ဗဟုတုသ

ဆြမ္းကပ္ရာမွာ လူတိုင္း သိထားသင့္တဲ့ သိမွတ္စရာမ်ား

(Zawgyi)

ဆြမ္းကပ္ရာမွာ လူတိုင္း သိထားသင့္တဲ့ သိမွတ္စရာမ်ား

ၿမိဳ႕႐ြာထဲကို ဆြမ္းဘုဥ္းေပးႂကြတဲ့အခါတိုင္း “သံဃာေတြကို ကပ္ထားတဲ့စားပြဲကို သြားမကိုင္နဲ႔-မထိနဲ႔” လို႔ ဒကာ-ဒကာမေတြက တျခားသူေတြကို တားျမစ္တဲ့စကားကို အၿမဲလိုလို ၾကားရပါတယ္။ သံဃာေတာ္ေတြကို ဆက္ကပ္ထားတဲ့စားပြဲကို ထိမိရင္ အကပ္ခံပ်က္သြားတယ္လို႔ ထင္လို႔ ေျပာေနတဲ့စကားပါ။ သံဃာေတာ္ေတြကို ဆြမ္းကပ္တဲ့အခါမွာ ဆြမ္း၊ ဆြမ္းဟင္းပုဂံ၊ စားပြဲနဲ႔ အျခားအကပ္ခံထားတဲ့ ပစၥည္းေတြကို ဒကာ၊ ဒကာမေတြက မထိရဘူး၊ သြားထိလို႔ရွိရင္ ကပ္ထားတာပ်က္လို႔ သံဃာေတာ္ေတြက မဘုဥ္းေပး မသုံးေဆာင္ေကာင္းဘူးလို႔ အထင္ရွိေနၾကပါတယ္။

တခ်ိဳ႕ဆိုရင္ ဆြမ္းဟင္းလိုက္ရင္ေတာင္ အကပ္ခံပ်က္သြားတယ္ထင္ၿပီး ထပ္ခါထပ္ခါ ကပ္တာေတာင္ ႀကဳံဖူးပါတယ္။တကယ္ေတာ့ ဒကာ၊ ဒကာမေတြက သံဃာေတာ္ေတြကို ဆက္ကပ္ထားတဲ့ ပစၥည္းဝတၳဳအစုစုဟာ တစ္ေယာက္ေယာက္က ထိ႐ုံ၊ ကိုင္တြယ္႐ုံနဲ႔ ကပ္ထားတဲ့အာနိသင္ ပ်က္မသြားပါဘူး။ သံဃာေတာ္ေတြကို ပစၥည္းဝတၳဳ အစုစုဆက္ကပ္တဲ့အခါမွာ “အကပ္ခံေျမာက္တဲ့အဂၤါ နဲ႔ အကပ္ခံပ်က္တဲ့ အဂၤါေတြ အသီးသီးရွိၾကပါတယ္” အကပ္ခံေျမာက္တဲ့ အဂၤါက (၅)ပါးရွိၿပီး၊ အကပ္ခံပ်က္တဲ့ အဂၤါက (၆)ပါးရွိပါတယ္။ ရဟန္းေတာ္မ်ားဟာ မိမိပိုင္ ပစၥည္းကို ျဖစ္ေစ၊ သူတစ္ပါးပိုင္ ပစၥည္းကို ျဖစ္ေစ လူ, သာမေဏ, တိရစာၦန္ တစ္ဦးဦးက ဆက္ကပ္မွသာ ဘုဥ္းေပးသုံးေဆာင္ ေကာင္းပါတယ္။ အကပ္မခံဘဲနဲ႔ကိုယ္ပိုင္ပစၥည္းေကာ တပါးသူပိုင္ပစၥည္းပါ မသုံးေဆာင္ေကာင္းပါဘူး။ ေရနဲ႔ဒန္ပူ အခုေခတ္အေခၚ သြားတိုက္တံ(၂)ခုသာ ခြၽင္းခ်က္အေနနဲ႔ အကပ္မခံဘဲ သုံးေဆာင္မွီဝဲေကာင္းပါတယ္။ တျခားအရာေတြကေတာ့ အကပ္ခံၿပီးမွသာ သုံးေဆာင္ေကာင္းပါတယ္။ ရွင္သာမေဏမ်ား အေနနဲ႔ကေတာ့ ဘယ္ဝတၳဳပစၥည္းမဆို အကပ္ခံစရာ မလိုအပ္ဘဲ ဘုဥ္းေပးႏိုင္ သုံးေဆာင္ႏိုင္ပါတယ္။ ဗုဒၶဘာသာဝင္ ဒကာ၊ ဒကာမမ်ားအေနနဲ႔ အကပ္ခံေျမာက္တဲ့အဂၤါနဲ႔ အကပ္ခံပ်က္တဲ့အဂၤါေတြကို မျဖစ္မေန သိထားသင့္ပါတယ္။ အကပ္ခံေျမာက္တဲ့အဂၤါက (၅)ပါးရွိပါတယ္-

(၁) ကပ္မည့္ ကပၸိယကာရက ဒကာ၊ ဒကာမသည္ သံဃာေတာ္ကို ကပ္လႈမည့္ ပစၥည္းဝတၳဳကို ဦးစြာေရွးရႈ ယူေဆာင္၍ လာရပါမယ္။ ၿပီးလွ်င္ ကပ္လႈမည့္ပစၥည္းကို လက္ျဖင့္ ေရွ႕တိုးေပးကာ ဆက္ကပ္လႈဒါန္းရမွာ ျဖစ္ပါတယ္။ ဦးေခါင္း စသည္ျဖင့္ ႐ြက္ထားေသာ လႉဖြယ္ကို လႉဒါန္းလိုက ဦးေခါင္း အနည္းငယ္ ေစာင္းေပး၍ ဆက္ကပ္လႉဒါန္းရပါမယ္။

(၂) အလႉခံ သံဃာေတာ္ႏွင့္ လႉဒါန္းဆက္ကပ္သည့္ ဒကာ၊ ဒကာမဟာ အကြာအေဝးအားျဖင့္ ႏွစ္ေတာင္တစ္ထြ ာဟတၱဘသ္ (၄၅-လက္မ) အတြင္း ရွိရပါမယ္။

(၃) သာမာန္ အင္အားရွိသူ တစ္ေယာက္ ေျမႇာက္ခ်ီမ,ႏိုင္ေသာ ဝတၳဳပစၥည္း ျဖစ္ရပါမယ္။ စားပြဲခုံ အႀကီးႀကီးမ်ားျဖင့္ ဆက္ကပ္ရာမွာ အလြန္ေလးလံ၍ မႂကြႏိုင္လွ်င္ ဟင္းခြက္မ်ားကို တစ္ခြက္ခ်င္း ဆက္ကပ္ရမွာ ျဖစ္ပါတယ္။ တစ္ခြက္ခ်င္း အကပ္ခံၿပီးေသာအခါ မိသားစုအားလုံး (သို႔) အဖြဲ႕ျဖင့္ ကပ္လိုပါက စားပြဲခုံႀကီးကို ညီညာစြာမ,ၿပီး ထပ္မံကပ္ႏိုင္သည္။ စားပြဲလိုက္ ဆက္ကပ္ရာမွာ စားပြဲႂကြႏိုင္လွ်င္ကား စားပြဲလိုက္မကပ္ႏိုင္ပါတယ္။

(၄) ဆက္ကပ္သူဒကာ-ဒကာမႏွင့္ အကပ္ခံသူ သံဃာေတာ္သည္ ႏွစ္ေတာင့္တစ္ထြာ ဟတၱဘသ္အကြာအေဝးအတြင္းတည္းရွိၿပီး ၾကားတြင္ နံရံ၊ တံတိုင္းစသည္ျခားေန၍ ကိုယ္ထိလက္ေရာက္ ကပ္လႉရန္ လုံးဝမျဖစ္ႏိုင္သည့္ အေျခအေနမ်ိဳးတြင္ ပစ္ေျမႇာက္၍ ဆက္ကပ္ႏိုင္ပါတယ္။ သို႔ေသာ္ ထို႔သို႔ေသာ ကပ္လႉနည္းမ်ိဳးသည္ လုံးဝမျဖစ္သာသည့္ အခါမွသာကပ္လႉခြင့္ရွိတာ ျဖစ္ပါတယ္။

(၅) ကိုယ္ရဲ႕အစိတ္အပိုင္း၊ လက္- စသည္ျဖင့္ ျဖစ္ေစ၊ ကိုယ္ႏွင့္ထိစပ္ေနေသာ ကိုင္ထား သည့္ ခြက္၊ တုတ္၊ ခုံ – စသည္ျဖင့္ ခံ၍၊ ထိ၍ ျဖစ္ေစ ထို(၂)မ်ိဳးတြင္ တစ္မ်ိဳးမ်ိဳးျဖင့္ အကပ္ခံေသာ ရဟန္းက ခံယူလို႔ရပါတယ္။ ႏွစ္ေတာင္တစ္ထြာအတြင္ တစုံတရာ လာကပ္ခဲ့ေသာ္ အကပ္ခံသည့္ သံဃာေတာ္အေနနဲ႔ လက္ထဲမွာ ေတာင္ေဝွး၊ ဒုတ္စသည္နဲ႔ တဆင့္ထိတို႔၍ အကပ္ခံလို႔ရပါတယ္။

အထက္ပါ အဂၤါ(၅)ခ်က္ကေတာ့ ဆြမ္းစသည္ ဝတၳဳပစၥည္း လႉဒါန္းဆက္ကပ္တဲ့အခါမွာ ျပည့္စုံရတဲ့ အဂၤါရပ္ေတြပဲ ျဖစ္ပါတယ္။ ထိုအဂၤါရပ္ေတြနဲ႔ ျပည့္စုံမွာသာ ဆက္ကပ္တဲ့ပစၥည္းဟာ အကပ္ခံေျမာက္ၿပီး သံဃာေတာ္မ်ားအေနနဲ႔ ဘုဥ္းေပးသုံးေဆာင္ေကာင္းတာ ျဖစ္ပါတယ္။

