ဗဟုတုသ

ဒံပေါက်ကို အိမ်မှာ အလွယ်တကူ ချက်မယ်

(Zawgyi)

ဒံေပါက္ကို အရသာရွိရွိ အိမ္မွာ အလြယ္တကူ ခ်က္စားၾကမယ္

အိႏၵိယ အစားအစာတမ်ိဳးျဖစ္တဲ့ ဒံေပါက္ဟာ အရသာရွိၿပီး ေမႊးပ်ံတဲ့ စားခ်င္စဖြယ္ ရနံ႔ေတြေၾကာင့္ ကမာၻတဝွမ္းက အစားအစာ ခ်စ္သူေတြတိုင္း ႀကိဳက္ႏွစ္သက္ၾကတဲ့ အစားအစာတမ်ိဳး ျဖစ္ပါတယ္။ ဒံေပါက္ဟာ ခ်က္ျပဳတ္ရခက္တဲ့ အစားအစာတမ်ိဳးလို႔ အမ်ားစုက ထင္ျမင္တတ္ၾကၿပီး အခုေဖာ္ျပေပးမယ့္ နည္းလမ္းကေတာ့ ထမင္းေပါင္းအိုး ရွိ႐ုံနဲ႔ အလြယ္တကူ ခ်က္ျပဳတ္စားေသာက္ႏိုင္မယ့္ နည္းလမ္းပဲ ျဖစ္ပါတယ္။

ဒံေပါက္ခ်က္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ “ဒံေပါက္ဆန္”လို႔ေခၚတဲ့ ဘာစမာတီဆန္၊ ၾကက္သား၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းအနည္းငယ္၊ ဒံေပါက္ မဆလာ၊ ေထာပတ္၊ ဖာလာေစ့၊ နာနတ္ပြင့္၊ သစ္ၾကပိုးေခါက္၊ ကရေဝး႐ြက္၊ ဒံေပါက္အေရာင္ ေဆးရည္၊ ပဲစိမ္း၊ စပ်စ္ေစ့ေျခာက္၊ ဒိန္ခ်ဥ္ အနည္းငယ္နဲ႔ ဆား၊ အရသာမႈန႔္၊ င႐ုတ္သီး အေရာင္တင္မႈန႔္၊ နႏြင္းမႈန႔္တို႔ပဲ ျဖစ္ပါတယ္။ မိမိခ်က္ျပဳတ္မယ့္ ပမာဏအလိုက္ ထည့္သြင္းရမယ့္ ပါဝင္ပစၥည္းေတြကို အတိုးအေလွ်ာ့ ျပဳလုပ္ႏိုင္ပါတယ္။

ပထမအဆင့္အေနနဲ႔ ဒံေပါက္နဲ႔ အတူ တြဲဖက္စားသုံးဖို႔ ၾကက္သားကို အရင္ခ်က္ပါမယ္။ ၾကက္သားကို ေရနဲ႔ ေသခ်ာစြာ ေဆးေၾကာၿပီး ေရစစ္၊ ေရေျခာက္သြားရင္ေတာ့ ၾကက္သြန္ျဖဴနဲ႔ ဂ်င္းေထာင္းထားတဲ့ အေရာ၊ နႏြင္းမႈန႔္၊ ဒိန္ခ်ဥ္အနည္းငယ္၊ ဖာလာေစ့မႈန႔္၊ နာနတ္ပြင့္၊ ဆားနဲ႔ အရသာမႈန႔္တို႔ကို ထည့္ၿပီး ေသခ်ာစြာ နယ္ကာ မနက္မွ ခ်က္မယ္ဆို ညကတည္းက ႀကိဳတင္ နယ္ႏွပ္ထားရမွာပဲ ျဖစ္ပါတယ္။

ၿပီးရင္ေတာ့ ခ်က္မယ့္အိုးထဲ ဆီထည့္၊ ၾကက္သြန္ျဖဴ/နီ ဆီသတ္ၿပီး င႐ုတ္သီးအေရာင္မႈန႔္ထည့္၊ ၾကက္သားထည့္ ေမႊေပးၿပီး ေရအနည္းငယ္ ထည့္ကာ ဆီျပန္လာၿပီဆိုရင္ေတာ့ မဆလာ အနည္းငယ္ ခတ္ေပး႐ုံနဲ႔ ဒံေပါက္နဲ႔ တြဲဖက္စားမယ့္ ၾကက္သားဟင္း ရပါၿပီ။

ဒံေပါက္ထမင္း ခ်က္ဖို႔အတြက္ ဒံေပါက္ဆန္လို႔ေခၚတဲ့ ဘာစမာတီဆန္ကို ေရေဆးၿပီး နာရီဝက္ခန႔္ ေရစိမ္ထားရပါမယ္။ ၿပီးရင္ေတာ့ ေရေႏြးကို မိမိခ်က္မယ့္ ဆန္ပမာဏအလိုက္ ထည့္ၿပီး ေရခပ္မ်ားမ်ားနဲ႔ ဆူေအာင္တည္ပါမယ္။ ေရေႏြးထဲကို သစ္ႀကံပိုးေခါက္၊ ဖာလာေစ့မႈန႔္၊ နာနတ္ပြင့္၊ ကရေဝး႐ြက္နဲ႔ ဆားအနည္းငယ္ ထည့္ၿပီး တည္ေပးရပါမယ္။

ေရေႏြး ဆူလာၿပီဆိုရင္ေတာ့ ေရစိမ္ထားတဲ့ဆန္ကို ထည့္ၿပီး အဖုံးအုပ္ထားရပါမယ္။ ေရေႏြးလည္း ပြက္ပြက္ဆူလာတဲ့အခါ ထည့္ထားတဲ့ဆန္ကို လက္နဲ႔ အနည္းငယ္ စမ္းၾကည့္လို႔ မာတင္းတင္းေလး ျဖစ္လာၿပီဆိုရင္ေတာ့ ေရစစ္ၿပီး ထမင္းေပါင္းအိုးထဲကို ထည့္ပါမယ္။

ထမင္းေပါင္းအိုးထဲကို အပူေပးထားတဲ့ ေထာပတ္အနည္းငယ္ထည့္၊ ခ်က္ထားတဲ့ ထမင္းထည့္၊ ဒံေပါက္အေရာင္ အနည္းငယ္ထည့္၊ စပ်စ္သီးေျခာက္၊ ပဲစိမ္းနဲ႔ဆား၊ အရသာမႈန႔္၊ ဆီအနည္းငယ္နဲ႔ ဒံေပါက္ မဆလာတို႔ကို ထည့္ေပးၿပီး ေပါင္းအိုး ခလုတ္ႏွိပ္ၿပီး ၁၀ မိနစ္ခန႔္ ႏွပ္ေပး႐ုံနဲ႔ အရသာရွိတဲ့ ဒံေပါက္ကို သုံးေဆာင္ႏိုင္ပါၿပီ။

Ref : recipes.timesofindia.com

Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

ဒံပေါက်ကို အရသာရှိရှိ အိမ်မှာ အလွယ်တကူ ချက်စားကြမယ်

အိန္ဒိယ အစားအစာတမျိုးဖြစ်တဲ့ ဒံပေါက်ဟာ အရသာရှိပြီး မွှေးပျံတဲ့ စားချင်စဖွယ် ရနံ့တွေကြောင့် ကမ္ဘာတဝှမ်းက အစားအစာ ချစ်သူတွေတိုင်း ကြိုက်နှစ်သက်ကြတဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။ ဒံပေါက်ဟာ ချက်ပြုတ်ရခက်တဲ့ အစားအစာတမျိုးလို့ အများစုက ထင်မြင်တတ်ကြပြီး အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ ထမင်းပေါင်းအိုး ရှိရုံနဲ့ အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒံပေါက်ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ “ဒံပေါက်ဆန်”လို့ခေါ်တဲ့ ဘာစမာတီဆန်၊ ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ်၊ ဒံပေါက် မဆလာ၊ ထောပတ်၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ကြပိုးခေါက်၊ ကရဝေးရွက်၊ ဒံပေါက်အရောင် ဆေးရည်၊ ပဲစိမ်း၊ စပျစ်စေ့ခြောက်၊ ဒိန်ချဉ် အနည်းငယ်နဲ့ ဆား၊ အရသာမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ မိမိချက်ပြုတ်မယ့် ပမာဏအလိုက် ထည့်သွင်းရမယ့် ပါဝင်ပစ္စည်းတွေကို အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။

ပထမအဆင့်အနေနဲ့ ဒံပေါက်နဲ့ အတူ တွဲဖက်စားသုံးဖို့ ကြက်သားကို အရင်ချက်ပါမယ်။ ကြက်သားကို ရေနဲ့ သေချာစွာ ဆေးကြောပြီး ရေစစ်၊ ရေခြောက်သွားရင်တော့ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းထားတဲ့ အရော၊ နနွင်းမှုန့်၊ ဒိန်ချဉ်အနည်းငယ်၊ ဖာလာစေ့မှုန့်၊ နာနတ်ပွင့်၊ ဆားနဲ့ အရသာမှုန့်တို့ကို ထည့်ပြီး သေချာစွာ နယ်ကာ မနက်မှ ချက်မယ်ဆို ညကတည်းက ကြိုတင် နယ်နှပ်ထားရမှာပဲ ဖြစ်ပါတယ်။

ပြီးရင်တော့ ချက်မယ့်အိုးထဲ ဆီထည့်၊ ကြက်သွန်ဖြူ/နီ ဆီသတ်ပြီး ငရုတ်သီးအရောင်မှုန့်ထည့်၊ ကြက်သားထည့် မွှေပေးပြီး ရေအနည်းငယ် ထည့်ကာ ဆီပြန်လာပြီဆိုရင်တော့ မဆလာ အနည်းငယ် ခတ်ပေးရုံနဲ့ ဒံပေါက်နဲ့ တွဲဖက်စားမယ့် ကြက်သားဟင်း ရပါပြီ။

ဒံပေါက်ထမင်း ချက်ဖို့အတွက် ဒံပေါက်ဆန်လို့ခေါ်တဲ့ ဘာစမာတီဆန်ကို ရေဆေးပြီး နာရီဝက်ခန့် ရေစိမ်ထားရပါမယ်။ ပြီးရင်တော့ ရေနွေးကို မိမိချက်မယ့် ဆန်ပမာဏအလိုက် ထည့်ပြီး ရေခပ်များများနဲ့ ဆူအောင်တည်ပါမယ်။ ရေနွေးထဲကို သစ်ကြံပိုးခေါက်၊ ဖာလာစေ့မှုန့်၊ နာနတ်ပွင့်၊ ကရဝေးရွက်နဲ့ ဆားအနည်းငယ် ထည့်ပြီး တည်ပေးရပါမယ်။

ရေနွေး ဆူလာပြီဆိုရင်တော့ ရေစိမ်ထားတဲ့ဆန်ကို ထည့်ပြီး အဖုံးအုပ်ထားရပါမယ်။ ရေနွေးလည်း ပွက်ပွက်ဆူလာတဲ့အခါ ထည့်ထားတဲ့ဆန်ကို လက်နဲ့ အနည်းငယ် စမ်းကြည့်လို့ မာတင်းတင်းလေး ဖြစ်လာပြီဆိုရင်တော့ ရေစစ်ပြီး ထမင်းပေါင်းအိုးထဲကို ထည့်ပါမယ်။

ထမင်းပေါင်းအိုးထဲကို အပူပေးထားတဲ့ ထောပတ်အနည်းငယ်ထည့်၊ ချက်ထားတဲ့ ထမင်းထည့်၊ ဒံပေါက်အရောင် အနည်းငယ်ထည့်၊ စပျစ်သီးခြောက်၊ ပဲစိမ်းနဲ့ဆား၊ အရသာမှုန့်၊ ဆီအနည်းငယ်နဲ့ ဒံပေါက် မဆလာတို့ကို ထည့်ပေးပြီး ပေါင်းအိုး ခလုတ်နှိပ်ပြီး ၁၀ မိနစ်ခန့် နှပ်ပေးရုံနဲ့ အရသာရှိတဲ့ ဒံပေါက်ကို သုံးဆောင်နိုင်ပါပြီ။

Ref : recipes.timesofindia.com

Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *