ဗဟုတုသ

လိင်ဖျော်ဖြေရေး ဆီလီကွန်ရုပ်များအကြောင်း ဗဟုသုတသိခြင်သူများအတွက်

(Zawgyi)

လိင္ေဖ်ာ္ေျဖေရး ဆီလီကြန္႐ုပ္မ်ား

နည္းပညာမ်ား တစ္ဟုန္ထိုးတိုးတက္ခဲ့သည့္ မ်က္ေမွာက္ေခတ္ကမာၻတြင္ လူသားမ်ားသည္ မိမိတို႔ စိတ္ကူးႀကံစည္သမွ်ကို ျပဳလုပ္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ၾကရာ လိင္ေဖ်ာ္ေျဖေရးသည္လည္း တစ္ခုအပါအဝင္ျဖစ္ခဲ့သည္။ သူေတာ္စင္မ်ားမွ လြဲ၍ လူသားတိုင္း မလြဲေရွာင္ႏိုင္သည့္ လိင္ကိစၥတြင္ သဘာဝကို ဆန႔္က်င္လ်က္ အ႐ုပ္မ်ားကို အသုံးျပဳရန္ ဆီလီကြန္႐ုပ္မ်ားကို တီထြင္ခဲ့ၾကရာ ကမာၻတစ္ဝန္း လ်င္ျမန္စြာ ေခတ္စားလာခဲ့သည္။

ဆီလီကြန္႐ုပ္မ်ား ထုတ္လုပ္သည့္ Sex Bots ကုမၸဏီမ်ားထံ မိမိႏွစ္သက္သည့္ မိန္းကေလး၏ ႐ုပ္လကၡဏာအတိုင္း မွာယူႏိုင္သျဖင့္ လူအမ်ား ပိုမိုစိတ္ဝင္စားခဲ့ၾကသည္။ မိမိႏွစ္သက္သည့္ ကမာၻေက်ာ္ မိန္းကေလးမ်ား၏ ပုံစံကိုမွာယူႏိုင္ေၾကာင္း ေၾကညာခဲ့ေသာ္လည္း ကန႔္ကြက္မႈမ်ားေၾကာင့္ ယင္းအစီအစဥ္ကို ႐ုပ္သိမ္းခဲ့သည္။ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ လိင္မွ ကူးစက္သည့္ ေရာဂါမ်ား ကူးစက္မႈ မရွိေစရန္ ဆီလီကြန္ ျပည့္တန္ဆာခန္းမ်ား ဖြင့္လွစ္မည္ဟုပင္ ဆိုေပသည္။ ဆီလီကြန္႐ုပ္မ်ားကို အေမရိကန္ေဒၚလာ ၁၈၀ ဝန္းက်င္မွစ၍ ဝယ္ယူႏိုင္ရန္ အြန္လိုင္းတြင္ ေၾကညာထားသည့္ ေၾကာ္ျငာ မ်ား ကို ေတြ႕ရွိႏိုင္ၾကသည္။

လိင္ေရာဂါ မကူးစက္၊ ေငြေၾကးမ်ားစြာ မကုန္က်မႈႏွင့္ လူမႈျပႆနာ မရွိမႈမ်ားသည့္ ဆီလီကြန္႐ုပ္မ်ားကို သုံးစြဲသူအား လူသားအစစ္ႏွင့္ ထိေတြ႕ဆက္ဆံရ သည့္အတိုင္း စိတ္ခံစားမႈေက်နပ္မႈရရွိေစရန္ ႀကိဳးစားလ်က္ရွိရာ artificial Intelligence နည္းပညာျဖင့္ သုံးစြဲသူ၏ အႀကိဳက္ကို အလိုက္သိေစႏိုင္သည္ဟုပင္ ဆိုလာၾကေပသည္။

