ဗဟုတုသ

သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ား၊ ေရာဂါလကၡဏာမ်ား၊ ကုသပံုႏွင့္ ႀကိဳတင္ကာကြယ္ျခင္း

(Zawgyi)

သားအိမ္ေခါင္းကင္ဆာ (Cervical Cancer)

သားအိမ္ေခါင္းသည္ သားအိမ္၏ ေအာက္ဆုံးအပိုင္းႏွင့္ မိန္းမကိုယ္ကို ဆက္သြယ္ေပးထားေသာ အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ သားအိမ္ေခါင္းကင္ဆာသည္ သားအိမ္ေခါင္းအတြင္းရွိ ဆဲလ္မ်ားမွျဖစ္ပြားေသာ ကင္ဆာတစ္မ်ိဳးျဖစ္ၿပီး ကင္ဆာေရာဂါကို ျဖစ္ေပၚေစသည့္ အဓိကအေၾကာင္းရင္းမွာ human papilloma virus (HPV) ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္ပါတယ္။

ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ား

သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားရသည့္ အေၾကာင္းရင္းကို တိတိက်က် မသိရေသာ္လည္း ေယဘူယ်အားျဖင့္ Human Papilloma Virus (HPV) ပိုး ကူးစက္ခံရျခင္းေၾကာင့္ျဖစ္ပါတယ္။ ၎ဗိုင္းရပ္သည္ လိင္ဆက္ဆံျခင္းမွ တဆင့္ ကူးစက္ေသာဗိုင္းရပ္ျဖစ္ၿပီး အခ်ိဳ႕ေသာအမ်ိဳးသမီးမ်ားတြင္ ဗိုင္းရပ္ပိုးသည္ ႏွစ္ေပါင္းအေတာ္ၾကာသည့္တိုင္ေအာင္ အသက္ရွင္ႏိုင္ျခင္းေၾကာင့္ သားအိမ္ေခါင္းအတြင္းရွိ ဆဲလ္မ်ားသည္ ကင္ဆာဆဲလ္မ်ား အျဖစ္သို႔ ေျပာင္းလဲသြားျခင္းျဖစ္ပါတယ္။

သားအိမ္ေခါင္းကင္ဆာျဖစ္ပြားႏႈန္းကို ျမင့္တက္ေစသည့္ အေၾကာင္းရင္းမ်ားမွာ –

– လိင္ဆက္ဆံေဖာ္မ်ားျခင္း

– အသက္ငယ္႐ြယ္ခ်ိန္မွစ၍ လိင္ဆက္ဆံျခင္း

– အျခားေသာလိင္မွတဆင့္ ကူးစက္ေသာေရာဂါမ်ားရွိျခင္း

– ခုခံအားစနစ္အားနည္းေသာသူမ်ား

– ေဆးလိပ္ေသာက္သူမ်ားတို႔ျဖစ္ပါတယ္။

ေရာဂါလကၡဏာမ်ား – အေစာပိုင္းအဆင့္မ်ားတြင္ ေရာဂါလကၡဏာျပေလ့မရွိေပ။

ေရာဂါလကၡဏာမ်ားမွာ –

– အမ်ိဳးသားႏွင့္အတူေနစဥ္ ေသြးထြက္ျခင္း

– နာက်င္ျခင္း

– အနံ႔ဆိုးေသာအရည္ က်ဲက်ဲအရည္မ်ားထြက္ျခင္း

– တင္ပဆုံတဝိုက္နာက်င္ျခင္း

စစ္ေဆးျခင္း

သားအိမ္ေခါင္းကင္ဆာ ရွိေနေၾကာင္းကို ေအာက္ပါနည္းလမ္းမ်ားျဖင့္ သိရွိႏိုင္ပါသည္။

(1) Pap test – သားအိမ္ေခါင္းရွိ ဆဲလ္မ်ားကို ယူၿပီး ကင္ဆာဟုတ္မဟုတ္ ဓာတ္ခြဲစစ္ေဆးျခင္းျဖစ္ပါတယ္။

