မြန်မာနိုင်ငံလွတ်လပ်ရေးမရမှီ စစ်ဘေးဒဏ်ခံရချိန် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ရာ လှိုဏ်ဂူတော်

မြန်မာနိုင်ငံလွတ်လပ်ရေးမရမှီ စစ်ဘေးဒဏ်ခံရချိန် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ရာ လှိုဏ်ဂူတော်

မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။

ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော်အား ဥပဇ္ဈာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ၁၂၈၆-ခုနှစ်တွင် မင်္ဂလာ ကျောင်းတိုက်အတွင်း၌ ကျောင်းထိုင်စာချဖြစ်ကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ စာဝါများ ပို့ချတော်မူခဲ့သည်။ နောင်တွင် ပထမကျော်ဆရာကြီး ဦးအုန်း လက်စမသတ်ခဲ့ရသော အဘိဓမ္မာတံခွန်ကျမ်းကြီးကို လက်စသတ် ရေးသားတော်မူသည်။ထို့နောက် ယမကမ ဉ္ဇူရီကျမ်းနှင့် ပုထုဇနအလင်းပြကျမ်း များကိုလည်း ပြုစုတော်မူခဲ့သည်။ ဆရာတော် ဦးဝိမလသည် စာသင်သားရဟန်းတော်များအား စာပေပို့ချတော်မူလျှက်ပင် တစ်ဖက်မှလည်း လူဒါယကာ ဒါယိကာမအပေါင်းတို့ကို အဘိဓမ္မာတရားတော်များ ဟောကြားပြသတော်မူခဲ့သည်။

ဆရာတော်ဦးဝိမလအား မိုးကုတ်မြို့ ၊ဂျော့ချ်တောင်ရပ် (ယခု စည်ပင်သာယာရပ်ကွက်)မှ ကျောင်းဒကာကြီး ဦးလယ်နှင့် ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ၁၂၉၄-ခုနှစ်မှ စတင်ကာ မိုးကုတ်သို့ နှစ်စဉ်ကြွရောက်၍ တရားတော်များကို ဟောကြားပြသတော်မူသည်။၁၃၁၆-ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့မှ မိုးကုတ်မြို့တွင် မင်္ဂလာတိုက် ဟု ကမ္ဗည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းသည်ကို အလှူခံ ရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးစက်လာရာ စစ်ဘေး စစ်ဒဏ်တို့ကို ရှောင်တိမ်း၍ ဆရာတော်ဘုရားသည် မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူခဲ့သည်။

ထို့နောက် စစ်ဒဏ် ဗုံးဒဏ်တို့မှ ပို၍လုံခြုံစိတ်ချရန် မိုးကုတ်မြို့နှင့်လေးမိုင်ခန့်ဝေးသော ဘော်ဗဒန်းရွာသို့ ကြွရောက်သီတင်းသုံးကာ ထိုရွာအနီးရှိ ကျောက်လှိုဏ်ဂူအတွင်း၌ ဝိပဿနာတရားများကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။ ထိုလှိုဏ်ဂူအတွင်း၌ပင် ၁၃၀၄-ခုနှစ် ဝါဆိုဦးမှစ၍ လေးနှစ်လေးမိုးတိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့ပြီး တရားထူးများ ရရှိခဲ့လေသည်။ ယခင်ဟောကြားသော တရားတော်များနှင့် ကွာခြားလာပြီး စစ်ပြီးကာလတွင် ဟောသော တရားတော်များမှာ ပို၍ထူးခြားလာကာ လေးနက်မှုအပြည့်အဝရှိလာခဲ့သည်။ မိုးကုတ်မြို့မှဒကာများက ပင့်ဖိတ်၍ မိုးကုတ်သို့ကြွရောက် တရားဟောတော်မူခြင်း၊ မိုးကုတ်မြို့ရှိ ဒကာ ဒကာမ အပေါင်းတို့၏ ကြည်ညိုလေးစားတော်မူခြင်း၊

မိုးကုတ်မြို့မှပင် လာရောက်ပြီး ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ထိုမိုးကုတ်ကျောင်းကြီးပေါ်၌ သီတင်းသုံးတော်မူခြင်း စသည့် အကြောင်းအရင်းများကြောင့် မိုးကုတ်ဆရာတော်ဘုရား ဟု အမည်တွင်ခဲ့ရလေသည်။ မိုးကုတ်ဆရာတော်ဘုရားကြီးသည် မြတ်စွာ ဘုရား အလိုတော်အတိုင်း သစ္စာလေးပါးတရားတော်များကို ဟုတ်တိုင်းမှန်ရာ သိရှိနားလည်နိုင်စေရန်နှင့် ယောနိသော မနသိကာရ နှလုံးသွင်းမှန်စေရန် ရည်ရွယ်၍ အများနားလည်သော စကားများဖြင့် နည်းမျိုးစုံသုံးကာ ဟောကြားတော်မူခဲ့သည် ။

Credit-Original Uploader

(Zawgyi)

ျမန္မာႏိုင္ငံလြတ္လပ္ေရးမရမွီ စစ္ေဘးဒဏ္ခံရခ်ိန္ ေက်းဇူးေတာ္ရွင္ မိုးကုတ္ဆရာေတာ္ဘုရားႀကီး တရားက်င့္ရာ လႈိဏ္ဂူေတာ္

မိုးကုတ္ဆရာေတာ္ဘုရားေလာင္းလ်ာအား ျမန္မာသကၠရာဇ္ ၁၂၆၁ ခုႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္(၁၁) ရက္၊ ဗုဒၶဟူးေန႔တြင္ ခမည္းေတာ္ ဦးေအာင္ထြန္း ႏွင့္ မယ္ေတာ္ ေဒၚေ႐ႊအိတ္တို႔မွ ျမစ္ငယ္ျမစ္ေခၚ ဒု႒ဝတီျမစ္၏ တစ္ဖက္ကမ္းရွိ ဥယ်ာဥ္ေတာ္႐ြာတြင္ ဖြားျမင္ေတာ္မူသည္။ ငယ္နာမည္ ေမာင္လွေဘာ္ဟု ေခၚတြင္သည္။ အသက္ (၉)ႏွစ္သား အ႐ြယ္တြင္ ဥယ်ာဥ္ေတာ႐ြာရွိ ေဂြးပင္ေတာရေက်ာင္းဆရာေတာ္ ဦးဇာဂရထံ၌ ရွင္သာမေဏအျဖစ္ ေရာက္ရွိခဲ့ၿပီး ရွင္ဝိမလ ဟု ဘြဲ႕မည္တြင္သည္။

ရွင္ဝိမလ သက္ေတာ္(၂၀) ျပည့္ေသာအခါ ၁၂၈၁-ခုႏွစ္၊ ဝါဆိုလဆန္း (၈)ရက္ေန႔တြင္ အမရပူရရွိ မဂၤလာတိုက္ ဆရာေတာ္အား ဥပဇၩာယ္ျပဳကာ ျမင့္ျမတ္ေသာ ရဟန္းအျဖစ္သို႔ ေရာက္ရွိေတာ္မူသည္။ ၁၂၈၆-ခုႏွစ္တြင္ မဂၤလာ ေက်ာင္းတိုက္အတြင္း၌ ေက်ာင္းထိုင္စာခ်ျဖစ္ကာ ႏွစ္ေပါင္းသုံးဆယ္ေက်ာ္မွ် စာဝါမ်ား ပို႔ခ်ေတာ္မူခဲ့သည္။ ေနာင္တြင္ ပထမေက်ာ္ဆရာႀကီး ဦးအုန္း လက္စမသတ္ခဲ့ရေသာ အဘိဓမၼာတံခြန္က်မ္းႀကီးကို လက္စသတ္ ေရးသားေတာ္မူသည္။ထို႔ေနာက္ ယမကမ ၪၨဴရီက်မ္းႏွင့္ ပုထုဇနအလင္းျပက်မ္း မ်ားကိုလည္း ျပဳစုေတာ္မူခဲ့သည္။ ဆရာေတာ္ ဦးဝိမလသည္ စာသင္သားရဟန္းေတာ္မ်ားအား စာေပပို႔ခ်ေတာ္မူလွ်က္ပင္ တစ္ဖက္မွလည္း လူဒါယကာ ဒါယိကာမအေပါင္းတို႔ကို အဘိဓမၼာတရားေတာ္မ်ား ေဟာၾကားျပသေတာ္မူခဲ့သည္။

ဆရာေတာ္ဦးဝိမလအား မိုးကုတ္ၿမိဳ႕ ၊ေဂ်ာ့ခ်္ေတာင္ရပ္ (ယခု စည္ပင္သာယာရပ္ကြက္)မွ ေက်ာင္းဒကာႀကီး ဦးလယ္ႏွင့္ ဇနီး ေဒၚသိုင္းၿခဳံတို႔၏ ပင့္ေလွ်ာက္ခ်က္အရ ၁၂၉၄-ခုႏွစ္မွ စတင္ကာ မိုးကုတ္သို႔ ႏွစ္စဥ္ႂကြေရာက္၍ တရားေတာ္မ်ားကို ေဟာၾကားျပသေတာ္မူသည္။၁၃၁၆-ခုႏွစ္တြင္ ဆရာေတာ္အား ေဒၚေဒၚအုံ၊ ေဒၚေဒၚဖုံတို႔မွ မိုးကုတ္ၿမိဳ႕တြင္ မဂၤလာတိုက္ ဟု ကမၺည္းထိုးကာ တိုက္ေက်ာင္း ေဆာက္လုပ္လႉဒါန္းသည္ကို အလႉခံ ရရွိေတာ္မူသည္။ ဒုတိယကမာၻစစ္မီးႀကီး ျမန္မာႏိုင္ငံသို႔ ကူးစက္လာရာ စစ္ေဘး စစ္ဒဏ္တို႔ကို ေရွာင္တိမ္း၍ ဆရာေတာ္ဘုရားသည္ မိုးကုတ္ၿမိဳ႕ သုႆာန္ေက်ာင္း၌ ေခတၱမွ် သီတင္းသုံးေတာ္မူခဲ့သည္။

ထို႔ေနာက္ စစ္ဒဏ္ ဗုံးဒဏ္တို႔မွ ပို၍လုံၿခဳံစိတ္ခ်ရန္ မိုးကုတ္ၿမိဳ႕ႏွင့္ေလးမိုင္ခန႔္ေဝးေသာ ေဘာ္ဗဒန္း႐ြာသို႔ ႂကြေရာက္သီတင္းသုံးကာ ထို႐ြာအနီးရွိ ေက်ာက္လႈိဏ္ဂူအတြင္း၌ ဝိပႆနာတရားမ်ားကို က်င့္ႀကံအားထုတ္ေတာ္မူခဲ့သည္။ ထိုလႈိဏ္ဂူအတြင္း၌ပင္ ၁၃၀၄-ခုႏွစ္ ဝါဆိုဦးမွစ၍ ေလးႏွစ္ေလးမိုးတိုင္တိုင္ က်င့္ႀကံအားထုတ္ခဲ့ၿပီး တရားထူးမ်ား ရရွိခဲ့ေလသည္။ ယခင္ေဟာၾကားေသာ တရားေတာ္မ်ားႏွင့္ ကြာျခားလာၿပီး စစ္ၿပီးကာလတြင္ ေဟာေသာ တရားေတာ္မ်ားမွာ ပို၍ထူးျခားလာကာ ေလးနက္မႈအျပည့္အဝရွိလာခဲ့သည္။ မိုးကုတ္ၿမိဳ႕မွဒကာမ်ားက ပင့္ဖိတ္၍ မိုးကုတ္သို႔ႂကြေရာက္ တရားေဟာေတာ္မူျခင္း၊ မိုးကုတ္ၿမိဳ႕ရွိ ဒကာ ဒကာမ အေပါင္းတို႔၏ ၾကည္ညိဳေလးစားေတာ္မူျခင္း၊

မိုးကုတ္ၿမိဳ႕မွပင္ လာေရာက္ၿပီး ေက်ာင္းေဆာင္မ်ား ေဆာက္လုပ္လႉဒါန္းျခင္းႏွင့္ ထိုမိုးကုတ္ေက်ာင္းႀကီးေပၚ၌ သီတင္းသုံးေတာ္မူျခင္း စသည့္ အေၾကာင္းအရင္းမ်ားေၾကာင့္ မိုးကုတ္ဆရာေတာ္ဘုရား ဟု အမည္တြင္ခဲ့ရေလသည္။ မိုးကုတ္ဆရာေတာ္ဘုရားႀကီးသည္ ျမတ္စြာ ဘုရား အလိုေတာ္အတိုင္း သစၥာေလးပါးတရားေတာ္မ်ားကို ဟုတ္တိုင္းမွန္ရာ သိရွိနားလည္ႏိုင္ေစရန္ႏွင့္ ေယာနိေသာ မနသိကာရ ႏွလုံးသြင္းမွန္ေစရန္ ရည္႐ြယ္၍ အမ်ားနားလည္ေသာ စကားမ်ားျဖင့္ နည္းမ်ိဳးစုံသုံးကာ ေဟာၾကားေတာ္မူခဲ့သည္ ။

Credit-Original Uploader

Comments

Leave a Reply

Your email address will not be published. Required fields are marked *