၁။ ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း။
ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန်အမှောင်ထဲမှာ ဘေးမီးဖွင့်မထားဘဲ လမ်းမပေါ်ရပ်ထားခဲ့မယ်။ အန္တရာယ်မဖြစ်နိုင်အောင် သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။
၂။ ရှေ့ယာဉ်အားနောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း။
နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ ဒီနေရာမှာတချို့ကပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လို့တိုက်ရတာပါလို့ ပြောကြပါတယ်။ ဒါပေမယ့် ယာဉ်သွားလာမှုစည်းကမ်း နည်းဥပဒေ ၁၄၅ မှာ ရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သောအကွာအဝေးမှ လိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေး ဆိုတာကေတာ့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန်များရင် များသလို အရှိန်နည်းရင်နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့်အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော တည့်ကြောမှာတိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကို လိုက်နာခြင်းမရှိတဲ့ အတွက်ပါ။
၃။ လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။
မိန်းလမ်းမကြီးနဲ့ လမ်းသွယ်ယာဉ်ဆိုရင်တော့ လမ်းသွယ်ယာဉ်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ နည်းဥပဒေ၁၄၉(ခ)အရ လမ်းမကြီးမှယာဉ်သည် ဉီးစားပေးရတဲ့အတွက်ပါ။ တကယ်လို့တူညီ လမ်းဆုံမှာ ဆိုရင်တော့ နည်းဥပဒေ ၁၄၉(က)အရ လက်ယာ ဘက်ယာဉ် ဉီးစားပေးရပါတယ်။
တူညီလမ်းဆုံသို့ ယာဉ်(၂)စီး တပြိုင်တည်း ရောက်ရှိလျှင် ဉီးစွာရောက်ရှိသော ယာဉ်ကို ဉီးစားပေးရမည် ဖြစ်ပြီး တစ်ချိန်တည်းရောက်ရှိလျှင် လက်ယာဘက်ယာဉ် ကို ဉီးစားပေးရမည်လို့ သတ်မှတ်ထားတဲ့ အတွက်ပါ။
၄။ လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း။
ဒါကတော့ယာဉ်(၂)စီးလုံး မှာတာဝန်ရှိပါတယ်။ လက်ယာကပ်ေ မာင်းစနစ်ဖြ စ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်မည် သည့်ယာ ဉ်မဆိုလက်ယာက ပ်မောင်းရမှာြ ဖစ်တဲ့အတွက်ပါ။ နည်းဥပဒေ ၁၄၁မှာလည်း ဖော်ပြထားပါတ ယ်။အမြန်လမ်းတွေ လိုယာဉ်ကြော(၃)ကြောရှိတဲ့လ မ်းဆိုလက်ဝဲ ဘက်အစွန်းကြောသ ည်ကျော် တက်ရန်နှင့်အမြန်ေ မာင်းနှင်ရန်မှာ သာအသုံးပြု ရမှာဖြစ်ပါတယ်။
၅။ T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။
T လမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။
၆။ တည့်ယာဉ်နှင့်ဝဲဘက်သို့ ‘ဂ’ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း။
နည်းဥပဒေ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။”လွတ်မယ်ထင်လို့ကွေ့တာပါ” တို့”ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ” တို့ ပြောတက်ကြပါတယ်။ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။
၇။ လမ်းပြောင်းပြန်ကျော်တက်၍ မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း။
နည်းဥပဒေ ၁၄၆အရရှေ့မှမျက်နှာခြင်းဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။
၈။ ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်ခြင်း။
လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်ယာဉ်သာအမှားဖြစ်ပါတယ်။
၉။ အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။
နည်းဥပဒေ ၁၄၉ အရ အဝိုင်းပတ်နေတဲ့ ယာဉ်သာ အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ်ကို ဉီးစားပေးရမှာ ဖြစ်ပေမယ့် မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ ယာဉ်ကပဲ ရပ်ပေးနေတာကို မြင်နေရပါတယ်။ ရန်ကုန်မြို့က ဉီးထောင်ဘို/ဟံသာဝတီအဝိုင်းလိုမျိုး နေပြည်တော်က ပန်းအဝိုင်းလိုမျိုး အဝိုင်းကြီးတွေမှာ အဝိုင်းပတ်နေတဲ့ ယာဉ်အချင်းချင်း တိုက်မိရင်တော့ လက်ဝဲဘက် အတွင်းကြောက ယာဉ် အမှန်ဖြစ်ပါတယ်။
၁၀။ ယာဉ်မှလူကိုတိုက်ခြင်း
စက်တပ်ယာဉ်နဲ့လူတိုက် မိပီဆိုရင်တော့စက်တပ်ယာဉ် သာအမှားဖြစ်ပါ တယ် ။ရော်ာစရာတောင်မ လိုလောက်ပါဘူး။ ယာဉ် တိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ ယာဉ်မောင်းနှင်သူများရဲ့ ပေါ့လျော့မှု ကြောင့်ရယ်၊ ယာဉ်ရဲ့ စက်ပစွည်း ချို့ယွင်းမှုကြောင့်ရယ်၊ လမ်းအသုံးပြုသူများရဲ့ ပေါ့လျော့မှုတွေ ကြောင့်ပဲ အဖြစ်များကြပါတယ်။ ဒါကတော့ကျွန်တော် မှတ်ထားသလောက်ကို ပြန်ဝေမျှပေးတာပါ။ အမှားပါကော င်းပါနိုင်ပါတယ်။ တက်သိနားလည်ေ သာဆရာများ မှအမှားဝင်ရော က်ထောက်ပြနိုင်ပါတယ်။
Credit: Original Uploader
(Zawgyi)
၁။ ရပ္ထားေသာယာဥ္ကို ဝင္ေရာက္တိုက္မိျခင္း။
ရပ္ထားေသာယာဥ္ကို အျခားယာဥ္တစ္စီးမွ ဝင္ေရာက္မိတဲ့အခါမွာ တိုက္တဲ့ယာဥ္အမွားပဲျဖစ္ပါတယ္။ ဒါေပမယ့္ ညအခ်ိန္အေမွာင္ထဲမွာ ေဘးမီးဖြင့္မထားဘဲ လမ္းမေပၚရပ္ထားခဲ့မယ္။ အႏၲရာယ္မျဖစ္ႏိုင္ေအာင္ သတိေပးမယ့္သူရွိမေနခဲ့ရင္ေတာ့ ရပ္ထားတဲ့ယာဥ္မွာလည္း တာဝန္ရွိႏိုင္ပါတယ္။
၂။ ေရွ႕ယာဥ္အားေနာက္ယာဥ္မွ ဝင္ေရာက္တိုက္မိျခင္း။
ေနာက္ကယာဥ္မွာတာဝန္ရွိပါတယ္။ ဒီေနရာမွာတခ်ိဳ႕ကေျပာၾကပါတယ္။ ေရွ႕ယာဥ္က ႐ုတ္တရက္ ဘရိတ္အုပ္လို႔တိုက္ရတာပါလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ယာဥ္သြားလာမႈစည္းကမ္း နည္းဥပေဒ ၁၄၅ မွာ ေရွ႕ယာဥ္႐ုတ္တရက္ရပ္တန႔္လွ်င္ ေနာက္မွယာဥ္သည္ ထိခိုက္မႈမျဖစ္ေစရန္ သင့္ေလ်ာ္ေသာအကြာအေဝးမွ လိုက္ရမည္လို႔ေဖာ္ျပထားပါတယ္။
သင့္ေလ်ာ္ေသာအကြာအေဝး ဆိုတာေကတာ့ ပုံေသမရွိႏိုင္ပါဘူး။ ေရွ႕ယာဥ္အရွိန္မ်ားရင္ မ်ားသလို အရွိန္နည္းရင္နည္းသလို ထိခိုက္မႈမရွိပဲ ရပ္တန႔္ႏိုင္မယ့္အကြာအေဝးကို ခ်ိန္ဆေမာင္းႏွင္ရမွာပါ။ အဲ့ဒီအတြက္ ေရွ႕ယာဥ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္ လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္ အေၾကာင္းတစုံရာေၾကာင့္ ရပ္တန႔္ခ်ိန္မွာ ေနာက္ယာဥ္သည္လည္း ထိခိုက္မႈမရွိေအာင္ ရပ္တန႔္ႏိုင္ရပါမယ္။ ဖရီးေၾကာလို႔ေခၚတဲ့ ရပ္မ်ဥ္းမရွိတဲ့ ေကြ႕ေၾကာ တည့္ေၾကာမွာတိုက္ရင္ေတာ့ ေရွ႕ယာဥ္အမွားျဖစ္ပါတယ္။ လမ္းၫႊန္အမွတ္အသားကို လိုက္နာျခင္းမရွိတဲ့ အတြက္ပါ။
၃။ လမ္းဆုံတြင္ယာဥ္(၂)စီးတိုက္ျခင္း။
မိန္းလမ္းမႀကီးနဲ႔ လမ္းသြယ္ယာဥ္ဆိုရင္ေတာ့ လမ္းသြယ္ယာဥ္ရဲ႕ တာဝန္ပဲျဖစ္ပါတယ္။ နည္းဥပေဒ၁၄၉(ခ)အရ လမ္းမႀကီးမွယာဥ္သည္ ဉီးစားေပးရတဲ့အတြက္ပါ။ တကယ္လို႔တူညီ လမ္းဆုံမွာ ဆိုရင္ေတာ့ နည္းဥပေဒ ၁၄၉(က)အရ လက္ယာ ဘက္ယာဥ္ ဉီးစားေပးရပါတယ္။
တူညီလမ္းဆုံသို႔ ယာဥ္(၂)စီး တၿပိဳင္တည္း ေရာက္ရွိလွ်င္ ဉီးစြာေရာက္ရွိေသာ ယာဥ္ကို ဉီးစားေပးရမည္ ျဖစ္ၿပီး တစ္ခ်ိန္တည္းေရာက္ရွိလွ်င္ လက္ယာဘက္ယာဥ္ ကို ဉီးစားေပးရမည္လို႔ သတ္မွတ္ထားတဲ့ အတြက္ပါ။
၄။ လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္း။
ဒါကေတာ့ယာဥ္(၂)စီးလုံး မွာတာဝန္ရွိပါတယ္။ လက္ယာကပ္ေ မာင္းစနစ္ျဖ စ္တဲ့ဒီႏိုင္ငံမွာ သာမန္အားျဖင့္မည္ သည့္ယာ ဥ္မဆိုလက္ယာက ပ္ေမာင္းရမွာျ ဖစ္တဲ့အတြက္ပါ။ နည္းဥပေဒ ၁၄၁မွာလည္း ေဖာ္ျပထားပါတ ယ္။အျမန္လမ္းေတြ လိုယာဥ္ေၾကာ(၃)ေၾကာရွိတဲ့လ မ္းဆိုလက္ဝဲ ဘက္အစြန္းေၾကာသ ည္ေက်ာ္ တက္ရန္ႏွင့္အျမန္ေ မာင္းႏွင္ရန္မွာ သာအသုံးျပဳ ရမွာျဖစ္ပါတယ္။
၅။ T ပုံသ႑န္လမ္းဆုံတြင္တိုက္မိျခင္း။
T လမ္းဆုံမွာတိုက္ရင္လည္းလမ္းမေပၚေကြ႕ထြက္တဲ့ယာဥ္ကအမွားပဲ ျဖစ္ပါတယ္။
၆။ တည့္ယာဥ္ႏွင့္ဝဲဘက္သို႔ ‘ဂ’ေကြ႕ေကြ႕ေသာယာဥ္တိုက္မိျခင္း။
နည္းဥပေဒ ၁၄၈ နဲ႔ ၁၅၀ အရတည့္တည့္လာေနတဲ့ယာဥ္မရွင္းပဲ ေကြ႕တဲ့ယာဥ္ကအမွားပဲျဖစ္ပါတယ္။”လြတ္မယ္ထင္လို႔ေကြ႕တာပါ” တို႔”ေရွ႕ကတည့္တည့္လာတဲ့ယာဥ္ကအရွိန္မ်ားတာ” တို႔ ေျပာတက္ၾကပါတယ္။ဘယ္လိုပဲေျပာေျပာရွင္းရမွာပါပဲ။
၇။ လမ္းေျပာင္းျပန္ေက်ာ္တက္၍ မ်က္ႏွာခ်င္းဆိုင္ယာဥ္ႏွင့္တိုက္မိျခင္း။
နည္းဥပေဒ ၁၄၆အရေရွ႕မွမ်က္ႏွာျခင္းဆိုင္လာေသာယာဥ္မရွင္းဘဲလမ္းေျပာင္းျပန္ေက်ာ္တက္တက္တဲ့ယာဥ္မွာတာဝန္ရွိပါတယ္။
၈။ ေဘးခ်င္းယွဥ္ေက်ာ္တက္၍ ပြတ္တိုက္ျခင္း။
လက္ဝဲဘက္မွေက်ာ္တက္ပြတ္တိုက္မိသည့္ယာဥ္သာအမွားျဖစ္ပါတယ္။
၉။ အဝိုင္းတြင္ယာဥ္(၂)စီးတိုက္မိျခင္း။
နည္းဥပေဒ ၁၄၉ အရ အဝိုင္းပတ္ေနတဲ့ ယာဥ္သာ အမွန္ျဖစ္ပါတယ္။ အဝိုင္းပတ္ယာဥ္ကို ဉီးစားေပးရမွာ ျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္ကပဲ ရပ္ေပးေနတာကို ျမင္ေနရပါတယ္။ ရန္ကုန္ၿမိဳ႕က ဉီးေထာင္ဘို/ဟံသာဝတီအဝိုင္းလိုမ်ိဳး ေနျပည္ေတာ္က ပန္းအဝိုင္းလိုမ်ိဳး အဝိုင္းႀကီးေတြမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္အခ်င္းခ်င္း တိုက္မိရင္ေတာ့ လက္ဝဲဘက္ အတြင္းေၾကာက ယာဥ္ အမွန္ျဖစ္ပါတယ္။
၁၀။ ယာဥ္မွလူကိုတိုက္ျခင္း
စက္တပ္ယာဥ္နဲ႔လူတိုက္ မိပီဆိုရင္ေတာ့စက္တပ္ယာဥ္ သာအမွားျဖစ္ပါ တယ္ ။ေရာ္ာစရာေတာင္မ လိုေလာက္ပါဘူး။ ယာဥ္ တိုက္မႈ ျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ယာဥ္ေမာင္းႏွင္သူမ်ားရဲ႕ ေပါ့ေလ်ာ့မႈ ေၾကာင့္ရယ္၊ ယာဥ္ရဲ႕ စက္ပစြည္း ခ်ိဳ႕ယြင္းမႈေၾကာင့္ရယ္၊ လမ္းအသုံးျပဳသူမ်ားရဲ႕ ေပါ့ေလ်ာ့မႈေတြ ေၾကာင့္ပဲ အျဖစ္မ်ားၾကပါတယ္။ ဒါကေတာ့ကြၽန္ေတာ္ မွတ္ထားသေလာက္ကို ျပန္ေဝမွ်ေပးတာပါ။ အမွားပါေကာ င္းပါႏိုင္ပါတယ္။ တက္သိနားလည္ေ သာဆရာမ်ား မွအမွားဝင္ေရာ က္ေထာက္ျပႏိုင္ပါတယ္။
Credit: Original Uploader
Leave a Reply