သံဃာေတာ္မ်ားအေနနဲ႔ အပင္ေပါက္ႏိုင္ေသာ အေစ့၊ အျမစ္၊ အဆစ္ပါေသာ သစ္သီး၊ သစ္ျမစ္မ်ားကို မဘုဥ္းေပးမသုံးေဆာင္အပ္ပါဘူး။ ကပၸိယကာရက ဒကာ၊ ဒကာမတို႔အေနနဲ႔ သံဃာေတာ္တို႔နဲ႔ အပ္စပ္ေအာင္ ကပၸိေပးရမွာျဖစ္ပါတယ္။ မ်ိဳးေစ့ ဗီဇဓါတ္ မေသတဲ့ အေစ့၊ အျမစ္၊ အဆစ္ကို ဓါးနဲ႔ျဖစ္ေစ၊ လက္သည္းနဲ႔ျဖစ္ေစ၊ မီးနဲ႔ျဖစ္ေစ ထိုးဆိတ္ေပးၿပီးမွ ကပ္ရမွာျဖစ္ပါတယ္။ အကယ္၍ ထိုးဆိတ္ၿပီး မကပၸိရေသးဘူးဆိုရင္ သံဃာေတာ္တို႔က ကပၸိယဒကာ၊ ဒကာမတို႔ကို “ကပၸိယံ ကေရာဟိ” (ရဟန္းေတာ္တို႔အား အပ္စပ္ေအာင္ ျပဳေလာ့) ဟု ဆိုၿပီးေနာက္ ကပၸိယတို႔က “ကပၸိယံ ဘေႏၲ” (အရွင္ဘုရားတို႔အား အပ္စပ္သည္ကို ျပဳပါ၏) ဟု ဆိုလွ်က္ ပါးစပ္က ဆိုတုန္းျဖစ္ေစ၊ ဆိုၿပီး ခ်က္ခ်င္းျဖစ္ေစ မီးျဖင့္ေသာ္လည္းထိုး၊ ဓားျဖင့္ေသာ္လည္းခုတ္၊ လက္သည္းျဖင့္ေသာ္လည္း ဆိတ္လိုက္ရမွာ ျဖစ္ပါတယ္။ ဓားရာ၊ လက္သည္းရာ၊ အေပါက္ရာ-အျဖစ္ ထင္ရွားျဖစ္လွ်င္ အပ္စပ္သြားၿပီ ျဖစ္ပါတယ္။

အကပ္ခံပ်က္တာေတြ အေနနဲ႔ကေတာ့ “စြန႔္, ခ်, ေပး, လု, မစၥဳ, လိင္ျပန္, ဤေျခာက္တန္၊ ကပ္ခံပ်က္ေၾကာင္းတည္း” ဆိုတဲ့လကၤာအတိုင္း အဂၤါ(၆)ပါး ရွိပါတယ္။

(၁) စြန႔္- ဆိုတာက အကပ္ခံထားတဲ့ ဆြမ္းစေသာ လႉဒါန္းဖြယ္ရာအျဖာျဖာတို႔ကို သံဃာေတာ္က မသုံးေဆာင္ မဘုဥ္းေပးေတာ့လို႔ အာလယျပတ္ စြန႔္လိုက္တာကို ဆိုလိုတာပါ။ ထိုသို႔စြန႔္လိုက္ၿပီဆိုရင္ သံဃာေတာ္တို႔အေနနဲ႔ သုံးေဆာင္ရန္မအပ္စပ္ေတာ့ပါဘူး။

(၂) ခ်- ဆိုသည္မွာ ရဟန္းဘဝမွ သိကၡာခ်လိုက္ၿပီး လူဝတ္လဲလိုက္တာကို ဆိုလိုတာပါ။ အကပ္ခံထားေသာ ရဟန္းဟာ သိကၡာခ်- လူထြက္သြားၿပီဆိုရင္ ထိုသံဃာအကပ္ခံထားေသာ ဆြမ္းစသည့္လႉဖြယ္ရာဟာ အလိုအေလ်ာက္ အကပ္ခံပ်က္သြားပါၿပီ။ က်န္သံဃာေတာ္တို႔အေနနဲ႔ ဘုဥ္းေပးသုံးေဆာင္လိုလွ်င္ ထပ္မံအကပ္ခံၿပီးမွသာ အပ္စပ္တာျဖစ္ပါတယ္။

(၃) ေပး- အကပ္ခံထားသည့္ လႉဖြယ္ဝတၳဳကို တစ္စံတစ္ေယာက္ကို ေပးလိုက္လွ်င္လည္း အကပ္ခံပ်က္ပါတယ္။ ထိုသို႔ေပးရာမွာ ႏႈတ္မွ ေပးလွ်င္ေပးခ်င္း အကပ္ခံ မပ်က္ေသးပါဘူး။ လက္ကလႊတ္လိုက္သည့္ အခါမွသာ အကပ္ခံပ်က္တာျဖစ္ပါတယ္။