ဆီလီကြန္ အ႐ုပ္မ်ား

လိင္ေဖ်ာ္ေျဖေရး ဆီလီကြန္ အ႐ုပ္မ်ားတြင္ အမ်ိဳးသားမ်ား ကာမသုခ ရရွိရန္ အသုံးျပဳႏိုင္သည့္ အ႐ုပ္မ်ားအျပင္ အမ်ိဳး သမီးမ်ား သုံးစြဲႏိုင္သည့္ အမ်ိဳးသားအဂၤါတုမ်ားႏွင့္ တုန္ခါစက္မ်ားလည္း ပါဝင္သည္။ လူႀကိဳက္မ်ားသည့္ အ႐ုပ္မ်ားသည္ လိင္အဂၤါႏွင့္ တူညီစြာျပဳလုပ္ထားၿပီး အခ်ိဳ႕အ႐ုပ္မ်ားကို အသုံးျပဳေနစဥ္တြင္ တုန္ခါေနေစရန္ စီစဥ္ထားသည္။ဆီလီကြန္ အ႐ုပ္မ်ားကို လိင္ပစၥည္းအေရာင္း ဆိုင္မ်ားတြင္ ဝယ္ယူႏိုင္ၿပီး အျပာ႐ုပ္ရွင္ကား တရားဝင္ေရာင္းခ်ခြင့္ရွိသည့္ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ညစ္ညမ္းေခြအဆိုင္မ်ားတြင္ ရရွိႏိုင္သည္။ ယေန႔ေခတ္တြင္ ဆီလီကြန္ အ႐ုပ္မ်ားအပါအဝင္ လိင္ေဖ်ာ္ေျဖမႈ က်ားမသုံး ပစၥည္းမ်ားကို ႏိုင္ငံတိုင္းနီးပါးတြင္ အလြယ္တကူ ဝယ္ယူႏိုင္ၾကၿပီျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားသုံး လိင္စိတ္ႏိုးႂကြေစသည့္ ပစၥည္းမ်ားသည္ ၁၇ ရာစု အေစာပိုင္းကပင္ ရွိခဲ့ၿပီး၁၉၇၀ ျပည့္ႏွစ္တြင္ တြင္က်ယ္စြာ သုံးစြဲခဲ့သည့္ အာ႐ုံေၾကာမ်ား ႏိုးၾကားေစသည့္ လွ်ပ္စစ္ဓာတ္အားသုံး ေဆးဘက္သုံး ကိရိယာ (TENS)သည္ လူသားမ်ား၏ အာ႐ုံေၾကာမ်ားကို လွ်ပ္စစ္ဓာတ္ျဖင့္ လႈံ႕ေဆာ္မႈျပဳလုပ္ၿပီး ဦးေႏွာက္သို႔ ႏႈိးထမႈ သေကၤတမ်ားကို ပို႔ေပးျခင္းျဖင့္ ဟိုမုန္းဓာတ္မ်ားကို ထြက္ရွိလာေစသည္။ ဆီလီကြန္႐ုပ္မ်ားကို ေပ်ာ့ေျပာင္းေသာ ေရာ္ဘာ၊ ပလတ္စတစ္၊ ႏိုင္လြန္မ်ားျဖင့္ ျပဳလုပ္ခဲ့ရာမွဆီလီကြန္မ်ားျဖင့္ အစားထိုး၍ ခံစားမႈ အျပည့္အဝရရွိေစရန္ တီထြင္ခဲ့ၾကသည္။ ယင္းအ႐ုပ္မ်ားကို အသုံးျပဳၿပီးလွ်င္ ငါးမိနစ္ခန႔္ ေရေႏြးစိမ္ၿပီး ဆပ္ျပာႏွင့္ ေဆးေၾကာ႐ုံသာ ျဖစ္ေပသည္။

ႏိုင္ငံတကာမွ ဆီလီကြန္႐ုပ္မ်ား

လိင္႐ုပ္မ်ားကို မဖြယ္မရာ၊ ညစ္ညမ္းေသာ အ႐ုပ္မ်ားဟု သတ္မွတ္ထားသည့္ အိႏၵိယႏိုင္ငံတြင္ ဆီလီကြန္႐ုပ္မ်ား အပါအဝင္ လိင္မႈဆိုင္ရာ ပစၥည္းမ်ားကို ေရာင္းခ်ခြင့္မရွိဘဲ ေရာင္းခ်သူအား ေထာင္ဒဏ္ ႏွစ္ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည့္ ဥပေဒမ်ား ျပ႒ာန္းထားသည္။ ထို႔အတူ လိင္စိတ္ကို ႏႈိးဆြသည့္ အျပာစာအုပ္မ်ား၊ ေၾကာ္ျငာစာ႐ြက္မ်ား၊ လက္ကမ္းစာေစာင္မ်ား၊ ႐ုပ္ပုံမ်ား၊ ပန္းခ်ီမ်ား၊ ႐ုပ္တုမ်ားကိုလည္း ညစ္ညမ္းပစၥည္းမ်ားဟု သတ္မွတ္သည္။ ဂ်ပန္ႏိုင္ငံတြင္ dildo မ်ားကို တိရိစာၦန္မ်ား၊ ကာတြန္း႐ုပ္မ်ားႏွင့္ တူညီေအာင္ျပဳလုပ္ကာ ေၾကာင္မ်ား၊ ယုန္မ်ား၊ လင္းပိုင္မ်ား အျဖစ္ျပဳလုပ္၍ ကစားစရာ အ႐ုပ္မ်ားအျဖစ္ ေရာင္းခ်ျခင္းျဖင့္ ဥပေဒကို ေရွာင္လြဲၾကသည္ဟု ဆိုသည္။ မေလးရွားႏိုင္ငံတြင္မူလုံး၀ ထုတ္လုပ္ခြင့္၊ ေရာင္းခ်ခြင့္၊ တင္သြင္းခြင့္ မရွိေခ်။

ေတာင္အာဖရိကႏိုင္ငံတြင္ သဘာဝမဟုတ္ေသာ လိင္ကိစၥ အသုံးျပဳရန္ ရည္႐ြယ္ခ်က္ျဖင့္ မည္သည့္လိင္႐ုပ္၊ လိင္ပစၥည္း ထုတ္လုပ္ျခင္း၊ေရာင္းခ်ျခင္းကိုမဆို ဥပေဒျဖင့္ တားျမစ္ထားသည္။ ဆန႔္က်င္ဘက္ လိင္ျဖစ္သည့္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး လိင္ဆက္ဆံျခင္းမွလြဲလွ်င္ သက္မဲ့မ်ားကို ဆက္ဆံျခင္း၊ တိရိစာၦန္မ်ားကို ဆက္ဆံျခင္း၊ လိင္တုဆက္ဆံျခင္းမ်ားကို သဘာဝမဟုတ္ေသာ ဆက္ဆံမႈဟု သတ္မွတ္သည္။ ယင္းဥပေဒက အမ်ိဳးသမီးအခ်င္းခ်င္း dildo မ်ား အသုံးျပဳဆက္ဆံျခင္းကို တားျမစ္ရန္ အဓိက ရည္႐ြယ္ခဲ့သည္။

လိင္မႈကိစၥ လြတ္လပ္ပြင့္လင္းသည့္ အေမရိကန္ႏိုင္ငံတြင္ ဆီလီကြန္႐ုပ္မ်ားႏွင့္ ေခ်ာဆီရည္မ်ား ေရာင္းခ်ရမႈသည္ တိုးတက္လ်က္ရွိၿပီး အေမရိကန္ႏိုင္ငံတစ္လႊား အဓိက အေရာင္းဌာနမ်ားတြင္ အ႐ုပ္မ်ားႏွင့္ လိင္႐ုပ္မ်ားကို ရရွိႏိုင္သကဲ့သို႔ အြန္လိုင္းမွလည္း ဝယ္ယူႏိုင္သည္။ သို႔ေသာ္ မၾကာမီက ေတာင္ပိုင္းျပည္နယ္မ်ားသည္ ဆီလီကြန္႐ုပ္မ်ားကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ေသာနည္းျဖင့္ျဖစ္ေစ ေရာင္းခ်မႈမ်ားကို ပိတ္ပင္ခဲ့သည္။ အယ္လ္ဘားမားျပည္နယ္၊ လက္ေထာက္ေရွ႕ေနခ်ဳပ္ ဝီလ်ံပိုင္ရာက ၁၉၉၉ ခုႏွစ္တြင္ လူတစ္ေယာက္သည့္ ကိုယ္ကာယ အစိတ္အပိုင္းအတုမ်ား ထုတ္လုပ္သည့္ ပစၥည္းတစ္ခုခုကို ဝယ္ယူရန္ အခြင့္အေရးမရွိေၾကာင္း ေျပာၾကားခဲ့သည္။ ျပည္ေထာင္စုအစိုးရက ၂၀၀၇ ခုႏွစ္ ခ်စ္သူမ်ားေန႔တြင္ လိင္႐ုပ္မ်ားေရာင္းခ်ခြင့္ တားျမစ္ထားမႈကို ရပ္ဆိုင္းေပးရန္ ေမတၱာရပ္ခံခဲ့သည္။

ဆီလီကြန္႐ုပ္ စီးပြားေရးလုပ္ငန္း

ကမာၻတစ္ဝန္း ဆီလီကြန္႐ုပ္မ်ား ထုတ္လုပ္ေရာင္းခ်မႈသည္ ၂၀၀၈ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၅ ဘီလီယံရွိခဲ့ ကာ ထုတ္လုပ္မႈ ၇၀ ရာခိုင္ႏႈန္းသည္ တ႐ုတ္ႏိုင္ငံမွျဖစ္သည္။ အ႐ုပ္မ်ားကို ေဒသႏွင့္ အြန္လိုင္းတို႔တြင္ နည္းမ်ိဳးစုံျဖင့္ေရာင္းခ်ေနၿပီး အခ်ိဳ႕ေသာ ညီလာခံပြဲမ်ား၊ ပါတီပြဲမ်ားတြင္လည္းရရွိႏိုင္သည္။ သို႔ေသာ္ လုံၿခဳံစိတ္ခ်မႈရွိသည့္ ထုတ္ကုန္မ်ားဆိုင္ရာ သတ္မွတ္ခ်က္မ်ား မရွိေသးသျဖင့္ ထုတ္လုပ္သူမ်ားသည္ မည္သည့္ ဓာတုေဗဒပစၥည္းမ်ား၊ မည္သည့္ ကုန္ၾကမ္းမ်ားျဖင့္ ျပဳလုပ္ထားေၾကာင္း သက္ဆိုင္ရာသို႔ တင္ျပျခင္းမရွိၾကပါေခ်။ ၂၀၀၆ ခုႏွစ္တြင္ နယ္သာလန္ႏိုင္ငံ ဂရင္းပိစ္အဖြဲ႕၏ သုေတသနျပဳခ်က္မ်ားအရ လိင္႐ုပ္ ခုနစ္ခုအနက္ ေျခာက္ခုတြင္ ဖိသလစ္အက္ဆစ္(phthalic) ပါဝင္မႈႏႈန္း ျမင့္မားေနေၾကာင္းေတြ႕ရွိခဲ့သည္။ ပလတ္စတစ္ပစၥည္းမ်ား ထုတ္လုပ္ရာတြင္ ေပ်ာ့ေျပာင္းမႈ၊ ပါးလႊာမႈ၊ ခိုင္ခံ့မႈရွိရန္ အသုံးျပဳၾကသည့္ ယင္းအက္ဆစ္ကို အဆိပ္အေတာက္ရွိေသာ ဓာတုပစၥည္းတစ္မ်ိဳးအျဖစ္ သတ္မွတ္ထားသျဖင့္ သုံးစြဲသူ မ်ားအား မည္သည့္အတိုင္းအဆအထိ အႏၲရာယ္ျပဳႏိုင္မည္ကို မသိရွိႏိုင္ပါေခ်။