(2) HPV DNA test – HPV ဗိုင္းရပ္စ္အမ်ိဳးအစားကို ခြဲျခားေပးဖို႔ အသုံးျပဳပါတယ္။ Pap test လိုပဲ သားအိမ္ေခါင္းရွိဆဲလ္မ်ားကို ျခစ္ယူၿပီး ဓာတ္ခြဲစမ္းသပ္တာျဖစ္ပါတယ္။

(3) Colposcope – သားအိမ္ေခါင္း ၾကည့္မွန္ေျပာင္းျဖင့္ ၾကည့္ရႈ၍စစ္ေဆးျခင္း၊

(4) သားအိမ္ေခါင္းမွ အသားစယူ၍ စစ္ေဆးျခင္း၊

(5) သားအိမ္ေခါင္း အတြင္းပိုင္းရွိ အလႊာမ်ားမွ အသားစယူ၍ စစ္ေဆးျခင္း

ေရာဂါအဆင့္သတ္မွတ္ခ်က္

သားအိမ္ေခါင္းကင္ဆာ ေရာဂါ၏အဆင့္မ်ားကိုCTscan, MRI, PET ႏွင့္ X-ray ႐ိုက္ျခင္းျဖင့္လည္းေကာင္း၊ မွန္ေျပာင္းအသုံးျပဳ၍ ဆီးအိမ္ႏွင့္ စအိုကို စစ္ေဆးျခင္းျဖင့္လည္းေကာင္း ခြဲျခားႏိုင္ပါတယ္။

အဆင့္ 1 – ကင္ဆာဆဲလ္မ်ားကိုသားအိမ္ေခါင္း၌သာ ေတြ႕ရပါတယ္။

အဆင့္ 2 – ကင္ဆာဆဲလ္မ်ားသည္ သားအိမ္ေခါင္းႏွင့္ မိန္းမကိုယ္အတြင္းသို႔ ပ်ံ႕ႏွံ႔ေနတာကို ေတြ႕ရပါတယ္။

အဆင့္ 3 – ကင္ဆာဆဲလ္မ်ားသည္ သားအိမ္ေခါင္း၊ တင္ပဆုံေဘးနံရံမ်ားႏွင့္ မိန္းမကိုယ္၏ ေအာက္ဆုံးအပိုင္းတို႔ကိုပါ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါတယ္။

အဆင့္ 4 – ကင္ဆာဆဲလ္မ်ားသည္ အျခားေသာ ကင္ဆာအစိတ္အပိုင္းမ်ားသို႔ ပ်ံ႕ႏွံ႔ေနတာကိုေတြ႕ရပါတယ္။

ကုသမႈ

ကုထုံးမ်ားသည္ ကင္ဆာရဲ႕အဆင့္၊ လူနာ၏ အေထြေထြ က်န္းမာေရးႏွင့္ လူနာရဲ႕ေ႐ြးခ်ယ္မႈတို႔အေပၚ မူတည္ပါတယ္။

ခြဲစိတ္ျခင္း (Surgery)

သားအိမ္ေခါင္းအတြင္းသို႔ ကင္ဆာဆဲလ္မ်ား၏ ထိုးေဖာက္မႈဟာ 3mm ေအာက္ေလ်ာ့နည္းပါက သားအိမ္ေခါင္းႏွင့္ သားအိမ္ကို ခြဲစိတ္ျဖတ္ထုတ္ႏိုင္ေသာ္လည္း ကင္ဆာဆဲလ္မ်ား၏ ထိုးေဖာက္မႈသည္ 3mm ထက္ မ်ားျပားပါက သားအိမ္ေခါင္း၊ သားအိမ္တို႔ႏွင့္အတူ မိန္းမကိုယ္ တစ္စိတ္တစ္ပိုင္းႏွင့္ ျပန္ရည္ေၾကာမ်ားကိုပါ ခြဲစိတ္မွာျဖစ္ပါတယ္။

ဓါတ္ေရာင္ျခည္ျဖင့္ကုသျခင္း (Radiation)

ဓါတ္ေရာင္ျခည္ျဖင့္ ကုသျခင္းကို ကင္ဆာေဆးသြင္း၍ ကုသျခင္းႏွင့္ အတူတူတြဲ၍လည္းေကာင္း၊ ခြဲစိတ္မႈ မခံယူခင္တြင္လည္းေကာင္း၊ ခြဲစိတ္ၿပီးေနာက္ပိုင္း ကင္ဆာဆဲလ္မ်ားကို သုတ္သင္ရန္အတြက္လည္းေကာင္း အသုံးျပဳပါတယ္။

ကင္ဆာေဆးသြင္းျခင္းျဖင့္ ကုသျခင္း (Chemotherapy)

ကင္ဆာဆဲလ္မ်ားကို သတ္ႏိုင္ေသာ ေဆးမ်ားကို အေၾကာမွတဆင့္ ထိုးသြင္းျခင္းျဖင့္ ကုသေသာနည္း ျဖစ္ပါတယ္။ ဓါတ္ကင္ျခင္းႏွင့္တြဲ၍ ကုသလွ်င္ ပိုမိုထိေရာက္မႈ ရွိေစပါတယ္။

သားအိမ္ေခါင္းကင္ဆာ ေဝဒနာရွင္မ်ားအတြက္ လိုက္နာသင့္သည့္ နည္းလမ္းမ်ား

သားအိမ္ေခါင္းကင္ဆာေရာဂါကို ခံစားေနရတယ္ဆိုပါက

– ၎ေရာဂါႏွင့္ ပတ္သက္ေသာ ဗဟုသုတမ်ားကို ေလ့လာပါ။

– လိုအပ္ပါကသူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားထံမွ အကူအညီယူပါ။

– ကင္ဆာေရာဂါကို အရႈံးမေပးဘဲ တတ္ကြၽမ္းေသာပညာရွင္မ်ားႏွင့္ တိုင္ပင္ၿပီး ကုသမႈခံယူပါ။

– ဝါသနာပါတဲ့ အလုပ္တစ္ခုခုကို လုပ္ေဆာင္ၿပီး စိတ္ဖိစီးမႈမ်ားကို အႏိုင္ယူပါ။

ႀကိဳတင္ကာကြယ္ျခင္း

သားအိမ္ေခါင္းကင္ဆာကို ႀကိဳတင္ကာကြယ္ႏိုင္ရန္ ေအာက္ပါနည္းလမ္းမ်ားကို လုပ္ေဆာင္သင့္ပါတယ္။

– လိင္ဆက္ဆံတိုင္း ကြန္ဒုံးသုံးပါ။

– လိင္ဆက္ဆံေဖာ္ အမ်ားႀကီးထားျခင္းကို ေရွာင္ရွားပါ။

– ေဆးလိပ္မေသာက္ပါႏွင့္။

– သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆးထိုးထားပါ။ အသက္ 9 ႏွစ္မွ 26 ႏွစ္ၾကား အမ်ိဳးသမီးတိုင္း ထိုးထားသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ အိမ္ေထာင္မျပဳခင္အ႐ြယ္ ကေလးဘဝကတည္းက ထိုးထားသင့္ပါ တယ္။

– သားအိမ္ေခါင္းကင္ဆာရွိ၊ မရွိအသက္ ၂၁ ႏွစ္အ႐ြယ္ကတည္းက Pap Smear ယူျခင္းျဖင့္ စစ္ေဆးႏိုင္ပါတယ္။ ျဖစ္ႏိုင္ပါက သုံးႏွစ္မွာတစ္ႀကိမ္ ပုံမွန္စစ္ေဆးသင့္ပါတယ္။

