ဗဟုတုသ

ပင့္ကူရွပ္ျခင္းနဲ႔ ကင္းၿမီးေကာက္ထိုးျခင္း အႏၲရာယ္အေၾကာင္း ဗဟုသုတ သိျခင္သူမ်ားအတြက္

(Zawgyi)

ကေလးေတြဟာ သဘာဝအေလ်ာက္ အၿငိမ္မေနၾကဘဲ ကစားရင္း ေနရာအႏွံ႔ေရာက္တတ္ၾကတဲ့အတြက္ ပင့္ကူရွပ္တာ၊ ကင္းၿမီးေကာက္၊ ကင္းပုစြန္ (ကင္းမလက္မည္း) ထိုးတာ ခံၾကရတတ္ပါတယ္။ ေမွာင္မည္းေနတဲ့ေနရာဆိုရင္ ဘာ ေကာင္ကိုက္လိုက္မွန္း မသိရေတာ့ မိဘေတြအေနနဲ႔ စိတ္ပူစရာ အေျခအေန (Unknown Bite)အျဖစ္နဲ႔ ေဆး႐ုံ၊ ေဆးခန္း ျပၾကရပါတယ္။ အဲဒါေၾကာင့္မို႔ မၾကာခဏ ေတြ႕ရတတ္တဲ့ ကေလးက်န္းမာေရးျပႆနာအျဖစ္ တင္ျပလိုက္ရပါတယ္။

ပင့္ကူရွပ္ျခင္း (Spider Bite)

ကမာၻေပၚမွာ ပင့္ကူအမ်ိဳးေပါင္း ၃၅၀ဝ၀ ခန႔္ရွိတဲ့အနက္ တခ်ိဳ႕ ၁ မီလီမီတာေလာက္သာရွိၿပီး တခ်ိဳ႕ဆိုရင္ 10 cm (ေလးလက္မ ေက်ာ္ေက်ာ္)အထိ ႀကီးမားတာ ေတြ႕ရတယ္။ ပင့္ကူမ်ိဳးစိတ္တိုင္းနီးပါးဟာ အဆိပ္ရွိၾကသလို ကိုက္လည္း ကိုက္တတ္ၾကေပမဲ့ အမ်ားစုကေတာ့ အဆိပ္မျပင္းထန္ၾကပါဘူး။ ပင့္ကူကိုက္ရင္ အဆိပ္ျပင္းထန္မႈရွိ၊ မရွိ လႊမ္းမိုးတဲ့ အခ်က္ေတြကေတာ့

ပင့္ကူအမ်ိဳးအစား၊ အဆိပ္ျပင္းထန္မႈ အနည္းအမ်ား၊ ပင့္ကူရဲ႕ အသက္၊ အ႐ြယ္အစား အႀကီးအေသး၊ အထီးအမ၊ ကိုယ္ခႏၶာ (အကိုက္ခံရတဲ့လူ)ထဲသို႔ ဝင္ေရာက္ခံရတဲ့အဆိပ္ အနည္းအမ်ား၊ အကိုက္ခံရတဲ့ အခ်က္ေရ အနည္းအမ်ားနဲ႔ ပင့္ကူရဲ႕ ပါးစပ္ပတ္ဝန္းက်င္မွာရွိေနတဲ့ ဗက္တီးရီးယားပိုး အေရအတြက္ အမ်ိဳးအစားေတြေပၚမွာ မူတည္ပါတယ္။

အကိုက္ခံရတဲ့ကေလး (သို႔) လူႀကီးရဲ႕ အသက္ႀကီးျခင္း၊ ငယ္ျခင္း၊ ပင့္ကူအကိုက္မခံရခင္ က်န္းမာေရးေကာင္း၊ မေကာင္း အကိုက္ခံရတဲ့ အ႐ြယ္အစားႀကီး၊ မႀကီးနဲ႔ အကိုက္ခံရတဲ့ေနရာေပၚ မူတည္ၿပီး ပင့္ကူရွပ္ျခင္းရဲ႕ လကၡဏာလည္း ျပင္းထန္တာ၊ ေလ်ာ့နည္းတာ ရွိႏိုင္ပါတယ္။ ပင့္ကူရွပ္တာ (ကိုက္တာ) အမ်ားစုကေတာ့ လကၡဏာျပတာ မျပင္းထန္လွပါဘူး။

တခ်ိဳ႕က်ေတာ့လည္း အကိုက္ခံရတဲ့ေနရာ နီရဲေရာင္ရမ္းျခင္း၊ နာက်င္ျခင္း၊ အဖုထျခင္းနဲ႔ ယားယံျခင္း ျဖစ္တတ္ပါတယ္။ အကိုက္ခံရတဲ့ေနရာတစ္ဝိုက္ရွိ တစ္သွ်ဴးေတြက တုံ႔ျပန္မႈ (reaction) ျပတဲ့အတြက္ အဖုေသးေသးေလးကေန အရည္ၾကည္ဖု အႀကီး ျဖစ္လာတတ္သလို အနာအဆာ(ulceration) အျဖစ္လည္း ေတြ႕ရႏိုင္ပါတယ္။ ငွက္စားပင့္ကူ (bird-eating spider) ကိုက္ခံရတာဆိုရင္ အကိုက္အခံရတဲ့ေနရာ နာက်င္မႈေလးေလာက္ပဲ ျပပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ကိုက္ခံရတဲ့ ေနရာေရာင္ရမ္းမႈအျပင္ အနီးပတ္ဝန္းက်င္က ျပန္ရည္ဖု(Lymph Node) ေတြေတာင္ ေရာင္ကိုင္းလာတတ္ လို႔ ေႁမြကိုက္တာ(snake bite)နဲ႔ အထင္မွားခ်င္စရာပါ။ ဒါေပမဲ့ အဓိကေရာဂါလကၡဏာခ်င္းေတာ့ မတူညီပါဘူး။

ပင့္ကူရဲ႕အေမြးေတြ၊ အရည္ေတြက အကိုက္ခံရတဲ့ေနရာမွာ က်န္ခဲ့ရင္ေတာ့ တခ်ိဳ႕လူေတြမွာ အလာဂ်ီတုံ႔ျပန္မႈေတြ ျဖစ္လာတာ ေတြ႕ရတယ္။ အထူးသျဖင့္ ပင့္ကူေမြးေတြသာ မ်က္စိထဲ ဝင္က်န္ခဲ့ရင္ ခဏခဏ ယားယံမႈ၊ မခံခ်ိ မခံသာ ျဖစ္မႈ (irritation)ေတြ ခံစားရေစပါတယ္။

ပင့္ကူရွပ္ရင္ ေယဘုယ် ကုသေပးႏိုင္မႈမ်ား

ပင့္ကူကိုက္တဲ့ေနရာ၊ ေရာင္ရမ္းေနတဲ့ ေနရာေပၚမွာ ေရခဲကပ္ေပးႏိုင္ပါတယ္။ အေရာင္က်ေစသလို နာက်င္မႈလည္း ေလ်ာ့နည္းေစပါတယ္။ သိပ္ၿပီး နာက်င္ေနတဲ့အခါမွာ ပင့္ကူကိုက္တာလည္း ေသခ်ာရင္ေတာ့ အနာအက်င္သက္သာ ေစတဲ့ ဘိန္းပါတဲ့ေဆးဝါးေတြ သုံးစြဲႏိုင္ပါတယ္။ ဘာေကာင္ကိုက္မွန္း အတိအက် မသိရေသးရင္ေတာ့ မွိန္းေစတဲ့ အဲဒီေဆးဝါးေတြ ေရွာင္ၾကဥ္သင့္ပါတယ္။ အနာအက်င္ သက္သာေစတဲ့ ေဆးရည္ဖ်န္းျခင္း၊ သိပ္ဆိုးဝါးရင္ အကိုက္ခံရတဲ့ေနရာနဲ႔ သက္ဆိုင္တဲ့ အာ႐ုံေၾကာကို ေဆးထိုးၿပီး(block) ပိတ္ဆို႔ထားကာ (regional field block) နာက်င္ကိုက္ခဲမႈ သက္သာေအာင္ ျပဳလုပ္ေပးႏိုင္တယ္။ အဆိပ္ျပင္းတဲ့ ပင့္ကူကိုက္ခဲျခင္းကို ျမန္မာႏိုင္ငံမွာေတာ့ အေတြ႕ရ မမ်ားေပမဲ့ ဗဟုသုတအျဖစ္ ေအာက္ပါအတိုင္း တင္ျပလိုက္ပါတယ္။

၁။ ပင့္ကူနက္ (Black widow spider)

ဒီပင့္ကူကို အေမရိကန္ႏိုင္ငံနဲ႔ ဩစေၾတးလ်ႏိုင္ငံမွာ အေတြ႕ရမ်ားၿပီး ကိုယ္လုံးအနက္ေရာင္ရွိကာ အနီေရာင္ အဝိုင္းမွတ္က ဗိုက္ေပၚမွာ ပါရွိတယ္။ အဆိပ္ (alpha trotoxin) ပါရွိၿပီး ဒိုပါမီး (Dopamine)၊ အဒရီနယ္လင္း (Adrenaline)နဲ႔ အက္ဆီတိုင္းကိုလင္း (Acetylcholine) စတဲ့ ဓာတုပစၥည္းေတြကို ကိုယ္ခႏၶာထဲ ထြက္ေပၚလာေစပါတယ္။ အဲဒီပင့္ကူအကိုက္ခံရရင္ ျဖစ္ေပၚလာတဲ့ လကၡဏာေတြကေတာ့ ကိုက္ၿပီးခါစ သိပ္မသိသာေသးေပမဲ့ ၁၅ မိနစ္ကေန တစ္နာရီေလာက္ၾကာတဲ့အခါ ဗိုက္နဲ႔ေက်ာျပင္တစ္ခုလုံး အျပင္းအထန္ နာက်င္ကိုက္ခဲလာပါတယ္။ ဗိုက္ႂကြက္သားေတြလည္း ေတာင့္တင္းလာၿပီး ႂကြက္တက္သလို ခံစားလာရတယ္။ အက္ဆီတိုင္းကိုလင္းေတြ (Acetylcholine) အေျမာက္အျမား ထြက္လာေစတဲ့အတြက္ တံေတြးတပ်စ္ပ်စ္ေထြးျခင္း၊ ေခြၽးအလြန္ထြက္ျခင္း၊ အန္ျခင္း ျဖစ္လာတယ္။ ေနာ္အဒရီနယ္လင္းေတြ အမ်ားႀကီးထြက္ေစလို႔ ေသြးတက္ျခင္း၊ ရင္တုန္ျခင္း၊ ႏွလုံးစည္းခ်က္ မမွန္ျခင္းေတြလည္း ျဖစ္လာရတယ္။ ဒိုပါမင္းေတြ ထြက္လာေစလို႔ ထင္ေယာင္ထင္မွားျဖစ္ျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ စိတ္႐ူးေပါက္ျခင္း (Hysteria)ေတြ ျဖစ္လာတယ္။ မ်က္လုံးပတ္လည္ ေရာင္ကိုင္းလာျခင္း၊ အေရျပားေပၚ အကြက္လိုက္ အနီျပင္ေတြထြက္ျခင္းနဲ႔ ကိုယ္အပူခ်ိန္ တက္ျခင္းေတြ ျဖစ္လာတယ္။ အျပင္းအထန္ အဆိပ္မိတဲ့လူမွာေတာ့ အသက္ရွဴရခက္ခဲလာၿပီး ႏွလုံးခုန္ရပ္ကာ ေသဆုံးႏိုင္တယ္။ ဒါမွမဟုတ္ (Coma) ေမ့ေျမာသြားႏိုင္တယ္။

ကုသမႈအေနနဲ႔ကေတာ့ ေဆး႐ုံအျမန္တင္ၿပီး အဆိပ္ေျဖေဆး ထိုးသင့္ပါတယ္။ အဲဒီအဆိပ္ေျဖေဆးထိုးသင့္သူေတြက ေတာ့ အျပင္းအထန္ ပင့္ကူဆိပ္သင့္တဲ့ လကၡဏာရွိသူ၊ နဂိုႏွလုံးေရာဂါနဲ႔ အသက္ရွဴလမ္းေၾကာင္းေရာဂါရွိသူ၊ ကိုယ္ဝန္ ေဆာင္ထားသူ၊ အသက္ ၁၆ႏွစ္ထက္ ငယ္သူေတြနဲ႔ အသက္ ၆၅ ႏွစ္ထက္ ႀကီးသူေတြကို ထိုးေပးသင့္ပါတယ္။ ေအာက္ဆီဂ်င္ေပးျခင္း၊ ႂကြက္တက္တာေျပေအာင္ ဒိုင္ယာဇီပင္ေပးျခင္း၊ အနာအက်င္သက္သာေအာင္ ကယ္လ္စီယမ္ ဂလူကိုနိတ္အေၾကာေဆး ျဖည္းျဖည္းထိုးေပးျခင္း ျပဳလုပ္ေပးႏိုင္ပါတယ္။ ေဆး႐ုံမွာေတာ့ အနည္းဆုံး ၄၈ နာရီေလာက္ ေစာင့္ၾကည့္ကုသဖို႔ လိုအပ္ပါတယ္။

၂။ ဖဲင္နယ္ဝက္ဘ္ပင့္ကူ (Funnel-web spider)

ဩစေၾတးလ်တိုက္မွာ အေတြ႕ရမ်ားၿပီး အေရာင္ အဆင္းက အညိဳေရာင္ကေန အနက္ေရာင္အထိ ရွိပါတယ္။ အ႐ြယ္အစားက ၁၅ စင္တီကေန ၄၅ စင္တီမီတာအ႐ြယ္ အထိ ႀကီးမားၿပီး ‘န်ဴ႐ိုေတာက္ဆင္(Neurotoxin)’ ပါလို႔ အာ႐ုံေၾကာကို အဆိပ္သင့္ေစပါတယ္။ ဒီပင့္ကူကိုက္ရင္ ေတြ႕တဲ့လကၡဏာေတြက အကိုက္ခံရတဲ့ေနရာ အလြန္အမင္း နာက်င္ပါတယ္။ အနီျပင္ႀကီးေပၚလာၿပီး အဲဒီကိုက္ခံရတဲ့ ေနရာတစ္ဝိုက္ ေခြၽးထြက္ျခင္း၊ ၾကက္သီးေမြးညင္းထျခင္း ေတြ႕ရတယ္။ တံေတြးအထြက္မ်ားျခင္း၊ ပါးစပ္တစ္ဝိုက္ ထုံက်ဥ္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဗိုက္နာျခင္း၊ ဝမ္းသြားျခင္း၊ ေမာပန္းျခင္း၊ အသက္ရွဴက်ပ္ျခင္း၊ ေသြးတိုးျခင္းနဲ႔ သတိလစ္ ေမ့ေျမာျခင္းလည္း ေတြ႕ရတယ္။ ကုသနည္းကလည္း ေဆး႐ုံ တင္ၿပီး ဒီပင့္ကူအတြက္ အဆိပ္ေျဖေဆးထိုးေပးရတာပါ။ အဆိပ္ေျဖေဆး လိုရင္လိုသလို ထပ္ထိုးေပးႏိုင္ဖို႔ ေဆး႐ုံမွာ ၂၄-၄၈ နာရီ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။

၃။ အညိဳေရာင္ပင့္ကူ (Brown recluse spider)

အေမရိကန္ႏိုင္ငံမွာ အေတြ႕ရမ်ားၿပီး အညိဳေရာင္ ညိဳေမွာင္ ေမွာင္အေရာင္နဲ႔ အနက္ေရာင္အမ်ိဳးမ်ိဳး ေတြ႕ရတယ္။ မ်က္စိႏွစ္လုံးရဲ႕ အေနာက္ဘက္မွာ မယ္ဒလင္ပုံအမွတ္အသားတစ္ခုစီပါတဲ့အျပင္ သူ႔အဆိပ္က လူရဲ႕ေသြးေၾကာေတြကို ထိခိုက္ပ်က္စီးေစတယ္။ ေသြးခဲ ေတြ ျဖစ္ေပၚေစၿပီး ေသြးေၾကာေတြ ပိတ္ဆို႔ကုန္ကာ ေသြးငတ္တဲ့ infarction ေတြ ျဖစ္ေပၚေစတဲ့အတြက္ ဆိုး႐ြားပါတယ္။ အကိုက္ခံရတဲ့သူ ခံစားရတာေတြက ကိုက္တဲ့ေနရာ မနာက်င္ေတာ့ သတိေတာင္ အစက မထားမိပါဘူး။ ေနာက္ ေျခာက္နာရီေလာက္ ၾကာေတာ့မွ အဲဒီကိုက္ခံရတဲ့ေနရာမွာ အနီကြက္စေပၚလာၿပီး ညိဳျပာျပာ (သို႔) မရမ္းေရာင္အဖုလုံး ေပၚလာတယ္။ အဲဒီေနာက္ အနာျဖစ္လာၿပီး အနာက်က္ေႏွးတာေတြ႕ရတယ္။

ကေလးေတြမွာေတာ့ အကိုက္ခံရၿပီး ၇၂ နာရီကေန ၉၆ နာရီအတြင္း ပ်ိဳ႕အန္ျခင္း၊ အဖ်ားႀကီးျခင္း၊ အားနည္းျခင္း၊ ခ်မ္းတုန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ အဆစ္အမ်က္ နာက်င္ျခင္း၊ ေသြးေၾကာတြင္း ေသြးနီဥေတြေပါက္ကြဲပ်က္စီးကုန္တဲ့ အတြက္ ဆီးထဲေသြးပါျခင္း၊ ဆီးမည္းျခင္းနဲ႔ ေနာက္ဆုံးမွာ ေက်ာက္ကပ္ ပ်က္စီးေစပါတယ္။ ေက်ာက္ကပ္ပ်က္ျခင္း (သို႔) ေသြးလန႔္ျခင္းနဲ႔ အသက္ေသဆုံးႏိုင္ပါတယ္။

ကုသနည္းကလည္း ေဆး႐ုံအျမန္တင္ၿပီး (polyvalent antivenon) ထိုးေပးရတာပါပဲ။ ဒါေပမဲ့ အဆိပ္ေျဖေဆးထိုးေပမဲ့ တစ္သွ်ဴးပ်က္စီးမႈကေတာ့ မကာကြယ္ႏိုင္ပါဘူး။ စတီး႐ြိဳက္ေပး ျခင္း၊ ေအာက္ဆီဂ်င္ေပးျခင္း၊ ေက်ာက္ကပ္လုပ္ငန္းျပန္လည္ ေကာင္းမြန္ေအာင္ ကုသျခင္း၊ ေသြးနီဥ ပ်က္စီးမႈမ်ားလို႔ ေသြးအားနည္းသြားရင္ ေသြးသြင္းကုသျခင္းေတြ ျပဳလုပ္ေပးဖို႔ လိုပါတယ္။ ဒီလို ပင့္ကူကိုက္တာက အသက္ဆုံးရႈံးႏိုင္တာမို႔ မေပါ့သင့္ပါ။

၄။ ပင့္ကူနီ (Redback spider)

ဩစေၾတးလ်က ေတာနယ္ဘက္ေတြမွာ ေနထိုင္တတ္ၿပီး အနက္ေရာင္၊ အညိဳေရာင္ရွိကာ၊ ဗိုက္အေပၚဘက္မွာ အနီေရာင္ (သို႔) လိေမၼာ္ေရာင္ အစင္းပါရွိတာ ေတြ႕ရတယ္။ ဒီပင့္ကူကလည္း အာ႐ုံေၾကာအဖြဲ႕ကို ထိခိုက္ေစတဲ့ (Neurotoxin) အဆိပ္ထုတ္ေပးတာမို႔ အကိုက္ခံရရင္ လကၡဏာ ေတြအေနနဲ႔ ကိုက္တဲ့ေနရာမွာ ခ်က္ခ်င္းပဲ နာက်င္ၿပီး ေရာင္ကိုင္းလာတယ္။ ဒါ့အျပင္ နီရဲေဖာင္းကားလာၿပီး ေခြၽးထြက္မ်ားလာတယ္။ နာက်င္တာက အကိုက္ခံရတဲ့ ေျခေထာက္ (သို႔) လက္တစ္ေခ်ာင္းလုံး ပ်ံ႕ႏွံ႔လာၿပီး ပ်ိဳ႕အန္ျခင္း၊ ေသြးတိုးျခင္း၊ ေခါင္း ကိုက္ျခင္း၊ ဖ်ားျခင္းနဲ႔ အဆစ္ေတြ နာက်င္လာတာ ေတြ႕ရတယ္။

ကုသမႈအေနနဲ႔ကေတာ့ ကိုက္ခံရတဲ့ေနရာေပၚ ေရခဲတင္ေပးျခင္း၊ အဲဒီပင့္ကူအဆိပ္ကို ေျဖတဲ့ အဆိပ္ေျဖေဆး ထိုးေပးျခင္းတို႔ကို ဆိုး႐ြားစြာ ခံစားရတဲ့လူနာေတြမွာ ျပဳလုပ္ေပးရတယ္။ အဆိပ္ေျဖေဆး တစ္ပုလင္းထိုးရင္ကို ၉၀% ေလာက္ အဆိပ္ေျဖၿပီးသား ျဖစ္သြားတယ္။

၅။ ငွက္ေပ်ာပင့္ကူ (Banana Spider)

ေတာင္အေမရိကမွာ ေတြ႕ရၿပီး မီးခိုးေရာင္/အညိဳေရာင္ ရွိကာ ၅ စင္တီမီတာအ႐ြယ္အထိ ႀကီးပါတယ္။ သူ႔အဆိပ္ ကလည္း အက္ဆီတိုင္းကိုလင္းနဲ႔ ကက္သီေကာေအမင္း စတဲ့ ဓာတုပစၥည္းေတြ ကိုယ္ခႏၶာထဲ ထြက္ရွိေစပါတယ္။ အကိုက္ခံရတဲ့အခါ ေတြ႕ရတဲ့ လကၡဏာေတြကေတာ့ ခ်က္ခ်င္းလက္ငင္း မီးစနဲ႔တို႔လိုက္သလို ပူေလာင္ နာက်င္ ျခင္းဟာ ကိုက္ခံရတဲ့ ေျခေထာက္ (သို႔) လက္တစ္ခုလုံး ခံစားလိုက္ရတယ္။ ေရာင္ရမ္းျခင္း၊ နီရဲေနျခင္း၊ ေခြၽးထြက္ ျခင္းေတြလည္း ျဖစ္လာတယ္။ ရင္တုန္ျခင္း၊ အန္ျခင္း၊ တံေထြးအထြက္မ်ားျခင္း၊ ေသြးတိုးျခင္းနဲ႔ နာက်င္စြာ ငယ္ပါေတာင့္တင္းေနျခင္းတို႔ကို ကေလးေတြမွာ ထူးဆန္းစြာ ေတြ႕ရပါေသးတယ္။ တခ်ိဳ႕ ကေလးေတြက်ေတာ့ အထက္ လွန္ေအာက္ေလွ်ာ (ဝမ္းသြား)တာပါ ေတြ႕ရပါေသးတယ္။ ဒီပင့္ကူကိုက္တာကေတာ့ ဘရာဇီးမွာ အသက္ ၁၀ ႏွစ္ေအာက္နဲ႔ အသက္ ၇၀ ေက်ာ္ေတြမွာ အေတြ႕ရမ်ားပါတယ္။

ကုသျခင္းအေနနဲ႔ကေတာ့ အလြန္အမင္းနာက်င္တာ သက္သာေအာင္ ေရခဲကပ္ျခင္း၊ ေဆးလိမ္းျခင္း၊ ထုံေဆးထိုးျခင္း၊ နာက်င္တဲ့ေနရာတစ္ဝိုက္က နာ့ဗ္ေၾကာကို ထုံသြားေအာင္ ေဆးထိုးျခင္း ျပဳလုပ္ေပးႏိုင္ပါတယ္။ ကေလးေတြမွာ အဆုတ္ေရာင္ျခင္း၊ ေခ်ာင္းဆိုးျခင္းေတြ ျဖစ္လာတတ္လို႔ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။

ကာကြယ္ျခင္းကေတာ့ ကေလးလူႀကီးမေ႐ြး ေမွာင္တဲ့ေနရာနဲ႔ ေတာေတာင္ေတြထဲ အလင္းေရာင္ (သို႔) လက္ႏွိပ္ ဓာတ္မီးမပါဘဲ မသြားလာဖို႔၊ ေခ်ာင္ႀကိဳေခ်ာင္ၾကားမေဆာ့ဖို႔၊ ဘာေကာင္ကိုက္ကိုက္ မိဘနဲ႔အုပ္ထိန္းသူကို အျမန္ဆုံးအသိ ေပးဖို႔ လိုအပ္ပါတယ္။

ကင္းၿမီးေကာက္ထိုးျခင္း (Scorpion Sting)

ကင္းၿမီးေကာက္ဟာ ျမန္မာႏိုင္ငံအပါအဝင္ အပူပိုင္းေဒသ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေႁမြကလြဲရင္ အေတြ႕အမ်ားဆုံး၊ အကိုက္ခံရဆုံး သတၱဝါအမ်ိဳးအစားျဖစ္ပါတယ္။ ကင္းၿမီးေကာက္က ထုတ္တဲ့အဆိပ္ဟာ လူေတြကို သာမန္ တုံ႔ျပန္မႈေလာက္ပဲျဖစ္ေစေပမဲ့ မကၠဆီကို၊ တူနီးရွား၊ အယ္လ္ဂ်ီးရီးယား၊ မို႐ိုကိုနဲ႔ လစ္ဗ်ားႏိုင္ငံေတြမွာေတာ့ ကင္းၿမီးေကာက္ ထိုးခံရတာဟာ က်န္းမာေရးကို အေတာ္ထိခိုက္ေစတယ္။

တစ္ခုေကာင္းတာက ကင္းၿမီးေကာက္ေတြဟာ လူနဲ႔ ေတြ႕ရင္ တိုက္ခိုက္ဖို႔ထက္ ထြက္ေျပးဖို႔ပဲ ႀကိဳးစားၾကပါတယ္။မ်ားေသာအားျဖင့္ေတာ့ ေလွကားေပၚ တက္လိုက္တဲ့အခါ ဒါမွမဟုတ္ တက္နင္းမိလိုက္တဲ့အခါ မေတာ္တဆ အၿမီးမွာပါတဲ့အဆိပ္ဆူးနဲ႔ ထိုးမိလိုက္တဲ့အခါ ပူခနဲ၊ က်င္ခနဲ ျဖစ္လာတတ္တာမ်ိဳး ခံစားရပါတယ္။ တခ်ိဳ႕လည္း ရွဴးဖိနပ္ထဲ အက်ႌေတြေပၚနဲ႔ ေက်ာက္တုံး၊ သစ္တုံးေတြေအာက္ ကင္းၿမီးေကာက္ရွိေနတာ သတိမထားလိုက္မိတဲ့ အခ်ိန္မ်ိဳးမွာ အဆိပ္ဆူးနဲ႔ အထိုးခံရတတ္ပါတယ္။ အဲဒါေၾကာင့္မို႔ ရွဴးဖိနပ္ေတြ၊ ေျခအိတ္ေတြ မဝတ္ဆင္ခင္ ေသခ်ာခါထုတ္ျခင္း၊ အက်ႌေတြ၊ ေစာင္ေတြ ေသခ်ာခါရမ္းၿပီးမွ အသုံးျပဳျခင္း၊ ထိုင္မယ့္ေနရာ၊ အိပ္မယ့္ေနရာ အေသအခ်ာရွင္းလင္းၿပီးမွ ထိုင္ျခင္း၊ အိပ္ျခင္း ျပဳလုပ္သင့္ပါတယ္။

ကုသမႈအေနနဲ႔က နာက်င္တဲ့ေနရာကို ေရခဲကပ္ျခင္း၊ အကိုက္အခဲေပ်ာက္ေဆး ေသာက္ျခင္း ျပဳလုပ္ေပးႏိုင္တယ္။ အဆိပ္သင့္တဲ့ လကၡဏာျပင္းထန္တဲ့သူေတြကိုေတာ့ ေဆး႐ုံတင္ၿပီး ႏွလုံးေသြးလွည့္အဖြဲ႕နဲ႔ နာ့ဗ္ေၾကာအဖြဲ႕ ထိခိုက္ခံရမႈကို ေစာင့္ၾကည့္ဖို႔ ၁၂-၂၄ နာရီ အနီးကပ္ေစာင့္ေရွာက္သင့္တယ္။ အသက္ရွဴ ခက္ခဲလာတာေတြ႕ရင္ေတာ့ ေအာက္ဆီဂ်င္ေပးျခင္း၊ အဆိပ္ေျဖေဆးထိုးျခင္း ျပဳလုပ္ေပးႏိုင္ပါတယ္။ အဆိပ္ေျဖေဆးထိုးျခင္းရဲ႕ အက်ိဳးအာနိသင္က ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြနဲ႔ ေသြးအလြန္အမင္း တိုးေနတဲ့သူေတြအတြက္ သင့္ေလ်ာ္ပါတယ္။ အဆိပ္ေျဖေဆး ထိုးတဲ့အခါမွာလည္း တုံ႔ျပန္မႈ (Serum Sickness) ရတတ္လို႔ သတိထားထိုးသင့္ပါတယ္။

ကင္းၿမီးေကာက္ႏြယ္ဝင္ ကင္းမလက္မည္းႀကီးေတြကလည္း အုပ္စုဖြဲ႕ၿပီး ေျမႀကီးတြင္းထဲ ေနထိုင္တတ္ၾကလို႔ အဲဒီလိုေနရာ သြားမေဆာ့ဖို႔၊ အဲဒီအေကာင္ေတြနဲ႔ေဝးရာေနဖို႔၊ ညအျပင္ထြက္ရင္ တုတ္တစ္ေခ်ာင္းနဲ႔ အသံေပးၿပီး ေလွ်ာက္ကာ လက္ႏွိပ္ဓာတ္မီးလိုအပ္ရင္ သုံးစြဲဖို႔ အႀကံျပဳရပါတယ္။

ကင္းၿမီးေကာက္၊ ကင္းမလက္မည္းေတြမွာ ေအာက္ပါ အဆိပ္ႏွစ္မ်ိဳးပါဝင္တာ ေတြ႕ရပါတယ္။ ပထမအဆိပ္က ကိုက္တဲ့ေနရာကိုပဲ ထိခိုက္ေစတာပါ။ အကိုက္ခံရတဲ့ေနရာမွာ စူးစူးရွရွ နာက်င္ျခင္း၊ နီရဲေရာင္ရမ္းျခင္း သို႔မဟုတ္ အညိဳအမည္းစြဲျခင္းနဲ႔ တစ္ခါတစ္ရံ ရွားရွားပါးပါး ေရွာ့ခ္ (anaphylaxis)ရတာမ်ိဳးျဖစ္တတ္ပါတယ္။ အေရွ႕အလယ္ ပိုင္းမွာရွိတဲ့ အဆိပ္ျပင္းတဲ့ ကင္းၿမီးေကာက္ထိုးရင္ေတာ့ အဆိပ္ျပန႔္ျခင္းဟာ တစ္ကိုယ္လုံး ခံစားလာရရင္ ေဆး႐ုံတင္ ကုသသင့္ပါတယ္။

ဒုတိယအဆိပ္အမ်ိဳးအစားက အာ႐ုံေၾကာအဖြဲ႕အစည္းကို ထိခိုက္ေစတဲ့ Neurotoxin အမ်ိဳးအစားျဖစ္ပါတယ္။ ဒီအဆိပ္ေၾကာင့္ ႏွလုံးတုန္ျခင္း၊ ေသြးတိုးျခင္း၊ ေခြၽးထြက္မ်ားျခင္း၊ ေသြးတြင္းသၾကားဓာတ္ မ်ားေနျခင္း၊ အဆုတ္ပြျခင္းနဲ႔ တက္ျခင္း (Fits)ေတြ ျဖစ္လာႏိုင္ပါတယ္။ ကင္းၿမီးေကာက္ (သို႔) ကင္းမလက္မည္း တုပ္အၿပီး ႐ုတ္တရက္ နာက်င္ျခင္းခံစားရအၿပီးေနာက္မွာ အဲဒီေနရာအနီးတစ္ဝိုက္ ထုံထိုင္းထိုင္းနဲ႔ အထိအေတြ႕ေပ်ာက္သလိုေတာင္ ျဖစ္လာတတ္ပါတယ္။ ႂကြက္သားေတြ ဟိုတစ္စ၊ ဒီတစ္စ လႈပ္ျခင္းနဲ႔ ေနာက္ဆုံးမွာ မွိန္းေနျခင္း၊ မူးေဝေနာက္က်ိေနျခင္းေတြ၊ ကိုက္တဲ့ေနရာ အာ႐ုံခံစားမႈ ေပ်ာက္ေနတာေတြ ျဖစ္လာႏိုင္ပါတယ္။ ကင္းၿမီးေကာက္၊ ကင္းမလက္မည္းထိုးတာေၾကာင့္ေတာ့ အသက္အေသအေပ်ာက္ေတာ့ မေတြ႕ရတတ္ပါဘူး။

ကစားရင္း၊ ေဆာ့ရင္း အဆိပ္ရွိတဲ့သတၱဝါကိုက္တာလား၊ ဆူးျခစ္မိတာလား ဗ်ာမမ်ားရေအာင္ ကေလးေတြကို သစ္ေခါင္းထဲ မႏႈိက္မိဖို႔၊ ေမွာင္တဲ့ေနရာ၊ ေခ်ာင္က်တဲ့ေနရာ မသြားလာဖို႔ ကေလးေတြကို ႀကိဳတင္သတိေပးထားသင့္ပါ ေၾကာင္း အႀကံေပးအပ္ပါတယ္။

Author – ေဒါက္တာျမျမခ်ယ္ (ကေလးအထူးကုဆရာဝန္ႀကီး)

Credit – Dr. Ziwaka Magazine

Source – http://ziwaka.org/archives/2746

(Unicode)

ကလေးတွေဟာ သဘာဝအလျောက် အငြိမ်မနေကြဘဲ ကစားရင်း နေရာအနှံ့ရောက်တတ်ကြတဲ့အတွက် ပင့်ကူရှပ်တာ၊ ကင်းမြီးကောက်၊ ကင်းပုစွန် (ကင်းမလက်မည်း) ထိုးတာ ခံကြရတတ်ပါတယ်။ မှောင်မည်းနေတဲ့နေရာဆိုရင် ဘာ ကောင်ကိုက်လိုက်မှန်း မသိရတော့ မိဘတွေအနေနဲ့ စိတ်ပူစရာ အခြေအနေ (Unknown Bite)အဖြစ်နဲ့ ဆေးရုံ၊ ဆေးခန်း ပြကြရပါတယ်။ အဲဒါကြောင့်မို့ မကြာခဏ တွေ့ရတတ်တဲ့ ကလေးကျန်းမာရေးပြဿနာအဖြစ် တင်ပြလိုက်ရပါတယ်။

ပင့်ကူရှပ်ခြင်း (Spider Bite)

ကမ္ဘာပေါ်မှာ ပင့်ကူအမျိုးပေါင်း ၃၅၀ဝ၀ ခန့်ရှိတဲ့အနက် တချို့ ၁ မီလီမီတာလောက်သာရှိပြီး တချို့ဆိုရင် 10 cm (လေးလက်မ ကျော်ကျော်)အထိ ကြီးမားတာ တွေ့ရတယ်။ ပင့်ကူမျိုးစိတ်တိုင်းနီးပါးဟာ အဆိပ်ရှိကြသလို ကိုက်လည်း ကိုက်တတ်ကြပေမဲ့ အများစုကတော့ အဆိပ်မပြင်းထန်ကြပါဘူး။ ပင့်ကူကိုက်ရင် အဆိပ်ပြင်းထန်မှုရှိ၊ မရှိ လွှမ်းမိုးတဲ့ အချက်တွေကတော့

ပင့်ကူအမျိုးအစား၊ အဆိပ်ပြင်းထန်မှု အနည်းအများ၊ ပင့်ကူရဲ့ အသက်၊ အရွယ်အစား အကြီးအသေး၊ အထီးအမ၊ ကိုယ်ခန္ဓာ (အကိုက်ခံရတဲ့လူ)ထဲသို့ ဝင်ရောက်ခံရတဲ့အဆိပ် အနည်းအများ၊ အကိုက်ခံရတဲ့ အချက်ရေ အနည်းအများနဲ့ ပင့်ကူရဲ့ ပါးစပ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗက်တီးရီးယားပိုး အရေအတွက် အမျိုးအစားတွေပေါ်မှာ မူတည်ပါတယ်။

အကိုက်ခံရတဲ့ကလေး (သို့) လူကြီးရဲ့ အသက်ကြီးခြင်း၊ ငယ်ခြင်း၊ ပင့်ကူအကိုက်မခံရခင် ကျန်းမာရေးကောင်း၊ မကောင်း အကိုက်ခံရတဲ့ အရွယ်အစားကြီး၊ မကြီးနဲ့ အကိုက်ခံရတဲ့နေရာပေါ် မူတည်ပြီး ပင့်ကူရှပ်ခြင်းရဲ့ လက္ခဏာလည်း ပြင်းထန်တာ၊ လျော့နည်းတာ ရှိနိုင်ပါတယ်။ ပင့်ကူရှပ်တာ (ကိုက်တာ) အများစုကတော့ လက္ခဏာပြတာ မပြင်းထန်လှပါဘူး။

တချို့ကျတော့လည်း အကိုက်ခံရတဲ့နေရာ နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖုထခြင်းနဲ့ ယားယံခြင်း ဖြစ်တတ်ပါ တယ်။ အကိုက်ခံရတဲ့နေရာတစ်ဝိုက်ရှိ တစ်သျှူးတွေက တုံ့ပြန်မှု (reaction) ပြတဲ့အတွက် အဖုသေးသေးလေးကနေ အရည်ကြည်ဖု အကြီး ဖြစ်လာတတ်သလို အနာအဆာ(ulceration) အဖြစ်လည်း တွေ့ရနိုင်ပါတယ်။ ငှက်စားပင့်ကူ (bird-eating spider) ကိုက်ခံရတာဆိုရင် အကိုက်အခံရတဲ့နေရာ နာကျင်မှုလေးလောက်ပဲ ပြပါတယ်။ တချို့ကျတော့လည်း ကိုက်ခံရတဲ့ နေရာရောင်ရမ်းမှုအပြင် အနီးပတ်ဝန်းကျင်က ပြန်ရည်ဖု(Lymph Node) တွေတောင် ရောင်ကိုင်းလာတတ် လို့ မြွေကိုက်တာ(snake bite)နဲ့ အထင်မှားချင်စရာပါ။ ဒါပေမဲ့ အဓိကရောဂါလက္ခဏာချင်းတော့ မတူညီပါဘူး။

ပင့်ကူရဲ့အမွေးတွေ၊ အရည်တွေက အကိုက်ခံရတဲ့နေရာမှာ ကျန်ခဲ့ရင်တော့ တချို့လူတွေမှာ အလာဂျီတုံ့ပြန်မှုတွေ ဖြစ်လာတာ တွေ့ရတယ်။ အထူးသဖြင့် ပင့်ကူမွေးတွေသာ မျက်စိထဲ ဝင်ကျန်ခဲ့ရင် ခဏခဏ ယားယံမှု၊ မခံချိ မခံသာ ဖြစ်မှု (irritation)တွေ ခံစားရစေပါတယ်။

ပင့်ကူရှပ်ရင် ယေဘုယျ ကုသပေးနိုင်မှုများ

ပင့်ကူကိုက်တဲ့နေရာ၊ ရောင်ရမ်းနေတဲ့ နေရာပေါ်မှာ ရေခဲကပ်ပေးနိုင်ပါတယ်။ အရောင်ကျစေသလို နာကျင်မှုလည်း လျော့နည်းစေပါတယ်။ သိပ်ပြီး နာကျင်နေတဲ့အခါမှာ ပင့်ကူကိုက်တာလည်း သေချာရင်တော့ အနာအကျင်သက်သာ စေတဲ့ ဘိန်းပါတဲ့ဆေးဝါးတွေ သုံးစွဲနိုင်ပါတယ်။ ဘာကောင်ကိုက်မှန်း အတိအကျ မသိရသေးရင်တော့ မှိန်းစေတဲ့ အဲဒီဆေးဝါးတွေ ရှောင်ကြဉ်သင့်ပါတယ်။ အနာအကျင် သက်သာစေတဲ့ ဆေးရည်ဖျန်းခြင်း၊ သိပ်ဆိုးဝါးရင် အကိုက်ခံရတဲ့နေရာနဲ့ သက်ဆိုင်တဲ့ အာရုံကြောကို ဆေးထိုးပြီး(block) ပိတ်ဆို့ထားကာ (regional field block) နာကျင်ကိုက်ခဲမှု သက်သာအောင် ပြုလုပ်ပေးနိုင်တယ်။ အဆိပ်ပြင်းတဲ့ ပင့်ကူကိုက်ခဲခြင်းကို မြန်မာနိုင်ငံမှာတော့ အတွေ့ရ မများပေမဲ့ ဗဟုသုတအဖြစ် အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။

၁။ ပင့်ကူနက် (Black widow spider)

ဒီပင့်ကူကို အမေရိကန်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံမှာ အတွေ့ရများပြီး ကိုယ်လုံးအနက်ရောင်ရှိကာ အနီရောင် အဝိုင်းမှတ်က ဗိုက်ပေါ်မှာ ပါရှိတယ်။ အဆိပ် (alpha trotoxin) ပါရှိပြီး ဒိုပါမီး (Dopamine)၊ အဒရီနယ်လင်း (Adrenaline)နဲ့ အက်ဆီတိုင်းကိုလင်း (Acetylcholine) စတဲ့ ဓာတုပစ္စည်းတွေကို ကိုယ်ခန္ဓာထဲ ထွက်ပေါ်လာစေပါတယ်။ အဲဒီပင့်ကူအကိုက်ခံရရင် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကတော့ ကိုက်ပြီးခါစ သိပ်မသိသာသေးပေမဲ့ ၁၅ မိနစ်ကနေ တစ်နာရီလောက်ကြာတဲ့အခါ ဗိုက်နဲ့ကျောပြင်တစ်ခုလုံး အပြင်းအထန် နာကျင်ကိုက်ခဲလာပါတယ်။ ဗိုက်ကြွက်သားတွေလည်း တောင့်တင်းလာပြီး ကြွက်တက်သလို ခံစားလာရတယ်။ အက်ဆီတိုင်းကိုလင်းတွေ (Acetylcholine) အမြောက်အမြား ထွက်လာစေတဲ့အတွက် တံတွေးတပျစ်ပျစ်ထွေးခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အန်ခြင်း ဖြစ်လာတယ်။ နော်အဒရီနယ်လင်းတွေ အများကြီးထွက်စေလို့ သွေးတက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးစည်းချက်မမှန် ခြင်းတွေလည်း ဖြစ်လာရတယ်။ ဒိုပါမင်းတွေထွက်လာစေလို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်ရူးပေါက်ခြင်း (Hysteria)တွေ ဖြစ်လာတယ်။ မျက်လုံးပတ်လည် ရောင်ကိုင်းလာခြင်း၊ အရေပြားပေါ် အကွက်လိုက် အနီပြင်တွေထွက်ခြင်းနဲ့ ကိုယ်အပူချိန် တက်ခြင်းတွေ ဖြစ်လာတယ်။ အပြင်းအထန် အဆိပ်မိတဲ့လူမှာတော့ အသက်ရှူရခက်ခဲလာပြီး နှလုံးခုန်ရပ်ကာ သေဆုံးနိုင်တယ်။ ဒါမှမဟုတ် (Coma) မေ့မြောသွားနိုင်တယ်။

ကုသမှုအနေနဲ့ကတော့ ဆေးရုံအမြန်တင်ပြီး အဆိပ်ဖြေဆေး ထိုးသင့်ပါတယ်။ အဲဒီအဆိပ်ဖြေဆေးထိုးသင့်သူတွေက တော့ အပြင်းအထန် ပင့်ကူဆိပ်သင့်တဲ့ လက္ခဏာရှိသူ၊ နဂိုနှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ ကိုယ်ဝန် ဆောင်ထားသူ၊ အသက် ၁၆နှစ်ထက် ငယ်သူတွေနဲ့ အသက် ၆၅ နှစ်ထက် ကြီးသူတွေကို ထိုးပေးသင့်ပါတယ်။ အောက်ဆီဂျင်ပေးခြင်း၊ ကြွက်တက်တာပြေအောင် ဒိုင်ယာဇီပင်ပေးခြင်း၊ အနာအကျင်သက်သာအောင် ကယ်လ်စီယမ် ဂလူကိုနိတ်အကြောဆေး ဖြည်းဖြည်းထိုးပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးရုံမှာတော့ အနည်းဆုံး ၄၈ နာရီလောက် စောင့်ကြည့်ကုသဖို့ လိုအပ်ပါတယ်။

၂။ ဖဲင်နယ်ဝက်ဘ်ပင့်ကူ (Funnel-web spider)

ဩစတြေးလျတိုက်မှာ အတွေ့ရများပြီး အရောင် အဆင်းက အညိုရောင်ကနေ အနက်ရောင်အထိ ရှိပါတယ်။ အရွယ်အစားက ၁၅ စင်တီကနေ ၄၅ စင်တီမီတာအရွယ် အထိ ကြီးမားပြီး ‘နျူရိုတောက်ဆင်(Neurotoxin)’ ပါလို့ အာရုံကြောကို အဆိပ်သင့်စေပါတယ်။ ဒီပင့်ကူကိုက်ရင် တွေ့တဲ့လက္ခဏာတွေက အကိုက်ခံရတဲ့နေရာ အလွန်အမင်း နာကျင်ပါတယ်။ အနီပြင်ကြီးပေါ်လာပြီး အဲဒီကိုက်ခံရတဲ့ နေရာတစ်ဝိုက် ချွေးထွက်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း တွေ့ရတယ်။ တံတွေးအထွက်များခြင်း၊ ပါးစပ်တစ်ဝိုက် ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ မောပန်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးတိုးခြင်းနဲ့ သတိလစ် မေ့မြောခြင်းလည်း တွေ့ရတယ်။ ကုသနည်းကလည်း ဆေးရုံ တင်ပြီး ဒီပင့်ကူအတွက် အဆိပ်ဖြေဆေးထိုးပေးရတာပါ။ အဆိပ်ဖြေဆေး လိုရင်လိုသလို ထပ်ထိုးပေးနိုင်ဖို့ ဆေးရုံမှာ ၂၄-၄၈ နာရီ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

၃။ အညိုရောင်ပင့်ကူ (Brown recluse spider)

အမေရိကန်နိုင်ငံမှာ အတွေ့ရများပြီး အညိုရောင် ညိုမှောင် မှောင်အရောင်နဲ့ အနက်ရောင်အမျိုးမျိုး တွေ့ရတယ်။ မျက်စိနှစ်လုံးရဲ့ အနောက်ဘက်မှာ မယ်ဒလင်ပုံအမှတ်အသားတစ်ခုစီပါတဲ့အပြင် သူ့အဆိပ်က လူရဲ့သွေးကြောတွေကို ထိခိုက်ပျက်စီးစေတယ်။ သွေးခဲ တွေ ဖြစ်ပေါ်စေပြီး သွေးကြောတွေ ပိတ်ဆို့ကုန်ကာ သွေးငတ်တဲ့ infarction တွေ ဖြစ်ပေါ်စေတဲ့အတွက် ဆိုးရွားပါတယ်။ အကိုက်ခံရတဲ့သူ ခံစားရတာတွေက ကိုက်တဲ့နေရာ မနာကျင်တော့ သတိတောင် အစက မထားမိပါဘူး။ နောက် ခြောက်နာရီလောက် ကြာတော့မှ အဲဒီကိုက်ခံရတဲ့နေရာမှာ အနီကွက်စပေါ်လာပြီး ညိုပြာပြာ (သို့) မရမ်းရောင်အဖုလုံး ပေါ်လာတယ်။ အဲဒီနောက် အနာဖြစ်လာပြီး အနာကျက်နှေးတာတွေ့ရတယ်။

ကလေးတွေမှာတော့ အကိုက်ခံရပြီး ၇၂ နာရီကနေ ၉၆ နာရီအတွင်း ပျို့အန်ခြင်း၊ အဖျားကြီးခြင်း၊ အားနည်းခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက် နာကျင်ခြင်း၊ သွေးကြောတွင်း သွေးနီဥတွေပေါက်ကွဲပျက်စီးကုန်တဲ့ အတွက် ဆီးထဲသွေးပါခြင်း၊ ဆီးမည်းခြင်းနဲ့ နောက်ဆုံးမှာ ကျောက်ကပ် ပျက်စီးစေပါတယ်။ ကျောက်ကပ်ပျက်ခြင်း (သို့) သွေးလန့်ခြင်းနဲ့ အသက်သေဆုံးနိုင်ပါတယ်။

ကုသနည်းကလည်း ဆေးရုံအမြန်တင်ပြီး (polyvalent antivenon) ထိုးပေးရတာပါပဲ။ ဒါပေမဲ့ အဆိပ်ဖြေဆေးထိုးပေမဲ့ တစ်သျှူးပျက်စီးမှုကတော့ မကာကွယ်နိုင်ပါဘူး။ စတီးရွိုက်ပေး ခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ကျောက်ကပ်လုပ်ငန်းပြန်လည် ကောင်းမွန်အောင် ကုသခြင်း၊ သွေးနီဥ ပျက်စီးမှုများလို့ သွေးအားနည်းသွားရင် သွေးသွင်းကုသခြင်းတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ ဒီလို ပင့်ကူကိုက်တာက အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့သင့်ပါ။

၄။ ပင့်ကူနီ (Redback spider)

ဩစတြေးလျက တောနယ်ဘက်တွေမှာ နေထိုင်တတ်ပြီး အနက်ရောင်၊ အညိုရောင်ရှိကာ၊ ဗိုက်အပေါ်ဘက်မှာ အနီရောင် (သို့) လိမ္မော်ရောင် အစင်းပါရှိတာ တွေ့ရတယ်။ ဒီပင့်ကူကလည်း အာရုံကြောအဖွဲ့ကို ထိခိုက်စေတဲ့ (Neurotoxin) အဆိပ်ထုတ်ပေးတာမို့ အကိုက်ခံရရင် လက္ခဏာ တွေအနေနဲ့ ကိုက်တဲ့နေရာမှာ ချက်ချင်းပဲ နာကျင်ပြီး ရောင်ကိုင်းလာတယ်။ ဒါ့အပြင် နီရဲဖောင်းကားလာပြီး ချွေးထွက်များလာတယ်။ နာကျင်တာက အကိုက်ခံရတဲ့ ခြေထောက် (သို့) လက်တစ်ချောင်းလုံး ပျံ့နှံ့လာပြီး ပျို့အန်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်း ကိုက်ခြင်း၊ ဖျားခြင်းနဲ့ အဆစ်တွေ နာကျင်လာတာ တွေ့ ရတယ်။

ကုသမှုအနေနဲ့ကတော့ ကိုက်ခံရတဲ့နေရာပေါ် ရေခဲတင်ပေးခြင်း၊ အဲဒီပင့်ကူအဆိပ်ကို ဖြေတဲ့ အဆိပ်ဖြေဆေး ထိုးပေးခြင်းတို့ကို ဆိုးရွားစွာ ခံစားရတဲ့လူနာတွေမှာ ပြုလုပ်ပေးရတယ်။ အဆိပ်ဖြေဆေး တစ်ပုလင်းထိုးရင်ကို ၉၀% လောက် အဆိပ်ဖြေပြီးသား ဖြစ်သွားတယ်။

၅။ ငှက်ပျောပင့်ကူ (Banana Spider)

တောင်အမေရိကမှာ တွေ့ရပြီး မီးခိုးရောင်/အညိုရောင် ရှိကာ ၅ စင်တီမီတာအရွယ်အထိ ကြီးပါတယ်။ သူ့အဆိပ် ကလည်း အက်ဆီတိုင်းကိုလင်းနဲ့ ကက်သီကောအေမင်း စတဲ့ ဓာတုပစ္စည်းတွေ ကိုယ်ခန္ဓာထဲ ထွက်ရှိစေပါတယ်။ အကိုက်ခံရတဲ့အခါ တွေ့ရတဲ့လက္ခဏာတွေကတော့ ချက်ချင်းလက်ငင်း မီးစနဲ့တို့လိုက်သလို ပူလောင် နာကျင် ခြင်းဟာ ကိုက်ခံရတဲ့ ခြေထောက် (သို့) လက်တစ်ခုလုံး ခံစားလိုက်ရတယ်။ ရောင်ရမ်းခြင်း၊ နီရဲနေခြင်း၊ ချွေးထွက် ခြင်းတွေလည်း ဖြစ်လာတယ်။ ရင်တုန်ခြင်း၊ အန်ခြင်း၊ တံထွေးအထွက်များခြင်း၊ သွေးတိုးခြင်းနဲ့ နာကျင်စွာ ငယ်ပါတောင့်တင်းနေခြင်းတို့ကို ကလေးတွေမှာ ထူးဆန်းစွာ တွေ့ရပါသေးတယ်။ တချို့ ကလေးတွေကျတော့ အထက် လှန်အောက်လျှော (ဝမ်းသွား)တာပါ တွေ့ရပါသေးတယ်။ ဒီပင့်ကူကိုက်တာကတော့ ဘရာဇီးမှာ အသက် ၁၀ နှစ် အောက်နဲ့ အသက် ၇၀ ကျော်တွေမှာ အတွေ့ရများပါတယ်။

ကုသခြင်းအနေနဲ့ကတော့ အလွန်အမင်းနာကျင်တာ သက်သာအောင် ရေခဲကပ်ခြင်း၊ ဆေးလိမ်းခြင်း၊ ထုံဆေးထိုးခြင်း၊ နာကျင်တဲ့နေရာတစ်ဝိုက်က နာ့ဗ်ကြောကို ထုံသွားအောင် ဆေးထိုးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ အဆုတ်ရောင်ခြင်း၊ ချောင်းဆိုးခြင်းတွေ ဖြစ်လာတတ်လို့ စောင့်ကြည့်ဖို့ လိုပါတယ်။

ကာကွယ်ခြင်းကတော့ ကလေးလူကြီးမရွေး မှောင်တဲ့နေရာနဲ့ တောတောင်တွေထဲ အလင်းရောင် (သို့) လက်နှိပ် ဓာတ်မီးမပါဘဲ မသွားလာဖို့၊ ချောင်ကြိုချောင်ကြားမဆော့ဖို့၊ ဘာကောင်ကိုက်ကိုက် မိဘနဲ့အုပ်ထိန်းသူကို အမြန်ဆုံးအသိ ပေးဖို့ လိုအပ်ပါတယ်။

ကင်းမြီးကောက်ထိုးခြင်း (Scorpion Sting)

ကင်းမြီးကောက်ဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသ နိုင်ငံအတော်များများမှာ မြွေကလွဲရင် အတွေ့အများဆုံး၊ အကိုက်ခံရဆုံး သတ္တဝါအမျိုးအစားဖြစ်ပါတယ်။ ကင်းမြီးကောက်က ထုတ်တဲ့အဆိပ်ဟာ လူတွေကို သာမန် တုံ့ပြန်မှုလောက်ပဲဖြစ်စေပေမဲ့ မက္ကဆီကို၊ တူနီးရှား၊ အယ်လ် ဂျီးရီးယား၊ မိုရိုကိုနဲ့ လစ်ဗျားနိုင်ငံတွေမှာတော့ ကင်းမြီး ကောက် ထိုးခံရတာဟာ ကျန်းမာရေးကို အတော်ထိခိုက်စေတယ်။

တစ်ခုကောင်းတာက ကင်းမြီးကောက်တွေဟာ လူနဲ့ တွေ့ရင် တိုက်ခိုက်ဖို့ထက် ထွက်ပြေးဖို့ပဲ ကြိုးစားကြပါတယ်။များသောအားဖြင့်တော့ လှေကားပေါ် တက်လိုက်တဲ့အခါ ဒါမှမဟုတ် တက်နင်းမိလိုက်တဲ့အခါ မတော်တဆ အမြီးမှာပါတဲ့အဆိပ်ဆူးနဲ့ ထိုးမိလိုက်တဲ့အခါ ပူခနဲ၊ ကျင်ခနဲ ဖြစ်လာတတ်တာမျိုး ခံစားရပါတယ်။ တချို့လည်း ရှူးဖိနပ်ထဲ အင်္ကျီတွေပေါ်နဲ့ ကျောက်တုံး၊ သစ်တုံးတွေအောက် ကင်းမြီးကောက်ရှိနေတာ သတိမထားလိုက်မိတဲ့ အချိန်မျိုးမှာ အဆိပ်ဆူးနဲ့ အထိုးခံရတတ်ပါတယ်။ အဲဒါကြောင့်မို့ ရှူးဖိနပ်တွေ၊ ခြေအိတ်တွေ မဝတ်ဆင်ခင် သေချာခါထုတ်ခြင်း၊ အင်္ကျီတွေ၊ စောင်တွေ သေချာခါရမ်းပြီးမှ အသုံးပြုခြင်း၊ ထိုင်မယ့်နေရာ၊ အိပ်မယ့်နေရာ အသေအချာရှင်းလင်းပြီးမှ ထိုင်ခြင်း၊ အိပ်ခြင်း ပြုလုပ်သင့်ပါတယ်။

ကုသမှုအနေနဲ့က နာကျင်တဲ့နေရာကို ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်ခြင်း ပြုလုပ်ပေးနိုင်တယ်။ အဆိပ်သင့်တဲ့ လက္ခဏာပြင်းထန်တဲ့သူတွေကိုတော့ ဆေးရုံတင်ပြီး နှလုံးသွေးလှည့်အဖွဲ့နဲ့ နာ့ဗ်ကြောအဖွဲ့ ထိခိုက်ခံရမှုကို စောင့်ကြည့်ဖို့ ၁၂-၂၄ နာရီ အနီးကပ်စောင့်ရှောက်သင့်တယ်။ အသက်ရှူ ခက်ခဲလာတာတွေ့ရင်တော့ အောက်ဆီဂျင်ပေးခြင်း၊ အဆိပ်ဖြေဆေးထိုးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ အဆိပ်ဖြေဆေးထိုးခြင်းရဲ့ အကျိုးအာနိသင်က ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ သွေးအလွန်အမင်း တိုးနေတဲ့သူတွေအတွက် သင့်လျော်ပါတယ်။ အဆိပ်ဖြေဆေး ထိုးတဲ့အခါမှာလည်း တုံ့ပြန်မှု (Serum Sickness) ရတတ်လို့ သတိထားထိုးသင့်ပါတယ်။

ကင်းမြီးကောက်နွယ်ဝင် ကင်းမလက်မည်းကြီးတွေကလည်း အုပ်စုဖွဲ့ပြီး မြေကြီးတွင်းထဲ နေထိုင်တတ်ကြလို့ အဲဒီလိုနေရာ သွားမဆော့ဖို့၊ အဲဒီအကောင်တွေနဲ့ဝေးရာနေဖို့၊ ညအပြင်ထွက်ရင် တုတ်တစ်ချောင်းနဲ့ အသံပေးပြီး လျှောက်ကာ လက်နှိပ်ဓာတ်မီးလိုအပ်ရင် သုံးစွဲဖို့ အကြံပြုရပါတယ်။

ကင်းမြီးကောက်၊ ကင်းမလက်မည်းတွေမှာ အောက်ပါ အဆိပ်နှစ်မျိုးပါဝင်တာ တွေ့ရပါတယ်။ ပထမအဆိပ်က ကိုက်တဲ့နေရာကိုပဲ ထိခိုက်စေတာပါ။ အကိုက်ခံရတဲ့နေရာမှာ စူးစူးရှရှ နာကျင်ခြင်း၊ နီရဲရောင်ရမ်းခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းနဲ့ တစ်ခါတစ်ရံ ရှားရှားပါးပါး ရှော့ခ် (anaphylaxis)ရတာမျိုးဖြစ်တတ်ပါတယ်။ အရှေ့အလယ် ပိုင်းမှာရှိတဲ့ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်ထိုးရင်တော့ အဆိပ်ပြန့်ခြင်းဟာ တစ်ကိုယ်လုံး ခံစားလာရရင် ဆေးရုံတင် ကုသသင့်ပါတယ်။

ဒုတိယအဆိပ်အမျိုးအစားက အာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေတဲ့ Neurotoxin အမျိုးအစားဖြစ်ပါတယ်။ ဒီအဆိပ်ကြောင့် နှလုံးတုန်ခြင်း၊ သွေးတိုးခြင်း၊ ချွေးထွက်များခြင်း၊ သွေးတွင်းသကြားဓာတ် များနေခြင်း၊ အဆုတ်ပွခြင်းနဲ့ တက်ခြင်း (Fits)တွေ ဖြစ်လာနိုင်ပါတယ်။ ကင်းမြီးကောက် (သို့) ကင်းမလက်မည်း တုပ်အပြီး ရုတ်တရက် နာကျင်ခြင်းခံစားရအပြီးနောက်မှာ အဲဒီနေရာအနီးတစ်ဝိုက် ထုံထိုင်းထိုင်းနဲ့ အထိအတွေ့ပျောက်သလိုတောင် ဖြစ်လာတတ်ပါတယ်။ ကြွက်သားတွေ ဟိုတစ်စ၊ ဒီတစ်စ လှုပ်ခြင်းနဲ့ နောက်ဆုံးမှာ မှိန်းနေခြင်း၊ မူးဝေနောက်ကျိနေခြင်းတွေ၊ ကိုက်တဲ့နေရာ အာရုံခံစားမှု ပျောက်နေတာတွေ ဖြစ်လာနိုင်ပါတယ်။ ကင်းမြီးကောက်၊ ကင်းမလက်မည်းထိုးတာကြောင့်တော့ အသက်အသေအပျောက်တော့ မတွေ့ရတတ်ပါဘူး။

ကစားရင်း၊ ဆော့ရင်း အဆိပ်ရှိတဲ့သတ္တဝါကိုက်တာလား၊ ဆူးခြစ်မိတာလား ဗျာမများရအောင် ကလေးတွေကို သစ်ခေါင်းထဲ မနှိုက်မိဖို့၊ မှောင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာ မသွားလာဖို့ ကလေးတွေကို ကြိုတင်သတိပေးထားသင့်ပါ ကြောင်း အကြံပေးအပ်ပါတယ်။

Author – ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)

Credit – Dr. Ziwaka Magazine

Source – http://ziwaka.org/archives/2746

Leave a Reply

Your email address will not be published. Required fields are marked *