ဖိသလစ္အက္ဆစ္ ပါဝင္သည့္ ပစၥည္းမ်ားသည္ ေရေဆးၿပီး အေျခာက္ခံထားခ်ိန္တြင္ အစိုျပန္ေလ့ရွိသကဲ့သို႔ အနံ႔လည္း ထြက္ရွိေလ့ရွိသည္။ ႂကြက္မ်ားကို ဖိသလစ္အက္ဆစ္ ထိုးေပးကာ စမ္းသပ္ခဲ့သည့္ ေဆးပညာသုေတသန တစ္ခုက ဖိသလစ္အက္ဆစ္သည္ အသည္း၊ အဆုတ္ႏွင့္ ေက်ာက္ကပ္မ်ားကို ထိခိုက္ေစႏိုင္ေၾကာင္း ေတြ႕ရွိခဲ့သည္။ ေနာက္ဆုံးေတြ႕ရွိခ်က္မ်ားအရ ဖိသလစ္အက္ဆစ္သည္ လူသားမ်ား၏ ခႏၶာကိုယ္အတြင္း ဟိုမုန္းဓာတ္ထြက္ရွိမႈကို ကစဥ့္ကလ်ားျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ဆီလီကြန္႐ုပ္မ်ားသည္ ေယဘုယ်အားျဖင့္ ႏူးညံ့ေသာ္လည္း ကြဲလြယ္ျခင္း၊ ေခြၽးသီးပုံစံအဖုမ်ား ပါရွိေနျခင္း၊ ေခြၽးစိုေနျခင္း၊ ဓာတုေဗဒေဆးနံ႔ တစ္မ်ိဳးမ်ိဳး ရေနသည့္ အ႐ုပ္မ်ားကို မသုံးသင့္ေခ်။ ထို႔အတူ အကြဲ၊ အေပါက္၊ အက္ရာ၊ ဆက္ရာ မ်ားပါ ရွိေနသည့္ အ႐ုပ္မ်ားကို မသုံးသင့္သကဲ့သို႔ အ႐ုပ္တစ္ခုတည္းကို ႏွစ္ေယာက္သုံး ေယာက္သုံးစြဲျခင္းကိုလည္း မျပဳသင့္ေခ်။ အကယ္၍ အ႐ုပ္တစ္ခုကို တစ္ေယာက္ထက္ ပိုမိုသုံးစြဲပါက အကာအကြယ္ပစၥည္း ကြန္ဒုံးျဖင့္ သုံးစြဲသင့္ေၾကာင္းႏွင့္ သင့္ေလ်ာ္ေသာ ေခ်ာဆီတစ္မ်ိဳးမ်ိဳးကိုလည္း သုံးသင့္ေၾကာင္း သတိမူသင့္သည္။

အ႐ုပ္မ်ားသုံးစြဲသူမ်ား၏ လိင္က်န္းမာေရးအတြက္ ဆီလီကြန္႐ုပ္မ်ားကို သန႔္ရွင္းေရးသည္ အေရးႀကီးသည္။ သန႔္ရွင္းစင္ၾကယ္သည့္ အ႐ုပ္မ်ားကို သုံးစြဲျခင္းျဖင့္ ဗက္တီးရီးယားမ်ား ျပန႔္ပြားမႈကို တားဆီးႏိုင္သကဲ့သို႔ သန႔္ရွင္းေရး ျပဳလုပ္ရာတြင္ ဗက္တီးရီးယားမ်ားကိုေသေစသည့္ ဆပ္ျပာႏွင့္ ေရေႏြးျဖင့္သာ ေဆာင္႐ြက္သင့္ေၾကာင္း သတိမူသင့္သည္။

ေကာင္းက်ိဳးႏွင့္ ဆိုးက်ိဳးမ်ား

ဆီလီကြန္ အ႐ုပ္မ်ား သုံးစြဲျခင္း၏ ေကာင္းက်ိဳးဆိုးက်ိဳးမ်ားသည္ သုံးစြဲသူႏွင့္ မသုံးစြဲသူမ်ားအၾကား အျငင္းပြားေနၾကဆဲျဖစ္သည္။ ဆီလီကြန္ အ႐ုပ္မ်ားကို သုံးစြဲရန္ အားေပးသူမ်ားက ျပန္လည္ ေဆးေၾကာႏိုင္သည့္ အစိတ္အပိုင္းမ်ားကို အသုံးျပဳရသျဖင့္ လိင္ေရာဂါႏွင့္ ဆီးလမ္းေၾကာင္း ေရာဂါမ်ားျဖစ္ပြားမႈ မရွိႏိုင္ေၾကာင္း ေထာက္ခံၾကသည္။ ထို႔အတူ လိင္စိတ္လြန္ကဲသူမ်ားကို ကုထုံးတစ္ခုအျဖစ္ ေပးႏိုင္ျခင္း၊ လိင္အၾကမ္းဖက္မႈမ်ားကို ေလ်ာ့က်ေစျခင္း၊ လိင္ကိစၥဆိုင္ရာ လူကုန္ကူးမႈမ်ား ေလ်ာ့က်လာျခင္း၊ အမ်ိဳးသမီးမ်ား လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈ ေလ်ာ့ပါးလာေစျခင္း၊ အိမ္ေထာင္မျပဳလိုသူ အမ်ိဳးသားမ်ားအတြက္ လိင္စိတ္ေက် နပ္မႈရရွိေစျခင္းစသည့္ အက်ိဳးမ်ား ရရွိေစႏိုင္သည္ဟု ဆိုၾကသည္။ ဆိုးက်ိဳးမ်ားတြင္ အ႐ုပ္ကို မွ်ေဝသုံးစြဲျခင္း၊ သန႔္ရွင္းေရး လုပ္ေဆာင္မႈ အားနည္းျခင္းတို႔ေၾကာင့္ ဆီးပူေညာင္းက်ႏွင့္ ကာလသားေရာဂါမ်ား ကူးစက္ႏိုင္သည္ဟု ဆိုသည္။ အမ်ိဳးသမီး အခြင့္အေရးေဆာင္႐ြက္သူမ်ားက အမ်ိဳးသမီးမ်ား၏ အခြင့္အေရးႏွင့္ စြမ္းေဆာင္ရည္ကို ထိခိုက္ေစသည္ဟု အျပစ္တင္ခဲ့ၾကသည္။ ထို႔အတူ ဆီလီကြန္႐ုပ္ အမ်ားစုသည္ အမ်ိဳးသမီးပုံစံကိုသာ အမ်ားဆုံး ထုတ္လုပ္ၾကသျဖင့္ အမ်ိဳးသမီးမ်ားကို ႏွိမ့္ခ်ဆက္ဆံရာ ေရာက္သည္ဟူသည့္ ေျပာဆိုမႈမ်ားလည္း ထြက္ေပၚလာခဲ့သည္။ စိတ္ပိုင္းဆိုင္ရာ ပညာရွင္မ်ားက ဆီလီကြန္ အ႐ုပ္မ်ားေၾကာင့္ အမ်ိဳးသမီးမ်ားအေပၚ လိင္အၾကမ္းဖက္လိုစိတ္မ်ား ျဖစ္ေစေၾကာင္း ေဝဖန္ခဲ့သည္။

ဤကမာၻေလာကႀကီးဝယ္ ဆန္းျပားထူးျခားမႈမ်ားသည္ မည္သည့္ အခ်ိန္တြင္မွ အဆုံးသတ္ႏိုင္ဘြယ္ ရွိမည္မဟုတ္သျဖင့္ ယေန႔ေခတ္စားေနသည့္ ဆီလီကြန္ အ႐ုပ္မေလးမ်ားသည္ မည္သည့္ အတိုင္းအတာအထိ တိုးတက္လာဦးမည္ကို မခန႔္မွန္းႏိုင္ၾကေခ်။ မည္သို႔ပင္ ဆိုေစ ဆီလီကြန္႐ုပ္မ်ားသည္ ကမာၻ႔စီးပြားေရးနယ္ပယ္တြင္ ေဈးကြက္တစ္ခုအျဖစ္ ရပ္တည္လ်က္ ရွိေနေပသည္။

Author – ေကာင္းစည္သူ

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ

Via – ေမာင္ သာ ေရွးေဟာင္းသုေတသန

(Unicode)

လိင်ဖျော်ဖြေရေး ဆီလီကွန်ရုပ်များ

နည်းပညာများ တစ်ဟုန်ထိုးတိုးတက်ခဲ့သည့် မျက်မှောက်ခေတ်ကမ္ဘာတွင် လူသားများသည် မိမိတို့ စိတ်ကူးကြံစည်သမျှကို ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြရာ လိင်ဖျော်ဖြေရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ သူတော်စင်များမှ လွဲ၍ လူသားတိုင်း မလွဲရှောင်နိုင်သည့် လိင်ကိစ္စတွင် သဘာဝကို ဆန့်ကျင်လျက် အရုပ်များကို အသုံးပြုရန် ဆီလီကွန်ရုပ်များကို တီထွင်ခဲ့ကြရာ ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ခေတ်စားလာခဲ့သည်။

ဆီလီကွန်ရုပ်များ ထုတ်လုပ်သည့် Sex Bots ကုမ္ပဏီများထံ မိမိနှစ်သက်သည့် မိန်းကလေး၏ ရုပ်လက္ခဏာအတိုင်း မှာယူနိုင်သဖြင့် လူအများ ပိုမိုစိတ်ဝင်စားခဲ့ကြသည်။ မိမိနှစ်သက်သည့် ကမ္ဘာကျော် မိန်းကလေးများ၏ ပုံစံကိုမှာယူနိုင်ကြောင်း ကြေညာခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ယင်းအစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။ အချို့နိုင်ငံများတွင် လိင်မှ ကူးစက်သည့် ရောဂါများ ကူးစက်မှု မရှိစေရန် ဆီလီကွန် ပြည့်တန်ဆာခန်းများ ဖွင့်လှစ်မည်ဟုပင် ဆိုပေသည်။ ဆီလီကွန်ရုပ်များကို အမေရိကန်ဒေါ်လာ ၁၈၀ ဝန်းကျင်မှစ၍ ဝယ်ယူနိုင်ရန် အွန်လိုင်းတွင် ကြေညာထားသည့် ကြော်ငြာ များ ကို တွေ့ရှိနိုင်ကြသည်။

လိင်ရောဂါ မကူးစက်၊ ငွေကြေးများစွာ မကုန်ကျမှုနှင့် လူမှုပြဿနာ မရှိမှုများသည့် ဆီလီကွန်ရုပ်များကို သုံးစွဲသူအား လူသားအစစ်နှင့် ထိတွေ့ဆက်ဆံရ သည့်အတိုင်း စိတ်ခံစားမှုကျေနပ်မှုရရှိစေရန် ကြိုးစားလျက်ရှိရာ artificial Intelligence နည်းပညာဖြင့် သုံးစွဲသူ၏ အကြိုက်ကို အလိုက်သိစေနိုင်သည်ဟုပင် ဆိုလာကြပေသည်။

ဆီလီကွန် အရုပ်များ

လိင်ဖျော်ဖြေရေး ဆီလီကွန် အရုပ်များတွင် အမျိုးသားများ ကာမသုခ ရရှိရန် အသုံးပြုနိုင်သည့် အရုပ်များအပြင် အမျိုး သမီးများ သုံးစွဲနိုင်သည့် အမျိုးသားအင်္ဂါတုများနှင့် တုန်ခါစက်များလည်း ပါဝင်သည်။ လူကြိုက်များသည့် အရုပ်များသည် လိင်အင်္ဂါနှင့် တူညီစွာပြုလုပ်ထားပြီး အချို့အရုပ်များကို အသုံးပြုနေစဉ်တွင် တုန်ခါနေစေရန် စီစဉ်ထားသည်။ဆီလီကွန် အရုပ်များကို လိင်ပစ္စည်းအရောင်း ဆိုင်များတွင် ဝယ်ယူနိုင်ပြီး အပြာရုပ်ရှင်ကား တရားဝင်ရောင်းချခွင့်ရှိသည့် အချို့နိုင်ငံများတွင် ညစ်ညမ်းခွေအဆိုင်များတွင် ရရှိနိုင်သည်။ ယနေ့ခေတ်တွင် ဆီလီကွန် အရုပ်များအပါအဝင် လိင်ဖျော်ဖြေမှု ကျားမသုံး ပစ္စည်းများကို နိုင်ငံတိုင်းနီးပါးတွင် အလွယ်တကူ ဝယ်ယူနိုင်ကြပြီဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံး လိင်စိတ်နိုးကြွစေသည့် ပစ္စည်းများသည် ၁၇ ရာစု အစောပိုင်းကပင် ရှိခဲ့ပြီး၁၉၇၀ ပြည့်နှစ်တွင် တွင်ကျယ်စွာ သုံးစွဲခဲ့သည့် အာရုံကြောများ နိုးကြားစေသည့် လျှပ်စစ်ဓာတ်အားသုံး ဆေးဘက်သုံး ကိရိယာ (TENS)သည် လူသားများ၏ အာရုံကြောများကို လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်မှုပြုလုပ်ပြီး ဦးနှောက်သို့ နှိုးထမှု သင်္ကေတများကို ပို့ပေးခြင်းဖြင့် ဟိုမုန်းဓာတ်များကို ထွက်ရှိလာစေသည်။ ဆီလီကွန်ရုပ်များကို ပျော့ပြောင်းသော ရော်ဘာ၊ ပလတ်စတစ်၊ နိုင်လွန်များဖြင့် ပြုလုပ်ခဲ့ရာမှဆီလီကွန်များဖြင့် အစားထိုး၍ ခံစားမှု အပြည့်အဝရရှိစေရန် တီထွင်ခဲ့ကြသည်။ ယင်းအရုပ်များကို အသုံးပြုပြီးလျှင် ငါးမိနစ်ခန့် ရေနွေးစိမ်ပြီး ဆပ်ပြာနှင့် ဆေးကြောရုံသာ ဖြစ်ပေသည်။

နိုင်ငံတကာမှ ဆီလီကွန်ရုပ်များ

လိင်ရုပ်များကို မဖွယ်မရာ၊ ညစ်ညမ်းသော အရုပ်များဟု သတ်မှတ်ထားသည့် အိန္ဒိယနိုင်ငံတွင် ဆီလီကွန်ရုပ်များ အပါအဝင် လိင်မှုဆိုင်ရာ ပစ္စည်းများကို ရောင်းချခွင့်မရှိဘဲ ရောင်းချသူအား ထောင်ဒဏ် နှစ် နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေများ ပြဋ္ဌာန်းထားသည်။ ထို့အတူ လိင်စိတ်ကို နှိုးဆွသည့် အပြာစာအုပ်များ၊ ကြော်ငြာစာရွက်များ၊ လက်ကမ်းစာစောင်များ၊ ရုပ်ပုံများ၊ ပန်းချီများ၊ ရုပ်တုများကိုလည်း ညစ်ညမ်းပစ္စည်းများဟု သတ်မှတ်သည်။ ဂျပန်နိုင်ငံတွင် dildo များကို တိရိစ္ဆာန်များ၊ ကာတွန်းရုပ်များနှင့် တူညီအောင်ပြုလုပ်ကာ ကြောင်များ၊ ယုန်များ၊ လင်းပိုင်များ အဖြစ်ပြုလုပ်၍ ကစားစရာ အရုပ်များအဖြစ် ရောင်းချခြင်းဖြင့် ဥပဒေကို ရှောင်လွဲကြသည်ဟု ဆိုသည်။ မလေးရှားနိုင်ငံတွင်မူလုံး၀ ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်၊ တင်သွင်းခွင့် မရှိချေ။

တောင်အာဖရိကနိုင်ငံတွင် သဘာဝမဟုတ်သော လိင်ကိစ္စ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် မည်သည့်လိင်ရုပ်၊ လိင်ပစ္စည်း ထုတ်လုပ်ခြင်း၊ရောင်းချခြင်းကိုမဆို ဥပဒေဖြင့် တားမြစ်ထားသည်။ ဆန့်ကျင်ဘက် လိင်ဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီး လိင်ဆက်ဆံခြင်းမှလွဲလျှင် သက်မဲ့များကို ဆက်ဆံခြင်း၊ တိရိစ္ဆာန်များကို ဆက်ဆံခြင်း၊ လိင်တုဆက်ဆံခြင်းများကို သဘာဝမဟုတ်သော ဆက်ဆံမှုဟု သတ်မှတ်သည်။ ယင်းဥပဒေက အမျိုးသမီးအချင်းချင်း dildo များ အသုံးပြုဆက်ဆံခြင်းကို တားမြစ်ရန် အဓိက ရည်ရွယ်ခဲ့သည်။

လိင်မှုကိစ္စ လွတ်လပ်ပွင့်လင်းသည့် အမေရိကန်နိုင်ငံတွင် ဆီလီကွန်ရုပ်များနှင့် ချောဆီရည်များ ရောင်းချရမှုသည် တိုးတက်လျက်ရှိပြီး အမေရိကန်နိုင်ငံတစ်လွှား အဓိက အရောင်းဌာနများတွင် အရုပ်များနှင့် လိင်ရုပ်များကို ရရှိနိုင်သကဲ့သို့ အွန်လိုင်းမှလည်း ဝယ်ယူနိုင်သည်။ သို့သော် မကြာမီက တောင်ပိုင်းပြည်နယ်များသည် ဆီလီကွန်ရုပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရောင်းချမှုများကို ပိတ်ပင်ခဲ့သည်။ အယ်လ်ဘားမားပြည်နယ်၊ လက်ထောက်ရှေ့နေချုပ် ဝီလျံပိုင်ရာက ၁၉၉၉ ခုနှစ်တွင် လူတစ်ယောက်သည့် ကိုယ်ကာယ အစိတ်အပိုင်းအတုများ ထုတ်လုပ်သည့် ပစ္စည်းတစ်ခုခုကို ဝယ်ယူရန် အခွင့်အရေးမရှိကြောင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုအစိုးရက ၂၀၀၇ ခုနှစ် ချစ်သူများနေ့တွင် လိင်ရုပ်များရောင်းချခွင့် တားမြစ်ထားမှုကို ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခဲ့သည်။

ဆီလီကွန်ရုပ် စီးပွားရေးလုပ်ငန်း

ကမ္ဘာတစ်ဝန်း ဆီလီကွန်ရုပ်များ ထုတ်လုပ်ရောင်းချမှုသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိခဲ့ ကာ ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်သည်။ အရုပ်များကို ဒေသနှင့် အွန်လိုင်းတို့တွင် နည်းမျိုးစုံဖြင့်ရောင်းချနေပြီး အချို့သော ညီလာခံပွဲများ၊ ပါတီပွဲများတွင်လည်းရရှိနိုင်သည်။ သို့သော် လုံခြုံစိတ်ချမှုရှိသည့် ထုတ်ကုန်များဆိုင်ရာ သတ်မှတ်ချက်များ မရှိသေးသဖြင့် ထုတ်လုပ်သူများသည် မည်သည့် ဓာတုဗေဒပစ္စည်းများ၊ မည်သည့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားကြောင်း သက်ဆိုင်ရာသို့ တင်ပြခြင်းမရှိကြပါချေ။ ၂၀၀၆ ခုနှစ်တွင် နယ်သာလန်နိုင်ငံ ဂရင်းပိစ်အဖွဲ့၏ သုတေသနပြုချက်များအရ လိင်ရုပ် ခုနစ်ခုအနက် ခြောက်ခုတွင် ဖိသလစ်အက်ဆစ်(phthalic) ပါဝင်မှုနှုန်း မြင့်မားနေကြောင်းတွေ့ရှိခဲ့သည်။ ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပျော့ပြောင်းမှု၊ ပါးလွှာမှု၊ ခိုင်ခံ့မှုရှိရန် အသုံးပြုကြသည့် ယင်းအက်ဆစ်ကို အဆိပ်အတောက်ရှိသော ဓာတုပစ္စည်းတစ်မျိုးအဖြစ် သတ်မှတ်ထားသဖြင့် သုံးစွဲသူ များအား မည်သည့်အတိုင်းအဆအထိ အန္တရာယ်ပြုနိုင်မည်ကို မသိရှိနိုင်ပါချေ။

ဖိသလစ်အက်ဆစ် ပါဝင်သည့် ပစ္စည်းများသည် ရေဆေးပြီး အခြောက်ခံထားချိန်တွင် အစိုပြန်လေ့ရှိသကဲ့သို့ အနံ့လည်း ထွက်ရှိလေ့ရှိသည်။ ကြွက်များကို ဖိသလစ်အက်ဆစ် ထိုးပေးကာ စမ်းသပ်ခဲ့သည့် ဆေးပညာသုတေသန တစ်ခုက ဖိသလစ်အက်ဆစ်သည် အသည်း၊ အဆုတ်နှင့် ကျောက်ကပ်များကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ နောက်ဆုံးတွေ့ရှိချက်များအရ ဖိသလစ်အက်ဆစ်သည် လူသားများ၏ ခန္ဓာကိုယ်အတွင်း ဟိုမုန်းဓာတ်ထွက်ရှိမှုကို ကစဉ့်ကလျားဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆီလီကွန်ရုပ်များသည် ယေဘုယျအားဖြင့် နူးညံ့သော်လည်း ကွဲလွယ်ခြင်း၊ ချွေးသီးပုံစံအဖုများ ပါရှိနေခြင်း၊ ချွေးစိုနေခြင်း၊ ဓာတုဗေဒဆေးနံ့ တစ်မျိုးမျိုး ရနေသည့် အရုပ်များကို မသုံးသင့်ချေ။ ထို့အတူ အကွဲ၊ အပေါက်၊ အက်ရာ၊ ဆက်ရာ များပါ ရှိနေသည့် အရုပ်များကို မသုံးသင့်သကဲ့သို့ အရုပ်တစ်ခုတည်းကို နှစ်ယောက်သုံး ယောက်သုံးစွဲခြင်းကိုလည်း မပြုသင့်ချေ။ အကယ်၍ အရုပ်တစ်ခုကို တစ်ယောက်ထက် ပိုမိုသုံးစွဲပါက အကာအကွယ်ပစ္စည်း ကွန်ဒုံးဖြင့် သုံးစွဲသင့်ကြောင်းနှင့် သင့်လျော်သော ချောဆီတစ်မျိုးမျိုးကိုလည်း သုံးသင့်ကြောင်း သတိမူသင့်သည်။

အရုပ်များသုံးစွဲသူများ၏ လိင်ကျန်းမာရေးအတွက် ဆီလီကွန်ရုပ်များကို သန့်ရှင်းရေးသည် အရေးကြီးသည်။ သန့်ရှင်းစင်ကြယ်သည့် အရုပ်များကို သုံးစွဲခြင်းဖြင့် ဗက်တီးရီးယားများ ပြန့်ပွားမှုကို တားဆီးနိုင်သကဲ့သို့ သန့်ရှင်းရေး ပြုလုပ်ရာတွင် ဗက်တီးရီးယားများကိုသေစေသည့် ဆပ်ပြာနှင့် ရေနွေးဖြင့်သာ ဆောင်ရွက်သင့်ကြောင်း သတိမူသင့်သည်။

ကောင်းကျိုးနှင့် ဆိုးကျိုးများ

ဆီလီကွန် အရုပ်များ သုံးစွဲခြင်း၏ ကောင်းကျိုးဆိုးကျိုးများသည် သုံးစွဲသူနှင့် မသုံးစွဲသူများအကြား အငြင်းပွားနေကြဆဲဖြစ်သည်။ ဆီလီကွန် အရုပ်များကို သုံးစွဲရန် အားပေးသူများက ပြန်လည် ဆေးကြောနိုင်သည့် အစိတ်အပိုင်းများကို အသုံးပြုရသဖြင့် လိင်ရောဂါနှင့် ဆီးလမ်းကြောင်း ရောဂါများဖြစ်ပွားမှု မရှိနိုင်ကြောင်း ထောက်ခံကြသည်။ ထို့အတူ လိင်စိတ်လွန်ကဲသူများကို ကုထုံးတစ်ခုအဖြစ် ပေးနိုင်ခြင်း၊ လိင်အကြမ်းဖက်မှုများကို လျော့ကျစေခြင်း၊ လိင်ကိစ္စဆိုင်ရာ လူကုန်ကူးမှုများ လျော့ကျလာခြင်း၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု လျော့ပါးလာစေခြင်း၊ အိမ်ထောင်မပြုလိုသူ အမျိုးသားများအတွက် လိင်စိတ်ကျေ နပ်မှုရရှိစေခြင်းစသည့် အကျိုးများ ရရှိစေနိုင်သည်ဟု ဆိုကြသည်။ ဆိုးကျိုးများတွင် အရုပ်ကို မျှဝေသုံးစွဲခြင်း၊ သန့်ရှင်းရေး လုပ်ဆောင်မှု အားနည်းခြင်းတို့ကြောင့် ဆီးပူညောင်းကျနှင့် ကာလသားရောဂါများ ကူးစက်နိုင်သည်ဟု ဆိုသည်။ အမျိုးသမီး အခွင့်အရေးဆောင်ရွက်သူများက အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေသည်ဟု အပြစ်တင်ခဲ့ကြသည်။ ထို့အတူ ဆီလီကွန်ရုပ် အများစုသည် အမျိုးသမီးပုံစံကိုသာ အများဆုံး ထုတ်လုပ်ကြသဖြင့် အမျိုးသမီးများကို နှိမ့်ချဆက်ဆံရာ ရောက်သည်ဟူသည့် ပြောဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ပညာရှင်များက ဆီလီကွန် အရုပ်များကြောင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်လိုစိတ်များ ဖြစ်စေကြောင်း ဝေဖန်ခဲ့သည်။

ဤကမ္ဘာလောကကြီးဝယ် ဆန်းပြားထူးခြားမှုများသည် မည်သည့် အချိန်တွင်မှ အဆုံးသတ်နိုင်ဘွယ် ရှိမည်မဟုတ်သဖြင့် ယနေ့ခေတ်စားနေသည့် ဆီလီကွန် အရုပ်မလေးများသည် မည်သည့် အတိုင်းအတာအထိ တိုးတက်လာဦးမည်ကို မခန့်မှန်းနိုင်ကြချေ။ မည်သို့ပင် ဆိုစေ ဆီလီကွန်ရုပ်များသည် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ဈေးကွက်တစ်ခုအဖြစ် ရပ်တည်လျက် ရှိနေပေသည်။

Author – ကောင်းစည်သူ

၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Via – မောင် သာ ရှေးဟောင်းသုတေသန

Leave a Reply

Your email address will not be published. Required fields are marked *