ဗဟုတုသ

ဂ်ိဳင္း(ခ်ိဳင္း)ေခြ်းနံ ့ဆိုးျခင္းအတြက္ လြယ္ကူျမန္ဆန္ အိမ္တြင္းေဆးနည္း တိုေလးမ်ား

(Zawgyi)

ဂ်ိဳင္း(ခ်ိဳင္း)ေခြ်းနံ ့ဆိုးျခင္းအတြက္ လြယ္ကူျမန္ဆန္ အိမ္တြင္းေဆးနည္း တိုေလးမ်ား

အထူးသျဖင့္ ပူျပင္းေျခာက္ေသြ ့တဲ့ ေႏြရာသီမွာ ဂ်ိဳင္းေခြ်းအထြက္ မ်ားၾကပါတယ္။ ဂ်ိဳင္း(ခ်ိဳင္း)ေခြ်းနံ ့ ဆိုးျခင္းက မိမိကိုယ္ကို ယံုၾကည္မႈ ေလ်ာ့နည္းေစ သလို၊ ေဘးပတ္၀န္းက်င္ ကိုလည္း ၾကီးစြာေသာ စိတ္ ဒုကၡ အေႏွာင့္ အယွက္ျဖစ္ေစပါတယ္။ ဂ်ိဳင္း(ခ်ိဳင္း) ေခြ်းနံ့ဆိုးျခင္း၏ အဓိက အေၾကာင္းရင္းမ်ားမွာ (က) တစ္ကိုယ္ေရ သန္႔ရွင္းမႈ အားနည္းျခင္းႏွင့္ (ခ) မ်ိဳးရိုးဗီဇဆိုင္ရာ အခ်က္အလက္ေတြေၾကာင့္ ျဖစ္လာရ ပါတယ္။

(က) တစ္ကိုယ္ေရသန္ ့ရွင္းမႈ အားနည္းျခင္း ဆိုသည္မွာ ေန ့စဥ္ေရမွန္မွန္ မခ်ိဳးျခင္း၊ ေရခ်ိဳးေသာ္လည္း ဂ်ိဳင္းကို သန္ ့စင္ေအာင္ ဆပ္ျပာမ်ားမ်ား ေရမ်ားမ်ားျဖင့္ စံနစ္တက် မေဆးေၾကာျခင္း၊ ေရခ်ိဳးျပီးတဲ့အခါ အ၀တ္ေဟာင္းမ်ားကို ျပန္လည္၍ ၀တ္ဆင္ျခင္း၊ ဂ်ိဳင္းေမႊး မႏႈတ္ျခင္း စသည္တို ့ေၾကာင့္ ဂ်ိဳင္း(ခ်ိဳင္း)ပတ္နံ ့ နံလာရပါတယ္။

(ခ) မ်ိဳးရိုး ဗီဇဆိုင္ရာ အခ်က္အလက္ဆိုသည္မွာ လူသားအားလံုးတြင္ eccrine ဂလင္း ႏွင့္ apocrine ဂလင္းဟူ၍ ေခြ်းဂလင္း ႏွစ္မ်ိဳးစီပါရွိၾကျပီး၊ ၄င္းေခြ်းဂလင္း စုစုေပါင္းဟာ ပ်မ္းမွွ် ႏွစ္သန္းေက်ာ္္မွ ေလးသန္း ၀န္းက်င္ထိ ရွိၾကပါတယ္။ လူတစ္ဦး ႏွင့္ တစ္ ဦး ခႏၶာကိုယ္ဖြဲ ့စည္း တည္ေဆာက္ပံုခ်င္း မတူညီၾက သကဲ့ သို ့၊ ေခြ်းဂလင္းပမာဏ အနည္းအမ်ားလည္း ကြာျခားတတ္ပါတယ္။ eccrine ဂလင္းဟာ ခႏၶာကိုယ္အႏွံ ့မွာ တည္ရွိေနၾကျပီး၊ ၄င္းဂလင္းမွထြက္တဲ့ ေခြ်းဟာရနံ ့မရိွဘဲ ခႏၶာကိုယ္ကို ေရကဲ့သို ့ေအးျမေစတဲ့ သေဘာပါ။ apocrine ဂလင္းကေတာ့ ဂ်ိဳင္းနဲ ့ေပါင္ျခံေတြၾကားမွာရွိၾကျပီး ၄င္းဂလင္းမွ ထြက္တဲ့ေခြ်းကို ဓာတ္ခြဲခန္းသံုး အႏုစိပ္ၾကည့္မွန္ေျပာင္းျဖင့္ ၾကည့္တဲ့အခါ အဆီအျဖစ္ေတြ ့ျမင္နိုင္ပါတယ္။ ၄င္းေခြ်းအဆီကို ခႏၶာ ကိုယ္ေပၚ ရွိ ဘက္တီးရီးယား မ်ားက လြန္စြာႏွစ္ျခိဳက္ၾကတာမို ့ စားသံုးျပီးတဲ့အခါ ထိုဘက္တီးရီးယားမ်ား၏ စြန္ ့ပစ္ အညစ္အေၾကးမ်ားဟာ ဂ်ိဳင္းေခြ်းအဆီျဖင့္ ေပါင္းစပ္၍ လက္ပတ္နံ ့ဆိုးေတြ ထြက္ေပၚလာပါေတာ့တယ္။ လူတစ္ဦးႏွင့္တစ္ဦး ဂ်ိဳင္းေခြ်းထြက္ရွိမႈ ပမာဏ ကြဲျပားသကဲ့သို ့ ဘက္တီးရီးယားအနည္းအမ်ားဟာ ကြာျခားေနတာေၾကာင့္ လက္ပတ္ေစာနံျခင္း(သို ့)မနံျခင္းဟာလည္း ကြဲျပားျခားနားေနၾက ျခင္းျဖစ္ပါတယ္။ apocrine ဂလင္းမ်ားျပားတဲ့ မိဖမ်ိဳးရိုးမွ ဆင္းသက္လာသူမွာ ၄င္းဂလင္းမ်ားျပားေလ့ ရွိ္တာမို ့ ၄င္းကို မ်ိဳးရိုးဗီဇ ဆိုင္ရာ အခ်က္အလက္ေၾကာင့္လို ့ ဆိုနိုင္ပါတယ္။ ဂ်ိဳင္းေခြ်းနံ ့အပါအ၀င္ ခႏၶာကိုယ္အနံ ့ဆိုး ထြက္ျခင္းအတြက္ Rollon(သို့)Body Spray စတဲ့ အလွကုန္ပစၥည္းမ်ားကို တြင္က်ယ္စြာ အသံုးျပဳေနၾကပါ တယ္။

သို ့ေသာ္ ၄င္းအလွကုန္ ပစၥည္းေတြက ခဏတာအျဖစ္တာ အနံ ့ဆိုးေတြကို ဖယ္ရွားနိုင္မွာျဖစ္ျပီး မူ လအရင္းအျမစ္မ်ားကို မေျဖရွင္းႏိုင္တဲ့အတြက္ ၄င္းအနံ ့ဆိုးမ်ားကို ခႏၶာကိုယ္မွ အမွန္တကယ္ေပ်ာက္ ကင္းသြားရန္ မစြမ္းေဆာင္နိုင္ပါဘူး။ လက္ရွိေစ်းကြက္ အတြင္း ေရာင္းခ် လ်က္ရွိေသာ အနံ ့ေပ်ာက္ေဆး ပစၥည္းအမ်ားစုထဲမွာ အလူမီနီယမ္ဓာတ္ကို ေပါေပါမ်ားမ်ား ထဲ့သြင္းေဖာ္စပ္ထားေၾကာင္း၊ ၄င္းဓာတ္ဟာ သံုးစြဲသူမ်ား၏ ေခြ်းထြက္ဂလင္းကို ေဘးထြက္ ဆိုးက်ိဳးျဖစ္ေစကာ အယ္လ္ဇိုင္းမားကဲ့သို ့အာရံုေၾကာ ဆိုင္ရာျပႆနာမ်ားကို ျဖစ္ေပၚေစနိုင္ေၾကာင္း၊ ဒါ့ျပင္ ၄င္းအလူမီနီယမ္ဓာတ္၏ ေဖာက္ျပန္ မႈေၾကာင့္ ခႏၶာကိုယ္ ၏ေခြ်းထြက္မႈျဖစ္စဥ္ကို ထိခိုက္ေစနိုင္ေၾကာင္း၊ ဒါေၾကာင့္ အလူမီနီယမ္ဓာတ္ ပါ၀င္မႈနည္းေသာ ေခြ်း နံ ့ ေပ်ာက္ေဆးမ်ိဳးကိုသာ ေရြးခ်ယ္သံုးစြဲ သင့္တယ္လို ့ အာဂြန္နီး အမ်ိဳးသားဓာတ္ခြဲခန္း သိပၸံပညာရွင္မ်ားက ၂၀၁၅ ခုႏွစ္၊ ႏွစ္ဦးပိုင္းမွာ သတိေပးေျပာၾကားထားပါတယ္။ လူတစ္ဦးနဲ ့တစ္ဦးတြင္ ျဖစ္ေပၚတတ္တဲ့ အနံ့ ဆိုးမ်ားႏွင့္ ျပင္းအားမ်ားဟာ ထိုလူတစ္ဦး ခ်င္းစီ၏ စားေသာက္သည့္ အစားအစာႏွင့္ အေလ့အက်င့္မ်ားေပၚ မူတည္ေနတာေၾကာင့္ အထိေရာက္ဆံုး ကုသေပးနိုင္မည့္ လြယ္ကူျမန္ဆန္ အိမ္တြင္းေဆးနည္းတိုေလး မ်ားကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ဂ်ိဳင္းေခြ်းထြက္ သန္သူမ်ားအဖို ့တစ္ေန ့လွ်င္ အနည္းဆံုး ႏွစ္ၾကိမ္(သို ့)လိုအပ္လွွ်င္ ႏွစ္ၾကိမ္ထက္ပို၍ ဂ်ိဳင္းကို ဆပ္ျပာျဖင့္ ေဆးေၾကာသန္ ့စင္ေပးသင့္ပါတယ္။ အကယ္၍ ရံုးသူရံုးသား ေက်ာင္းသူေက်ာင္းသား မ်ားအတြက္ ေန ့လည္ေန ့ခင္းမွာ ေရအိမ္(သန့္စင္ခန္း) ထဲ၀င္၍ လန္းဆန္းတာ၀ါ(ေခၚ) အေမႊးနံ ့ပါေသာ အ၀တ္ကိုေရအနည္းငယ္ ဆြတ္၍ ဂ်ိဳင္းကိုပြတ္တိုက္ သန္ ့စင္ေပးပါ။

(၂) ခရမ္းခ်ဥ္သီးရဲ ့ပင္စည္ထဲမွာ ခိုင္းေခြ်းနံ ့နဲ ့ဆင္ဆင္္တူတဲ့ terpenes(ေခၚ) အဆီတစ္မ်ိဳး ပါ၀င္ပါတယ္။ အဲဒီအဆီမွာ ပါ၀င္တဲ့ အနံ ့ကို ခရမ္းခ်ဥ္သီးထဲကို ၀င္မလာေအာင္ ခရမ္းခ်ဥ္သီးမွာ ပါ၀င္တဲ့ အင္ဇိုင္းျဖစ္တဲ့ လူကိုပင္း (Lycopene) က တားဆီးေပးနိုင္ ပါတယ္။ အဲဒီအာနိသင္ကို ေဖာ္ထုတ္နိုင္တာေၾကာင့္ အနာ ဂတ္မွာ ထုတ္လုပ္မယ့္ ခ်ိဳင္းေခြ်းနံ ့ေပ်ာက္ေဆးနဲ ့ေရေမႊးေတြမွာ ခရမ္းခ်ဥ္သီးကို ထည့္သြင္းေဖာ္ စပ္နိုင္ မွာျဖစ္ျပီး မထြက္ရွိေသးခင္ေတာ့ ခရမ္းခ်ဥ္သီးကို စားသံုးျပီး ခ်ိဳင္းေခြ်းနံ ့ကို ကာကြယ္နိုင္မွာ ျဖစ္တယ္လို ့ျဗိတိန္လူမ်ိဳး သမားေတာ္တစ္ဦးျဖစ္တဲ့ Dr.Charles Stewart က ရွင္းလင္းေျပာထား ပါတယ္။

(၃) ေရခ်ိဳးျပီးတဲ့အခါ ေရစိုေနတဲ့ ဂ်ိုဳင္းသားကို ေက်ာက္ခ်ဥ္ျဖင့္ ပြတ္တိုက္ေပးပါ။ ေက်ာက္ခ်ဥ္မ်ားကို ပရေဆးဆိုင္ေတြမွာ အလြယ္တကူ ၀ယ္ယူ ရရွိနိုင္ပါတယ္။

(၄) အလွကုန္ ေစ်းကြက္ထဲမွာ တံဆိပ္စံု၊ အမ်ိဳးအစားစံု ဂ်ိဳင္းေခြ်းနံ ့ေပ်ာက္ေဆးေတာင့္ေတြ တပံုၾကီးရွိ ၾကေသာ္လည္း၊ အမ်ားအားျဖင့္ အနံ ့ကိုသာ အဓိက စိတ္ၾကိဳက္ေရြး၀ယ္ေလ့ရွိၾကရာ၊ အနံ ့ထက္ အဲဒီ ဂ်ိဳင္းေခြ်းနံ ့ေပ်ာက္ေဆးေတာင့္ ကိုျပဳလုပ္ေဖာ္စပ္ ထားတဲ့ပစၥည္းက ပို၍ အေရးၾကီးပါတယ္။ ျဖစ္ႏိုင္ ရင္ ေက်ာက္ခ်ဥ္နဲ ့လုပ္ထားတဲ့ ေခြ်းနံ ့ေပ်ာက္ေဆးေတာင့္ကိုသာ ေရြးခ်ယ္ပါ။ သူက ေခြ်းနံ ့ေပ်ာက္ေစ ရံုသာမက၊ ဂ်ိဳင္းသာျဖဴေစျပီး ေဆးေတာင့္ သံုးျခင္းအတြက္ ဓာတ္မတဲ့မွာ ရင္သားကင္ဆာ ျဖစ္ေစမွာ ေတြ ကိုလည္း ေတြးမပူ ရေတာ့ပါဘူး။ (ေခြ်းနံ ့ေပ်ာက္အေမႊးေတာင့့္ေတြ သံုးတဲ့အခါ၊ ဂ်ိဳင္းေနရာ တည့္တည့္ ကိုသာ သုတ္ လိမ္းေပးပါ။ ဂ်ိဳင္းေအာက္ဘက္ ရင္သားနဲ ့နီးတဲ့ေနရာေတြကို မလိမ္းပါႏွင္ ့)

(၅) ပုလင္းသန္ ့သန့္ တစ္လံုးထဲမွာ ထံုးအနည္းငယ္ထဲ့၍ ေရျဖည့္ထားပါ။ ေရခ်ိဳးျပီးတိုင္း ၄င္းထံုးေရ ၾကည့္ျဖင့္ ဂ်ိုဳင္းကို လိမ္းေပး ပါ။ (ထံုးအႏွစ္မ်ားကို မလိမ္းပါႏွင့္)

(၆) ဂ်ိဳင္းေခြ်းနံ ့နံျခင္း ႏွင့္ ဂ်ိဳင္းသား မည္းညစ္ျခင္းမ်ား အတြက္ကိုလည္း သံပုရာရည္ ညွစ္ျပီးသားအခြံျဖင့္ ဂ်ိဳင္းသားကို ဖိတိုက္ေပး ပါ(သို ့) သံပုရာရည္ လိမ္းပါ။

(၇) ဂ်ိဳင္းအနံ ့ဆိုးမ်ားကို ေပ်ာက္ေစရန္ စပါးလင္ အဆီကိုေရေရာ၍ အသံုးျပဳႏိုင္ပါတယ္။

(၈) အ၀တ္အထည္မ်ားကို ေခ်းေညွာ္နံ ့ကင္းစင္ေအာင္ ေလွ်ာ္ဖြတ္ေပးပါ။ ကိုယ္နံ့ဆိ္ုးေသာ သူမ်ား၏ အ၀တ္အထည္မ်ားႏွင့္ အတူတကြေရာ၍ မေလ်ာ္ဖြတ္္္ပါႏွင့္။

(၉) မိမိကိုယ္ပိုင္ သီးသန္ ့အ၀တ္အထည္ကိုသာ ၀တ္ဆင္ပါ။ အထူးသျဖင့္ ကိုယ္နံ့ျပင္းေသာ သူမ်ားႏွင့္ အ၀တ္အထည္မ်ား ဌားရမ္း လဲလွယ္ ၀တ္ဆင္ျခင္းမ်ိဳး ကိုေရွာင္ပါ။

(၁၀) ၾကက္သြန္အျဖဴ ႏွင့္ ၾကက္သြန္အနီ တို ့ထဲမွာပါရွိေသာ ဆာလ္ဖာဓာတ္ေပါင္းစုက ေခြ်းနံ ့ဆ္ိုးျခင္းကို ပိုျဖစ္ေစနိုင္ပါတယ္။

(၁၁) ပူအိုက္တဲ့ရာသီမွာ ေခြ်းပို၍ထြက္တတ္တာေၾကာင့္ အနံ ့ဆိုးကိုပိုေစနိုင္၍၊ ေလ၀င္ေလ ထြက္ေကာင္းျပီး ေပါ့ပါးေအးျမေသာ အ၀တ္အထည္မ်ိဳးကို ေရြးခ်ယ္၀တ္ဆင္ပါ။

(၁၂) ဘက္တီးရီးယား ပိုးပြားေသေစေသာ ဆပ္ျပာျပင္းျပင္းျဖင့္ ကိုယ္တိုက္သန္ ့စင္ပါ။

(၁၃) ဂ်ိဳင္းေခြ်းအဆီမ်ားကို စားေသာက္၍ ရနံ ့ဆိုးျဖစ္ေပၚေစတဲ့ ဘက္တီးရီးယား ပိုးမႊားမ်ားအတြက္ Hydrogen peroxide က အေကာင္းဆံုး ပိုးမႊားသန္ ့စင္ေဆးျဖစ္ပါတယ္။ ဒါေၾကာင့္ Hydrogen peroxide ေဆးရည္ ၂ စက္ခန္ ့ကို ေရသန္ ့ ၇ ဇြန္းျဖင့္ ေရာ၍ ဂ်ိဳင္းကိုသုတ္လိမ္းေပးပါ။ (အသား အေရ ထိခိုက္လြယ္သူမ်ားျဖစ္ပါက ၄င္း Hydrogen peroxide ေဆးရည္ အျပင္းစားကို ခ်င့္ခ်ိန္၍ သံုးစြဲပါ)

(၁၄) အရက္၊ ပန္းသီးရွာလကာရည္ (သို ့) ဟင္းခ်က္ ရွာလကာရည္ တို ့ကိုလည္း ေရသင့္သလိုေရာ၍ ဂ်ိဳင္းကိုေဆးေၾကာ သန္ ့စင္ ေပးနိုင္ပါတယ္။

(၁၅) ေဆးလိပ္ တစ္လိပ္ထဲမွာ ဓာတုျဒပ္ေပါင္းစု အမိ်ဳးေပါင္း ၇၀၀၀ ေက်ာ္ ပါရွိေနျပီး၊ ၄င္း၏ အက်ိဳးဆက္ အျဖစ္ ေခြ်းနံ ့နံျခင္း ကိုျဖစ္ေစပါတယ္။

(၁၆) ကိုလံဘီယာတကၠသိုလ္ က်န္းမာေရးဌာနမွ ျပဳလုပ္ခဲ့ေသာ စစ္တမ္းတစ္ခုအရ၊ ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားစားသံုး ေပးျခင္းျဖင့္ ခႏၶာကုိယ္မွ ထြက္ရွိေသာ အညစ္အေၾကးမ်ား၏ အနံ ့အသက္ကို ေကာင္း မြန္ေစ ရံုသာမက၊ ရုပ္ရည္သြင္ျပင္ကိုပါ ပိုမိုၾကည့္ေကာင္းေစတယ္လို ့ ဆိုပါတယ္။

(၁၇) လက္ဘက္ရြက္အပင္မွ ရရွိေသာအဆီမ်ားကို ဂ်ိဳင္းေအာက္ ႏွင့္ အျခားေသာ အနံ ့ဆိုးမ်ားထြက္ရွိသည့္ ကိုယ္ခႏၶာကို ပြတ္ လိမ္းေပးျခင္ျဖင့္ အနံ့ဆိုးထြက္ရွိမႈကို ကုသနိုင္တဲ့အျပင္ လူ ့အေရျပား၏ PH ပမာဏကို ထိန္းညိွေပးနိုင္ျပီး ဘက္တီးရီးယားမ်ား ရွင္သန္ေပါက္ဖြားမႈကို ေလ်ာ့ခ်ေပးနိုင္တယ္လို ့ ကိုလံဘီယာ တကၠသိုလ္ က်န္းမာေရးဌာနမွ အတည္ျပဳေထာက္ခံ ထားပါတယ္။

(၁၈) ကိုယ္နံ ့ဆိုးထြက္ျခင္းဟာ အူလမ္းေၾကာင္းက်န္းမာေရးႏွင့္ တိုက္ရိုက္ ပတ္သက္ဆက္ႏြယ္ေန ပါတယ္။ ဒါေၾကာင့္ အူလမ္း ေၾကာင္းက်န္းမာေရးကို ပံုမွန္စစ္ေဆး၍ သင့္ေတာ္သည့္ေဆး၀ါးမ်ားကို မွီ၀ဲေပးပါ။ အစာေခ်စံနစ္ ကိုေကာင္းက်ိဳးျပဳသည့္ အင္ဇိုင္း ဓာတ္ၾကြယ္၀ေသာ နာနတ္သီးႏွင့္ သခြားသီး တို ့ကို မ်ားမ်ားစားေပးပါ။

(၁၉) အနည္းဆံုး တစ္ေန ့တစ္ၾကိမ္ ေရမွန္မွန္ခ်ိဳးေပးပါ။ ေရခ်ိဳးတဲ့အခါမွာလည္း ဘက္တီးရီးယားမ်ား အလြယ္တကူ တြယ္ကပ္နိုင္တဲ့ ေျခဖ၀ါး၊ တံေကာက္ခြက္၊ ဂ်ိဳင္းၾကား၊ ေပါင္ျခံ စတဲ့ ေနရာမ်ားကို စင္ၾကယ္စြာသန္ ့စင္ေပးပါ။

Credit (ေဆာင္းပါးရွင္…ေပါက္ေပါက္္္…ေရးသားမွ်ေ၀သည္)

(Unicode)

ဂျိုင်း(ချိုင်း)ချွေးနံ့ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန် အိမ်တွင်းဆေးနည်း တိုလေးများ

အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ဂျိုင်းချွေးအထွက် များကြပါတယ်။ ဂျိုင်း(ချိုင်း)ချွေးနံ့ ဆိုးခြင်းက မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေ သလို၊ ဘေးပတ်ဝန်းကျင် ကိုလည်း ကြီးစွာသော စိတ် ဒုက္ခ အနှောင့် အယှက်ဖြစ်စေပါတယ်။ ဂျိုင်း(ချိုင်း) ချွေးနံ့ဆိုးခြင်း၏ အဓိက အကြောင်းရင်းများမှာ (က) တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်းနှင့် (ခ) မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေကြောင့် ဖြစ်လာရ ပါတယ်။

(က) တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း ဆိုသည်မှာ နေ့စဉ်ရေမှန်မှန် မချိုးခြင်း၊ ရေချိုးသော်လည်း ဂျိုင်းကို သန့်စင်အောင် ဆပ်ပြာများများ ရေများများဖြင့် စံနစ်တကျ မဆေးကြောခြင်း၊ ရေချိုးပြီးတဲ့အခါ အဝတ်ဟောင်းများကို ပြန်လည်၍ ဝတ်ဆင်ခြင်း၊ ဂျိုင်းမွှေး မနှုတ်ခြင်း စသည်တို့ကြောင့် ဂျိုင်း(ချိုင်း)ပတ်နံ့ နံလာရပါတယ်။

(ခ) မျိုးရိုး ဗီဇဆိုင်ရာ အချက်အလက်ဆိုသည်မှာ လူသားအားလုံးတွင် eccrine ဂလင်း နှင့် apocrine ဂလင်းဟူ၍ ချွေးဂလင်း နှစ်မျိုးစီပါရှိကြပြီး၊ ၎င်းချွေးဂလင်း စုစုပေါင်းဟာ ပျမ်းမျှ နှစ်သန်းကျော်မှ လေးသန်း ဝန်းကျင်ထိ ရှိကြပါတယ်။ လူတစ်ဦး နှင့် တစ် ဦး ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံချင်း မတူညီကြ သကဲ့ သို့၊ ချွေးဂလင်းပမာဏ အနည်းအများလည်း ကွာခြားတတ်ပါတယ်။ eccrine ဂလင်းဟာ ခန္ဓာကိုယ်အနှံ့မှာ တည်ရှိနေကြပြီး၊ ၎င်းဂလင်းမှထွက်တဲ့ ချွေးဟာရနံ့မရှိဘဲ ခန္ဓာကိုယ်ကို ရေကဲ့သို့အေးမြစေတဲ့ သဘောပါ။ apocrine ဂလင်းကတော့ ဂျိုင်းနဲ့ပေါင်ခြံတွေကြားမှာရှိကြပြီး ၎င်းဂလင်းမှ ထွက်တဲ့ချွေးကို ဓာတ်ခွဲခန်းသုံး အနုစိပ်ကြည့်မှန်ပြောင်းဖြင့် ကြည့်တဲ့အခါ အဆီအဖြစ်တွေ့မြင်နိုင်ပါတယ်။ ၎င်းချွေးအဆီကို ခန္ဓာ ကိုယ်ပေါ် ရှိ ဘက်တီးရီးယား များက လွန်စွာနှစ်ခြိုက်ကြတာမို့ စားသုံးပြီးတဲ့အခါ ထိုဘက်တီးရီးယားများ၏ စွန့်ပစ် အညစ်အကြေးများဟာ ဂျိုင်းချွေးအဆီဖြင့် ပေါင်းစပ်၍ လက်ပတ်နံ့ဆိုးတွေ ထွက်ပေါ်လာပါတော့တယ်။ လူတစ်ဦးနှင့်တစ်ဦး ဂျိုင်းချွေးထွက်ရှိမှု ပမာဏ ကွဲပြားသကဲ့သို့ ဘက်တီးရီးယားအနည်းအများဟာ ကွာခြားနေတာကြောင့် လက်ပတ်စောနံခြင်း(သို့)မနံခြင်းဟာလည်း ကွဲပြားခြားနားနေကြ ခြင်းဖြစ်ပါတယ်။ apocrine ဂလင်းများပြားတဲ့ မိဖမျိုးရိုးမှ ဆင်းသက်လာသူမှာ ၎င်းဂလင်းများပြားလေ့ ရှိတာမို့ ၎င်းကို မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဂျိုင်းချွေးနံ့အပါအဝင် ခန္ဓာကိုယ်အနံ့ဆိုး ထွက်ခြင်းအတွက် Rollon(သို့)Body Spray စတဲ့ အလှကုန်ပစ္စည်းများကို တွင်ကျယ်စွာ အသုံးပြုနေကြပါ တယ်။

သို့သော် ၎င်းအလှကုန် ပစ္စည်းတွေက ခဏတာအဖြစ်တာ အနံ့ဆိုးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး မူ လအရင်းအမြစ်များကို မဖြေရှင်းနိုင်တဲ့အတွက် ၎င်းအနံ့ဆိုးများကို ခန္ဓာကိုယ်မှ အမှန်တကယ်ပျောက် ကင်းသွားရန် မစွမ်းဆောင်နိုင်ပါဘူး။ လက်ရှိဈေးကွက် အတွင်း ရောင်းချ လျက်ရှိသော အနံ့ပျောက်ဆေး ပစ္စည်းအများစုထဲမှာ အလူမီနီယမ်ဓာတ်ကို ပေါပေါများများ ထဲ့သွင်းဖော်စပ်ထားကြောင်း၊ ၎င်းဓာတ်ဟာ သုံးစွဲသူများ၏ ချွေးထွက်ဂလင်းကို ဘေးထွက် ဆိုးကျိုးဖြစ်စေကာ အယ်လ်ဇိုင်းမားကဲ့သို့အာရုံကြော ဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဒါ့ပြင် ၎င်းအလူမီနီယမ်ဓာတ်၏ ဖောက်ပြန် မှုကြောင့် ခန္ဓာကိုယ် ၏ချွေးထွက်မှုဖြစ်စဉ်ကို ထိခိုက်စေနိုင်ကြောင်း၊ ဒါကြောင့် အလူမီနီယမ်ဓာတ် ပါဝင်မှုနည်းသော ချွေး နံ့ ပျောက်ဆေးမျိုးကိုသာ ရွေးချယ်သုံးစွဲ သင့်တယ်လို့ အာဂွန်နီး အမျိုးသားဓာတ်ခွဲခန်း သိပ္ပံပညာရှင်များက ၂၀၁၅ ခုနှစ်၊ နှစ်ဦးပိုင်းမှာ သတိပေးပြောကြားထားပါတယ်။ လူတစ်ဦးနဲ့တစ်ဦးတွင် ဖြစ်ပေါ်တတ်တဲ့ အနံ့ ဆိုးများနှင့် ပြင်းအားများဟာ ထိုလူတစ်ဦး ချင်းစီ၏ စားသောက်သည့် အစားအစာနှင့် အလေ့အကျင့်များပေါ် မူတည်နေတာကြောင့် အထိရောက်ဆုံး ကုသပေးနိုင်မည့် လွယ်ကူမြန်ဆန် အိမ်တွင်းဆေးနည်းတိုလေး များကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။

(၁) ဂျိုင်းချွေးထွက် သန်သူများအဖို့တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်(သို့)လိုအပ်လျှင် နှစ်ကြိမ်ထက်ပို၍ ဂျိုင်းကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ အကယ်၍ ရုံးသူရုံးသား ကျောင်းသူကျောင်းသား များအတွက် နေ့လည်နေ့ခင်းမှာ ရေအိမ်(သန့်စင်ခန်း) ထဲဝင်၍ လန်းဆန်းတာဝါ(ခေါ်) အမွှေးနံ့ပါသော အဝတ်ကိုရေအနည်းငယ် ဆွတ်၍ ဂျိုင်းကိုပွတ်တိုက် သန့်စင်ပေးပါ။

(၂) ခရမ်းချဉ်သီးရဲ့ပင်စည်ထဲမှာ ခိုင်းချွေးနံ့နဲ့ဆင်ဆင်တူတဲ့ terpenes(ခေါ်) အဆီတစ်မျိုး ပါဝင်ပါတယ်။ အဲဒီအဆီမှာ ပါဝင်တဲ့ အနံ့ကို ခရမ်းချဉ်သီးထဲကို ဝင်မလာအောင် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းဖြစ်တဲ့ လူကိုပင်း (Lycopene) က တားဆီးပေးနိုင် ပါတယ်။ အဲဒီအာနိသင်ကို ဖော်ထုတ်နိုင်တာကြောင့် အနာ ဂတ်မှာ ထုတ်လုပ်မယ့် ချိုင်းချွေးနံ့ပျောက်ဆေးနဲ့ရေမွှေးတွေမှာ ခရမ်းချဉ်သီးကို ထည့်သွင်းဖော် စပ်နိုင် မှာဖြစ်ပြီး မထွက်ရှိသေးခင်တော့ ခရမ်းချဉ်သီးကို စားသုံးပြီး ချိုင်းချွေးနံ့ကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ဗြိတိန်လူမျိုး သမားတော်တစ်ဦးဖြစ်တဲ့ Dr.Charles Stewart က ရှင်းလင်းပြောထား ပါတယ်။

(၃) ရေချိုးပြီးတဲ့အခါ ရေစိုနေတဲ့ ဂျိုုင်းသားကို ကျောက်ချဉ်ဖြင့် ပွတ်တိုက်ပေးပါ။ ကျောက်ချဉ်များကို ပရဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။

(၄) အလှကုန် ဈေးကွက်ထဲမှာ တံဆိပ်စုံ၊ အမျိုးအစားစုံ ဂျိုင်းချွေးနံ့ပျောက်ဆေးတောင့်တွေ တပုံကြီးရှိ ကြသော်လည်း၊ အများအားဖြင့် အနံ့ကိုသာ အဓိက စိတ်ကြိုက်ရွေးဝယ်လေ့ရှိကြရာ၊ အနံ့ထက် အဲဒီ ဂျိုင်းချွေးနံ့ပျောက်ဆေးတောင့် ကိုပြုလုပ်ဖော်စပ် ထားတဲ့ပစ္စည်းက ပို၍ အရေးကြီးပါတယ်။ ဖြစ်နိုင် ရင် ကျောက်ချဉ်နဲ့လုပ်ထားတဲ့ ချွေးနံ့ပျောက်ဆေးတောင့်ကိုသာ ရွေးချယ်ပါ။ သူက ချွေးနံ့ပျောက်စေ ရုံသာမက၊ ဂျိုင်းသာဖြူစေပြီး ဆေးတောင့် သုံးခြင်းအတွက် ဓာတ်မတဲ့မှာ ရင်သားကင်ဆာ ဖြစ်စေမှာ တွေ ကိုလည်း တွေးမပူ ရတော့ပါဘူး။ (ချွေးနံ့ပျောက်အမွှေးတောင့်တွေ သုံးတဲ့အခါ၊ ဂျိုင်းနေရာ တည့်တည့် ကိုသာ သုတ် လိမ်းပေးပါ။ ဂျိုင်းအောက်ဘက် ရင်သားနဲ့နီးတဲ့နေရာတွေကို မလိမ်းပါနှင့်)

(၅) ပုလင်းသန့်သန့် တစ်လုံးထဲမှာ ထုံးအနည်းငယ်ထဲ့၍ ရေဖြည့်ထားပါ။ ရေချိုးပြီးတိုင်း ၎င်းထုံးရေ ကြည့်ဖြင့် ဂျိုုင်းကို လိမ်းပေး ပါ။ (ထုံးအနှစ်များကို မလိမ်းပါနှင့်)

(၆) ဂျိုင်းချွေးနံ့နံခြင်း နှင့် ဂျိုင်းသား မည်းညစ်ခြင်းများ အတွက်ကိုလည်း သံပုရာရည် ညှစ်ပြီးသားအခွံဖြင့် ဂျိုင်းသားကို ဖိတိုက်ပေး ပါ(သို့) သံပုရာရည် လိမ်းပါ။

(၇) ဂျိုင်းအနံ့ဆိုးများကို ပျောက်စေရန် စပါးလင် အဆီကိုရေရော၍ အသုံးပြုနိုင်ပါတယ်။

(၈) အဝတ်အထည်များကို ချေးညှော်နံ့ကင်းစင်အောင် လျှော်ဖွတ်ပေးပါ။ ကိုယ်နံ့ဆိုးသော သူများ၏ အဝတ်အထည်များနှင့် အတူတကွရော၍ မလျော်ဖွတ်ပါနှင့်။

(၉) မိမိကိုယ်ပိုင် သီးသန့်အဝတ်အထည်ကိုသာ ဝတ်ဆင်ပါ။ အထူးသဖြင့် ကိုယ်နံ့ပြင်းသော သူများနှင့် အဝတ်အထည်များ ဌားရမ်း လဲလှယ် ဝတ်ဆင်ခြင်းမျိုး ကိုရှောင်ပါ။

(၁၀) ကြက်သွန်အဖြူ နှင့် ကြက်သွန်အနီ တို့ထဲမှာပါရှိသော ဆာလ်ဖာဓာတ်ပေါင်းစုက ချွေးနံ့ဆိုးခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

(၁၁) ပူအိုက်တဲ့ရာသီမှာ ချွေးပို၍ထွက်တတ်တာကြောင့် အနံ့ဆိုးကိုပိုစေနိုင်၍၊ လေဝင်လေ ထွက်ကောင်းပြီး ပေါ့ပါးအေးမြသော အဝတ်အထည်မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။

(၁၂) ဘက်တီးရီးယား ပိုးပွားသေစေသော ဆပ်ပြာပြင်းပြင်းဖြင့် ကိုယ်တိုက်သန့်စင်ပါ။

(၁၃) ဂျိုင်းချွေးအဆီများကို စားသောက်၍ ရနံ့ဆိုးဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားများအတွက် Hydrogen peroxide က အကောင်းဆုံး ပိုးမွှားသန့်စင်ဆေးဖြစ်ပါတယ်။ ဒါကြောင့် Hydrogen peroxide ဆေးရည် ၂ စက်ခန့်ကို ရေသန့် ၇ ဇွန်းဖြင့် ရော၍ ဂျိုင်းကိုသုတ်လိမ်းပေးပါ။ (အသား အရေ ထိခိုက်လွယ်သူများဖြစ်ပါက ၎င်း Hydrogen peroxide ဆေးရည် အပြင်းစားကို ချင့်ချိန်၍ သုံးစွဲပါ)

(၁၄) အရက်၊ ပန်းသီးရှာလကာရည် (သို့) ဟင်းချက် ရှာလကာရည် တို့ကိုလည်း ရေသင့်သလိုရော၍ ဂျိုင်းကိုဆေးကြော သန့်စင် ပေးနိုင်ပါတယ်။

(၁၅) ဆေးလိပ် တစ်လိပ်ထဲမှာ ဓာတုဒြပ်ပေါင်းစု အမျိုးပေါင်း ၇၀၀၀ ကျော် ပါရှိနေပြီး၊ ၎င်း၏ အကျိုးဆက် အဖြစ် ချွေးနံ့နံခြင်း ကိုဖြစ်စေပါတယ်။

(၁၆) ကိုလံဘီယာတက္ကသိုလ် ကျန်းမာရေးဌာနမှ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ၊ ဟင်းသီးဟင်းရွက်တွေကို များများစားသုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ ထွက်ရှိသော အညစ်အကြေးများ၏ အနံ့အသက်ကို ကောင်း မွန်စေ ရုံသာမက၊ ရုပ်ရည်သွင်ပြင်ကိုပါ ပိုမိုကြည့်ကောင်းစေတယ်လို့ ဆိုပါတယ်။

(၁၇) လက်ဘက်ရွက်အပင်မှ ရရှိသောအဆီများကို ဂျိုင်းအောက် နှင့် အခြားသော အနံ့ဆိုးများထွက်ရှိသည့် ကိုယ်ခန္ဓာကို ပွတ် လိမ်းပေးခြင်ဖြင့် အနံ့ဆိုးထွက်ရှိမှုကို ကုသနိုင်တဲ့အပြင် လူ့အရေပြား၏ PH ပမာဏကို ထိန်းညှိပေးနိုင်ပြီး ဘက်တီးရီးယားများ ရှင်သန်ပေါက်ဖွားမှုကို လျော့ချပေးနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ် ကျန်းမာရေးဌာနမှ အတည်ပြုထောက်ခံ ထားပါတယ်။

(၁၈) ကိုယ်နံ့ဆိုးထွက်ခြင်းဟာ အူလမ်းကြောင်းကျန်းမာရေးနှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်နေ ပါတယ်။ ဒါကြောင့် အူလမ်း ကြောင်းကျန်းမာရေးကို ပုံမှန်စစ်ဆေး၍ သင့်တော်သည့်ဆေးဝါးများကို မှီဝဲပေးပါ။ အစာချေစံနစ် ကိုကောင်းကျိုးပြုသည့် အင်ဇိုင်း ဓာတ်ကြွယ်ဝသော နာနတ်သီးနှင့် သခွားသီး တို့ကို များများစားပေးပါ။

(၁၉) အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေမှန်မှန်ချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း ဘက်တီးရီးယားများ အလွယ်တကူ တွယ်ကပ်နိုင်တဲ့ ခြေဖဝါး၊ တံကောက်ခွက်၊ ဂျိုင်းကြား၊ ပေါင်ခြံ စတဲ့ နေရာများကို စင်ကြယ်စွာသန့်စင်ပေးပါ။

Credit – (ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Leave a Reply

Your email address will not be published. Required fields are marked *