ချမ်းသာသူတွေရဲ့ လက်မှာသာ တွေ့ရများတတ်သော လက်ဝါးပြင်ပေါ်မှ ငွေဝင်လမ်းကြောင်းအမှတ်သား

ချမ်းသာသူတွေရဲ့လက်မှာသာ တွေ့ရများတတ်သော လက်ဝါးပြင်ပေါ်မှ ငွေဝင်လမ်းကြောင်းအမှတ်သား

လူတိုင်းလူတိုင်းသည် ချမ်းသာချင်ကြ၏ ။ သို့သော် လူတိုင်းလူတိုင်းသည် ချမ်းသာချင်းတော့ မရှိနိုင်ပေ။ လူတစ်ဦးတစ်ယောက် ဆင်းရဲ ခြင်း ချမ်းသာခြင်းသည် မိမိအတိတ်က ပြုခဲ့ဖူးသော ကံတရားအတိုင်းသာ ခံစားရပေသည်။ ထို့ကြောင့် အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်ဟု မြန်မာစကားပုံရှိနေခြင်းပင် ဖြစ်သည်။

လက္ခဏာပညာရပ်တွင် လက်ပုံစံတနည်း လက်ဝါးပြင်သည် မူလဇာတာနှင့်တူပြီး လက်ဝါးပြင်အတွင်း ရိုက်နှိပ်ထားသောလမ်းကြောင်းလေးများကတော့ ကောဇာဂြိုဟ်နှင့်တူလှသည်။ လက်ပုံစံကောင်းမွန်ပြီး လက်မအဆင့်မှီကာ ကောင်းမွန်သော လက်ချောင်းလေးများနှင့်အတူ လက်ဝါးပြင် အရောင်အသွေးကောင်းမွန်ကာ ဂြိုဟ်ခုံလေးများ မို့မောက်ပြည့်ဖြိုးကောင်းမွန်ပြီး ဖျက်မှတ်ကင်းကာ အားရှိနေမည်ဆိုပါက လက္ခဏာရှင်သည် ချမ်းသာရန်ကံတရားပါရှိပြီးသူဖြစ်ပေသည် ။

ထိုပြင် အောက်ပါ အမှတ်လက္ခဏာများကလည်း ငွေကြေးရှာဖွေရလွယ်ကူခြင်း စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းကို ဖော်ပြပြီး ချမ်းသာသောလူတွေရဲ့ လက်မှာသာ အတွေ့ရများသော ငွေဝင်လမ်းကြောင်းတွေ ဖြစ်တာကြာင့် ဒီအမှတ်သားလေးများ သင့်ရဲ့လက်မှာ ပါမပါသေချာလေ့လာကြည့်ဖို့ လိုအပ်ပါသည်။ အကယ်၍ သင့်ရဲ့လက်မှာသာ ဒီအမှတ်သားတခုမဟုက် တခုပါလာခဲ့မယ်ဆိုရင်သင်သည်လည်း ငွေကြေးဥစ္စာပြည့်စုံပြီး ချမ်းသာသူတယောက်ဖြစ်လာမယ်ဆိုတာ အသေချာပါပဲ။

၁။ လက်သူကြွယ်လက်ချောင်းနှင့် လက်ချောင်းခြေရင်းဖြစ်သော တနင်္ဂနွေဂြိုဟ်ခုံသည် ချမ်းသာကြွယ်ဝခြင်း အနုပညာ အောင်မြင်မှုစသည်တို့ကို ဖော်ပြသော လက်ချောင်းဖြစ်သည်။ ထိုလက်ချောင်းခြေရင်း တနင်္ဂနွေဂြိုဟ်ပေါ်တွင် ကြယ်အမှတ်သား( A )ပါခဲ့မယ်ဆိုရင်လက္ခဏာရှင်သည် စည်းစိမ်ဥစ္စာပြည့်စုံခြင်း၊ ငွေကြေးရှာဖွေရလွယ်ကူခြင်း၊ ဘွဲ့ထူးဂုဏ်ထူးရရှိခြင်း၊ အစိုးရဝန်ထမ်းများ ရာထူးတတ်ခြင်း၊ အနုပညာရှင်များ အကယ်ဒမီရလွယ်ခြင်းတို့ကို ပေးစွမ်းပြီး သာမာန်လူတွေမှာ ပါခဲပြီး အောင်မြင်ချမ်းသာသူတွေရဲ့ လက်မှာသာတွေ့ရများသော အမှတ်သားဖြစ်သည်။ ထိုအမှတ်သားပါသော လက္ခဏာရှင်သည် တမိပေါက် တယောက်ထွန်းဆိုသကဲ့သို့ ကြီးပွားမည့်အမှတ်သားလက္ခဏာ ဖြစ်ပေသည်။

၂။ လက်သွယ်ကြွယ်ခြေရင်း တနင်္ဂနွေဂြိုဟ်ခုံလို့ခေါ်တဲ့နေရာလေးမှာ အလံပုံစံ( B )လေးပေါ်လာခဲ့မယ်ဆိုရင် ဒီအမှတ်သားကိုအောင်လံအမှတ်သားလို့ ခေါ်ပါတယ်။ ဒီအောင်လံအမှတ်သားပါလာတဲ့ လက္ခဏာရှင်ဟာ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝတတ်ပြီး ငွေကိုရေလိုသုံးနိုင်တဲ့ လူတွေရဲ့ လက်မှာသာ တွေ့ရတတ်တာကြောင့် ဒီအမှတ်သား သင့်လက်မှာ ပါလာရင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အမှတ်သား ချမ်းသာမယ့်အမှတ်သားအဖြစ် မှတ်ယူရပါလိမ့်မယ်။

၃။ ဦးခေါင်းလမ်းကြောင်းနဲ့ ဉာဏ်လမ်းကြောင်းကြားမှာ အောင်လံအမှတ်သား( C )ပါလာရင်တော့ သင်ဟာ မိဘမျိုးရိုးက ချမ်းသာသူမဖြစ်နိုင်ပါဘူး။ အချိန်တန်အရွယ်ရောက် ကိုယ့်လမ်းကိုယ်လျောက်ပြီး ကိုယ့်ရဲ့ကြိုးစားမှုကြောင့် ဘဝအထွဋ်ထိပ်ရောက် ငွေကြေးဥစ္စာပြည့်စုံချင်းနှင့်အတူ ချမ်းသာသုခ ရရှိနိုင်သူ ဖြစ်ပါလိမ့်မယ်။

၄။ လက်မ ပထမဆစ်နဲ့ ဒုတိယဆစ်ကြားမှာ ( D )စပါးစေ့ကဲ့သို့ လမ်းကြောင်းတွေဟာ လူအတော်များများမှာ ပါလာတတ်ပါတယ်။ ဒီစပါးစေ့ အမှတ်သားပါသူတွေဟာ စားဝတ်နေရေး ပြည့်စုံခြင်း ငွေကြေးရှာဖွေရလွယ်ကူခြင်း ပြဆိုပါတယ်။ ဒီအမှတ်သားကတော့ လူတရာမှာ 70%လောက် ပါတတ်ပါတယ်။ ဒါပေမဲ့ လူအများရဲ့ လက်မှာ တွေ့ရတဲ့ စပါးစေ့ပုံကတော့ အတွင်းထဲမှာ ဟနေချင်း သို့မဟုက် အပြင်ဘက်မှာ ဟနေချင်း သို့မဟုက် အပေါ်တခြမ်း အောက်တခြမ်းကွဲနေတတ်ပြီး လမ်းကြောင်းနှစ်ခုဆက်ပြီး လုံနေတဲ့ စပါးစေ့ကတော့ ရှာမှရှားပါပဲ။ လက်မ ပထမဆစ်နဲ့ ဒုတိယဆစ်ကြားမှာ ပါလာတဲ့ စပါးစေ့ဟာ ဟချင်း ကွဲချင်းမရှိလောက်အောင် လှပပြီး လုံနေမယ်ဆိုရင် ငွေလည်းရှာနိုင်သူ ရှာနိုင်သလောက်လည်း စုဆောင်းနိုင်သူဖြစ်တာကြောင့် အဲဒီလိုလှပပြီး လုံနေတဲ့ စပါးစေ့ကတော့ ချမ်းသာသူတွေရဲ့ လက်မှာသာမြင်တွေ့ရတတ်တာကြောင့် သင့်ရဲ့လက်မှာသာ ထိုအမှတ်သားပါလာခဲ့မယ်ဆိုရင် သင်ဟာ ငွေကြေးဥစ္စာပြည့်စုံပြီး ချမ်းသာသူတယောက်ဖြစ်လာဖို့ရှိပါတယ်။

၅ ။ တနင်္လာဂြိုဟ်ခုံလို့ခေါ်တဲ့ လက်ဝါးစောင်းနားလေးမှာ အလံကဲ့သို့ အမှတ်သားလေးပါလာခဲ့မယ်ဆိုရင် ( E )လက္ခဏာရှင်ဟာအနုပညာစိတ်ကူး စိတ်သန်းကောင်းမွန်းခြင်းကြောင့် အကြံကောင်းတော့ တသက် ကံကောင်းတော့ တချက်ဆိုသလို အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းတွေကြောင့် ပွပေါက်တိုးကာ ငွေကြေးဥစ္စာရရှိပြီး ကျိကျိတတ်ချမ်းသာသူတွေ ဖြစ်လာတတ်ပါတယ်။

၆။ အသက်လမ်းကြောင်းအဆုံးမှာ စမူဆာပုံစံတြိဂံအမှတ်သား( F )လေးပါလာခဲ့မယ်ဆိုရင် မိဘတွေပေးအပ်သော အမွေအနှစ် စည်းစိမ်ဥစ္စာတွေ ရရှိနိုင်ပြီး မိဘကျေးဇူးမြင့်မိုရ်ဉီး ဆိုသလို မိဘတွေရဲ့ အထောက်ပံ့တွေနဲ့ ကြီးပွားချမ်းသာမယ့် လက္ခဏာပါပဲ။

၇။ လက်ဝါးအောက်ခြေ လက်ကောက်ရစ် လမ်းကြောင်းပေါ်မှာ စမူဆာပုံစံတြိဂံအမှတ်သား (G)နှင့် ကြယ်စုံစံအမှတ်သား( H )ပုံပါလာခဲ့မယ်ဆိုရင် ငွေအစုလိုက်အပြုလိုက်ဝင်ခြင်း အမွေရခြင်း ထီပေါက်ခြင်းစသော ငွေကြေးဥစ္စာအလုံးလိုက် အရင်းလိုက်ရရှိပြီး ငွေကြေးကံကောင်းကာ ချမ်းသာသောဘဝ အောင်မြင်သောဘဝကို ဧကန်မုချ ရရှိနိုင်ပါလိမ့်မယ်။ သင့်ရဲ့လက်မှာ ဒီအမှတ်သားတွေပါမပါ သေချာလေ့လာတိုက်ဆိုင် စစ်ဆေးကြည့်နိုင်ရန် တင်ပြပေးလိုက်ရပါသည်။

Credit-Original Uploader

(Zawgyi)

ခ်မ္းသာသူေတြရဲ႕လက္မွာသာ ေတြ႕ရမ်ားတတ္ေသာ လက္ဝါးျပင္ေပၚမွ ေငြဝင္လမ္းေၾကာင္းအမွတ္သား

လူတိုင္းလူတိုင္းသည္ ခ်မ္းသာခ်င္ၾက၏ ။ သို႔ေသာ္ လူတိုင္းလူတိုင္းသည္ ခ်မ္းသာခ်င္းေတာ့ မရွိႏိုင္ေပ။ လူတစ္ဦးတစ္ေယာက္ ဆင္းရဲ ျခင္း ခ်မ္းသာျခင္းသည္ မိမိအတိတ္က ျပဳခဲ့ဖူးေသာ ကံတရားအတိုင္းသာ ခံစားရေပသည္။ ထို႔ေၾကာင့္ အသက္ဉာဏ္ေစာင့္၊ ဥစၥာကံေစာင့္ဟု ျမန္မာစကားပုံရွိေနျခင္းပင္ ျဖစ္သည္။

လကၡဏာပညာရပ္တြင္ လက္ပုံစံတနည္း လက္ဝါးျပင္သည္ မူလဇာတာႏွင့္တူၿပီး လက္ဝါးျပင္အတြင္း ႐ိုက္ႏွိပ္ထားေသာလမ္းေၾကာင္းေလးမ်ားကေတာ့ ေကာဇာၿဂိဳဟ္ႏွင့္တူလွသည္။ လက္ပုံစံေကာင္းမြန္ၿပီး လက္မအဆင့္မွီကာ ေကာင္းမြန္ေသာ လက္ေခ်ာင္းေလးမ်ားႏွင့္အတူ လက္ဝါးျပင္ အေရာင္အေသြးေကာင္းမြန္ကာ ၿဂိဳဟ္ခုံေလးမ်ား မို႔ေမာက္ျပည့္ၿဖိဳးေကာင္းမြန္ၿပီး ဖ်က္မွတ္ကင္းကာ အားရွိေနမည္ဆိုပါက လကၡဏာရွင္သည္ ခ်မ္းသာရန္ကံတရားပါရွိၿပီးသူျဖစ္ေပသည္ ။

ထိုျပင္ ေအာက္ပါ အမွတ္လကၡဏာမ်ားကလည္း ေငြေၾကးရွာေဖြရလြယ္ကူျခင္း စည္းစိမ္ဥစၥာ ျပည့္စုံျခင္းကို ေဖာ္ျပၿပီး ခ်မ္းသာေသာလူေတြရဲ႕ လက္မွာသာ အေတြ႕ရမ်ားေသာ ေငြဝင္လမ္းေၾကာင္းေတြ ျဖစ္တာၾကာင့္ ဒီအမွတ္သားေလးမ်ား သင့္ရဲ႕လက္မွာ ပါမပါေသခ်ာေလ့လာၾကည့္ဖို႔ လိုအပ္ပါသည္။ အကယ္၍ သင့္ရဲ႕လက္မွာသာ ဒီအမွတ္သားတခုမဟုက္ တခုပါလာခဲ့မယ္ဆိုရင္သင္သည္လည္း ေငြေၾကးဥစၥာျပည့္စုံၿပီး ခ်မ္းသာသူတေယာက္ျဖစ္လာမယ္ဆိုတာ အေသခ်ာပါပဲ။

၁။ လက္သူႂကြယ္လက္ေခ်ာင္းႏွင့္ လက္ေခ်ာင္းေျခရင္းျဖစ္ေသာ တနဂၤေႏြၿဂိဳဟ္ခုံသည္ ခ်မ္းသာႂကြယ္ဝျခင္း အႏုပညာ ေအာင္ျမင္မႈစသည္တို႔ကို ေဖာ္ျပေသာ လက္ေခ်ာင္းျဖစ္သည္။ ထိုလက္ေခ်ာင္းေျခရင္း တနဂၤေႏြၿဂိဳဟ္ေပၚတြင္ ၾကယ္အမွတ္သား( A )ပါခဲ့မယ္ဆိုရင္လကၡဏာရွင္သည္ စည္းစိမ္ဥစၥာျပည့္စုံျခင္း၊ ေငြေၾကးရွာေဖြရလြယ္ကူျခင္း၊ ဘြဲ႕ထူးဂုဏ္ထူးရရွိျခင္း၊ အစိုးရဝန္ထမ္းမ်ား ရာထူးတတ္ျခင္း၊ အႏုပညာရွင္မ်ား အကယ္ဒမီရလြယ္ျခင္းတို႔ကို ေပးစြမ္းၿပီး သာမာန္လူေတြမွာ ပါခဲၿပီး ေအာင္ျမင္ခ်မ္းသာသူေတြရဲ႕ လက္မွာသာေတြ႕ရမ်ားေသာ အမွတ္သားျဖစ္သည္။ ထိုအမွတ္သားပါေသာ လကၡဏာရွင္သည္ တမိေပါက္ တေယာက္ထြန္းဆိုသကဲ့သို႔ ႀကီးပြားမည့္အမွတ္သားလကၡဏာ ျဖစ္ေပသည္။

၂။ လက္သြယ္ႂကြယ္ေျခရင္း တနဂၤေႏြၿဂိဳဟ္ခုံလို႔ေခၚတဲ့ေနရာေလးမွာ အလံပုံစံ( B )ေလးေပၚလာခဲ့မယ္ဆိုရင္ ဒီအမွတ္သားကိုေအာင္လံအမွတ္သားလို႔ ေခၚပါတယ္။ ဒီေအာင္လံအမွတ္သားပါလာတဲ့ လကၡဏာရွင္ဟာ မိဘမ်ိဳး႐ိုးစဥ္ဆက္ ခ်မ္းသာႂကြယ္ဝတတ္ၿပီး ေငြကိုေရလိုသုံးႏိုင္တဲ့ လူေတြရဲ႕ လက္မွာသာ ေတြ႕ရတတ္တာေၾကာင့္ ဒီအမွတ္သား သင့္လက္မွာ ပါလာရင္မယ္ဆိုရင္ အလြန္ေကာင္းမြန္တဲ့အမွတ္သား ခ်မ္းသာမယ့္အမွတ္သားအျဖစ္ မွတ္ယူရပါလိမ့္မယ္။

၃။ ဦးေခါင္းလမ္းေၾကာင္းနဲ႔ ဉာဏ္လမ္းေၾကာင္းၾကားမွာ ေအာင္လံအမွတ္သား( C )ပါလာရင္ေတာ့ သင္ဟာ မိဘမ်ိဳး႐ိုးက ခ်မ္းသာသူမျဖစ္ႏိုင္ပါဘူး။ အခ်ိန္တန္အ႐ြယ္ေရာက္ ကိုယ့္လမ္းကိုယ္ေလ်ာက္ၿပီး ကိုယ့္ရဲ႕ႀကိဳးစားမႈေၾကာင့္ ဘဝအထြဋ္ထိပ္ေရာက္ ေငြေၾကးဥစၥာျပည့္စုံခ်င္းႏွင့္အတူ ခ်မ္းသာသုခ ရရွိႏိုင္သူ ျဖစ္ပါလိမ့္မယ္။

၄။ လက္မ ပထမဆစ္နဲ႔ ဒုတိယဆစ္ၾကားမွာ ( D )စပါးေစ့ကဲ့သို႔ လမ္းေၾကာင္းေတြဟာ လူအေတာ္မ်ားမ်ားမွာ ပါလာတတ္ပါတယ္။ ဒီစပါးေစ့ အမွတ္သားပါသူေတြဟာ စားဝတ္ေနေရး ျပည့္စုံျခင္း ေငြေၾကးရွာေဖြရလြယ္ကူျခင္း ျပဆိုပါတယ္။ ဒီအမွတ္သားကေတာ့ လူတရာမွာ 70%ေလာက္ ပါတတ္ပါတယ္။ ဒါေပမဲ့ လူအမ်ားရဲ႕ လက္မွာ ေတြ႕ရတဲ့ စပါးေစ့ပုံကေတာ့ အတြင္းထဲမွာ ဟေနခ်င္း သို႔မဟုက္ အျပင္ဘက္မွာ ဟေနခ်င္း သို႔မဟုက္ အေပၚတျခမ္း ေအာက္တျခမ္းကြဲေနတတ္ၿပီး လမ္းေၾကာင္းႏွစ္ခုဆက္ၿပီး လုံေနတဲ့ စပါးေစ့ကေတာ့ ရွာမွရွားပါပဲ။ လက္မ ပထမဆစ္နဲ႔ ဒုတိယဆစ္ၾကားမွာ ပါလာတဲ့ စပါးေစ့ဟာ ဟခ်င္း ကြဲခ်င္းမရွိေလာက္ေအာင္ လွပၿပီး လုံေနမယ္ဆိုရင္ ေငြလည္းရွာႏိုင္သူ ရွာႏိုင္သေလာက္လည္း စုေဆာင္းႏိုင္သူျဖစ္တာေၾကာင့္ အဲဒီလိုလွပၿပီး လုံေနတဲ့ စပါးေစ့ကေတာ့ ခ်မ္းသာသူေတြရဲ႕ လက္မွာသာျမင္ေတြ႕ရတတ္တာေၾကာင့္ သင့္ရဲ႕လက္မွာသာ ထိုအမွတ္သားပါလာခဲ့မယ္ဆိုရင္ သင္ဟာ ေငြေၾကးဥစၥာျပည့္စုံၿပီး ခ်မ္းသာသူတေယာက္ျဖစ္လာဖို႔ရွိပါတယ္။

၅ ။ တနလၤာၿဂိဳဟ္ခုံလို႔ေခၚတဲ့ လက္ဝါးေစာင္းနားေလးမွာ အလံကဲ့သို႔ အမွတ္သားေလးပါလာခဲ့မယ္ဆိုရင္ ( E )လကၡဏာရွင္ဟာအႏုပညာစိတ္ကူး စိတ္သန္းေကာင္းမြန္းျခင္းေၾကာင့္ အႀကံေကာင္းေတာ့ တသက္ ကံေကာင္းေတာ့ တခ်က္ဆိုသလို အႀကံေကာင္းဉာဏ္ေကာင္း စိတ္ကူးေကာင္းေတြေၾကာင့္ ပြေပါက္တိုးကာ ေငြေၾကးဥစၥာရရွိၿပီး က်ိက်ိတတ္ခ်မ္းသာသူေတြ ျဖစ္လာတတ္ပါတယ္။

၆။ အသက္လမ္းေၾကာင္းအဆုံးမွာ စမူဆာပုံစံႀတိဂံအမွတ္သား( F )ေလးပါလာခဲ့မယ္ဆိုရင္ မိဘေတြေပးအပ္ေသာ အေမြအႏွစ္ စည္းစိမ္ဥစၥာေတြ ရရွိႏိုင္ၿပီး မိဘေက်းဇူးျမင့္မိုရ္ဉီး ဆိုသလို မိဘေတြရဲ႕ အေထာက္ပံ့ေတြနဲ႔ ႀကီးပြားခ်မ္းသာမယ့္ လကၡဏာပါပဲ။

၇။ လက္ဝါးေအာက္ေျခ လက္ေကာက္ရစ္ လမ္းေၾကာင္းေပၚမွာ စမူဆာပုံစံႀတိဂံအမွတ္သား (G)ႏွင့္ ၾကယ္စုံစံအမွတ္သား( H )ပုံပါလာခဲ့မယ္ဆိုရင္ ေငြအစုလိုက္အျပဳလိုက္ဝင္ျခင္း အေမြရျခင္း ထီေပါက္ျခင္းစေသာ ေငြေၾကးဥစၥာအလုံးလိုက္ အရင္းလိုက္ရရွိၿပီး ေငြေၾကးကံေကာင္းကာ ခ်မ္းသာေသာဘဝ ေအာင္ျမင္ေသာဘဝကို ဧကန္မုခ် ရရွိႏိုင္ပါလိမ့္မယ္။ သင့္ရဲ႕လက္မွာ ဒီအမွတ္သားေတြပါမပါ ေသခ်ာေလ့လာတိုက္ဆိုင္ စစ္ေဆးၾကည့္ႏိုင္ရန္ တင္ျပေပးလိုက္ရပါသည္။

Credit-Original Uploader

Comments

Leave a Reply

Your email address will not be published. Required fields are marked *