ဗဟုတုသ

ေဆာင္းရာသီမွာ ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲျခင္းအတြက္ နည္းလမ္းေကာင္း ၅ ခု

(Zawgyi)

ေဆာင္းရာသီမွာ ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲျခင္းအတြက္ နည္းလမ္းေကာင္း ၅ ခု

ေဆာင္းရာသီမွာ အမ်ားဆုံးျဖစ္တတ္တဲ့ အေရျပားဆိုင္ရာ ျပႆနာေတြထဲမွာ ႏႈတ္ခမ္းသား ေျခာက္ေသြ႕ အက္ကြဲတာကလည္း စိတ္အေႏွာင့္အယွက္ ျဖစ္စရာ တခုပဲ ျဖစ္ပါတယ္။ ႏႈတ္ခမ္းသားေတြ ေျခာက္ေသြ႕အက္ကြဲလို႔ ႀကံရာမရ ျဖစ္ေနတဲ့ ပ်ိဳေမေတြအတြက္ အခု ေဖာ္ျပေပးမယ့္ နည္းလမ္းေတြက အသုံးတည့္ေစမွာပါ။

(၁) သခြားသီး

မ်က္ႏွာေပါင္းတင္တဲ့အခါ အသုံးျပဳၾကတဲ့ သခြားသီးစိတ္ေလးေတြကို ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲတဲ့ အခါမ်ိဳးမွာ အသုံးျပဳနိုင္ပါတယ္။ ႏႈတ္ခမ္းေပၚမွာ သခြားသီးစိတ္ေလးေတြ ကပ္ထားေပး႐ုံနဲ႕ ေရဓာတ္ကို ျပန္လည္ ျဖည့္တင္းေပးၿပီး စိုျပည္ေခ်ာေမြ႕ေစမွာ ျဖစ္ပါတယ္။

(၂) အုန္းဆီ

အိမ္တိုင္းအိမ္တိုင္းမွာ အလြယ္တကူ ရွိၾကတဲ့ အုန္းဆီဟာဆိုရင္လည္း ႏႈတ္ခမ္းသားေျခာက္ေသြ႕ အက္ကြဲျခင္းေတြအတြက္ အေကာင္းဆုံး သဘာဝပစၥည္းတမ်ိဳးပဲ ျဖစ္ပါတယ္။ ညအိပ္ရာဝင္တိုင္း အုန္းဆီကို ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးျခင္း အားျဖင့္ ႏႈတ္ခမ္းသားေျခာက္ေသြ႕အက္ကြဲျခင္းကို သက္သာေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

(၃) ပ်ားရည္နဲ႔ သၾကား

ႏႈတ္ခမ္းသားေပၚက ေျခာက္ေသြ႕ေနတဲ့ အေရျပားအလႊာေလးကို ဖယ္ရွားေပးဖို႔အတြက္ ဒီနည္းလမ္းကလည္း အသုံးတည့္ေစပါတယ္။ ပ်ားရည္ အနည္းငယ္နဲ႕ သၾကား အနည္းငယ္တို႔ကို ေရာစပ္ကာ ႏႈတ္ခမ္းသားေပၚကို ဖြဖြေလး ပြတ္တိုက္ေပးျခင္းအားျဖင့္ ႏႈတ္ခမ္းသားကို ျပန္လည္ စိုျပည္ေစမွာပါ။

(၄) သံလြင္ဆီ

သံလြင္ဆီဟာဆိုရင္လည္း သဘာဝအစိုဓာတ္ ျဖည့္ဆီတမ်ိဳး ျဖစ္တာေၾကာင့္ ႏႈတ္ခမ္းသားေျခာက္ေသြ႕အက္ကြဲတဲ့အခါ သုတ္လိမ္းေပး႐ုံနဲ႕ သက္သာေစပါတယ္။

(၅) Tea Bags

လက္ဖက္ရည္ၾကမ္း ေသာက္ၿပီးတဲ့အခါ က်န္ခဲ့တဲ့ လက္ဖက္ေျခာက္ထုပ္ (Tea bags) ေလးေတြကို ေျခာက္ေသြ႕ အက္ကြဲေနတဲ့ ႏႈတ္ခမ္းသားေပၚ ကပ္ေပးျခင္းအားျဖင့္လည္း ႏႈတ္ခမ္း အစိုဓာတ္ကို ျပန္လည္ ရရွိေစပါတယ္။

By ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းအတွက် နည်းလမ်းကောင်း ၅ ခု

ဆောင်းရာသီမှာ အများဆုံးဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက် အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။

(၁) သခွားသီး

မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီးစိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းပေါ်မှာ သခွားသီးစိတ်လေးတွေ ကပ်ထားပေးရုံနဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ ဖြစ်ပါတယ်။

(၂) အုန်းဆီ

အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ ရှိကြတဲ့ အုန်းဆီဟာဆိုရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲခြင်းတွေအတွက် အကောင်းဆုံး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ညအိပ်ရာဝင်တိုင်း အုန်းဆီကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးခြင်း အားဖြင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၃) ပျားရည်နဲ့ သကြား

နှုတ်ခမ်းသားပေါ်က ခြောက်သွေ့နေတဲ့ အရေပြားအလွှာလေးကို ဖယ်ရှားပေးဖို့အတွက် ဒီနည်းလမ်းကလည်း အသုံးတည့်စေပါတယ်။ ပျားရည် အနည်းငယ်နဲ့ သကြား အနည်းငယ်တို့ကို ရောစပ်ကာ နှုတ်ခမ်းသားပေါ်ကို ဖွဖွလေး ပွတ်တိုက်ပေးခြင်းအားဖြင့် နှုတ်ခမ်းသားကို ပြန်လည် စိုပြည်စေမှာပါ။

(၄) သံလွင်ဆီ

သံလွင်ဆီဟာဆိုရင်လည်း သဘာဝအစိုဓာတ် ဖြည့်ဆီတမျိုး ဖြစ်တာကြောင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲတဲ့အခါ သုတ်လိမ်းပေးရုံနဲ့ သက်သာစေပါတယ်။

(၅) Tea Bags

လက်ဖက်ရည်ကြမ်း သောက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ လက်ဖက်ခြောက်ထုပ် (Tea bags) လေးတွေကို ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းသားပေါ် ကပ်ပေးခြင်းအားဖြင့်လည်း နှုတ်ခမ်း အစိုဓာတ်ကို ပြန်လည် ရရှိစေပါတယ်။

By ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *