မန္တလေးသားတွေ သုံးနေတဲ့ ကျုံးတစ်ပတ်၊ တစ်ပြ ဆိုတာမှာ ဘယ်လောက်မိုင်အကွာဝေးရှိလဲ

[Zawgyi version]

မႏၲေလးသားေတြ သုံးေနတဲ့ က်ဳံးတစ္ပတ္၊ တစ္ျပ တို႔ရဲ႕ မိုင္/ဖာလုံ အတိုင္းအတာမ်ား


မႏၲေလးၿမိဳ႕ရဲ႕ က်ဳံးတစ္ပတ္ မိုင္ ဘယ္ေလာက္ရွိပါသလဲ။ တစ္ျပ (တစ္လမ္း) ကို ဘယ္ေလာက္ကြာေဝးပါသလဲ။


မင္းတုန္းမင္းႀကီးက နန္းေတာ္ႀကီးကို သာသနာ ၂၄၀၀ အထိမ္းအမွတ္နဲ႔ တည္ခဲ့တာပါ။ က်ဳံးတစ္ပတ္ကို တာေပါင္း ၂၄၀၀ရွိပါတယ္။ ေလးဖက္ဆိုေတာ့ တစ္ဖက္ကို တာေပါင္း ၆၀၀ရွိတာေပါ့။ တစ္တာကို ခုႏွစ္ေတာင္ ( ၁၀ ေပခြဲ) ရွိတာဆိုေတာ့ တစ္ဖက္ကို ေပေပါင္း (၆၃၀၀) ရွိပါတယ္။ (၅၂၈၀)ေပမွာ တစ္မိုင္ဆိုေတာ့ တစ္မိုင္သာသာပဲ ရွိပါတယ္။ ေလးဖက္မွာ ၂၅၂၀၀ ေပရွိတာေပါ့။ ဒါေၾကာင့္ က်ဳံး တစ္ပတ္ကို (၄.၇၇ )မိုင္ပဲရွိပါတယ္။

က်ဳံးတစ္ဖက္ကို ၁၂ ျပ (၁၂လမ္း) ရွိပါတယ္။ တစ္ျပကို (၅၀)တာ ရွိတာပါ။ တစ္တာကို ၁၀ ေပခြဲနဲ႔ တြက္လိုက္ရင္ ၅၂၅ ေပ။ တစ္ဖါလုံမွာ ၆၆၀ ေပဆိုေတာ့ တစ္ျပကို တစ္ဖာလုံနီးပါး ရွိပါတယ္။ (တစ္ျပဆိုတာ ျပအိုးတစ္ခုနဲ႔ တစ္ခုၾကား ပမာဏကို အစြဲျပဳၿပီး ေခၚျခင္းျဖစ္ပါတယ္တဲ့)

Credit – ေကာင္းျမတ္သူ

[Unicode version]

မန္တလေးသားတွေ သုံးနေတဲ့ ကျုံးတစ်ပတ်၊ တစ်ပြ တို့ ရဲ့ မိုင်/ဖာလုံ အတိုင်းအတာများ

မန္တလေးမြို့ရဲ့ ကျုံးတစ်ပတ် မိုင် ဘယ်လောက်ရှိပါသလဲ။ တစ်ပြ (တစ်လမ်း) ကို ဘယ်လောက်ကွာဝေးပါသလဲ။

မင်းတုန်းမင်းကြီးက နန်းတော်ကြီးကို သာသနာ ၂၄၀၀ အထိမ်းအမှတ်နဲ့ တည်ခဲ့တာပါ။ ကျုံးတစ်ပတ်ကို တာပေါင်း ၂၄၀၀ရှိပါတယ်။ လေးဖက်ဆိုတော့ တစ်ဖက်ကို တာပေါင်း ၆၀၀ရှိတာပေါ့။ တစ်တာကို ခုနှစ်တောင် ( ၁၀ ပေခွဲ) ရှိတာဆိုတော့ တစ်ဖက်ကို ပေပေါင်း (၆၃၀၀) ရှိပါတယ်။ (၅၂၈၀)ပေမှာ တစ်မိုင်ဆိုတော့ တစ်မိုင်သာသာပဲ ရှိပါတယ်။ လေးဖက်မှာ ၂၅၂၀၀ ပေရှိတာပေါ့။ ဒါကြောင့် ကျုံး တစ်ပတ်ကို (၄.၇၇ )မိုင်ပဲရှိပါတယ်။

ကျုံးတစ်ဖက်ကို ၁၂ ပြ (၁၂လမ်း) ရှိပါတယ်။ တစ်ပြကို (၅၀)တာ ရှိတာပါ။ တစ်တာကို ၁၀ ပေခွဲနဲ့ တွက်လိုက်ရင် ၅၂၅ ပေ။ တစ်ဖါလုံမှာ ၆၆၀ ပေဆိုတော့ တစ်ပြကို တစ်ဖာလုံနီးပါး ရှိပါတယ်။ (တစ်ပြဆိုတာ ပြအိုးတစ်ခုနဲ့ တစ်ခုကြား ပမာဏကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်ပါတယ်တဲ့)

Credit – ကောင်းမြတ်သူ

Comments

Leave a Reply

Your email address will not be published. Required fields are marked *