သားအိမ္ေခါင္းကင္ဆာ ေဝဒနာရွင္မ်ား စားသင့္ေသာ အစားအစာမ်ား

မုန္လာဥနီ – မုန္လာဥနီဟာ မ်က္လုံးအတြက္တင္ ေကာင္းတာမဟုတ္ပါဘူး။ မုန္လာဥနီမွာပါဝင္တဲ့ provitamin A ႏွင့္ ေရာင္ျခယ္ပစၥည္း Carotenoids တို႔က ကင္ဆာဆဲလ္မ်ား ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္ျခင္းကို တားဆီးေပးပါတယ္။

လက္ဘက္စိမ္း လက္ဖက္ရည္ (Green Tea) – Green Tea မွာ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္တာေၾကာင့္ ကင္ဆာဆဲလ္ပြားမ်ားျခင္းကို တားဆီးႏိုင္တာေၾကာင့္ Green Tea ကို ေန႔တိုင္းေသာက္သုံးသင့္ပါတယ္။

ပဲအမ်ိဳးမ်ိဳး – ပဲအမ်ိဳးမ်ိဳးမွာ ပါဝင္တဲ့ phytochemicals ဟာ ပုံမွန္ဆဲလ္မ်ားမွ ကင္ဆာဆဲလ္မ်ားသို႔ ကူးေျပာင္းသြားျခင္းကို တားဆီးေပးတာေၾကာင့္ ပဲအမ်ိဳးမ်ိဳးကို စားသုံးသင့္ပါတယ္။

ဆလတ္႐ြက္ – ဆလတ္႐ြက္မွာ ကင္ဆာဆဲလ္မ်ားကို တိုက္ဖ်က္ႏိုင္တဲ့ flavonoid ဓါတ္ ပါဝင္ပါတယ္။

သားအိမ္ေခါင္းကင္ဆာ ေဝဒနာရွင္မ်ား ေရွာင္သင့္ေသာ အစားအစာမ်ား

– မလိုင္အျပည့္ပါေသာ ႏြားႏို႔မ်ား

– အဆီမ်ားေသာ အသားမ်ား

– အနီေရာင္အသားမ်ား

– အသြင္ေျပာင္းထားေသာ အဆီမ်ား ( ဥပမာ – မာဂ်ရင္း )

– တူးေနေသာ အစားအေသာက္မ်ား ( ဥပမာ- အကင္ေပၚမွ အတူးမ်ား )

Credit – Dr. Htet Htet Aung, www.drmyanmar.com

(Unicode)

သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)

သားအိမ်ခေါင်းသည် သားအိမ်၏ အောက်ဆုံးအပိုင်းနှင့် မိန်းမကိုယ်ကို ဆက်သွယ်ပေးထားသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များမှဖြစ်ပွားသော ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ human papilloma virus (HPV) ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါတယ်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း ယေဘူယျအားဖြင့် Human Papilloma Virus (HPV) ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ၎င်းဗိုင်းရပ်သည် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်သောဗိုင်းရပ်ဖြစ်ပြီး အချို့သောအမျိုးသမီးများတွင် ဗိုင်းရပ်ပိုးသည် နှစ်ပေါင်းအတော်ကြာသည့်တိုင်အောင် အသက်ရှင်နိုင်ခြင်းကြောင့် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များသည် ကင်ဆာဆဲလ်များ အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေသည့် အကြောင်းရင်းများမှာ –

– လိင်ဆက်ဆံဖော်များခြင်း

– အသက်ငယ်ရွယ်ချိန်မှစ၍ လိင်ဆက်ဆံခြင်း

– အခြားသောလိင်မှတဆင့် ကူးစက်သောရောဂါများရှိခြင်း

– ခုခံအားစနစ်အားနည်းသောသူများ

– ဆေးလိပ်သောက်သူများတို့ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ – အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိပေ။

ရောဂါလက္ခဏာများမှာ –

– အမျိုးသားနှင့်အတူနေစဉ် သွေးထွက်ခြင်း

– နာကျင်ခြင်း

– အနံ့ဆိုးသောအရည် ကျဲကျဲအရည်များထွက်ခြင်း

– တင်ပဆုံတဝိုက်နာကျင်ခြင်း

စစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာ ရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် သိရှိနိုင်ပါသည်။

(1) Pap test – သားအိမ်ခေါင်းရှိ ဆဲလ်များကို ယူပြီး ကင်ဆာဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ပါတယ်။

(2) HPV DNA test – HPV ဗိုင်းရပ်စ်အမျိုးအစားကို ခွဲခြားပေးဖို့ အသုံးပြုပါတယ်။ Pap test လိုပဲ သားအိမ်ခေါင်းရှိဆဲလ်များကို ခြစ်ယူပြီး ဓာတ်ခွဲစမ်းသပ်တာဖြစ်ပါတယ်။

(3) Colposcope – သားအိမ်ခေါင်း ကြည့်မှန်ပြောင်းဖြင့် ကြည့်ရှု၍စစ်ဆေးခြင်း၊

(4) သားအိမ်ခေါင်းမှ အသားစယူ၍ စစ်ဆေးခြင်း၊

(5) သားအိမ်ခေါင်း အတွင်းပိုင်းရှိ အလွှာများမှ အသားစယူ၍ စစ်ဆေးခြင်း

ရောဂါအဆင့်သတ်မှတ်ချက်

သားအိမ်ခေါင်းကင်ဆာ ရောဂါ၏အဆင့်များကိုCTscan, MRI, PET နှင့် X-ray ရိုက်ခြင်းဖြင့်လည်းကောင်း၊ မှန်ပြောင်းအသုံးပြု၍ ဆီးအိမ်နှင့် စအိုကို စစ်ဆေးခြင်းဖြင့်လည်းကောင်း ခွဲခြားနိုင်ပါတယ်။

အဆင့် 1 – ကင်ဆာဆဲလ်များကိုသားအိမ်ခေါင်း၌သာ တွေ့ရပါတယ်။

အဆင့် 2 – ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်းသို့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

အဆင့် 3 – ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်း၊ တင်ပဆုံဘေးနံရံများနှင့် မိန်းမကိုယ်၏ အောက်ဆုံးအပိုင်းတို့ကိုပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

အဆင့် 4 – ကင်ဆာဆဲလ်များသည် အခြားသော ကင်ဆာအစိတ်အပိုင်းများသို့ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

ကုသမှု

ကုထုံးများသည် ကင်ဆာရဲ့အဆင့်၊ လူနာ၏ အထွေထွေ ကျန်းမာရေးနှင့် လူနာရဲ့ရွေးချယ်မှုတို့အပေါ် မူတည်ပါတယ်။

ခွဲစိတ်ခြင်း (Surgery)

သားအိမ်ခေါင်းအတွင်းသို့ ကင်ဆာဆဲလ်များ၏ ထိုးဖောက်မှုဟာ 3mm အောက်လျော့နည်းပါက သားအိမ်ခေါင်းနှင့် သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်နိုင်သော်လည်း ကင်ဆာဆဲလ်များ၏ ထိုးဖောက်မှုသည် 3mm ထက် များပြားပါက သားအိမ်ခေါင်း၊ သားအိမ်တို့နှင့်အတူ မိန်းမကိုယ် တစ်စိတ်တစ်ပိုင်းနှင့် ပြန်ရည်ကြောများကိုပါ ခွဲစိတ်မှာဖြစ်ပါတယ်။

ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation)

ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ကင်ဆာဆေးသွင်း၍ ကုသခြင်းနှင့် အတူတူတွဲ၍လည်းကောင်း၊ ခွဲစိတ်မှု မခံယူခင်တွင်လည်းကောင်း၊ ခွဲစိတ်ပြီးနောက်ပိုင်း ကင်ဆာဆဲလ်များကို သုတ်သင်ရန်အတွက်လည်းကောင်း အသုံးပြုပါတယ်။