(၄)လု- သံဃာေတာ္တို႔အား ကပ္လႉဒါန္းထားသည့္ လႉဖြယ္ပစၥည္းကို လူစသည့္ တစ္စုံတစ္ေယာက္က လုယူသြားလွ်င္လည္း အကပ္ခံပ်က္၍ ထိုပစၥည္းကို သံဃာေတာ္တို႔အေနနဲ႔ မသုံးေဆာင္အပ္ေတာ့ပါဘူး။

(၄) မစၥဳ- အကပ္ခံထားသည့္ သံဃာေတာ္ ျပန္လြန္ေတာ္မူလွ်င္လည္း ဘုဥ္းေပးဖို႔ မအပ္စပ္ေတာ့ပါဘူး၊ ကပ္ထားတဲ့အာနိသင္ ပ်က္ကြယ္သြားၿပီျဖစ္ပါတယ္။

(၅) လိင္ျပန္- အကပ္ခံထားသည့္ သံဃာသည္ ေယာက်ၤားလိင္အျဖစ္မွ မိန္မလိင္အျဖစ္သို႔ လိင္ေျပာင္း၊ လိင္ျပန္သြားလွ်င္လည္း ထိုလိင္ေျပာင္သူ အကပ္ခံထားသည့္ လႉဖြယ္ေဘာဇဥ္ကို မသုံးေဆာင္ မဘုဥ္းေပးေကာင္းေတာ့ပါဘူး။

ေရ-ဒန္ပူမွ လြဲ၍ အျခား သူတပါးပိုင္ မိမိပိုင္ မည့္သည့္သုံးေဆာင္ဖြယ္မဆို အကပ္မခံဘဲ ဘုဥ္းေပးလွ်င္ျဖစ္ေစ၊ အကပ္ခံပ်က္သည့္ ေဘာဇဥ္ကို ဘုဥ္းေပးသည္ျဖစ္ေစ ဘုဥ္းေပးသည့္ရဟန္းမွာ “ဒႏၲေပါဏ သိကၡာပုဒ္”အရ ပါစိတ္အာပတ္သင့္ပါတယ္။

သံဃာေတာ္မ်ားကို ဆြမ္းဆက္ကပ္ရာတြင္ အခ်ိဳ႕ဒကာ၊ ဒကာမတို႔ဟာ ေစတနာလြန္ကဲၿပီး သံဃာေတာ္မ်ားက “ျပည့္စုံၿပီ၊ ေတာ္ပါၿပီ” လို႔တားတဲ့ၾကားက ဆြမ္း၊ ဆြမ္းဟင္းတို႔ကို သဒၵါပိုကာ ဒီတဇြန္ေလးေတာ့ ထည့္ပါဦးဘုရား ဆိုၿပီး ထည့္ထပ္ေပးေလ့ရွိပါတယ္။ သံဃာေတာ္မ်ားအေနနဲ႔ “ျပည့္စုံၿပီး၊ ေတာ္ၿပီ၊ တန္ၿပီ” လို႔ေျပာၿပီးသား ေဘာဇဥ္ကို မဘုဥ္းေပးေကာင္းေတာ့ပါဘူး ဘုဥ္းေပးရင္ အာပတ္သင့္ပါတယ္။ ဒါ့ေၾကာင့္ ဆြမ္းဆက္ကပ္တဲ့အခါမွာ ဒကာ၊ ဒကာမတို႔အေနနဲ႔ သတိထားရမွာျဖစ္ပါတယ္။

ေနာက္ထပ္သတိထားစရာ အခ်က္ကေတာ့ “ဂိလာန သံဃာဆိုရင္ မြန္းလြဲခ်ိန္ေနာက္ပိုင္းမွာ ေဆးအမွတ္နဲ႔ ခဲဖြယ္ေဘာဇဥ္ကို ဆက္ကပ္ေကာင္း ဘုဥ္းေပးေကာင္းတယ္ဆိုတဲ့ အခ်က္ပါပဲ။ ေဆးအမွတ္နဲ႔ သေဘာထား ဘုဥ္းေပးလိုက္ဆိုၿပီး ေနလြဲကာလနဲ႔မအပ္စပ္သည့္ ခဲဖြယ္တို႔ကို ဆက္ကပ္ေလ့ ရွိၾကပါတယ္။

ဝိကာလေဘာဇနသိကၡာပုဒ္အရ ဂိလာနပုဂၢိဳလ္ဆိုၿပီး အားပတ္က ကင္းလြတ္ခြင့္ ေပးမထားပါဘူး။ သီလဝံသျဖစ္ေတာ္မူေသာ ေရွးဆရာေတာ္မေထရ္ႀကီးမ်ားမွာ ေဆးေသာက္ရန္အတြက္ပင္ ေန႔လြဲညစာမသုံးေဆာင္ဘဲ ေရာဂါဒဏ္ကို မငဲ့ကြက္ဘဲ သီလဝိသုဒၶိျဖစ္ရန္ က်င့္ေဆာင္ေတာ္မူခဲ့သည့္ ထုံးမ်ားကို သတိခ်ပ္သင့္ပါတယ္။

ဗုဒၶဘာသာဝင္မ်ားအေနနဲ႔ တေန႔မဟုတ္တေန႔မွာ သံဃာေတာ္အရွင္ျမတ္တို႔ကို ဆြမ္းဆက္ကပ္ျခင္းကို ဆက္ကပ္လႉဒါန္းၾကမွာျဖစ္ပါတယ္။ ဆြမ္းကပ္ရာမွာ အကပ္ခံအာနိသင္ပ်က္သြားလွ်င္လည္း ကပ္လႉသည့္၊ဒကာ၊ဒကာမတို႔မွာ အျပစ္မျဖစ္ပါဘူး၊ ကုသိုလ္ကေတာ့ ရၿမဲရပါတယ္။ ဒီလိုဆက္ကပ္တဲ့အခါမွာ နည္းစနစ္က်စြာ ဆက္ကပ္လႉၾကမွသာ သံဃာေတာ္အရွင္သူမ်ား အျပစ္အာပတ္လြတ္ကင္းၿပီး မွ်တခ်မ္းသာစြား ဘုဥ္းေပးသုံးေဆာင္၍ ဓူရႏွစ္ျဖာကို မပင္မပန္း ေဆာင္႐ြက္ႏိုင္မွာျဖစ္သလို မိမိတို႔ကိုယ္တိုင္လည္း အက်ိဳးတရားႀကီးမား၍ ေလာကီ၊ ေလာကုတၱရာ အက်ိဳးထူးတရားမ်ားနဲ႔ ျပည့္စုံမွာျဖစ္ပါတယ္။

(ကိုယ့္အက်ိဳး၊ သူ႔အက်ိဳး မွ်တစြာ သယ္ပိုးႏိုင္သူမ်ား ျဖစ္ၾကပါေစ)

Credit – ဓမၼဝီရ အရွင္ေတဇနိယ

(Unicode)

ဆွမ်းကပ်ရာမှာ လူတိုင်း သိထားသင့်တဲ့ သိမှတ်စရာများ

မြို့ရွာထဲကို ဆွမ်းဘုဉ်းပေးကြွတဲ့အခါတိုင်း “သံဃာတွေကို ကပ်ထားတဲ့စားပွဲကို သွားမကိုင်နဲ့-မထိနဲ့” လို့ ဒကာ-ဒကာမတွေက တခြားသူတွေကို တားမြစ်တဲ့စကားကို အမြဲလိုလို ကြားရပါတယ်။ သံဃာတော်တွေကို ဆက်ကပ်ထားတဲ့စားပွဲကို ထိမိရင် အကပ်ခံပျက်သွားတယ်လို့ ထင်လို့ ပြောနေတဲ့စကားပါ။ သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါမှာ ဆွမ်း၊ ဆွမ်းဟင်းပုဂံ၊ စားပွဲနဲ့ အခြားအကပ်ခံထားတဲ့ ပစ္စည်းတွေကို ဒကာ၊ ဒကာမတွေက မထိရဘူး၊ သွားထိလို့ရှိရင် ကပ်ထားတာပျက်လို့ သံဃာတော်တွေက မဘုဉ်းပေး မသုံးဆောင်ကောင်းဘူးလို့ အထင်ရှိနေကြပါတယ်။

တချို့ဆိုရင် ဆွမ်းဟင်းလိုက်ရင်တောင် အကပ်ခံပျက်သွားတယ်ထင်ပြီး ထပ်ခါထပ်ခါ ကပ်တာတောင် ကြုံဖူးပါတယ်။တကယ်တော့ ဒကာ၊ ဒကာမတွေက သံဃာတော်တွေကို ဆက်ကပ်ထားတဲ့ ပစ္စည်းဝတ္ထုအစုစုဟာ တစ်ယောက်ယောက်က ထိရုံ၊ ကိုင်တွယ်ရုံနဲ့ ကပ်ထားတဲ့အာနိသင် ပျက်မသွားပါဘူး။ သံဃာတော်တွေကို ပစ္စည်းဝတ္ထု အစုစုဆက်ကပ်တဲ့အခါမှာ “အကပ်ခံမြောက်တဲ့အင်္ဂါ နဲ့ အကပ်ခံပျက်တဲ့ အင်္ဂါတွေ အသီးသီးရှိကြပါတယ်” အကပ်ခံမြောက်တဲ့ အင်္ဂါက (၅)ပါးရှိပြီး၊ အကပ်ခံပျက်တဲ့ အင်္ဂါက (၆)ပါးရှိပါတယ်။ ရဟန်းတော်များဟာ မိမိပိုင် ပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပိုင် ပစ္စည်းကို ဖြစ်စေ လူ, သာမဏေ, တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင် ကောင်းပါတယ်။ အကပ်မခံဘဲနဲ့ကိုယ်ပိုင်ပစ္စည်းကော တပါးသူပိုင်ပစ္စည်းပါ မသုံးဆောင်ကောင်းပါဘူး။ ရေနဲ့ဒန်ပူ အခုခေတ်အခေါ် သွားတိုက်တံ(၂)ခုသာ ချွင်းချက်အနေနဲ့ အကပ်မခံဘဲ သုံးဆောင်မှီဝဲကောင်းပါတယ်။ တခြားအရာတွေကတော့ အကပ်ခံပြီးမှသာ သုံးဆောင်ကောင်းပါတယ်။ ရှင်သာမဏေများ အနေနဲ့ကတော့ ဘယ်ဝတ္ထုပစ္စည်းမဆို အကပ်ခံစရာ မလိုအပ်ဘဲ ဘုဉ်းပေးနိုင် သုံးဆောင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမများအနေနဲ့ အကပ်ခံမြောက်တဲ့အင်္ဂါနဲ့ အကပ်ခံပျက်တဲ့အင်္ဂါတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။ အကပ်ခံမြောက်တဲ့အင်္ဂါက (၅)ပါးရှိပါတယ်-

(၁) ကပ်မည့် ကပ္ပိယကာရက ဒကာ၊ ဒကာမသည် သံဃာတော်ကို ကပ်လှုမည့် ပစ္စည်းဝတ္ထုကို ဦးစွာရှေးရှု ယူဆောင်၍ လာရပါမယ်။ ပြီးလျှင် ကပ်လှုမည့်ပစ္စည်းကို လက်ဖြင့် ရှေ့တိုးပေးကာ ဆက်ကပ်လှုဒါန်းရမှာ ဖြစ်ပါတယ်။ ဦးခေါင်း စသည်ဖြင့် ရွက်ထားသော လှူဖွယ်ကို လှူဒါန်းလိုက ဦးခေါင်း အနည်းငယ် စောင်းပေး၍ ဆက်ကပ်လှူဒါန်းရပါမယ်။

(၂) အလှူခံ သံဃာတော်နှင့် လှူဒါန်းဆက်ကပ်သည့် ဒကာ၊ ဒကာမဟာ အကွာအဝေးအားဖြင့် နှစ်တောင်တစ်ထွ ာဟတ္တဘသ် (၄၅-လက်မ) အတွင်း ရှိရပါမယ်။

(၃) သာမာန် အင်အားရှိသူ တစ်ယောက် မြှောက်ချီမ,နိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရပါမယ်။ စားပွဲခုံ အကြီးကြီးများဖြင့် ဆက်ကပ်ရာမှာ အလွန်လေးလံ၍ မကြွနိုင်လျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမှာ ဖြစ်ပါတယ်။ တစ်ခွက်ချင်း အကပ်ခံပြီးသောအခါ မိသားစုအားလုံး (သို့) အဖွဲ့ဖြင့် ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ,ပြီး ထပ်မံကပ်နိုင်သည်။ စားပွဲလိုက် ဆက်ကပ်ရာမှာ စားပွဲကြွနိုင်လျှင်ကား စားပွဲလိုက်မကပ်နိုင်ပါတယ်။

(၄) ဆက်ကပ်သူဒကာ-ဒကာမနှင့် အကပ်ခံသူ သံဃာတော်သည် နှစ်တောင့်တစ်ထွာ ဟတ္တဘသ်အကွာအဝေးအတွင်းတည်းရှိပြီး ကြားတွင် နံရံ၊ တံတိုင်းစသည်ခြားနေ၍ ကိုယ်ထိလက်ရောက် ကပ်လှူရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ပစ်မြှောက်၍ ဆက်ကပ်နိုင်ပါတယ်။ သို့သော် ထို့သို့သော ကပ်လှူနည်းမျိုးသည် လုံးဝမဖြစ်သာသည့် အခါမှသာကပ်လှူခွင့်ရှိတာ ဖြစ်ပါတယ်။

(၅) ကိုယ်ရဲ့အစိတ်အပိုင်း၊ လက်- စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်ထိစပ်နေသော ကိုင်ထား သည့် ခွက်၊ တုတ်၊ ခုံ – စသည်ဖြင့် ခံ၍၊ ထိ၍ ဖြစ်စေ ထို(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူလို့ရပါတယ်။ နှစ်တောင်တစ်ထွာအတွင် တစုံတရာ လာကပ်ခဲ့သော် အကပ်ခံသည့် သံဃာတော်အနေနဲ့ လက်ထဲမှာ တောင်ဝှေး၊ ဒုတ်စသည်နဲ့ တဆင့်ထိတို့၍ အကပ်ခံလို့ရပါတယ်။

အထက်ပါ အင်္ဂါ(၅)ချက်ကတော့ ဆွမ်းစသည် ဝတ္ထုပစ္စည်း လှူဒါန်းဆက်ကပ်တဲ့အခါမှာ ပြည့်စုံရတဲ့ အင်္ဂါရပ်တွေပဲ ဖြစ်ပါတယ်။ ထိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံမှာသာ ဆက်ကပ်တဲ့ပစ္စည်းဟာ အကပ်ခံမြောက်ပြီး သံဃာတော်များအနေနဲ့ ဘုဉ်းပေးသုံးဆောင်ကောင်းတာ ဖြစ်ပါတယ်။

သံဃာတော်များအနေနဲ့ အပင်ပေါက်နိုင်သော အစေ့၊ အမြစ်၊ အဆစ်ပါသော သစ်သီး၊ သစ်မြစ်များကို မဘုဉ်းပေးမသုံးဆောင်အပ်ပါဘူး။ ကပ္ပိယကာရက ဒကာ၊ ဒကာမတို့အနေနဲ့ သံဃာတော်တို့နဲ့ အပ်စပ်အောင် ကပ္ပိပေးရမှာဖြစ်ပါတယ်။ မျိုးစေ့ ဗီဇဓါတ် မသေတဲ့ အစေ့၊ အမြစ်၊ အဆစ်ကို ဓါးနဲ့ဖြစ်စေ၊ လက်သည်းနဲ့ဖြစ်စေ၊ မီးနဲ့ဖြစ်စေ ထိုးဆိတ်ပေးပြီးမှ ကပ်ရမှာဖြစ်ပါတယ်။ အကယ်၍ ထိုးဆိတ်ပြီး မကပ္ပိရသေးဘူးဆိုရင် သံဃာတော်တို့က ကပ္ပိယဒကာ၊ ဒကာမတို့ကို “ကပ္ပိယံ ကရောဟိ” (ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလော့) ဟု ဆိုပြီးနောက် ကပ္ပိယတို့က “ကပ္ပိယံ ဘန္တေ” (အရှင်ဘုရားတို့အား အပ်စပ်သည်ကို ပြုပါ၏) ဟု ဆိုလျှက် ပါးစပ်က ဆိုတုန်းဖြစ်စေ၊ ဆိုပြီး ချက်ချင်းဖြစ်စေ မီးဖြင့်သော်လည်းထိုး၊ ဓားဖြင့်သော်လည်းခုတ်၊ လက်သည်းဖြင့်သော်လည်း ဆိတ်လိုက်ရမှာ ဖြစ်ပါတယ်။ ဓားရာ၊ လက်သည်းရာ၊ အပေါက်ရာ-အဖြစ် ထင်ရှားဖြစ်လျှင် အပ်စပ်သွားပြီ ဖြစ်ပါတယ်။

အကပ်ခံပျက်တာတွေ အနေနဲ့ကတော့ “စွန့်, ချ, ပေး, လု, မစ္စု, လိင်ပြန်, ဤခြောက်တန်၊ ကပ်ခံပျက်ကြောင်းတည်း” ဆိုတဲ့လင်္ကာအတိုင်း အင်္ဂါ(၆)ပါး ရှိပါတယ်။

(၁) စွန့်- ဆိုတာက အကပ်ခံထားတဲ့ ဆွမ်းစသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို သံဃာတော်က မသုံးဆောင် မဘုဉ်းပေးတော့လို့ အာလယပြတ် စွန့်လိုက်တာကို ဆိုလိုတာပါ။ ထိုသို့စွန့်လိုက်ပြီဆိုရင် သံဃာတော်တို့အနေနဲ့ သုံးဆောင်ရန်မအပ်စပ်တော့ပါဘူး။

(၂) ချ- ဆိုသည်မှာ ရဟန်းဘဝမှ သိက္ခာချလိုက်ပြီး လူဝတ်လဲလိုက်တာကို ဆိုလိုတာပါ။ အကပ်ခံထားသော ရဟန်းဟာ သိက္ခာချ- လူထွက်သွားပြီဆိုရင် ထိုသံဃာအကပ်ခံထားသော ဆွမ်းစသည့်လှူဖွယ်ရာဟာ အလိုအလျောက် အကပ်ခံပျက်သွားပါပြီ။ ကျန်သံဃာတော်တို့အနေနဲ့ ဘုဉ်းပေးသုံးဆောင်လိုလျှင် ထပ်မံအကပ်ခံပြီးမှသာ အပ်စပ်တာဖြစ်ပါတယ်။

(၃) ပေး- အကပ်ခံထားသည့် လှူဖွယ်ဝတ္ထုကို တစ်စံတစ်ယောက်ကို ပေးလိုက်လျှင်လည်း အကပ်ခံပျက်ပါတယ်။ ထိုသို့ပေးရာမှာ နှုတ်မှ ပေးလျှင်ပေးချင်း အကပ်ခံ မပျက်သေးပါဘူး။ လက်ကလွှတ်လိုက်သည့် အခါမှသာ အကပ်ခံပျက်တာဖြစ်ပါတယ်။

(၄)လု- သံဃာတော်တို့အား ကပ်လှူဒါန်းထားသည့် လှူဖွယ်ပစ္စည်းကို လူစသည့် တစ်စုံတစ်ယောက်က လုယူသွားလျှင်လည်း အကပ်ခံပျက်၍ ထိုပစ္စည်းကို သံဃာတော်တို့အနေနဲ့ မသုံးဆောင်အပ်တော့ပါဘူး။

(၄) မစ္စု- အကပ်ခံထားသည့် သံဃာတော် ပြန်လွန်တော်မူလျှင်လည်း ဘုဉ်းပေးဖို့ မအပ်စပ်တော့ပါဘူး၊ ကပ်ထားတဲ့အာနိသင် ပျက်ကွယ်သွားပြီဖြစ်ပါတယ်။

(၅) လိင်ပြန်- အကပ်ခံထားသည့် သံဃာသည် ယောင်္ကျားလိင်အဖြစ်မှ မိန်မလိင်အဖြစ်သို့ လိင်ပြောင်း၊ လိင်ပြန်သွားလျှင်လည်း ထိုလိင်ပြောင်သူ အကပ်ခံထားသည့် လှူဖွယ်ဘောဇဉ်ကို မသုံးဆောင် မဘုဉ်းပေးကောင်းတော့ပါဘူး။

ရေ-ဒန်ပူမှ လွဲ၍ အခြား သူတပါးပိုင် မိမိပိုင် မည့်သည့်သုံးဆောင်ဖွယ်မဆို အကပ်မခံဘဲ ဘုဉ်းပေးလျှင်ဖြစ်စေ၊ အကပ်ခံပျက်သည့် ဘောဇဉ်ကို ဘုဉ်းပေးသည်ဖြစ်စေ ဘုဉ်းပေးသည့်ရဟန်းမှာ “ဒန္တပေါဏ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်ပါတယ်။

သံဃာတော်များကို ဆွမ်းဆက်ကပ်ရာတွင် အချို့ဒကာ၊ ဒကာမတို့ဟာ စေတနာလွန်ကဲပြီး သံဃာတော်များက “ပြည့်စုံပြီ၊ တော်ပါပြီ” လို့တားတဲ့ကြားက ဆွမ်း၊ ဆွမ်းဟင်းတို့ကို သဒ္ဒါပိုကာ ဒီတဇွန်လေးတော့ ထည့်ပါဦးဘုရား ဆိုပြီး ထည့်ထပ်ပေးလေ့ရှိပါတယ်။ သံဃာတော်များအနေနဲ့ “ပြည့်စုံပြီး၊ တော်ပြီ၊ တန်ပြီ” လို့ပြောပြီးသား ဘောဇဉ်ကို မဘုဉ်းပေးကောင်းတော့ပါဘူး ဘုဉ်းပေးရင် အာပတ်သင့်ပါတယ်။ ဒါ့ကြောင့် ဆွမ်းဆက်ကပ်တဲ့အခါမှာ ဒကာ၊ ဒကာမတို့အနေနဲ့ သတိထားရမှာဖြစ်ပါတယ်။

နောက်ထပ်သတိထားစရာ အချက်ကတော့ “ဂိလာန သံဃာဆိုရင် မွန်းလွဲချိန်နောက်ပိုင်းမှာ ဆေးအမှတ်နဲ့ ခဲဖွယ်ဘောဇဉ်ကို ဆက်ကပ်ကောင်း ဘုဉ်းပေးကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဆေးအမှတ်နဲ့ သဘောထား ဘုဉ်းပေးလိုက်ဆိုပြီး နေလွဲကာလနဲ့မအပ်စပ်သည့် ခဲဖွယ်တို့ကို ဆက်ကပ်လေ့ ရှိကြပါတယ်။

ဝိကာလဘောဇနသိက္ခာပုဒ်အရ ဂိလာနပုဂ္ဂိုလ်ဆိုပြီး အားပတ်က ကင်းလွတ်ခွင့် ပေးမထားပါဘူး။ သီလဝံသဖြစ်တော်မူသော ရှေးဆရာတော်မထေရ်ကြီးများမှာ ဆေးသောက်ရန်အတွက်ပင် နေ့လွဲညစာမသုံးဆောင်ဘဲ ရောဂါဒဏ်ကို မငဲ့ကွက်ဘဲ သီလဝိသုဒ္ဓိဖြစ်ရန် ကျင့်ဆောင်တော်မူခဲ့သည့် ထုံးများကို သတိချပ်သင့်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအနေနဲ့ တနေ့မဟုတ်တနေ့မှာ သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆက်ကပ်ခြင်းကို ဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ်။ ဆွမ်းကပ်ရာမှာ အကပ်ခံအာနိသင်ပျက်သွားလျှင်လည်း ကပ်လှူသည့်၊ဒကာ၊ဒကာမတို့မှာ အပြစ်မဖြစ်ပါဘူး၊ ကုသိုလ်ကတော့ ရမြဲရပါတယ်။ ဒီလိုဆက်ကပ်တဲ့အခါမှာ နည်းစနစ်ကျစွာ ဆက်ကပ်လှူကြမှသာ သံဃာတော်အရှင်သူများ အပြစ်အာပတ်လွတ်ကင်းပြီး မျှတချမ်းသာစွား ဘုဉ်းပေးသုံးဆောင်၍ ဓူရနှစ်ဖြာကို မပင်မပန်း ဆောင်ရွက်နိုင်မှာဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း အကျိုးတရားကြီးမား၍ လောကီ၊ လောကုတ္တရာ အကျိုးထူးတရားများနဲ့ ပြည့်စုံမှာဖြစ်ပါတယ်။

(ကိုယ့်အကျိုး၊ သူ့အကျိုး မျှတစွာ သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေ)

Credit – ဓမ္မဝီရ အရှင်တေဇနိယ

Leave a Reply

Your email address will not be published. Required fields are marked *