ဗဟုတုသ

နိုင်ငံတကာမှ အန္တရာယ်အကြီးမားဆုံး လူဆိုးဂိုဏ်များအကြောင်း ဗဟုသုတ

(Zawgyi)

အႏၲရာယ္အႀကီးမားဆုံး လူဆိုးဂိုဏ္မ်ား

ကမာၻ႔သမိုင္းတစ္ေလ်ာက္ ဂိုဏ္းေပါင္းမ်ားစြာကို ရည္႐ြယ္ခ်က္မ်ိဳးစုံျဖင့္ ဖြဲ႕စည္း ထူေထာင္ခဲ့ၾကရာ အခ်ိဳ႕ေသာ ဂိုဏ္းမ်ားသည္ ကနဦးတြင္ ေကာင္းေသာလုပ္ငန္းစဥ္မ်ား ခ်မွတ္ခဲ့သည့္တိုင္ မသမာမႈမ်ားျဖင့္ အဆုံးသတ္ခဲ့၍ လူ႔အဖြဲ႕အစည္းကို ဒုကၡေပးသည့္ အဆိုး႐ြားဆုံး အရာမ်ားကို လုပ္ေဆာင္ခဲ့ၾကသည္။ ယင္းဂိုဏ္းမ်ားအနက္ ႏိုင္ငံတကာ၏အာ႐ုံစိုက္မႈကို အခံရဆုံးႏွင့္ အႏၲရာယ္ အႀကီးမားဆုံးဂိုဏ္း ကိုးဂိုဏ္းကို ၂၁၀၈ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့သည္။

Bloods-

ေသြးမ်ားဟု အမည္ေပးထားသည့္ ဂိုဏ္းတစ္ခုကို ၁၉၇၂ ခုႏွစ္က အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕ တြင္ ဖြဲ႕စည္းခဲ့သည္။ ယင္းဂိုဏ္းကို အုပ္စုမ်ား ခြဲျခားထားကာ အုပ္စု တစ္ခုစီသည္ မိမိတို႔အတြက္ ခ်မွတ္ထားသည့္ အထူး တာဝန္မ်ားကို ထမ္းေဆာင္ၾကရသည္။ အုပ္စုတိုင္းတြင္ အဖြဲ႕ဝင္သစ္မ်ား ရရွိေရးအတြက္ လုပ္ငန္းစဥ္မ်ား ရွိခဲ့သည္။ ယင္းဂိုဏ္း၏ အဖြဲ႕ဝင္မ်ားသည္ တစ္ဦးႏွင့္ တစ္ဦး ယင္းတို႔ ဝတ္ဆင္ထားသည့္ အနီေရာင္ လည္စည္းပဝါႏွင့္ အနီေရာင္ အဝတ္အစားမ်ားျဖင့္ ခြဲျခားၾကသည္။ ေသြးဂိုဏ္းဝင္တစ္ဦးသည္ အနီေရာင္ကိုသာ ဝတ္ဆင္ရၿပီး တစ္ဦးႏွင့္တစ္ဦး လက္ဟန္ေျခဟန္မ်ားျဖင့္ ခြဲျခားၾကသည္။ ယင္းတို႔ ေျပာပုံ၊ ေက်ာက္မ်က္မ်ား ဝတ္ဆင္ထားပုံႏွင့္ ေဆးမင္ေၾကာင္ ထိုးထားပုံတို႔ကို ၾကည့္ကာ တစ္ဦးႏွင့္တစ္ဦး အသိအမွတ္ျပဳၾကသည္။ ေသြးဂိုဏ္းသည္ မ်ားစြာေသာ ရာဇဝတ္မႈက်ဴးလြန္မႈမ်ားတြင္ပါဝင္ပတ္သက္ခဲ့ကာ အေမရိကန္ျပည္သူမ်ား၏ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေသြးဂိုဏ္း၏ ၾသဇာသည္ အေမရိကန္ျပည္သူမ်ား၏ လုံၿခဳံေရးအေပၚ လႊမ္းမိုးခဲ့ေသာေၾကာင့္ ျဖစ္ေပသည္။

Los Zetas-

စစ္ဘက္ေရးရာ ေနာက္ခံပါရွိေနသည့္ ဂိုဏ္းတစ္ခုသည္ အဖြဲ႕ဝင္မ်ားကို ေကာင္းစြာေလ့က်င့္ေပးထားၿပီး အဆင့္ျမင့္ နည္းပညာမ်ားကို သုံးစြဲကာ အလြန္ေျခခုံလက္လုံရွိခဲ့သည္။ မကၠဆီကိုႏိုင္ငံတြင္ အေျခခ်ကာ လႈပ္ရွားခဲ့သည့္ ယင္းဂိုဏ္း သည္ မကၠဆီကို တပ္မေတာ္မွ ထြက္ခဲ့ရသည့္ ရာဇဝင္ လူဆိုးမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ Los Zetas ျဖစ္သည္။ အစပိုင္းတြင္Los Zetas သည္ ပင္လယ္ေကြ႕မွ စီးပြားေရး လုပ္ငန္းရွင္အဖြဲ႕၏ အစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အလုပ္ရွင္ကို သစၥာေဖာက္ဖ်က္ခဲ့သည္။ ယင္းအခ်ိန္မွစ၍ Los Zetas သည္ မ်ားစြာေသာ အစိုးရအဖြဲ႕မ်ား၏ အထိတ္လန႔္ဆုံး ဂိုဏ္းတစ္ခုျဖစ္လာ ခဲ့သည္။ ေခတ္မီလက္နက္မ်ားတပ္ဆင္ထားသည့္ Los Zetas သည္ နည္းပညာကြၽမ္းက်င္သူမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ အႏၲရာယ္ႀကီးမားေသာ ဂိုဏ္းတစ္ခုျဖစ္သျဖင့္ ယင္းဂိုဏ္းကို ကိုင္တြယ္ရန္ ခက္ခဲခဲ့သည္။ ယင္းအဖြဲ႕သည္ လုပ္ႀကံသတ္ ျဖတ္ျခင္း၊ ျပန္ေပးဆြဲျခင္း၊ မူးယစ္ေဆးဝါး ေမွာင္ခို ေရာင္းဝယ္ျခင္း၊ၿခိမ္းေျခာက္၍ ေငြညႇစ္ျခင္းအပါအဝင္ ရာဇဝတ္မႈမ်ားစြာကို က်ဴးလြန္ခဲ့ၾကသည္။ ဂိုဏ္းသားမ်ားသည္ ေအာ္တိုမက္တစ္ လက္ကိုင္ေသနတ္မ်ားမွသည္ ေလာင္ခ်ာမ်ားအထိ ကိုင္ေဆာင္ကာ တိုက္ခိုက္မႈမ်ားကို ျပဳလုပ္ခဲ့ၾကေပသည္။

Aryan Brotherhood-

AB ဂိုဏ္းဟု ထင္ရွားသည့္ Aryan Brotherhood အဖြဲ႕သည္ ရက္စက္ေသာ ေထာင္တြင္းဂိုဏ္းမ်ားအနက္ တစ္ခုျဖစ္ ကာ ေထာင္နံရံျပင္ပတြင္လည္း ရာဇဝတ္မႈမ်ားကို က်ဴးလြန္ခဲ့ၾကသည္။ AB ဂိုဏ္းကို ၁၉၆၄ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ကာ အေမရိကန္ႏိုင္ငံ၏ ေထာင္စနစ္မ်ားကို ေျမလွန္ခဲ့သည့္ ဂိုဏ္းျဖစ္သည္။ ဂိုဏ္းသားမ်ားသည္ အဖြဲ႕ဝင္ ၂၀၀၀၀ ရွိသည္ဟု ခန႔္မွန္းရကာ ယင္းတို႔ သည္ အၾကင္နာတရားကင္းမဲ့၍ ရက္စက္ၾကမ္း ၾကဳတ္ၾကသူမ်ားျဖစ္ၾကသည္။ ဂိုဏ္း၏ ေဆာင္ပုဒ္ကိုပင္ ေသြးဝင္ ေသြးထြက္ဟု သတ္မွတ္ခဲ့ၾကကာ မည္သည့္အရာကိုမဆို နယ္ေျမ အကန႔္အသတ္မရွိဘဲ ေသြးဆာေနသူမ်ားဟု ထင္ရွားခဲ့ သည္။ အေမရိကန္ႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ လူသတ္မႈမ်ား၏ ၂၁ ရာခိုင္ႏႈန္းသည္ AB ဂိုဏ္းသားမ်ားက်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ား ျဖစ္သျဖင့္ ယင္းဂိုဏ္းသည္ မည္မွ် ေၾကာက္ဖြယ္ေကာင္းေၾကာင္း ျပဆိုေနေပသည္။

14K Triad-
တ႐ုတ္ႏိုင္ငံတြင္ စတင္အေျခခ်ခဲ့သည့္ 14K Triad ဂိုဏ္းသည္ အျခားႏိုင္ငံမ်ားသို႔ပါ ပ်ံ႕ႏွံ႔ေရာက္ရွိခဲ့ကာ လူအမ်ား အေပၚ ၾသဇာသက္ေရာက္ခဲ့သည္။ ယင္းဂိုဏ္းကို ရက္စက္ၾကမ္းၾကဳတ္၍ ဂိုဏ္းခ်ဳပ္ပုဂၢိဳလ္ ေက်နပ္မည့္ အဆိုးဆုံး ေနရာအထိ သြားႏိုင္ကာ ယင္းတို႔ လုပ္ငန္းကို ျပဳလုပ္ႏိုင္သူမ်ားျဖင့္ ဖြဲ႕စည္းခဲ့သည္။ ယင္းဂိုဏ္းကို တ႐ုတ္ႏိုင္ငံျပည္တြင္းစစ္အၿပီး ၁၉၄၉ ခုႏွစ္တြင္ ထူေထာင္ခဲ့ခ်ိန္မွစ၍ စဥ္ဆက္မျပတ္ အင္အားေကာင္းလာခဲ့ကာ ဂိုဏ္းသား ၂၀၀၀၀ အထိရွိလာခဲ့သည္။ 14K Triad ဂိုဏ္းသည္ ျပည့္တန္ဆာ ေရာင္းဝယ္ျခင္း၊ လက္နက္ကိုင္ လုယက္ျခင္း၊ ေမာ္ေတာ္ယာဥ္မ်ား ေမွာင္ခို ေရာင္းဝယ္ျခင္း၊ လူႏွင့္ လက္နက္ေမွာင္ခိုကူးျခင္း၊ မူးယစ္ေဆးဝါး ေရာင္းဝယ္ျခင္းစသည့္ ဒုစ႐ိုက္လုပ္ငန္းမ်ားကို ျပဳလုပ္သည္။ ဝမ္းနည္းဖြယ္ေကာင္းသည့္ အခ်က္မွာ ယင္းဂိုဏ္းသည္ ရဲတပ္ဖြဲ႕၏ သတင္းမ်ားကို ဦးစြာရရွိေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕က မဖမ္းမီ သတင္းရေနသျဖင့္ ဖမ္းဆီး၍ မရႏိုင္ခဲ့ေခ်။

Crips-

အာဖရိက အေမရိကန္ လူဆိုးဂိုဏ္းတစ္ခုျဖစ္သည့္ Crips သည္ တစ္ခ်ိန္က Baby Avenues ဟု ထင္ရွားခဲ့သည္။ အေမရိကန္ ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်ယ္လိစ္တြင္ တည္ရွိသည့္ ယင္းဂိုဏ္းသည္ ဂိုဏ္းဝင္ေပါင္း ၃၀၀၀၀ ဝန္းက်င္ရွိသည္။ အေမရိကန္ႏိုင္ငံသာမက ကမာၻ၌ပင္ အျပင္းထန္ဆုံးေသာ လူဆိုးဂိုဏ္းတစ္ခုျဖစ္သည့္ Crips သည္ လူသတ္ျခင္း၊ မူးယစ္ေဆးဝါးေရာင္းဝယ္ျခင္း၊ လုယက္ျခင္း၊ အလစ္သုတ္ျခင္းတို႔ကို က်ဴးလြန္ေလ့ရွိကာ အေမရိကန္ႏိုင္ငံ၏ အႀကီးမားဆုံး လူဆိုးဂိုဏ္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

Latin Kings-

ရွီကာဂိုၿမိဳ႕တြင္အေျခစိုက္၍ စပိန္စကားေျပာ လက္တင္အေမရိကႏိုင္ငံသားမ်ား Hispanic People) ျဖင့္ အမ်ားဆုံး ဖြဲ႕စည္းထားသည့္ Latin Kings ဂိုဏ္းသည္ မူလဖြဲ႕စည္းစဥ္က ေကာင္းမြန္ေသာ ရည္႐ြယ္ခ်က္မ်ား ရွိခဲ့သည္။ ဂိုဏ္း၏ ရည္႐ြယ္ခ်က္သည္ ယင္းတို႔၏ ယဥ္ေက်းမႈကို ျမႇင့္တင္ထိန္းသိမ္းရန္ ျဖစ္သည္။ သို႔ေသာ္ အျခားေသာ အေတြးမွားမ်ား ဝင္ေရာက္ခဲ့ၿပီးေနာက္ ရည္႐ြယ္ခ်က္မ်ား ပ်က္စီးခဲ့သည္။ ယခုအခ်ိန္တြင္ Latin Kings သည္ အဖြဲ႕ဝင္ေပါင္း ၄၃၀၀၀ ရွိသည့္ အရက္စက္ဆုံး လူဆိုးဂိုဏ္းအျဖစ္ ရပ္တည္ေနသည္။ ဂိုဏ္းသားမ်ားသည္ အခ်က္ျပ သေကၤတမ်ားျဖင့္သာ ဆက္သြယ္ၾကသျဖင့္ မိတ္ေဆြဟုတ္မဟုတ္ ခြဲျခားႏိုင္ၾကသည္။ ယင္းတို႔သည္ အျခားေသာ နာမည္အဆိုးဆုံး ဂိုဏ္အခ်ိဳ႕၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ႏွစ္ကာလရွည္ၾကာစြာအတူ အလုပ္လုပ္ခဲ့သည္။ ယင္းတို႔၏ လႈပ္ရွားမႈမွန္သမွ်သည္ ႀကီးမားေသာ ေသြးစြန္းမႈမ်ားျဖင့္အဆုံးသတ္ေလ့ရွိကာ ဂိုဏ္း၏ေငြေၾကးကို မူးယစ္ေဆးဝါးေရာင္းခ်ျခင္းမွ အမ်ားဆုံးရရွိသည္။ ဂိုဏ္သားမ်ားသည္ အနက္ႏွင့္ ေ႐ႊေရာင္ပါသည့္ အဝတ္မ်ားကို ဝတ္ဆင္ေလ့ရွိၾကသည္။

18 th Street Gang-

Barrio 18 ဟုလည္းေကာင္း၊ Marra 18 ဟုလည္းေကာင္း ထင္ရွားသည့္ 18 th Street ဂိုဏ္းသည္ လူမ်ိဳးေပါင္းစုံ ပါဝင္သည့္ အင္အား ၆၅၀၀၀ ရွိေသာ ဂိုဏ္းႀကီးျဖစ္သည္။ ယင္းဂိုဏ္းကို ၁၉၆၀ ျပည့္ႏွစ္မ်ားက ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕တြင္ ဖြဲ႕စည္းခဲ့ကာ ဂိုဏ္းဖြဲ႕စည္းၿပီး ႏွစ္မ်ားအတြင္း မကၠဆီကိုႏွင့္ ဗဟိုအေမရိကသို႔ ပ်ံ႕ႏွံ႔ခဲ့သည္။18 th Street ဂိုဏ္း၏ အဓိကလုပ္ငန္းမ်ားတြင္ ျပည့္တန္ဆာလုပ္ငန္း၊ လူသတ္မႈ၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ ျပန္ေပးဆြဲမႈႏွင့္ ၿခိမ္းေျခာက္ ေငြေတာင္းမႈမ်ားပါဝင္သည္။ မ်ားျပားလွသည့္ ဂိုဏ္းဝင္မ်ားအခ်င္းခ်င္း အက်ၤ ီတြင္ ဖိထားသည့္ ၁၈ ဂဏန္းအရာျဖင့္ သိရွိၾကသည္။ ယင္းဂိုဏ္းသည္ လူငယ္မ်ားျဖင့္သာ စုစည္းထားသျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ အဆိုးဆုံးဂိုဏ္းတစ္ခု ျဖစ္လာခဲ့သည္။

Mara Salvatrucha-

လက္ရွိအခ်ိန္တြင္ ကမာၻ႔အရက္စက္ဆုံး လူဆိုးဂိုဏ္းတစ္ခုသည္ အယ္လ္ဆာေဗဒိုးႏိုင္ငံ တြင္ရွိေနသည္။ ယင္းတို႔၏ၾသဇာသည္ အယ္လ္ဆာေဗဒိုး အစိုးရအဖြဲ႕ထိ ေရာက္ရွိေနကာ လူဆိုးဂိုဏ္းက အစိုးရ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသျဖင့္ အလြန္ေၾကာက္ဖြယ္ အေနအထားျဖစ္ခဲ့သည္။ သို႔ဆိုလွ်င္ ျပည္သူမ်ားက မည္သူက အကာအကြယ္ေပးမည္နည္းဟု ေမးလာဖြယ္ ရွိခဲ့သည္။ ယင္းလူဆိုးဂိုဏ္းကို ေလာ့စ္အိန္ဂ်ယ္လ္လိစ္ၿမိဳ႕တြင္ အယ္လ္ဆာေဗဒိုးႏိုင္ငံမွ ဝင္ေရာက္လာသူမ်ားျဖင့္ ဖြဲ႕စည္းခဲ့ရာ သစၥာခံ အဖြဲ႕ဝင္ ၇၀၀၀၀ အထိ ရွိခဲ့သည္။ ယင္းတို႔အနက္ ဂိုဏ္းဝင္ ၁၀၀၀၀ ခန႔္သည္ အေမရိကန္ႏိုင္ငံတြင္ လႈပ္ရွားေနၾကၿပီး ယင္းဂိုဏ္း၏ ထင္ရွားသည့္ အမည္သည္ MS 13 ျဖစ္သည္။ ယင္းဂိုဏ္းသည္ အရာရာကို အေလးအနက္ထားကာ လုပ္ေဆာင္ေလ့ ရွိပုံကို ယင္းတို႔၏ စစ္သင္တန္းတြင္ ျမင္ေတြ႕ရေပသည္။ ယင္းတို႔သည္ ေတာခုတ္ဓားမ်ားႏွင့္ လက္ပစ္ဗုံးမ်ားကို သုံးကာ တိုက္ခိုက္ေလ့ရွိသည္။

Yakuza-

ဂ်ပန္ႏိုင္ငံတြင္ နက္ရႈိင္းစြာ အျမစ္တြယ္ေနသည့္ ရာကူဇာဂိုဏ္းသည္ အလြန္ပင္ေရွးက်ခဲ့ကာ ဂိုဏ္းဝင္ ၁၀၂၀၀၀ ရွိ သည္။ ဤမွ် မ်ားျပားေသာ အဖြဲ႕ဝင္မ်ားေၾကာင့္ ရာကူဇာကို တစ္ကမာၻလုံးက ေၾကာက္႐ြံ႕ၾကသည္။ ရာကူဇာဂိုဏ္းသို႔ ဝင္လာသူ တစ္ေယာက္သည္ မိသားစုႏွင့္ ေဆြမ်ိဳးမ်ားကို အဆက္အသြယ္ျဖတ္ကာ ဂိုဏ္းကိုသာ သစၥာခံၾကရသည္။ မိသားစုႏွင့္ ျပန္လည္ ဆက္သြယ္သည့္ ဂိုဏ္းသားသည္ သစၥာေဖာက္ျခင္းျဖစ္သျဖင့္ ထိုသူကို သတ္ျဖတ္လိုက္ၾကသည္။ ဂိုဏ္းသားမ်ား အားလုံးကို သုတ္သင္လိုက္ႏိုင္လွ်င္ ဤကမာၻသည္ ေနခ်င့္စဖြယ္ ေနရာျဖစ္လာမည္ဟုပင္ ဆိုခဲ့ၾကသည္။ ရကူဇာတို႔မရွိလွ်င္ လူကုန္ကူးမႈမ်ား၊ ေသနတ္ေမွာင္ခိုမႈမ်ား၊ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈမ်ား၊ လုပ္ႀကံမႈမ်ား၊ သတ္ျဖတ္မႈမ်ား၊ ေငြေၾကးခဝါခ်မႈမ်ားႏွင့္ အျခားရာဇဝတ္မႈမ်ား ရွိေတာ့မည္မဟုတ္ဟု ယူဆမႈမ်ားပင္ ရွိလာခဲ့သည္။ သို႔ေသာ္ သက္ဆိုင္ရာ အစိုးရ အသီးသီးအတြက္ ရကူဇာမ်ား သုတ္သင္ေရးသည္ ႀကီးမားေသာ စိမ္ေခၚမႈ တစ္ရပ္ျဖစ္ေနေပသည္။ ရကူဇာတို႔၏ ကြန္ရက္သည္ အလြန္ႀကီးမား က်ယ္ျပန႔္ကာ အခ်ိဳ႕သည္ ရဲတပ္ဖြဲ႕မ်ားႏွင့္ အစိုးရအဖြဲ႕အတြင္းထိ ထိုးေဖာက္ဝင္ေရာက္ေနေပသည္။ ၿငိမ္းခ်မ္းသာယာေသာ ကမာၻႀကီးကို တည္ေဆာက္ရန္ ႏိုင္ငံတိုင္းက ႀကိဳးပမ္းေနၾကေသာ္လည္း လူသားမ်ားအား ၿခိမ္းေျခာက္အႏၲရာယ္ျပဳေနသည့္ လူဆိုးဂိုဏ္းမ်ားေၾကာင့္ အႏၲရာယ္ကင္းသည့္ ကမာၻျဖစ္လာရန္ မ်ားစြာ အလွမ္းေဝးလ်က္ရွိေနေပသည္။

ကိုးကား
Top 9 Most Dangerous Gangs in The World

Author – ေကာင္းစည္သူ

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ

Via – ေမာင္ သာ ေရွးေဟာင္းသုေတသန

(Unicode)

အန္တရာယ်အကြီးမားဆုံး လူဆိုးဂိုဏ်များ

ကမ္ဘာ့သမိုင်းတစ်လျောက် ဂိုဏ်းပေါင်းများစွာကို ရည်ရွယ်ချက်မျိုးစုံဖြင့် ဖွဲ့စည်း ထူထောင်ခဲ့ကြရာ အချို့သော ဂိုဏ်းများသည် ကနဦးတွင် ကောင်းသောလုပ်ငန်းစဉ်များ ချမှတ်ခဲ့သည့်တိုင် မသမာမှုများဖြင့် အဆုံးသတ်ခဲ့၍ လူ့အဖွဲ့အစည်းကို ဒုက္ခပေးသည့် အဆိုးရွားဆုံး အရာများကို လုပ်ဆောင်ခဲ့ကြသည်။ ယင်းဂိုဏ်းများအနက် နိုင်ငံတကာ၏အာရုံစိုက်မှုကို အခံရဆုံးနှင့် အန္တရာယ် အကြီးမားဆုံးဂိုဏ်း ကိုးဂိုဏ်းကို ၂၁၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

Bloods-

သွေးများဟု အမည်ပေးထားသည့် ဂိုဏ်းတစ်ခုကို ၁၉၇၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့ တွင် ဖွဲ့စည်းခဲ့သည်။ ယင်းဂိုဏ်းကို အုပ်စုများ ခွဲခြားထားကာ အုပ်စု တစ်ခုစီသည် မိမိတို့အတွက် ချမှတ်ထားသည့် အထူး တာဝန်များကို ထမ်းဆောင်ကြရသည်။ အုပ်စုတိုင်းတွင် အဖွဲ့ဝင်သစ်များ ရရှိရေးအတွက် လုပ်ငန်းစဉ်များ ရှိခဲ့သည်။ ယင်းဂိုဏ်း၏ အဖွဲ့ဝင်များသည် တစ်ဦးနှင့် တစ်ဦး ယင်းတို့ ဝတ်ဆင်ထားသည့် အနီရောင် လည်စည်းပဝါနှင့် အနီရောင် အဝတ်အစားများဖြင့် ခွဲခြားကြသည်။ သွေးဂိုဏ်းဝင်တစ်ဦးသည် အနီရောင်ကိုသာ ဝတ်ဆင်ရပြီး တစ်ဦးနှင့်တစ်ဦး လက်ဟန်ခြေဟန်များဖြင့် ခွဲခြားကြသည်။ ယင်းတို့ ပြောပုံ၊ ကျောက်မျက်များ ဝတ်ဆင်ထားပုံနှင့် ဆေးမင်ကြောင် ထိုးထားပုံတို့ကို ကြည့်ကာ တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြုကြသည်။ သွေးဂိုဏ်းသည် များစွာသော ရာဇဝတ်မှုကျူးလွန်မှုများတွင်ပါဝင်ပတ်သက်ခဲ့ကာ အမေရိကန်ပြည်သူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သွေးဂိုဏ်း၏ သြဇာသည် အမေရိကန်ပြည်သူများ၏ လုံခြုံရေးအပေါ် လွှမ်းမိုးခဲ့သောကြောင့် ဖြစ်ပေသည်။

Los Zetas-

စစ်ဘက်ရေးရာ နောက်ခံပါရှိနေသည့် ဂိုဏ်းတစ်ခုသည် အဖွဲ့ဝင်များကို ကောင်းစွာလေ့ကျင့်ပေးထားပြီး အဆင့်မြင့် နည်းပညာများကို သုံးစွဲကာ အလွန်ခြေခုံလက်လုံရှိခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် အခြေချကာ လှုပ်ရှားခဲ့သည့် ယင်းဂိုဏ်း သည် မက္ကဆီကို တပ်မတော်မှ ထွက်ခဲ့ရသည့် ရာဇဝင် လူဆိုးများဖြင့် ဖွဲ့စည်းထားသည့် Los Zetas ဖြစ်သည်။ အစပိုင်းတွင်Los Zetas သည် ပင်လယ်ကွေ့မှ စီးပွားရေး လုပ်ငန်းရှင်အဖွဲ့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်ရှင်ကို သစ္စာဖောက်ဖျက်ခဲ့သည်။ ယင်းအချိန်မှစ၍ Los Zetas သည် များစွာသော အစိုးရအဖွဲ့များ၏ အထိတ်လန့်ဆုံး ဂိုဏ်းတစ်ခုဖြစ်လာ ခဲ့သည်။ ခေတ်မီလက်နက်များတပ်ဆင်ထားသည့် Los Zetas သည် နည်းပညာကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် အန္တရာယ်ကြီးမားသော ဂိုဏ်းတစ်ခုဖြစ်သဖြင့် ယင်းဂိုဏ်းကို ကိုင်တွယ်ရန် ခက်ခဲခဲ့သည်။ ယင်းအဖွဲ့သည် လုပ်ကြံသတ် ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ခြင်း၊ခြိမ်းခြောက်၍ ငွေညှစ်ခြင်းအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။ ဂိုဏ်းသားများသည် အော်တိုမက်တစ် လက်ကိုင်သေနတ်များမှသည် လောင်ချာများအထိ ကိုင်ဆောင်ကာ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြပေသည်။

Aryan Brotherhood-

AB ဂိုဏ်းဟု ထင်ရှားသည့် Aryan Brotherhood အဖွဲ့သည် ရက်စက်သော ထောင်တွင်းဂိုဏ်းများအနက် တစ်ခုဖြစ် ကာ ထောင်နံရံပြင်ပတွင်လည်း ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။ AB ဂိုဏ်းကို ၁၉၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကာ အမေရိကန်နိုင်ငံ၏ ထောင်စနစ်များကို မြေလှန်ခဲ့သည့် ဂိုဏ်းဖြစ်သည်။ ဂိုဏ်းသားများသည် အဖွဲ့ဝင် ၂၀၀၀၀ ရှိသည်ဟု ခန့်မှန်းရကာ ယင်းတို့ သည် အကြင်နာတရားကင်းမဲ့၍ ရက်စက်ကြမ်း ကြုတ်ကြသူများဖြစ်ကြသည်။ ဂိုဏ်း၏ ဆောင်ပုဒ်ကိုပင် သွေးဝင် သွေးထွက်ဟု သတ်မှတ်ခဲ့ကြကာ မည်သည့်အရာကိုမဆို နယ်မြေ အကန့်အသတ်မရှိဘဲ သွေးဆာနေသူများဟု ထင်ရှားခဲ့ သည်။ အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုများ၏ ၂၁ ရာခိုင်နှုန်းသည် AB ဂိုဏ်းသားများကျူးလွန်ခဲ့သည့် ပြစ်မှုများ ဖြစ်သဖြင့် ယင်းဂိုဏ်းသည် မည်မျှ ကြောက်ဖွယ်ကောင်းကြောင်း ပြဆိုနေပေသည်။

14K Triad-
တရုတ်နိုင်ငံတွင် စတင်အခြေချခဲ့သည့် 14K Triad ဂိုဏ်းသည် အခြားနိုင်ငံများသို့ပါ ပျံ့နှံ့ရောက်ရှိခဲ့ကာ လူအများ အပေါ် သြဇာသက်ရောက်ခဲ့သည်။ ယင်းဂိုဏ်းကို ရက်စက်ကြမ်းကြုတ်၍ ဂိုဏ်းချုပ်ပုဂ္ဂိုလ် ကျေနပ်မည့် အဆိုးဆုံး နေရာအထိ သွားနိုင်ကာ ယင်းတို့ လုပ်ငန်းကို ပြုလုပ်နိုင်သူများဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းဂိုဏ်းကို တရုတ်နိုင်ငံပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ်တွင် ထူထောင်ခဲ့ချိန်မှစ၍ စဉ်ဆက်မပြတ် အင်အားကောင်းလာခဲ့ကာ ဂိုဏ်းသား ၂၀၀၀၀ အထိရှိလာခဲ့သည်။ 14K Triad ဂိုဏ်းသည် ပြည့်တန်ဆာ ရောင်းဝယ်ခြင်း၊ လက်နက်ကိုင် လုယက်ခြင်း၊ မော်တော်ယာဉ်များ မှောင်ခို ရောင်းဝယ်ခြင်း၊ လူနှင့် လက်နက်မှောင်ခိုကူးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းစသည့် ဒုစရိုက်လုပ်ငန်းများကို ပြုလုပ်သည်။ ဝမ်းနည်းဖွယ်ကောင်းသည့် အချက်မှာ ယင်းဂိုဏ်းသည် ရဲတပ်ဖွဲ့၏ သတင်းများကို ဦးစွာရရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က မဖမ်းမီ သတင်းရနေသဖြင့် ဖမ်းဆီး၍ မရနိုင်ခဲ့ချေ။

