ဗဟုတုသ

နိုင်ငံခြားကို ပထမဆုံးအကြိမ် ခရီးသွားရင် ကြိုတင်ပြင်ဆင်ရမယ့် အချက် ၅ ချက်

(Zawgyi)

ႏိုင္ငံျခားကို ပထမဆုံးအႀကိမ္ခရီးသြားရင္ ႀကိဳတင္ျပင္ဆင္ရမယ့္ အခ်က္ ၅ ခ်က္

သင္ဟာ ျပည္တြင္းခရီးသြားျခင္းကို ၿငီးေငြ႕ၿပီး ႏိုင္ငံျခားခရီးကို စတင္သြားေတာ့မယ္ဆိုရင္ ႀကိဳတင္ျပင္ဆင္ထားရမွာေတြ ရွိပါတယ္။ ကိုယ့္ေနရပ္မဟုတ္တဲ့ ႏိုင္ငံကိုသြားမွာ ျဖစ္လို႔ မတူညီတဲ့စ႐ိုက္ေတြ မတူညီတဲ့ ယဥ္ေက်းမႈေတြနဲ႔ အံဝင္ဂြင္က် ျဖစ္ေစဖို႔ ႏိုင္ငံရပ္ျခားကို ပထမဆုံးအႀကိမ္အျဖစ္ ခရီးသြားမယ့္သူေတြ ျပင္ဆင္ထားရမယ့္ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) လုံၿခဳံေရး

ႏိုင္ငံျခားကို သြားဖို႔အတြက္ ပထမဆုံးလိုအပ္တဲ့ အရာကေတာ့ Passport ပဲ ျဖစ္ပါတယ္။ သင့္ Passport ကို မူရင္းသာမက မိတၱဴပါကူးၿပီး ယူသြားဖို႔ အႀကံေပးခ်င္ပါတယ္။ မေတာ္တဆ သင့္ရဲ႕ Passport ေပ်ာက္သြားသည္ရွိေသာ္ သင့္ရဲ႕ေနထိုင္မႈကို ဒုကၡမျဖစ္ေစဖို႔ မိတၱဴကူးထားတဲ့ Passport ေဆာင္သြားတာအဆင္ေျပပါလိမ့္မယ္။

ဒါ့အျပင္ ေနာက္ထပ္မိတၱဴကို သင္ယုံၾကည္ရတဲ့ သူတေယာက္ေယာက္ဆီမွာ ထပ္မံ အပ္ႏွံထားသင့္ပါေသးတယ္။ တကယ္လို႔မွ သင္စိတ္ခ်ရတဲ့သူမရွိဘူးဆိုရင္ Electronics Copy ကူးၿပီး သင့္ဖုန္းထဲမွာ ထပ္မံသိမ္းဆည္းထားသင့္ပါတယ္။ သင္သြားမယ့္ ႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးကိုလည္း သြားေရာက္သတင္းပို႔ထားရပါမယ္။ ဒါမွသာ သင္လည္ပတ္ေနတဲ့ ႏိုင္ငံမွာ ျပႆနာ တစုံတရာရွိလာရင္ သင့္ကိုသံ႐ုံးဖက္က ေျဖရွင္းေပးႏိုင္မွာျဖစ္ပါတယ္။

(၂) က်န္းမာေရး

သင့္က်န္းမာေရးအတြက္ လိုအပ္တာေတြ အားလုံးကို စစ္ေဆးသြားပါ။ ထိုးဖို႔လိုအပ္တဲ့ ကာကြယ္ေဆးေတြ ထိုးထားေၾကာင္းကို ေသခ်ာေအာင္ျပဳလုပ္ရပါမယ္။ ေနာက္ၿပီး ႏိုင္ငံျခားသြားတဲ့သူေတြလုပ္ဖို႔ လိုအပ္တဲ့ အသက္အာမခံ စတာေတြကို ေသခ်ာစြာလုပ္ထားဖို႔ လိုအပ္ပါတယ္။

သင္ေသာက္ေနက် ေဆးေတြရွိတယ္ဆိုရင္ သင္သြားမယ့္ ႏိုင္ငံမွာ ရွိတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရ အကိုက္အခဲ ေပ်ာက္ေဆးစတာေတြကို သတ္မွတ္ အေရအတြက္ထက္ ပိုၿပီးပါမသြားေအာင္ စုံစမ္းဖို႔လည္း လိုပါေသးတယ္။

(၃) ေငြေၾကး

သင္သြားမယ့္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးကြာဟမႈေတြကို ႀကိဳတင္ေလ့လာသြားဖို႔ လိုပါတယ္။ ဥပမာ- အေနာက္ႏိုင္ငံေတြက ေငြေၾကးဟာ ျမန္မာႏိုင္ငံထက္ ပိုျမင့္ေပမယ့္ အာရွက တခ်ိဳ႕ႏိုင္ငံေတြရဲ႕ ေငြေၾကးေဈးက ျမန္မာႏိုင္ငံထက္ ပိုၿပီး နိမ့္တယ္ဆိုတာ သိထားဖို႔လိုပါတယ္။

သင္ ယူသြားမယ့္ Credit Card က သင္လည္ပတ္မယ့္ႏိုင္ငံမွာ အလုပ္လုပ္ရဲ႕လားဆိုတာကိုလည္း စုံစမ္းဖို႔ မေမ့ပါနဲ႔။ အေရးအႀကီးဆုံးကေတာ့ သင္သြားမယ့္ႏိုင္ငံရဲ႕ ေငြေၾကးကို လက္မွာ ကိုင္ေဆာင္ထားဖို႔ပါပဲ။ Credit Card နဲ႔ တခ်ိန္လုံး ေငြရွင္းလို႔ မရတာကို သိထားဖို႔ လိုပါတယ္။

(၄) လွ်ပ္စစ္ပစၥည္းအတြက္ ျပင္ဆင္စရာမ်ား

သင္သြားမယ့္ ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံက အသုံးျပဳတဲ့ ဖုန္းအားသြင္းဖို႔ ပလပ္ေခါင္းေတြ၊ Voltage ေတြ မတူတာေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္ သြားမယ္ဆိုရင္ သင့္အားသြင္းႀကိဳးစတာေတြက ႏိုင္ငံတကာ စံၫႊန္းနဲ႔ ကိုက္ညီတဲ့ ပစၥည္းေတြျဖစ္ဖို႔ ျပင္ဆင္သြားရပါမယ္။ တခါတရံမွာ သင္ယူလာတဲ့ ပစၥည္းကို အားသြင္းဖို႔အတြက္ သင္သြားေရာက္မယ့္ ႏိုင္ငံရဲ႕ Voltage မႏိုင္တာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္ဖို႔ အႀကံေပးခ်င္ပါတယ္။

(၅) အထုတ္အပိုးျပင္ျခင္း

သင့္ Luggageထဲမွာ ထည့္မယ့္ အဝတ္ေတြအျပင္ သင္ထသြားထလာ သယ္သြားမယ့္ ေက်ာပိုးအိတ္၊ လက္ကိုင္အိတ္စတဲ့ အိတ္ေတြမွာ အဝတ္အပိုေတြ ထည့္သြားဖို႔ အရမ္းအေရးႀကီးပါတယ္။ ဒါမွသာ မေတာ္တဆ Luggage က ေလယာဥ္ကြင္းကို ေရာက္ဖို႔ ၾကာေနတာ ျဖစ္ျဖစ္၊ ေပ်ာက္သြားတာ ျဖစ္ျဖစ္ တခုခုျဖစ္ခဲ့ရင္ သင့္မွာ အသင့္ဝတ္စရာ ရွိေနမွာပါ။

ေလေၾကာင္းလိုင္းေတြဟာ သင္သယ္ေဆာင္လာတဲ့ အိတ္ေတြကို စစ္ေဆးပုံေတြ မတူပါဘူး။ ဒါေၾကာင့္ သင္သြားမယ့္ ေလေၾကာင္းလိုင္းရဲ႕ စစ္ေဆးပုံေတြကို သိထားဖို႔ လိုပါတယ္။

ေနာက္ဆုံးတခုကေတာ့ သင္ႀကိဳက္တဲ့ မုန႔္ေတြ ယူသြားဖို႔ပါပဲ။ သင္သြားမယ့္ႏိုင္ငံရဲ႕ အစားအေသာက္ကို သင္ႀကိဳက္မယ္၊ မႀကိဳက္ဘူးဆိုတာ ႀကိဳၿပီးမသိႏိုင္ပါဘူး။ ဒါေၾကာင့္ ႏိုင္ငံရပ္ျခားမွာ ဗိုက္ေဟာင္းေလာင္းမျဖစ္ေစဖို႔ သင္စားေနက် မုန႔္ေတြ ေဆာင္သြားဖို႔ အႀကံျပဳခ်င္ပါတယ္။

Ref;travelzoo.com

Credit – ေရဗန္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

နိုင်ငံခြားကို ပထမဆုံးအကြိမ်ခရီးသွားရင် ကြိုတင်ပြင်ဆင်ရမယ့် အချက် ၅ ချက်

သင်ဟာ ပြည်တွင်းခရီးသွားခြင်းကို ငြီးငွေ့ပြီး နိုင်ငံခြားခရီးကို စတင်သွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။ ကိုယ့်နေရပ်မဟုတ်တဲ့ နိုင်ငံကိုသွားမှာ ဖြစ်လို့ မတူညီတဲ့စရိုက်တွေ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်စေဖို့ နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ်အဖြစ် ခရီးသွားမယ့်သူတွေ ပြင်ဆင်ထားရမယ့် အချက်တွေကို ဖော်ပြပေးချင် ပါတယ်။

(၁) လုံခြုံရေး

နိုင်ငံခြားကို သွားဖို့အတွက် ပထမဆုံးလိုအပ်တဲ့ အရာကတော့ Passport ပဲ ဖြစ်ပါတယ်။ သင့် Passport ကို မူရင်းသာမက မိတ္တူပါကူးပြီး ယူသွားဖို့ အကြံပေးချင်ပါတယ်။ မတော်တဆ သင့်ရဲ့ Passport ပျောက်သွားသည်ရှိသော် သင့်ရဲ့နေထိုင်မှုကို ဒုက္ခမဖြစ်စေဖို့ မိတ္တူကူးထားတဲ့ Passport ဆောင်သွားတာအဆင်ပြေပါလိမ့်မယ်။

ဒါ့အပြင် နောက်ထပ်မိတ္တူကို သင်ယုံကြည်ရတဲ့ သူတယောက်ယောက်ဆီမှာ ထပ်မံ အပ်နှံထားသင့်ပါသေးတယ်။ တကယ်လို့မှ သင်စိတ်ချရတဲ့သူမရှိဘူးဆိုရင် Eletronics Copy ကူးပြီး သင့်ဖုန်းထဲမှာ ထပ်မံသိမ်းဆည်းထားသင့်ပါတယ်။ သင်သွားမယ့် နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုလည်း သွားရောက်သတင်းပို့ထားရပါမယ်။ ဒါမှသာ သင်လည်ပတ်နေတဲ့ နိုင်ငံမှာ ပြဿနာ တစုံတရာရှိလာရင် သင့်ကိုသံရုံးဖက်က ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

(၂) ကျန်းမာရေး

သင့်ကျန်းမာရေးအတွက် လိုအပ်တာတွေ အားလုံးကို စစ်ဆေးသွားပါ။ ထိုးဖို့လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထား ကြောင်းကို သေချာအောင်ပြုလုပ်ရပါမယ်။ နောက်ပြီး နိုင်ငံခြားသွားတဲ့သူတွေလုပ်ဖို့ လိုအပ်တဲ့ အသက်အာမခံ စတာ တွေကို သေချာစွာလုပ်ထားဖို့ လိုအပ်ပါတယ်။

သင်သောက်နေကျ ဆေးတွေရှိတယ်ဆိုရင် သင်သွားမယ့် နိုင်ငံမှာ ရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အကိုက်အခဲ ပျောက်ဆေးစတာတွေကို သတ်မှတ် အရေအတွက်ထက် ပိုပြီးပါမသွားအောင် စုံစမ်းဖို့လည်း လိုပါသေးတယ်။

(၃) ငွေကြေး

သင်သွားမယ့်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးကွာဟမှုတွေကို ကြိုတင်လေ့လာသွားဖို့ လိုပါတယ်။ ဥပမာ အနောက်နိုင်ငံ တွေက ငွေကြေးဟာ မြန်မာနိုင်ငံထက် ပိုမြင့်ပေမယ့် အာရှက တချို့နိုင်ငံတွေရဲ့ ငွေကြေးဈေးက မြန်မာနိုင်ငံထက် ပိုပြီး နိမ့်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

သင် ယူသွားမယ့် Credit Card က သင်လည်ပတ်မယ့်နိုင်ငံမှာ အလုပ်လုပ်ရဲ့လားဆိုတာကိုလည်း စုံစမ်းဖို့ မမေ့ပါနဲ့။ အရေးအကြီးဆုံးကတော့ သင်သွားမယ့်နိုင်ငံရဲ့ ငွေကြေးကို လက်မှာ ကိုင်ဆောင်ထားဖို့ပါပဲ။ Credit Card နဲ့ တချိန်လုံး ငွေရှင်းလို့ မရတာကို သိထားဖို့ လိုပါတယ်။

(၄) လျှပ်စစ်ပစ္စည်းအတွက် ပြင်ဆင်စရာများ

သင်သွားမယ့် နိုင်ငံနဲ့ မြန်မာနိုင်ငံက အသုံးပြုတဲ့ ဖုန်းအားသွင်းဖို့ ပလပ်ခေါင်းတွေ၊Voltage တွေ မတူတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သွားမယ်ဆိုရင် သင့်အားသွင်းကြိုးစတာတွေက နိုင်ငံတကာ စံညွှန်းနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေဖြစ်ဖို့ ပြင်ဆင်သွားရပါမယ်။ တခါတရံမှာ သင်ယူလာတဲ့ ပစ္စည်းကို အားသွင်းဖို့အတွက် သင်သွားရောက်မယ့် နိုင်ငံရဲ့ Voltage မနိုင်တာတွေ ဖြစ်တတ်လို့ ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။

(၅) အထုတ်အပိုးပြင်ခြင်း

သင့် Luggage ထဲမှာ ထည့်မယ့် အဝတ်တွေအပြင် သင်ထသွားထလာ သယ်သွားမယ့် ကျောပိုးအိတ်၊လက်ကိုင်အိတ် စတဲ့ အိတ်တွေမှာ အဝတ်အပိုတွေ ထည့်သွားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ မတော်တဆ Luggage က လေယာဉ်ကွင်းကို ရောက်ဖို့ ကြာနေတာ ဖြစ်ဖြစ်၊ပျောက်သွားတာ ဖြစ်ဖြစ် တခုခုဖြစ်ခဲ့ရင် သင့်မှာ အသင့်ဝတ်စရာ ရှိနေမှာပါ။

လေကြောင်းလိုင်းတွေဟာ သင်သယ်ဆောင်လာတဲ့ အိတ်တွေကို စစ်ဆေးပုံတွေ မတူပါဘူး။ ဒါကြောင့် သင်သွားမယ့် လေကြောင်းလိုင်းရဲ့ စစ်ဆေးပုံတွေကို သိထားဖို့ လိုပါတယ်။

နောက်ဆုံးတခုကတော့ သင်ကြိုက်တဲ့ မုန့်တွေ ယူသွားဖို့ပါပဲ။ သင်သွားမယ့်နိုင်ငံရဲ့ အစားအသောက်ကို သင်ကြိုက်မယ် ၊မကြိုက်ဘူးဆိုတာ ကြိုပြီးမသိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ဗိုက်ဟောင်းလောင်းမဖြစ်စေဖို့ သင်စားနေကျ မုန့်တွေ ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။

Ref;travelzoo.com

Credit – ရေဗန်(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *