ငရုတ်သီးစပ်တဲ့ အခါ ဘယ်လို ဘယ်လို သက်သာအောင် လုပ်မလဲ

ငရုတ်သီးစပ်တဲ့ အခါ ဘယ်လို ဘယ်လို သက်သာအောင် လုပ်မလဲ

===================
===================

ငရုတ်သီးတွေ ပါတဲ့ အစားအစာတွေကို စားမိတဲ့ အခါ ပါးစပ် တစ်ခုလုံး ပူနေပြီး ခံရခက်တဲ့ ဝေဒနာမျိုး ကြုံဖူးကြမှာပါ။ နှာရည်တွေ ကျလာပြီး မျက်ရည်တွေပါ ထွက်လာတဲ့ အထိ စပ်ဖူးတယ်ဆိုရင်တော့ တော်တော်ဆိုးပါပြီ။ ဒီလို ဘာကြောင့် ဖြစ်တာလဲဆိုတော့ ငရုတ်သီးထဲမှာပါတဲ့ capsaicin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်ပါ။ ဒီလို အခြေအနေမျိုးတွေမှာ ရေကို ချက်ချင်း မသောက်ပါနဲ့။ ဒါဆို ဘာလုပ်ရမလဲ ?

နို့အေးတစ်ခွက် သောက်ပါ။ ပါးစပ်တွေ ပူနေတဲ့ အခါ အကောင်းဆုံးက နို့အေးအေး တစ်ခွက်သောက်လိုက်ခြင်းပါ။ နို့ထဲမှာ ပါတဲ့ ပရိုတိန်းဓာတ်တွေက capsaicin ဓာတ်တွေကို ဖျက်ဆီးပေးပါတယ်။ ဒိန်ချဉ်အေးအေး တစ်ခွက်လည်း အတူတူပါပဲ။ ဒါ့အပြင် ထောပတ်ပါတဲ့ မုန့်၊ ချိစ်တို့ကိုလည်း စားပေးလို့ရပါတယ်။ ခဏလေးနဲ့ ကိုယ်ထဲက ပူစပ်ပူလောင် ဖြစ်ခြင်းကို သက်သာစေမှာပါ။

နောက်တစ်နည်းကတော့ သင့်အနားမှာ ရှိနေတဲ့ အာလူး၊ ထမင်း၊ ခရက်ကာ၊ ပေါင်မုန့် တစ်ခုခုကို စားလိုက်ပါ။ ဒီလို ကစီဓာတ်ပြည့်ဝတဲ့ အစားအစာတွေဟာ အပူတွေကို စုပ်ယူနိုင်ပြီး ကိုယ်ထဲကိုလည်း အပူတွေ မြန်မြန် မ၀င်ရောက်နိုင်ပါဘူး။ ဒါတွေ အနား မရှိရင်တော့ သကြားတစ်ဇွန်း စားလိုက်ပါ။ ဒါမှမဟုတ် ချိုချဉ်ပေါ့။ သကြားနဲ့ မတည့်တဲ့ လူတွေကတော့ ပျားရည် စားလို့ရပါတယ်။

အချိုနဲ့ မတည့်တဲ့ ဆီးချိုသမားတွေ အတွက်ဆို လိုင်းဂျုစ့်(Lime Juice) တစ်ခွက် သောက်လိုက်ပါ။ လိမ္မော်၊ နာနတ် ဖျော်ရည်တို့ကိုလည်း သောက်လို့ ရပါတယ်။ စီထရွစ် အက်ဆစ်ဟာ အပူတွေကို သက်သာစေမှာပါ။ နောက်တစ်မျိုးကတော့ ဘီယာပါ။ ဘီယာကြိုက်သူတွေ အတွက်တော့ အဆင်ပြေဆုံးပေါ့ ဘီယာတစ်ခွက်ဟာ ငရုတ်သီးကြောင့် ဖြစ်နေတဲ့ အပူတွေကို ငြိမ်းသွားဖို့ တာဝန်ယူပါလိမ့်မယ်။

ဟုတ်ပါပြီ။ အပေါ်က ပြောတဲ့ နည်းတွေထဲက အစားအစာတွေ တစ်ခုမှ ကိုယ့်အနား မရှိရင်တော့ အချိန်မဖြုန်းပါနဲ့ ရေနွေး ခပ်နွေးနွေးကို သောက်ပေးပါ။ ပါးစပ်ထဲ ၁၀-၁၅ စက္ကန့်လောက် ထားပြီးမှ မျိုချပါ။ ဒါကတော့ အပူသက်သာစေဖို့ အလွယ်ဆုံး နည်းပါပဲ။ အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

============

My Food Myanmar

Comments

Leave a Reply

Your email address will not be published. Required fields are marked *