မြန်မာတို့၏ ရာဇဝင်တွေထဲက “ကိုးသင်္ချိုင်းသံဓါး”

ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည်။ ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသင်္ချိုင်းဓား အစီအရင်နဲ့ လုပ်ကြံ သတ်ဖြတ်လို့ သေရတယ်တဲ့။ ဒါ့ကြောင့် ကိုးင်္သချိုင်းဓား အကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ ကိုးင်္သချိုင်းဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှ သံများကို စုပေါင်း၍ သံရည်ကျိုပြီး သွန်းလုပ်ရသည်။ သံရည်ကျိုပြီးသောအခါ စနေသား ပန်းပဲဆရာမှက ဓားပုံလောင်းရသည် (အများအားဖြင့် စနေနေ့တွင် ဓားကို ပုံလောင်းကျသည်။) ဓားကို ပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်း၌ ဆေးရသည်။ ဓားမဆေးမှီ 7 ရက်တိုင်တိုင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကို ပင့်ဖိတ်ပြီး သက်ဆိုင်ရာ ဂါထာမန္တာန်တို့ကို ၇ ရက်တိတိ ရွတ်ဖတ်ရသည်။ ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေ သွေးဖြင့်သာ ဆေးရသည်။ အကယ်၍ အစိမ်းသေမှ ရသော သွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊ နွားသွေးများ ရောနှောကာ ဆေးရသည်။ ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ 7 ရက်ပြည့်အောင် ထားရသည်။ ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသောနေရာ၌ ထားရသည်။ ပြီးလျှင် မြို့တော်ရှင်ဟု လူအသိများသော ကိုးမြို့ရှင် နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိ ထားရသည်။ ဓားပြီးသောအခါ ဓားအိမ်ကို တလားပျဉ်(ခေါင်းပျဉ်)နှင့် ပြုလုပ်ရသည်။ ဓားအရိုးကို လူသေထိုးသော တစူးဝါးဖြင့် ပြုလုပ်ရသည်။ ဓားကိုသပ်ပင်းသည့်အခါ အစိမ်းသေဆံပင် ကိုးချောင်းဖြင့် ဒမင်းကို သပ်ပင်းရစ်ပတ်ပြီးမှ သပ်ပင်းရသည်။ ဓားတစ်ချောင်းလုံးပြီးစီးသောအခါ သက်ဆိုင်ရာဂါထာဖြင့် ၉ ရက် မန်းမှုတ်ပူဇော်ရသည်။ ပြီးပါက ဓားကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဓားကို သွေးဖြင့် ဆေးထားသောကြောင့် ဓားအရောင်မှာ သွေးအရောင်ကဲ့သို့ ညိုမှိုင်းမှိုင်းဖြစ်နေသည်။အကြောင်းမရှိပဲ ဓားကို ဓားအိမ်မှ ထုတ်၍မရပေ။ ထုတ်ပြီး လူသွေးမစွန်းပဲ ဓားအိမ်အတွင်းသို့ ပြန်ထည့်၍မရပေ။ အခြားသူကို မခုတ်ခြင်လျှင် မိမိလက်မောင်းကိုဖောက်ပြီး သွေးစွန်းမှ ပြန်ထည့်၍ရသည်။ ဓားအစွမ်းမှာ ကာယသိဒ္ဓိပြီးသူကို ခုတ်လျှင်ပြတ်။ စုန်း၊ကဝေတို့၏ စက်ကြိုးများကို ဓားနှင့်ဖြတ်နိုင်သည်။ ဉာဏ်ရှိလျှင် ရှိသလို သုံးနိုင်၏။ ကိုးသင်္ချိုင်းဓားမှာ ပရလောကသားများနှင့် ပတ်သက်နေသော ဓားဖြစ်၏။ ထို့ကြောင့်သုံးစွဲသူများ အတွက်လဲ အန္တရာယ်များသည်။ အိမ်ပေါ်မှာမထားပဲ အိမ်အောက်တွင် လျှို့ဝှက်စွာ ထားရသည်။ မကြာခဏ သွေးလောင်းရသည်။ မေ့လျော့နေလျှင် မကောင်းဆိုးဝါးများ ရောက်လာပြီး ခြောက်လှန့်သတိပေးခြင်း သုံးစွဲသူများအတွက် အန္တရာယ်ကျရောက်ခြင်းများဖြစ်နိုင်လေသည်။ ဤသည်မှာကျွန်ုပ် ဖတ်ခဲ့ရဖူးသော ကိုးသင်္ချိုင်းဓား အကြောင်းပင် ဖြစ်လေသည်။

မြန်မာရာဇဝင်မှာ ကိုးသင်းချိုင်းဓားကို နိင်တဲ့ဓား၂လက်ရှိပါသေးတယ်။ တလက်က ယိမ်းနွဲ့ပါဓားဖြစ်ပြီး တလက်က နတ်မင်းကြီးလေးပါးဓားပါ။ နတ်မင်းကြီးလေးပါးဓား အကြောင်းက ကျနော်လည်းရှာနေတုန်းပါ မတွေ့သေးပါဘူး။

Credit-Original Uploader

(Zawgyi)

ကေနာင္မင္းသားႀကီးသည္ တုတ္ၿပီး၊ ဓားၿပီး ေသနတ္ၿပီးတယ္လို႔ ဖတ္ရႈသိရွိရသည္။ ကေနာင္မင္းသားႀကီးကို ျမင္ကြန္း၊ ျမင္းခုံတိုင္က ကိုးသခ်ႋဳင္းဓား အစီအရင္နဲ႔ လုပ္ႀကံ သတ္ျဖတ္လို႔ ေသရတယ္တဲ့။ ဒါ့ေၾကာင့္ ကိုးသၤခ်ိဳင္းဓား အေၾကာင္းကို အနည္းငယ္ မွ်ေဝခ်င္ပါသည္။ ကိုးသၤခ်ိဳင္းဓားသည္ အမည္ႏွင့္လိုက္ေအာင္ပင္ သခ်ႋဳင္းကိုးခု၏ ေခါင္းတလားမွ သံမ်ားကို စုေပါင္း၍ သံရည္က်ိဳၿပီး သြန္းလုပ္ရသည္။ သံရည္က်ိဳၿပီးေသာအခါ စေနသား ပန္းပဲဆရာမွက ဓားပုံေလာင္းရသည္ (အမ်ားအားျဖင့္ စေနေန႔တြင္ ဓားကို ပုံေလာင္းက်သည္။) ဓားကို ပုံေခ်ာအျဖစ္ရေအာင္ယူၿပီး ဓားေဆးေသာအခါ သခ်ႋဳင္း၌ ေဆးရသည္။ ဓားမေဆးမွီ 7 ရက္တိုင္တိုင္ သက္ဆိုင္ရာပုဂၢိဳလ္တို႔ကို ပင့္ဖိတ္ၿပီး သက္ဆိုင္ရာ ဂါထာမႏၲာန္တို႔ကို ၇ ရက္တိတိ ႐ြတ္ဖတ္ရသည္။ ဓားေဆးေသာအခါ ေရျဖင့္မေဆးရပဲ အစိမ္းေသ ေသြးျဖင့္သာ ေဆးရသည္။ အကယ္၍ အစိမ္းေသမွ ရေသာ ေသြးမမ်ားပါက ၎ေသြးအနည္းအငယ္သာယူၿပီး အျခားကြၽဲ၊ ႏြားေသြးမ်ား ေရာေႏွာကာ ေဆးရသည္။ ဓားေဆးၿပီးေသာအခါ စေနသမီးအုံးေသာ ေခါင္းအုံးေအာက္၌ 7 ရက္ျပည့္ေအာင္ ထားရသည္။ ထိုသို႔ၿပီးသည္ႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဘုန္းေတာ္ႀကီးမ်ား ကမၼဝါဖတ္ေနခ်ိန္၌ ဘုန္းေတာ္ႀကီးမ်ားမသိေအာင္ ေက်ာင္းႏွင့္မနီးမေဝး ကမၼဝါဖတ္သံၾကားရေသာေနရာ၌ ထားရသည္။ ၿပီးလွ်င္ ၿမိဳ႕ေတာ္ရွင္ဟု လူအသိမ်ားေသာ ကိုးၿမိဳ႕ရွင္ နတ္ကြန္းတြင္ ဓားကို ၉ ရက္တိတိ ထားရသည္။ ဓားၿပီးေသာအခါ ဓားအိမ္ကို တလားပ်ဥ္(ေခါင္းပ်ဥ္)ႏွင့္ ျပဳလုပ္ရသည္။ ဓားအ႐ိုးကို လူေသထိုးေသာ တစူးဝါးျဖင့္ ျပဳလုပ္ရသည္။ ဓားကိုသပ္ပင္းသည့္အခါ အစိမ္းေသဆံပင္ ကိုးေခ်ာင္းျဖင့္ ဒမင္းကို သပ္ပင္းရစ္ပတ္ၿပီးမွ သပ္ပင္းရသည္။ ဓားတစ္ေခ်ာင္းလုံးၿပီးစီးေသာအခါ သက္ဆိုင္ရာဂါထာျဖင့္ ၉ ရက္ မန္းမႈတ္ပူေဇာ္ရသည္။ ၿပီးပါက ဓားကို အသုံးျပဳႏိုင္မည္ျဖစ္သည္။

ဓားကို ေသြးျဖင့္ ေဆးထားေသာေၾကာင့္ ဓားအေရာင္မွာ ေသြးအေရာင္ကဲ့သို႔ ညိဳမႈိင္းမႈိင္းျဖစ္ေနသည္။အေၾကာင္းမရွိပဲ ဓားကို ဓားအိမ္မွ ထုတ္၍မရေပ။ ထုတ္ၿပီး လူေသြးမစြန္းပဲ ဓားအိမ္အတြင္းသို႔ ျပန္ထည့္၍မရေပ။ အျခားသူကို မခုတ္ျခင္လွ်င္ မိမိလက္ေမာင္းကိုေဖာက္ၿပီး ေသြးစြန္းမွ ျပန္ထည့္၍ရသည္။ ဓားအစြမ္းမွာ ကာယသိဒၶိၿပီးသူကို ခုတ္လွ်င္ျပတ္။ စုန္း၊ကေဝတို႔၏ စက္ႀကိဳးမ်ားကို ဓားႏွင့္ျဖတ္ႏိုင္သည္။ ဉာဏ္ရွိလွ်င္ ရွိသလို သုံးႏိုင္၏။ ကိုးသခ်ႋဳင္းဓားမွာ ပရေလာကသားမ်ားႏွင့္ ပတ္သက္ေနေသာ ဓားျဖစ္၏။ ထို႔ေၾကာင့္သုံးစြဲသူမ်ား အတြက္လဲ အႏၲရာယ္မ်ားသည္။ အိမ္ေပၚမွာမထားပဲ အိမ္ေအာက္တြင္ လွ်ိဳ႕ဝွက္စြာ ထားရသည္။ မၾကာခဏ ေသြးေလာင္းရသည္။ ေမ့ေလ်ာ့ေနလွ်င္ မေကာင္းဆိုးဝါးမ်ား ေရာက္လာၿပီး ေျခာက္လွန႔္သတိေပးျခင္း သုံးစြဲသူမ်ားအတြက္ အႏၲရာယ္က်ေရာက္ျခင္းမ်ားျဖစ္ႏိုင္ေလသည္။ ဤသည္မွာကြၽႏ္ုပ္ ဖတ္ခဲ့ရဖူးေသာ ကိုးသခ်ႋဳင္းဓား အေၾကာင္းပင္ ျဖစ္ေလသည္။

ျမန္မာရာဇဝင္မွာ ကိုးသင္းခ်ိဳင္းဓားကို နိင္တဲ့ဓား၂လက္ရွိပါေသးတယ္။ တလက္က ယိမ္းႏြဲ႕ပါဓားျဖစ္ၿပီး တလက္က နတ္မင္းႀကီးေလးပါးဓားပါ။ နတ္မင္းႀကီးေလးပါးဓား အေၾကာင္းက က်ေနာ္လည္းရွာေနတုန္းပါ မေတြ႕ေသးပါဘူး။

Credit-Original Uploader

Comments

Leave a Reply

Your email address will not be published. Required fields are marked *