CONFORT ZONE ကနေ ရုန်းထွက်ကြရအောင်

CONFORT ZONE ကနေ ရုန်းထွက်ကြရအောင်

Confort Zone ဆိုတာ လက်ရှိမိမိနေထိုင်ဖြစ်တည်နေတဲ့ အရာတစ်ခုခုအပေါ် သို့မဟုတ် ဖြစ်စဉ်တစ်ခုခုမှာ ရောင့်ရဲနေတာဖြစ်ပါတယ်။ ဒါကကောင်းလားလို့ မေးလာရင်တော့ ကောင်းလည်းကောင်းပါတယ်။ ဒါပေမယ့် ကောင်းလည်းမကောင်းပါဘူးလို့ ဖြေရပါမှာပါပဲ။ ဘာကြောင့်ပါလဲ။ တစ်ခါတစ်ရံ Confort Zone ဟာ သင့်ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပါပဲ။ ကျွန်တော်တို့တွေဟာ လူသားတွေပါ။ သင်လေ့လာမယ်ဆိုရင် လူသားတွေရဲ့သမိုင်းမှာ အမြဲဆင့်ကဲပြောင်းလဲမှုတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ သမိုင်းတွေထဲမှာ သိပ္ပံပညာရပ်တွေမှာ ဆေးပညာတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အစရှိသဖြင့် နယ်ပယ်အသီးသီးမှာ လက်ရှိအနေအထားဟာ ဟိုးအရင် သမိုင်းမတင်ခင်ခေတ်က အခြေအနေနဲ့ လုံးဝကွာခြားနေတာ တွေ့ရမှာပါ။ ဒါဟာ လူသားတစ်ချို့ရဲ့အမြဲလေ့လာစမ်းသပ်မှုတွေ ကိုယ်ကျိုးစွန့်အနစ် နာခံမှုတွေကနေ ရလာတဲ့အသီးအပွင့်တွေလို့လဲ ပြောလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ဟာလည်း တစ်ခုခုကို စမ်းသပ်လိုက်ဖို့ ဘာကြောင့်များ တွေဝေနေရတာလဲ။ တစ်ကယ်လို့ ဘဝအတွက် တစ်ခုခုတိုးတက်ပြောင်းလဲသွားမယ်ဆိုရင် ဘာအကြောင်းကြောင့် တွန့်ဆုတ်နေရမှာလဲ။ ဒီနေရာမှာ သံသယဆိုတာ ကောင်းကောင်းကြီးကို ဒုက္ခပေးတာပဲ။ တကယ်လို့များဆိုတဲ့ အတွေးဟာ ကျွန်တော်တို့ခေါင်းထဲမှာ ချာချာလည်နေပြီး မစရသေးခင်မှာပဲ နောက်ဆုတ်သွားစေတာပါပဲ။ အကြံပေးချင်တာကတော့ ထလုပ်ချလိုက်ပါ။

သင် မသေသွားနိုင်ပါဘူး။ အသက်ရှင်နေသရွေ့ အခွင့်အလမ်းပေါင်းများစွာဟာ သင့်ရှေ့စောင့်ကြိုနေပါတယ်။ ဘဝမှာ မရှုံးနိမ့်ဖူးပဲနဲ့တော့ အနိုင်ရခြင်းဆိုတာရဲ့ အရသာအစစ်ကို သင်ဘယ်တော့မှာ ခံစားရမှာမဟုတ်ပါဘူး။ တစ်ကယ်တမ်းလည်း Confort Zone ကို ဖောက်ထွက်ရတာ စိတ်လှုပ်ရှားစရာအရမ်းကောင်းလှပါတယ်။ ကိုယ်လုပ်နေကျအရာတစ်ခုထက်ပိုပြီး ကိုယ်လုပ်နိုင်စွမ်းဆိုတာ ကိုယ့်ကိုယ်ကိုယ် သက် သေပြရတာလောက် စိတ်ကျေနပ်စရာမရှိပါဘူး။ ငါဟာ ဒီထက်ပိုလုပ်နိုင်သားပဲဆိုတဲ့အတွေးဟာ ဘဝရဲ့အတားအဆီးတွေကို ဖြတ်သန်းတဲ့နေရာမှာ သတ္တိတွေ ပိုရှိလာနိုင်စေပါတယ်။ ဒါကြောင့် တစ်ခါလောက်ပဲဖြစ်ဖြစ် Confort Zone ထဲကနေ ဖောက်ထွက်ကြည့်ပါ။ သင့်ကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေကို ဖိနှိပ်မထားပဲ သွားခွင့်ပြုလိုက်ပါ။ ဉပမာ – ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့ ကြွက်ဟာ ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး စားလိုက်သောက်လိုက်နဲ့ comfort zone ထဲမှာ ပျော်နေခဲ့တယ်။ အိုးထဲကဆန်တွေအားလုံးကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက ထွက်နိုင်မယ့်နည်းလမ်းကို ရှာမရတော့သလို စားစရာလည်းမရှိတော့ပါဘူး။အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊ အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊ စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် ၊ သက်တောင့်သက်တာရှိတဲ့အခြေ အနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့တစ်နေ့မှာ comfort zone လို့ခေါ်တဲ့ ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့ ကျန်ရစ်နေခဲ့ရလိမ့်မယ်။

Credit: Original Uploader

(Zawgyi)

CONFORT ZONE ကေန ႐ုန္းထြက္ၾကရေအာင္

Confort Zone ဆိုတာ လက္ရွိမိမိေနထိုင္ျဖစ္တည္ေနတဲ့ အရာတစ္ခုခုအေပၚ သို႔မဟုတ္ ျဖစ္စဥ္တစ္ခုခုမွာ ေရာင့္ရဲေနတာျဖစ္ပါတယ္။ ဒါကေကာင္းလားလို႔ ေမးလာရင္ေတာ့ ေကာင္းလည္းေကာင္းပါတယ္။ ဒါေပမယ့္ ေကာင္းလည္းမေကာင္းပါဘူးလို႔ ေျဖရပါမွာပါပဲ။ ဘာေၾကာင့္ပါလဲ။ တစ္ခါတစ္ရံ Confort Zone ဟာ သင့္ကိုေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္လို႔ပါပဲ။ ကြၽန္ေတာ္တို႔ေတြဟာ လူသားေတြပါ။ သင္ေလ့လာမယ္ဆိုရင္ လူသားေတြရဲ႕သမိုင္းမွာ အၿမဲဆင့္ကဲေျပာင္းလဲမႈေတြကို အလြယ္တကူေတြ႕ရွိႏိုင္ပါတယ္။ သမိုင္းေတြထဲမွာ သိပၸံပညာရပ္ေတြမွာ ေဆးပညာေတြမွာ နည္းပညာပိုင္းဆိုင္ရာေတြမွာ အစရွိသျဖင့္ နယ္ပယ္အသီးသီးမွာ လက္ရွိအေနအထားဟာ ဟိုးအရင္ သမိုင္းမတင္ခင္ေခတ္က အေျခအေနနဲ႔ လုံးဝကြာျခားေနတာ ေတြ႕ရမွာပါ။ ဒါဟာ လူသားတစ္ခ်ိဳ႕ရဲ႕အၿမဲေလ့လာစမ္းသပ္မႈေတြ ကိုယ္က်ိဳးစြန႔္အနစ္ နာခံမႈေတြကေန ရလာတဲ့အသီးအပြင့္ေတြလို႔လဲ ေျပာလို႔ရႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ဟာလည္း တစ္ခုခုကို စမ္းသပ္လိုက္ဖို႔ ဘာေၾကာင့္မ်ား ေတြေဝေနရတာလဲ။ တစ္ကယ္လို႔ ဘဝအတြက္ တစ္ခုခုတိုးတက္ေျပာင္းလဲသြားမယ္ဆိုရင္ ဘာအေၾကာင္းေၾကာင့္ တြန႔္ဆုတ္ေနရမွာလဲ။ ဒီေနရာမွာ သံသယဆိုတာ ေကာင္းေကာင္းႀကီးကို ဒုကၡေပးတာပဲ။ တကယ္လို႔မ်ားဆိုတဲ့ အေတြးဟာ ကြၽန္ေတာ္တို႔ေခါင္းထဲမွာ ခ်ာခ်ာလည္ေနၿပီး မစရေသးခင္မွာပဲ ေနာက္ဆုတ္သြားေစတာပါပဲ။ အႀကံေပးခ်င္တာကေတာ့ ထလုပ္ခ်လိုက္ပါ။

သင္ မေသသြားႏိုင္ပါဘူး။ အသက္ရွင္ေနသေ႐ြ႕ အခြင့္အလမ္းေပါင္းမ်ားစြာဟာ သင့္ေရွ႕ေစာင့္ႀကိဳေနပါတယ္။ ဘဝမွာ မရႈံးနိမ့္ဖူးပဲနဲ႔ေတာ့ အႏိုင္ရျခင္းဆိုတာရဲ႕ အရသာအစစ္ကို သင္ဘယ္ေတာ့မွာ ခံစားရမွာမဟုတ္ပါဘူး။ တစ္ကယ္တမ္းလည္း Confort Zone ကို ေဖာက္ထြက္ရတာ စိတ္လႈပ္ရွားစရာအရမ္းေကာင္းလွပါတယ္။ ကိုယ္လုပ္ေနက်အရာတစ္ခုထက္ပိုၿပီး ကိုယ္လုပ္ႏိုင္စြမ္းဆိုတာ ကိုယ့္ကိုယ္ကိုယ္ သက္ ေသျပရတာေလာက္ စိတ္ေက်နပ္စရာမရွိပါဘူး။ ငါဟာ ဒီထက္ပိုလုပ္ႏိုင္သားပဲဆိုတဲ့အေတြးဟာ ဘဝရဲ႕အတားအဆီးေတြကို ျဖတ္သန္းတဲ့ေနရာမွာ သတၱိေတြ ပိုရွိလာႏိုင္ေစပါတယ္။ ဒါေၾကာင့္ တစ္ခါေလာက္ပဲျဖစ္ျဖစ္ Confort Zone ထဲကေန ေဖာက္ထြက္ၾကည့္ပါ။ သင့္ကိုယ္ထဲမွာရွိတဲ့ စြမ္းအားေတြကို ဖိႏွိပ္မထားပဲ သြားခြင့္ျပဳလိုက္ပါ။ ဉပမာ – ဆန္အျပည့္ရွိေနတဲ့ အိုးထဲကိုေရာက္ေနတဲ့ ႂကြက္ဟာ ဘဝရဲ႕စည္းစိမ္ခ်မ္းသာေတြ အကုန္လုံးကို ရရွိထားတယ္လို႔ သူ႔ကိုယ္သူယူဆၿပီး စားလိုက္ေသာက္လိုက္နဲ႔ comfort zone ထဲမွာ ေပ်ာ္ေနခဲ့တယ္။ အိုးထဲကဆန္ေတြအားလုံးကုန္သြားတဲ့အခါမွာေတာ့ ႂကြက္ဟာအိုးထဲက ထြက္ႏိုင္မယ့္နည္းလမ္းကို ရွာမရေတာ့သလို စားစရာလည္းမရွိေတာ့ပါဘူး။အဲ့ဒီလိုပဲ အ႐ြယ္ရွိတုန္း၊ အင္အားေတြရွိတုန္းမွာ မ႐ုန္းကန္ခဲ့ရင္၊ စိန္ေခၚမႈေတြကို မေက်ာ္ျဖတ္ခဲ့ရင္ ၊ သက္ေတာင့္သက္တာရွိတဲ့အေျခ အေနထဲမွာ ေက်နပ္ေနခဲ့ရင္ ေနာက္က်သြားတဲ့တစ္ေန႔မွာ comfort zone လို႔ေခၚတဲ့ ေထာင္ေခ်ာက္ထဲမွာ ေနာင္တေပါင္းမ်ားစြာနဲ႔ က်န္ရစ္ေနခဲ့ရလိမ့္မယ္။

Credit: Original Uploader

Comments

Leave a Reply

Your email address will not be published. Required fields are marked *