ဗဟုတုသ

လည္ပတ္ခြင့္ မရွိ၊ မသင့္လို႔ ကန္႕သတ္ထားတဲ့ ကမာၻတဝွမ္းမွ ဆန္းၾကယ္နယ္ေျမမ်ား

ကမာၻတဝွမ္းမွာ လည္ပတ္ခြင့္ မရွိလို႔ ကန႔္သတ္ထားတဲ့ နယ္ေျမမ်ား

လည္ပတ္စရာ ေနရာေတြကို အၿမဲ ေဖာ္ျပေနလို႔ ဒီတခါမွာ မလည္ရလို႔ သတ္မွတ္ထားတဲ့ ေနရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ စိတ္ဝင္စားစရာေတြ ရွိေနေပမယ့္ အစိုးရရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြရွိလို႔၊ အႏၲရာယ္မ်ားလို႔ စတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ သြားလည္ဖို႔ ပိတ္ပင္ထားတဲ့ ကန႔္သတ္နယ္ေျမေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေႁမြကြၽန္း (ဘရာဇီး)

ဘရာဇီးႏိုင္ငံမွာ ရွိတဲ့ “Ilha da Queimada Grande” ဆိုတဲ့ ကြၽန္းကို အမ်ားစုကေတာ့ ေႁမြကြၽန္းလို႔ သိၾကပါတယ္။ ဒီကြၽန္းဟာ ဧက ၁၁၀သာ က်ယ္ဝန္းေပမယ့္ အဆိပ္ျပင္းတဲ့ ေႁမြမ်ိဳးစိတ္ေပါင္း ၄၀၀၀ ေက်ာ္ ေနထိုင္ပါတယ္။ ဒီကြၽန္းကေႁမြေတြဟာ အဆိပ္ျပင္းလြန္းလို႔ ကြၽန္းေပၚေျခခ်ၿပီး တနာရီအတြင္း သင့္အသက္ကို ဆုံးရႈံးႏိုင္တယ္လို႔ အစိုးရက အမိန႔္ထုတ္ထားပါတယ္။ ဒီကြၽန္းမွာ ေႁမြသာရွိၿပီး အျခား ႏို႔တိုက္ သတၱဝါ တေကာင္ တေလေတာင္ မရွိဘူးလို႔ သိရပါတယ္။

(၂) Heard Island (Australia)

Heard Island နဲ႔ McDonald Island ကို HIMI လို႔ အတိုေကာက္ ေခၚၾကပါတယ္။ ဒီကြၽန္းစုဟာ အိႏၵိယသမုဒၵရာ ကြၽန္းစု စာရင္းမွာ ပါဝင္တဲ့ ကမာၻအပယ္ခံ ကြၽန္းစု ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒီကြၽန္းစုကို ေတာ႐ိုင္းတိရစာၦန္ေလ့လာဖို႔ ခရီးထြက္ေလ့ ရွိၾကပါတယ္။ ဒီကြၽန္းစုရဲ႕ ရာသီဥတုကေတာ့ ၾကမ္းတမ္းပါတယ္။ အလြန္အမင္း ေအးျခင္း၊ မိုးႀကီးျခင္းနဲ႔ ေလၾကမ္းျခင္းတို႔ေၾကာင့္ သြားေရာက္ လည္ပတ္ခြင့္ ပိတ္ပင္ထားတဲ့ ကြၽန္းလည္း ျဖစ္ပါတယ္။

(၃) Lascaux Caves

ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာရွိတဲ့ ဒီဂူကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၇၀၀၀ ေလာက္က နံရံေဆးေရးေတြ ရွိတဲ့ဂူ ျဖစ္ပါတယ္။ ဒီဂူကို ၁၉၄၀ ခုႏွစ္ေလာက္က ေတြ႕ရွိခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးအဖြဲ႕ UNESCO က ထိန္းသိမ္းထားပါတယ္။ ဒီဂူမွာ ရွိတဲ့ နံရံေဆးေရးေတြဟာ အရမ္းေစာလြန္းတာေၾကာင့္ တေျဖးေျဖး မႈန္ဝါးၿပီး မႈိတက္စ ျပဳေနပါၿပီ။ ဒါေၾကာင့္ လာေရာက္လည္ပတ္သူေတြကို ဂူထဲ မဝင္ဖို႔ ကန႔္သတ္ထားၿပီး အဲဒီ ဂူအနီးက ဂူတခုမွာ ပုံတူေတြကို ျပသထားေပးပါတယ္။

(၄) North Sentinel Island

ဒီကြၽန္းကေတာ့ ထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ကြၽန္းျဖစ္ပါတယ္။ ဒီကြၽန္းမွာ ေနထိုင္သူေတြဟာ ျပင္ပေလာကနဲ႔ အဆက္အသြယ္ျဖတ္ၿပီး သီးသန္႔ေနထိုင္ၾကပါတယ္။၂၀၀၆ ခုႏွစ္ေလာက္မွာ ငါးဖမ္းသမားႏွစ္ဦးဟာ ဒီကြၽန္းကို အခြင့္ မရွိဘဲ ခ်ဥ္းကပ္လာတာေၾကာင့္ အသတ္ခံခဲ့ရပါတယ္။

(၅) Area 51

ဒီေနရာကိုေတာ့ သင္ၾကားဖူးေနက် ျဖစ္ေလာက္ပါတယ္။ ၿဂိဳလ္သားေတြ လာေရာက္ ဆင္းသက္မႈ ရွိတာကို အေမရိကန္အစိုးရက သတင္းအေမွာင္ ခ်ထားတဲ့ ေနရာလို႔ ေကာလာဟလေတြ ထြက္ရွိထားတဲ့ ေနရာလည္း ျဖစ္ပါတယ္။ အေမရိကန္အစိုးရကေတာ့ ၂၀၁၃ ခုႏွစ္အထိ ဒီ Area 51 ရွိတာကို ဝန္ခံျခင္း မရွိခဲ့ပါဘူး။ ဒီေနရာကို ၿဂိဳလ္တုေတြက ဖမ္းယူၾကည့္ရႈရင္လည္း မျမင္ရေအာင္ အေမရိကန္အစိုးရက ပိတ္ပင္ထားပါတယ္။ အစိုးရဟာ Area 51 ရဲ႕ အနားကို ကားေတာင္ ပတ္ၿပီး မေမာင္းဖို႔ အမိန႔္ထုတ္ထားပါတယ္။

Ref; mmn.com

Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition

https://burma.irrawaddy.com/lifestyle/travel/2018/09/16/169947.html

(Unicode)

ကမ္ဘာတဝှမ်းမှာ “လည်ပတ်ခွင့် မရှိ” လို့ ကန့်သတ်ထားတဲ့ နယ်မြေများ

လည်ပတ်စရာ နေရာတွေကို အမြဲ ဖော်ပြနေလို့ ဒီတခါမှာ မလည်ရလို့ သတ်မှတ်ထားတဲ့ နေရာတွေကို ဖော်ပြပေးချင်ပါတယ်။ စိတ်ဝင်စားစရာတွေ ရှိနေပေမယ့် အစိုးရရဲ့ လျှို့ဝှက်ချက်တွေရှိလို့၊ အန္တရာယ်များလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် သွားလည်ဖို့ ပိတ်ပင်ထားတဲ့ ကန့်သတ်နယ်မြေတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) မြွေကျွန်း (ဘရာဇီး)

ဘရာဇီးနိုင်ငံမှာ ရှိတဲ့ “Ilha da Queimada Grande” ဆိုတဲ့ ကျွန်းကို အများစုကတော့ မြွေကျွန်းလို့ သိကြပါတယ်။ ဒီကျွန်းဟာ ဧက ၁၁၀ သာ ကျယ်ဝန်းပေမယ့် အဆိပ်ပြင်းတဲ့ မြွေမျိုးစိတ်ပေါင်း ၄၀၀၀ ကျော် နေထိုင်ပါတယ်။ ဒီကျွန်းကမြွေတွေဟာ အဆိပ်ပြင်းလွန်းလို့ ကျွန်းပေါ်ခြေချပြီး တနာရီအတွင်း သင့်အသက်ကို ဆုံးရှုံးနိုင်တယ်လို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။ ဒီကျွန်းမှာ မြွေသာရှိပြီး အခြား နို့တိုက် သတ္တဝါ တကောင် တလေတောင် မရှိဘူးလို့ သိရပါတယ်။

(၂) Heard Island (Australia)

Heard Island နဲ့ McDonald Island ကို HIMI လို့ အတိုကောက် ခေါ်ကြပါတယ်။ ဒီကျွန်းစုဟာ အိန္ဒိယသမုဒ္ဒရာ ကျွန်းစု စာရင်းမှာ ပါဝင်တဲ့ ကမ္ဘာအပယ်ခံ ကျွန်းစု ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီကျွန်းစုကို တောရိုင်းတိရစ္ဆာန်လေ့လာဖို့ ခရီးထွက်လေ့ ရှိကြပါတယ်။ ဒီကျွန်းစုရဲ့ ရာသီဥတုကတော့ ကြမ်းတမ်းပါတယ်။ အလွန်အမင်း အေးခြင်း၊ မိုးကြီးခြင်းနဲ့ လေကြမ်းခြင်းတို့ကြောင့် သွားရောက် လည်ပတ်ခွင့် ပိတ်ပင်ထားတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။

(၃) Lascaux Caves

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ ဒီဂူကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀၀ လောက်က နံရံဆေးရေးတွေ ရှိတဲ့ဂူ ဖြစ်ပါတယ်။ ဒီဂူကို ၁၉၄၀ ခုနှစ်လောက်က တွေ့ရှိခဲ့ပြီး ယခုအချိန်မှာတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ UNESCO က ထိန်းသိမ်းထားပါတယ်။ ဒီဂူမှာ ရှိတဲ့ နံရံဆေးရေးတွေဟာ အရမ်းစောလွန်းတာကြောင့် တဖြေးဖြေး မှုန်ဝါးပြီး မှိုတက်စ ပြုနေပါပြီ။ ဒါကြောင့် လာရောက်လည်ပတ်သူတွေကို ဂူထဲ မဝင်ဖို့ ကန့်သတ်ထားပြီး အဲဒီ ဂူအနီးက ဂူတခုမှာ ပုံတူတွေကို ပြသထားပေးပါတယ်။

(၄) North Sentinel Island

ဒီကျွန်းကတော့ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာ နေထိုင်သူတွေဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးသန့်နေထိုင်ကြပါတယ်။၂၀၀၆ ခုနှစ်လောက်မှာ ငါးဖမ်းသမားနှစ်ဦးဟာ ဒီကျွန်းကို အခွင့် မရှိဘဲ ချဉ်းကပ်လာတာကြောင့် အသတ်ခံခဲ့ရပါတယ်။

(၅) Area 51

ဒီနေရာကိုတော့ သင်ကြားဖူးနေကျ ဖြစ်လောက်ပါတယ်။ ဂြိုလ်သားတွေ လာရောက် ဆင်းသက်မှု ရှိတာကို အမေရိကန်အစိုးရက သတင်းအမှောင် ချထားတဲ့ နေရာလို့ ကောလာဟလတွေ ထွက်ရှိထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ ၂၀၁၃ ခုနှစ်အထိ ဒီ Area 51 ရှိတာကို ဝန်ခံခြင်း မရှိခဲ့ပါဘူး။ ဒီနေရာကို ဂြိုလ်တုတွေက ဖမ်းယူကြည့်ရှုရင်လည်း မမြင်ရအောင် အမေရိကန်အစိုးရက ပိတ်ပင်ထားပါတယ်။ အစိုးရဟာ Area 51 ရဲ့ အနားကို ကားတောင် ပတ်ပြီး မမောင်းဖို့ အမိန့်ထုတ်ထားပါတယ်။

Ref; mmn.com

Credit – ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

https://burma.irrawaddy.com/lifestyle/travel/2018/09/16/169947.html

Leave a Reply

Your email address will not be published. Required fields are marked *