ဗဟုတုသ

စက္ေလွကား မေတာ္တဆမႈျဖစ္ေသာ္ အေရးေပၚရပ္တန္႕ႏိုင္သည့္ ခလုတ္အေၾကာင္း ဗဟုသုတ

(Zawgyi)

မေတာ္တဆမႈတစ္ခုခု ျဖစ္ခဲ့သည္ရွိေသာ္ စက္ေလွကားရဲ႕ အေပၚထိပ္ (သို႔) ေအာက္ထိပ္မွာရွိတဲ့ စက္ေလွကားခလုတ္ကို ပိတ္ေပးပါလို႔ ေအာ္ပါ။ Escalator(စက္ေလွကား) ေတြ အသုံးျပဳမ်ားလာတဲ့အခ်ိန္မွာ သတိျပဳရမယ့္အခ်က္ေလးေတြကို သတိရွိဖို႔ လိုလာပါတယ္။ သိၿပီးသားကိစၥေတြျဖစ္ေပမယ့္ သတိလြတ္ၿပီး ေနၾကတာ အေတြ႕မ်ားလာလို႔ပါ။

လက္ကိုင္တန္းကို မကိုင္ပဲနဲ႔ လက္လြတ္မစီးသင့္ပါဘူး။ စက္ေလွကား မေတာ္တဆမႈေတြထဲမွာ ေနာက္ျပန္႐ုတ္တရက္လည္သြားတာမ်ိဳး၊ ေျခနင္းကြၽံက်တာမ်ိဳး၊ အရာဝတၳဳ တစ္ခုခု စက္ၾကားညႇပ္တာမ်ိဳးေတြဟာ မေတာ္တဆမႈ အေနနဲ႔ေတြ႕ခဲ့ဖူးၾကမွာပါ။ Youtube မွာလဲ videoေတြ ရွာၾကည့္ႏိုင္ပါတယ္။ ကေလးသူငယ္မ်ားကို အုပ္ထိန္းသူကိုယ္တိုင္ ကိုင္တြယ္ၿပီးမွ စီးသင့္ပါတယ္။

အီေဖကိုတို႔ ငယ္ငယ္ကဆို ေ႐ႊတိဂုံဘုရားသြားရင္ စက္ေလွကား ေပ်ာ္ေပ်ာ္ႀကီး အေခါက္ေခါက္အခါခါ စီးခဲ့ၾကတယ္(အဲ့သမွာပဲ ရွိတာကိုး) Safetyအသိ မရွိေသး၊ လူႀကီးေတြကလည္း အႏၲရာယ္ႀကိဳမျမင္ႏိုင္ေသးေတာ့ လႊတ္ေပးထားၾကတယ္။ တကယ္ေတာ့ အလြန႔္အလြန္ အႏၲရာယ္မ်ားတဲ့ ကိစၥေတြပါ။ Safety သင္တန္းတက္တုန္းက ဆရာျပခဲ့တဲ့ videoမွာ ကေလးက လက္ရန္းက ခိုစီးလို႔ ျပဳတ္က်တာမ်ိဳး ျမင္ၿပီးထဲက လန႔္ခဲ့တာ။ စက္ေလွကားစီးေတာ့မယ္ဆို ၿငိႏိုင္မယ့္ အဝတ္စ၊ အရာဝတၳဳေတြကို လြတ္လြတ္ကင္းကင္း ကိုင္ထားၿပီးမွ စီးၾကပါရန္။

အကယ္၍ ၿငိသည္ရွိေသာ္လည္း အရွက္နဲ႔လူ မလုပ္ခ်င္ပါနဲ႔၊ အသက္နဲ႔ လူလုပ္ပါ။ ႐ုပ္နဲ႔နာမ္ခ်ည္းပါ။ ၿငိသြားတဲ့ အဝတ္စ တစ္ခါတည္း ျဖဳတ္ပစ္ပါေလလို႔၊ ႏို႔မို႔ အသက္အႏၲရာယ္ ရွိႏိုင္တာကိုး။ အေရးႀကီးဆုံးအခ်က္ကို ေျပာပါမယ္။

မေတာ္တဆမႈ တစ္ခုခု ျဖစ္ခဲ့သည္ရွိေသာ္ ေအာ္ပါ။ ဘာေအာ္ရမလဲဆိုေတာ့ စက္ေလွကားရဲ႕ အေပၚထိပ္ (သို႔) ေအာက္ထိပ္မွာရွိတဲ့ စက္ေလွကားခလုတ္ကို ပိတ္ေပးပါလို႔ ေအာ္ပါ။ အေရးႀကီးပါတယ္။ ကူညီေပးမယ့္သူေတြကလည္း လန႔္ၿပီး ၾကည့္ေနမယ့္အစား ခလုတ္ပိတ္ဖို႔ သတိရေပးၾကပါလို႔ ေျပာျပရင္း ကူညီႏိုင္ၾကပါေစေၾကာင္း ေရးသားပါသည္။

Credit – nan

Via – https://goo.gl/H3qgwZ

(Unicode)

မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့သည်ရှိသော် စက်လှေကားရဲ့ အပေါ်ထိပ် (သို့) အောက်ထိပ်မှာရှိတဲ့ စက်လှေကားခလုတ်ကို ပိတ်ပေးပါလို့ အော်ပါ။ Escalator(စက်လှေကား) တွေ အသုံးပြုများလာတဲ့အချိန်မှာ သတိပြုရမယ့်အချက်လေးတွေကို သတိရှိဖို့ လိုလာပါတယ်။ သိပြီးသားကိစ္စတွေဖြစ်ပေမယ့် သတိလွတ်ပြီး နေကြတာ အတွေ့များလာလို့ပါ။

လက်ကိုင်တန်းကို မကိုင်ပဲနဲ့ လက်လွတ်မစီးသင့်ပါဘူး။ စက်လှေကား မတော်တဆမှုတွေထဲမှာ နောက်ပြန်ရုတ်တရက်လည်သွားတာမျိုး၊ ခြေနင်းကျွံကျတာမျိုး၊ အရာဝတ္ထု တစ်ခုခု စက်ကြားညှပ်တာမျိုးတွေဟာ မတော်တဆမှု အနေနဲ့တွေ့ခဲ့ဖူးကြမှာပါ။ Youtube မှာလဲ videoတွေ ရှာကြည့်နိုင်ပါတယ်။ ကလေးသူငယ်များကို အုပ်ထိန်းသူကိုယ်တိုင် ကိုင်တွယ်ပြီးမှ စီးသင့်ပါတယ်။

အီဖေကိုတို့ ငယ်ငယ်ကဆို ရွှေတိဂုံဘုရားသွားရင် စက်လှေကား ပျော်ပျော်ကြီး အခေါက်ခေါက်အခါခါ စီးခဲ့ကြတယ်(အဲ့သမှာပဲ ရှိတာကိုး) Safetyအသိ မရှိသေး၊ လူကြီးတွေကလည်း အန္တရာယ်ကြိုမမြင်နိုင်သေးတော့ လွှတ်ပေးထားကြတယ်။ တကယ်တော့ အလွန့်အလွန် အန္တရာယ်များတဲ့ ကိစ္စတွေပါ။ Safety သင်တန်းတက်တုန်းက ဆရာပြခဲ့တဲ့ videoမှာ ကလေးက လက်ရန်းက ခိုစီးလို့ ပြုတ်ကျတာမျိုး မြင်ပြီးထဲက လန့်ခဲ့တာ။ စက်လှေကားစီးတော့မယ်ဆို ငြိနိုင်မယ့် အဝတ်စ၊ အရာဝတ္ထုတွေကို လွတ်လွတ်ကင်းကင်း ကိုင်ထားပြီးမှ စီးကြပါရန်။

အကယ်၍ ငြိသည်ရှိသော်လည်း အရှက်နဲ့လူ မလုပ်ချင်ပါနဲ့၊ အသက်နဲ့ လူလုပ်ပါ။ ရုပ်နဲ့နာမ်ချည်းပါ။ ငြိသွားတဲ့ အဝတ်စ တစ်ခါတည်း ဖြုတ်ပစ်ပါလေလို့၊ နို့မို့ အသက်အန္တရာယ် ရှိနိုင်တာကိုး။ အရေးကြီးဆုံးအချက်ကို ပြောပါမယ်။

မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် အော်ပါ။ ဘာအော်ရမလဲဆိုတော့ စက်လှေကားရဲ့ အပေါ်ထိပ် (သို့) အောက်ထိပ်မှာရှိတဲ့ စက်လှေကားခလုတ်ကို ပိတ်ပေးပါလို့ အော်ပါ။ အရေးကြီးပါတယ်။ ကူညီပေးမယ့်သူတွေကလည်း လန့်ပြီး ကြည့်နေမယ့်အစား ခလုတ်ပိတ်ဖို့ သတိရပေးကြပါ လို့ ပြောပြရင်း ကူညီနိုင်ကြပါစေကြောင်း ရေးသားပါသည်။

Credit – nan

Via – https://goo.gl/H3qgwZ

Leave a Reply

Your email address will not be published. Required fields are marked *