လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း

ဈေးရောင်းကောင်းချင်သော မိတ်ဆွေများ ဒီအဆောင်လုပ်ပြီးရင်တော့ လက်မလည်အောင် ရောင်းရပြီးသာ မှတ်လိုက်တော့…

အစိမ်းရောင် အရက်ပုလင်း ( အစိမ်းရောင် အရက်ပုလင်း လှလှလေးတွေ ရှိတတ်ပါတယ်) အလွတ်ထဲ ရေထည့်ပါ။ကျောက်စရစ်ခဲ (၉) ခဲ ထည့်ပါ။နှင်းဆီပန်း အနီရောင် တစ်ပွင့် ထည့်ပါ။ ဆိုင် ကောင်တာပေါ်တင်ထားကြည့်ပါလား။ နှင်းဆီပန်းကတော့ နေ့တိုင်း လဲပေးရပါတယ်။သေချာပေါက် စျေးဆိုင်များအတွက် အကောင်းဆုံး ပုလင်းယတြာပါ။

မုချ စျေးရောင်းကောင်းစေပါတယ်။ မိမိ ဆိုင် စည်ကားစေပါတယ်။ ကိုယ့်အမျိုးတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ စျေးရောင်းနေတယ်ဆိုရင် စျေးရောင်းကောင်းအောင် ဒီယတြာလေး လက်တို့ပေးလိုက်ပါ။ ဘယ်သူပဲ လုပ်လုပ် အဆင်ပြေပါတယ်။

ကိုယ်တိုင် လုပ်လို့ ရပါတယ်။ လွယ်လွယ်လေးပါ။ စျေးဆိုင်တွေလည်း လုပ်လို့ ရပါတယ်။ ကုမ္ပဏီ တွေမှာလည်း လုပ်လို့ ရပါတယ်။ သေချာပေါက် သိသာပါတယ်ဗျ။ဒါကြောင့် လုပ်ဖြစ်အောင် လုပ်ဗျာ။

Credit – ဆရာဟိန်းတင့်ဇော်

Comments

Leave a Reply

Your email address will not be published. Required fields are marked *