသ

ပိုက္ဆံအတု လက္ထဲေရာက္လာသူတိုင္း ပုဒ္မ ၁၀၅ နဲ႔ ျပစ္မႈေျမာက္သလား

(Zawgyi)

ပိုက္ဆံအတု လက္ထဲေရာက္လာသူတိုင္း ပုဒ္မ ၁၀၅ နဲ႔ ျပစ္မႈေျမာက္သလား ?

ပိုက္ဆံအတုလက္ဝယ္ ေတြ႕ျခင္းသည္ ျပစ္မႈက်ဴးလြန္ျခင္းမဟုတ္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ ဗဟိုဘဏ္ ဥပေဒ ပုဒ္မ၁၀၅ ၏ျပဌာန္းခ်က္တြင္ ပိုက္ဆံအတုကို လက္ဝယ္ထားျခင္းလို႔ ျပဌာန္းမထားပါ။ ပုဒ္မ ၁၀၅ တြင္ ေငြတုမွန္းသိလ်က္ႏွင့္ သုံးစြဲျခင္းဟု ျပဌာန္းထားပါသည္။ သိလ်က္ႏွင့္ သုံးစြဲသည္ဟူေသာအခ်က္ မေပၚေပါက္ဘဲ လူကို ဖမ္းဆီးျခင္း တရားစြဲဆိုျခင္းျပဳလွ်င္ လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္ရာက်ပါသည္။

မူလဥပေဒ ေရးဆြဲစဥ္ကပင္ အတုမွန္းသိသိ/ မသိသိ သုံးသုံး/ မသုံးသုံး အျပစ္ရွိသည္ဟု သတ္မွတ္လိုပါက ေငြတုကိုလက္ဝယ္ထားလွ်င္ဟု ျပဌာန္းမည္ ျဖစ္ပါသည္။ ျပည္သူပိုင္ပစၥည္းခိုးျခင္း၊ အလြဲသုံးစားျပဳျခင္း၊ လက္ဝယ္ထားျခင္း၊ အက်ိဳးဖ်က္ဆီးျခင္းျပဳပါက ၆( ၁ )ႏွင့္ စြဲပါသည္။ ဘာမွ မက်ဴးလြန္လည္း လက္ဝယ္ထား႐ုံႏွင့္ အျပစ္ရွိသည္မွာ လက္ဝယ္ထားျခင္းကို ထည့္ျပဌာန္းထား၍ ျဖစ္သည္။

ဗဟိုဘဏ္ ဥပေဒမွာ လက္ဝယ္ထားျခင္းအတြက္ ျပဌာန္မထားပါ။ ျပည္သူမ်ားမသိ၍ အစစ္ထင္ၿပီး သုံးမိသူမ်ား မနစ္နာေစရန္ သိလ်က္ႏွင့္ သုံးစြဲျခင္းဟု ကြဲကြဲျပားျပား ျပဌာန္ေပးျခင္းျဖစ္သည္။ ဥပေဒကေပးထားသည့္ ျပည္သူတို႔၏ အခြင့္အေရးျဖစ္သည္။ တိတိက်က် ခြဲေပးထားပါလ်က္ ျပည္သူတို႔ကို ဥပေဒေပၚ ေပါ့ေပါ့ဆဆ အဓိပၸါယ္ျပန္ကာ အေရးယူမိျခင္း မရွိေအာင္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား သတိျပဳဖို႔လိုပါသည္။

အယူမွား၍ ျဖစ္ေစ၊ အစဥ္အလာက လြဲလာလို႔ျဖစ္ေစ၊ ျပည္သူအမ်ား နစ္နာသည့္ကိစၥကို ဥပေဒႏွင့္ပတ္သက္ေသာ တာဝန္ရွိသူမ်ား လုပ္ပိုင္ခြင္ရွိသူမ်ား ျပဳျပင္ေပးဖို႔ေကာင္းပါသည္။ က်ားက်ားမီးယပ္မျဖစ္သင့္ပါ။ အမွန္ကိုရဲရဲ တာဝန္ယူျပဳျပင္ဖို႔ အခ်ိန္ေရာက္ပါၿပီ။

ယခုအခ်က္မ်ားသည္ အမႈစစ္ဖူးသူတိုင္း၊ ေရွ႕ေနလုပ္ဖူးသူတိုင္း ဥပေဒလက္ေတြ႕ လုပ္ဖူးသူတိုင္း သိႏိုင္သည့္အခ်က္ေတြပါ။ တာဝန္ရွိသူေတြ ႏုတ္ဆိတ္မေနပါနဲ႔။ ခံရသူကို ကိုယ့္အမ်ိဳးလို သေဘာထားၿပီး ဥပေဒႏွင့္ညီေအာင္လုပ္ေပးတဲ့အေလ့အထေလးေတြေမြးသင့္ပါၿပီ။

Credit – မူရင္းေရးသားသူ

Via – https://www.xyznews.co/archives/19759

(Unicode)

ပိုက်ဆံအတု လက်ထဲရောက်လာသူတိုင်း ပုဒ်မ ၁၀၅ နဲ့ ပြစ်မှုမြောက်သလား ?

ပိုက်ဆံအတုလက်ဝယ် တွေ့ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ၁၀၅ ၏ပြဌာန်းချက်တွင် ပိုက်ဆံအတုကို လက်ဝယ်ထားခြင်းလို့ ပြဌာန်းမထားပါ။ ပုဒ်မ ၁၀၅ တွင် ငွေတုမှန်းသိလျက်နှင့် သုံးစွဲခြင်းဟု ပြဌာန်းထားပါသည်။ သိလျက်နှင့် သုံးစွဲသည်ဟူသောအချက် မပေါ်ပေါက်ဘဲ လူကို ဖမ်းဆီးခြင်း တရားစွဲဆိုခြင်းပြုလျှင် လုပ်ပိုင်ခွင့်ကို ကျော်လွန်ရာကျပါသည်။

မူလဥပဒေ ရေးဆွဲစဉ်ကပင် အတုမှန်းသိသိ/ မသိသိ သုံးသုံး/ မသုံးသုံး အပြစ်ရှိသည်ဟု သတ်မှတ်လိုပါက ငွေတုကိုလက်ဝယ်ထားလျှင်ဟု ပြဌာန်းမည် ဖြစ်ပါသည်။ ပြည်သူပိုင်ပစ္စည်းခိုးခြင်း၊ အလွဲသုံးစားပြုခြင်း၊ လက်ဝယ်ထားခြင်း၊ အကျိုးဖျက်ဆီးခြင်းပြုပါက ၆( ၁ )နှင့် စွဲပါသည်။ ဘာမှ မကျူးလွန်လည်း လက်ဝယ်ထားရုံနှင့် အပြစ်ရှိသည်မှာ လက်ဝယ်ထားခြင်းကို ထည့်ပြဌာန်းထား၍ ဖြစ်သည်။

ဗဟိုဘဏ် ဥပဒေမှာ လက်ဝယ်ထားခြင်းအတွက် ပြဌာန်မထားပါ။ ပြည်သူများမသိ၍ အစစ်ထင်ပြီး သုံးမိသူများ မနစ်နာစေရန် သိလျက်နှင့် သုံးစွဲခြင်းဟု ကွဲကွဲပြားပြား ပြဌာန်ပေးခြင်းဖြစ်သည်။ ဥပဒေကပေးထားသည့် ပြည်သူတို့၏ အခွင့်အရေးဖြစ်သည်။ တိတိကျကျ ခွဲပေးထားပါလျက် ပြည်သူတို့ကို ဥပဒေပေါ် ပေါ့ပေါ့ဆဆ အဓိပ္ပါယ်ပြန်ကာ အရေးယူမိခြင်း မရှိအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများ သတိပြုဖို့လိုပါသည်။

အယူမှား၍ ဖြစ်စေ၊ အစဉ်အလာက လွဲလာလို့ဖြစ်စေ၊ ပြည်သူအများ နစ်နာသည့်ကိစ္စကို ဥပဒေနှင့်ပတ်သက်သော တာဝန်ရှိသူများ လုပ်ပိုင်ခွင်ရှိသူများ ပြုပြင်ပေးဖို့ကောင်းပါသည်။ ကျားကျားမီးယပ်မဖြစ်သင့်ပါ။ အမှန်ကိုရဲရဲ တာဝန်ယူပြုပြင်ဖို့ အချိန်ရောက်ပါပြီ။

ယခုအချက်များသည် အမှုစစ်ဖူးသူတိုင်း၊ ရှေ့နေလုပ်ဖူးသူတိုင်း ဥပဒေလက်တွေ့ လုပ်ဖူးသူတိုင်း သိနိုင်သည့်အချက်တွေပါ။ တာဝန်ရှိသူတွေ နုတ်ဆိတ်မနေပါနဲ့။ ခံရသူကို ကိုယ့်အမျိုးလို သဘောထားပြီး ဥပဒေနှင့်ညီအောင်လုပ်ပေးတဲ့အလေ့အထလေးတွေမွေးသင့်ပါပြီ။

Credit – မူရင်းရေးသားသူ

Via – https://www.xyznews.co/archives/19759

Leave a Reply

Your email address will not be published. Required fields are marked *