Crips-

အာဖရိက အမေရိကန် လူဆိုးဂိုဏ်းတစ်ခုဖြစ်သည့် Crips သည် တစ်ချိန်က Baby Avenues ဟု ထင်ရှားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်တွင် တည်ရှိသည့် ယင်းဂိုဏ်းသည် ဂိုဏ်းဝင်ပေါင်း ၃၀၀၀၀ ဝန်းကျင်ရှိသည်။ အမေရိကန်နိုင်ငံသာမက ကမ္ဘာ၌ပင် အပြင်းထန်ဆုံးသော လူဆိုးဂိုဏ်းတစ်ခုဖြစ်သည့် Crips သည် လူသတ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လုယက်ခြင်း၊ အလစ်သုတ်ခြင်းတို့ကို ကျူးလွန်လေ့ရှိကာ အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး လူဆိုးဂိုဏ်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Latin Kings-

ရှီကာဂိုမြို့တွင်အခြေစိုက်၍ စပိန်စကားပြော လက်တင်အမေရိကနိုင်ငံသားများ Hispanic People) ဖြင့် အများဆုံး ဖွဲ့စည်းထားသည့် Latin Kings ဂိုဉ်းသည် မူလဖွဲ့စည်းစဉ်က ကောင်းမွန်သော ရည်ရွယ်ချက်များရှိခဲ့သည်။ဂိုဏ်း၏ ရည်ရွယ် ချက်သည် ယင်းတို့၏ ယဉ်ကျေးမှုကို မြှင့်တင်ထိန်းသိမ်းရန်ဖြစ်သည်။သို့သော် အခြားသော အတွေးမှားများဝင်ရောက်ခဲ့ပြီး နောက် ရည်ရွယယ်ချက်များ ပျက်စီးခဲ့သည်။ ယခုအချိန်တွင် Latin Kings သည် အဖွဲ့ဝင်ပေါင်း ၄၃၀၀၀ ရှိသည့် အရက်စက်ဆုံး လူဆိုးဂိုဏ်းအဖြစ် ရပ်တည်နေ သည်။ ဂိုဏ်းသားများသည် အချက်ပြ သင်္ကေတများဖြင့်သာ ဆက်သွယ်ကြသဖြင့် မိတ်ဆွေဟုတ်မဟုတ် ခွဲခြားနိုင်ကြသည်။ ယင်းတို့သည် အခြားသော နာမည်အဆိုးဆုံး ဂိုဏ်အချို့၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် နှစ်ကာလရှည်ကြာစွာအတူ အလုပ်လုပ်ခဲ့သည်။ ယင်းတို့၏ လှုပ်ရှားမှုမှန်သမျှသည် ကြီးမားသော သွေးစွန်းမှုများဖြင့်အဆုံးသတ်လေ့ရှိကာ ဂိုဏ်း၏ငွေကြေးကို မူးယစ်ဆေးဝါးရောင်းချခြင်းမှ အများဆုံးရရှိသည်။ ဂိုဏ်သားများသည် အနက်နှင့် ရွှေရောင်ပါသည့် အဝတ်များကို ဝတ်ဆင်လေ့ရှိကြသည်။

18 th Street Gang-

Barrio 18 ဟုလည်းကောင်း၊ Marra 18 ဟု လည်းကောင်း ထင်ရှားသည့် 18 th Street ဂိုဏ်းသည် လူမျိုးပေါင်းစုံ ပါဝင်သည့် အင်အား ၆၅၀၀၀ ရှိသော ဂိုဏ်းကြီးဖြစ်သည်။ ယင်းဂိုဏ်းကို ၁၉၆၀ ပြည့်နှစ်များက လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဖွဲ့စည်းခဲ့ကာ ဂိုဏ်းဖွဲ့စည်းပြီး နှစ်များအတွင်း မက္ကဆီကိုနှင့် ဗဟိုအမေရိကသို့ ပျံ့နှံ့ခဲ့သည်။18 th Street ဂိုဏ်း၏ အဓိကလုပ်ငန်းများတွင် ပြည့်တန်ဆာလုပ်ငန်း၊ လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုနှင့် ခြိမ်းခြောက် ငွေတောင်းမှုများပါဝင်သည်။ များပြားလှသည့် ဂိုဏ်းဝင်များအချင်းချင်း အင်္ကျ ီတွင် ဖိထားသည့် ၁၈ ဂဏန်း အရာဖြင့် သိရှိကြသည်။ ယင်းဂိုဏ်းသည် လူငယ်များဖြင့်သာ စုစည်းထားသဖြင့် အမေရိကန်ပြည်ထောင်စုတွင် အဆိုးဆုံးဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။

Mara Salvatrucha-

လက်ရှိအချိန်တွင် ကမ္ဘာ့အရက်စက်ဆုံး လူဆိုးဂိုဏ်းတစ်ခုသည် အယ်လ်ဆာဗေဒိုးနိုင်ငံ တွင်ရှိနေသည်။ ယင်းတို့၏သြဇာသည် အယ်လ်ဆာဗေဒိုး အစိုးရအဖွဲ့ထိ ရောက်ရှိနေကာ လူဆိုးဂိုဏ်းက အစိုးရ လုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် အလွန်ကြောက်ဖွယ် အနေအထားဖြစ်ခဲ့သည်။ သို့ဆိုလျှင် ပြည်သူများက မည်သူက အကာအကွယ်ပေးမည်နည်းဟု မေးလာဖွယ် ရှိခဲ့သည်။ ယင်းလူဆိုးဂိုဏ်းကို လော့စ်အိန်ဂျယ်လ်လိစ်မြို့တွင် အယ်လ်ဆာဗေဒိုးနိုင်ငံမှ ဝင်ရောက်လာသူများဖြင့် ဖွဲ့စည်းခဲ့ရာ သစ္စာခံ အဖွဲ့ဝင် ၇၀၀၀၀ အထိ ရှိခဲ့သည်။ ယင်းတို့အနက် ဂိုဏ်းဝင် ၁၀၀၀၀ ခန့်သည် အမေရိကန်နိုင်ငံတွင် လှုပ်ရှားနေကြပြီး ယင်းဂိုဏ်း၏ ထင်ရှားသည့် အမည်သည် MS 13 ဖြစ်သည်။ ယင်းဂိုဏ်းသည် အရာရာကို အလေးအနက်ထားကာ လုပ်ဆောင်လေ့ ရှိပုံကို ယင်းတို့၏ စစ်သင်တန်းတွင် မြင်တွေ့ရပေသည်။ ယင်းတို့သည် တောခုတ်ဓားများနှင့် လက်ပစ်ဗုံးများကို သုံးကာ တိုက်ခိုက်လေ့ရှိသည်။

Yakuza-

ဂျပန်နိုင်ငံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ရာကူဇာဂိုဏ်းသည် အလွန်ပင်ရှေးကျခဲ့ကာ ဂိုဏ်းဝင် ၁၀၂၀၀၀ ရှိ သည်။ ဤမျှ များပြားသော အဖွဲ့ဝင်များကြောင့် ရာကူဇာကို တစ်ကမ္ဘာလုံးက ကြောက်ရွံ့ကြသည်။ ရာကူဇာဂိုဏ်းသို့ ဝင်လာသူ တစ်ယောက်သည် မိသားစုနှင့် ဆွေမျိုးများကို အဆက်အသွယ်ဖြတ်ကာ ဂိုဏ်းကိုသာ သစ္စာခံကြရသည်။ မိသားစုနှင့် ပြန်လည် ဆက်သွယ်သည့် ဂိုဏ်းသားသည် သစ္စာဖောက်ခြင်းဖြစ်သဖြင့် ထိုသူကို သတ်ဖြတ်လိုက်ကြသည်။ ဂိုဏ်းသားများ အားလုံးကို သုတ်သင်လိုက်နိုင်လျှင် ဤကမ္ဘာသည် နေချင့်စဖွယ် နေရာဖြစ်လာမည်ဟုပင် ဆိုခဲ့ကြသည်။ ရကူဇာတို့မရှိလျှင် လူကုန်ကူးမှုများ၊ သေနတ်မှောင်ခိုမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ လုပ်ကြံမှုများ၊ သတ်ဖြတ်မှုများ၊ ငွေကြေးခဝါချမှုများနှင့် အခြားရာဇဝတ်မှုများ ရှိတော့မည်မဟုတ်ဟု ယူဆမှုများပင် ရှိလာခဲ့သည်။ သို့သော် သက်ဆိုင်ရာ အစိုးရ အသီးသီးအတွက် ရကူဇာများ သုတ်သင်ရေးသည် ကြီးမားသော စိမ်ခေါ်မှု တစ်ရပ်ဖြစ်နေပေသည်။ ရကူဇာတို့၏ ကွန်ရက်သည် အလွန်ကြီးမား ကျယ်ပြန့်ကာ အချို့သည် ရဲတပ်ဖွဲ့များနှင့် အစိုးရအဖွဲ့အတွင်းထိ ထိုးဖောက်ဝင်ရောက်နေပေသည်။ ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို တည်ဆောက်ရန် နိုင်ငံတိုင်းက ကြိုးပမ်းနေကြသော်လည်း လူသားများအား ခြိမ်းခြောက်အန္တရာယ်ပြုနေသည့် လူဆိုးဂိုဏ်းများကြောင့် အန္တရာယ်ကင်းသည့် ကမ္ဘာဖြစ်လာရန် များစွာ အလှမ်းဝေးလျက်ရှိနေပေသည်။

ကိုးကား
Top 9 Most Dangerous Gangs in The World

Author – ကောင်းစည်သူ

၂၀၁၈ ခုနှစ် အောက်တိုဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Via – မောင် သာ ရှေးဟောင်းသုတေသန

Leave a Reply

Your email address will not be published. Required fields are marked *