ကင်ဆာဆေးသွင်းခြင်းဖြင့် ကုသခြင်း (Chemotherapy)

ကင်ဆာဆဲလ်များကို သတ်နိုင်သော ဆေးများကို အကြောမှတဆင့် ထိုးသွင်းခြင်းဖြင့် ကုသသောနည်း ဖြစ်ပါတယ်။ ဓါတ်ကင်ခြင်းနှင့်တွဲ၍ ကုသလျှင် ပိုမိုထိရောက်မှု ရှိစေပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များအတွက် လိုက်နာသင့်သည့် နည်းလမ်းများ

သားအိမ်ခေါင်းကင်ဆာရောဂါကို ခံစားနေရတယ်ဆိုပါက

– ၎င်းရောဂါနှင့် ပတ်သက်သော ဗဟုသုတများကို လေ့လာပါ။

– လိုအပ်ပါကသူငယ်ချင်းများ၊ မိသားစုဝင်များထံမှ အကူအညီယူပါ။

– ကင်ဆာရောဂါကို အရှုံးမပေးဘဲ တတ်ကျွမ်းသောပညာရှင်များနှင့် တိုင်ပင်ပြီး ကုသမှုခံယူပါ။

– ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး စိတ်ဖိစီးမှုများကို အနိုင်ယူပါ။

ကြိုတင်ကာကွယ်ခြင်း

သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်သင့်ပါတယ်။

– လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။

– လိင်ဆက်ဆံဖော် အများကြီးထားခြင်းကို ရှောင်ရှားပါ။

– ဆေးလိပ်မသောက်ပါနှင့်။

– သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးထားပါ။ အသက် 9 နှစ်မှ 26 နှစ်ကြား အမျိုးသမီးတိုင်း ထိုးထားသင့်ပါတယ်။ အကောင်းဆုံးကတော့ အိမ်ထောင်မပြုခင်အရွယ် ကလေးဘဝကတည်းက ထိုးထားသင့်ပါ တယ်။

– သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိအသက် ၂၁ နှစ်အရွယ်ကတည်းက Pap Smear ယူခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ ဖြစ်နိုင်ပါက သုံးနှစ်မှာတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များ စားသင့်သော အစားအစာများ

မုန်လာဥနီ – မုန်လာဥနီဟာ မျက်လုံးအတွက်တင် ကောင်းတာမဟုတ်ပါဘူး။ မုန်လာဥနီမှာပါဝင်တဲ့ provitamin A နှင့် ရောင်ခြယ်ပစ္စည်း Carotenoids တို့က ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးပေးပါတယ်။

လက်ဘက်စိမ်း လက်ဖက်ရည် (Green Tea) – Green Tea မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ကင်ဆာဆဲလ်ပွားများခြင်းကို တားဆီးနိုင်တာကြောင့် Green Tea ကို နေ့တိုင်းသောက်သုံးသင့်ပါတယ်။

ပဲအမျိုးမျိုး – ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ phytochemicals ဟာ ပုံမှန်ဆဲလ်များမှ ကင်ဆာဆဲလ်များသို့ ကူးပြောင်းသွားခြင်းကို တားဆီးပေးတာကြောင့် ပဲအမျိုးမျိုးကို စားသုံးသင့်ပါတယ်။

ဆလတ်ရွက် – ဆလတ်ရွက်မှာ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ flavonoid ဓါတ် ပါဝင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များ ရှောင်သင့်သော အစားအစာများ

– မလိုင်အပြည့်ပါသော နွားနို့များ

– အဆီများသော အသားများ

– အနီရောင်အသားများ

– အသွင်ပြောင်းထားသော အဆီများ ( ဥပမာ – မာဂျရင်း )

– တူးနေသော အစားအသောက်များ ( ဥပမာ- အကင်ပေါ်မှ အတူးများ )

Credit – Dr. Htet Htet Aung, www.drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *