ဗဟုတုသ

ကမ္ဘာ့နိုင်ငံအသီးသီးက ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုများ

(Zawgyi)

ကမာၻတဝွမ္းက ထူးျခားဆန္းၾကယ္တဲ့ အယူသည္းမႈမ်ား

ကမာၻတဝွမ္းက မ်ားျပားလွတဲ့ လူမ်ိဳးေတြဟာ သူတို႔ရဲ႕ ႐ိုးရာယုံၾကည္မႈေတြအရ ထူးဆန္းတဲ့ အယူသည္းမႈေတြ ရွိၾကၿပီး အခုေဖာ္ျပေပးမွာကေတာ့ ႏိုင္ငံတကာက လူမ်ိဳးစုေတြအလိုက္ ထူးျခားဆန္းၾကယ္တဲ့ အယူသည္းမႈေတြပဲ ျဖစ္ပါတယ္။

(၁) ညဘက္ေတြမွာ ပီေကဝါးျခင္းဟာ ကံဆိုးေစတယ္လို႔ တူရကီလူမ်ိဳးေတြနဲ႔ ဟန္ေဂရီလူမ်ိဳးေတြက ယုံၾကည္ၾကပါတယ္။ တူရကီနဲ႔ ဟန္ေဂရီလူမ်ိဳးေတြဟာ ညဘက္ပီေကဝါးျခင္းဟာ လူေသရဲ႕အေရျပားကို ဝါးစားျခင္းနဲ႔တူတယ္လို႔ ယုံၾကည္ လက္ခံထားၾကတာပဲ ျဖစ္ပါတယ္။

(၂) ေရွးအီဂ်စ္လူမ်ိဳးေတြဟာ အိမ္ထဲမွာ ထီးဖြင့္ျခင္းဟာ ကံဆိုးမႈေတြကို ျဖစ္ေပၚေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ ထီးေဆာင္းတယ္ဆိုတာဟာ ေနပူဒဏ္နဲ႔ မိုး႐ြာမႈကို ကာကြယ္ေပးႏိုင္ဖို႔ ဖြင့္ေဆာင္းရတာျဖစ္တာေၾကာင့္ အိမ္ထဲမွာ ထီးဖြင့္ျခင္းဟာ ေနနတ္မင္းကို စိတ္ဆိုးေစၿပီး ကံဆိုးမႈေတြကို ျဖစ္ေပၚေစတယ္လို႔ အီဂ်စ္လူမ်ိဳးေတြက ယုံၾကည္လက္ခံထားၾကပါတယ္။

(၃) ႐ုရွားလူမ်ိဳးေတြဟာ ပန္းစည္းေပးၾကတဲ့အခါ ပန္းအပြင့္ေရ မ ကိန္းဂဏန္းေပးျခင္းဟာ ေပ်ာ္႐ႊင္မႈကို ျဖစ္ေပၚေစ တယ္လို႔ ယုံၾကည္ထားၾကၿပီး အမ်ိဳးသမီးေတြကို ပန္းစည္းေပးၾကတဲ့အခါ အမ်ားအားျဖင့္ မကိန္းဂဏန္း အေရအတြက္ ကိုသာ ေပးေလ့ရွိၾကပါတယ္။

(၄) ႐ုရွားလူမ်ိဳးေတြ ေနာက္ထပ္ယုံၾကည္ၾကတဲ့ အယူတခုကေတာ့ မဂၤလာေဆာင္တဲ့ေန႔မွာ မိုး႐ြာတာဟာ သတို႔သားနဲ႔ သတို႔သမီးအတြက္ ေပ်ာ္႐ႊင္ျခင္းနဲ႔ ခ်မ္းသာႂကြယ္ဝျခင္းေတြကို ေဆာင္ၾကဥ္းေပးႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။

႐ုရွားႏိုင္ငံမွာေတာ့ မဂၤလာေဆာင္တဲ့ေန႔ မိုး႐ြာတာနဲ႔ပက္သက္ၿပီး ဒီလိုမ်ိဳး ယုံၾကည္လက္ခံထားၾကေပမယ့္ တျခားေသာႏိုင္ငံေတြမွာေတာ့ မဂၤလာေဆာင္တဲ့ေန႔ မိုး႐ြာတာဟာ သတို႔သမီးကို ကံဆိုးမႈေတြျဖစ္ေစတယ္လို႔ အယူရွိၾကပါတယ္။

(၅) စပိန္လူမ်ိဳးေတြဟာ သူတို႔ရဲ႕ႏွစ္သစ္ကူးပြဲေတာ္မွာ စပ်စ္သီး ၁၂ လုံးစားျခင္းဟာ တႏွစ္တာလုံး ကံေကာင္းျခင္း ေတြနဲ႔သာ ႀကဳံေတြ႕ရမွာျဖစ္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။

ႏွစ္သစ္ကူးေျပာင္းတဲ့ ည ၁၂ နာရီ ေခါင္းေလာင္းထိုးခ်ိန္ အတိအက်အတိုင္း စပ်စ္သီး ၁၂ လုံးကို စားျခင္းဟာ ကံေကာင္းမႈေတြနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ႏွစ္သစ္မွာ ရေစႏိုင္တယ္လို႔ အယူရွိၾကပါတယ္။

Ref. www.wonderslist.com

Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

ကမ္ဘာတဝှမ်းက ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုများ

ကမ္ဘာတဝှမ်းက များပြားလှတဲ့ လူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယုံကြည်မှုတွေအရ ထူးဆန်းတဲ့ အယူသည်းမှုတွေ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူမျိုးစုတွေအလိုက် ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုတွေပဲ ဖြစ်ပါတယ်။

(၁) ညဘက်တွေမှာ ပီကေဝါးခြင်းဟာ ကံဆိုးစေတယ်လို့ တူရကီလူမျိုးတွေနဲ့ ဟန်ဂေရီလူမျိုးတွေက ယုံကြည်ကြပါတယ်။ တူရကီနဲ့ ဟန်ဂေရီလူမျိုးတွေဟာ ညဘက်ပီကေဝါးခြင်းဟာ လူသေရဲ့အရေပြားကို ဝါးစားခြင်းနဲ့တူတယ်လို့ ယုံကြည် လက်ခံထားကြတာပဲ ဖြစ်ပါတယ်။

(၂) ရှေးအီဂျစ်လူမျိုးတွေဟာ အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ထီးဆောင်းတယ်ဆိုတာဟာ နေပူဒဏ်နဲ့ မိုးရွာမှုကို ကာကွယ်ပေးနိုင်ဖို့ ဖွင့်ဆောင်းရတာဖြစ်တာကြောင့် အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ နေနတ်မင်းကို စိတ်ဆိုးစေပြီး ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ အီဂျစ်လူမျိုးတွေက ယုံကြည်လက်ခံထားကြပါတယ်။

(၃) ရုရှားလူမျိုးတွေဟာ ပန်းစည်းပေးကြတဲ့အခါ ပန်းအပွင့်ရေ မ ကိန်းဂဏန်းပေးခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေ တယ်လို့ ယုံကြည်ထားကြပြီး အမျိုးသမီးတွေကို ပန်းစည်းပေးကြတဲ့အခါ အများအားဖြင့် မကိန်းဂဏန်း အရေအတွက် ကိုသာ ပေးလေ့ရှိကြပါတယ်။

(၄) ရုရှားလူမျိုးတွေ နောက်ထပ်ယုံကြည်ကြတဲ့ အယူတခုကတော့ မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရွာတာဟာ သတို့သားနဲ့ သတို့သမီးအတွက် ပျော်ရွှင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ရုရှားနိုင်ငံမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာနဲ့ပက်သက်ပြီး ဒီလိုမျိုး ယုံကြည်လက်ခံထားကြပေမယ့် တခြားသောနိုင်ငံတွေမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာဟာ သတို့သမီးကို ကံဆိုးမှုတွေဖြစ်စေတယ်လို့ အယူရှိကြပါတယ်။

(၅) စပိန်လူမျိုးတွေဟာ သူတို့ရဲ့နှစ်သစ်ကူးပွဲတော်မှာ စပျစ်သီး ၁၂ လုံးစားခြင်းဟာ တနှစ်တာလုံး ကံကောင်းခြင်း တွေနဲ့သာ ကြုံတွေ့ရမှာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

နှစ်သစ်ကူးပြောင်းတဲ့ ည ၁၂ နာရီ ခေါင်းလောင်းထိုးချိန် အတိအကျအတိုင်း စပျစ်သီး ၁၂ လုံးကို စားခြင်းဟာ ကံကောင်းမှုတွေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို နှစ်သစ်မှာ ရစေနိုင်တယ်လို့ အယူရှိကြပါတယ်။

Ref. www.wonderslist.com

Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *