သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄)ချက်ရှိနေရင် အမြန်ဆုံး ပြင်လိုက်ပါ။
အရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမ်းအင်တွေ ရှိနေပါတယ်။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကိုလာဘ်တိတ်စေသလို၊ သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော့ကြည့်လိုက်ပါနော်။
(၁)ရှုပ်ပွနေခြင်း
သင့်အိမ်ကို ရှုပ်ပွညစ်ပတ်နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေ မရှင်းတာ၊ပန်းကန်တွေ မဆေးပဲ ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ ရှုပ်ပွ ညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။
(၂)အနံ့အသက်ဆိုးခြင်း
သင့်အိမ်က လေထုကလည်း သင့်အပေါ်ကို အများကြီး သက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ၊ အဝတ်အစား မှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေးသင့်ပါတ ယ်။
(၃)ပစ္စည်းအပျက်တွေထားခြင်း
သင့်အိမ်မှာ အက်နေတဲ့မှန်တွေ၊ ကျိုးနေတဲ့ ချိတ်တွေ၊ အင်္ကျီအပြဲတွေကအစ မထားသင့်ပါဘူး။ ဒီလို မကောင်းတော့တဲ့ အရာတွေကို ဆက်လက် သိမ်းထားတာဟာ အိမ်ကို လာဘ်တိတ်စေတဲ့အပြင် ဘုန်းကံကိုလည်း နိမ့်စေနိုင်လို့ပါ။
(၄)ဘုရားတရား မလုပ်ခြင်း
သင့်အိမ်မှာ သင်ကိုးကွယ်ရာ ဘာသာတရားကို လေးနက်စွာ ပြုလုပ်သင့်ပါတယ်။ ကျမ်းစာ၊ ဘုရားစာတွေကို အသံထွက်ပြီး ရွတ်ဖတ်တာ၊ ဆုတောင်းဝတ်ပြုတာတွေ၊ အိမ်ကို ကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက် ပြုလုပ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေအပြင် တခြားသော ကံနိမ့်မှုတွေ၊ လာဘ်တိတ်မှုတွေက တံခါးမရှိ၊ ဓားမရှိဝင်လာနိုင်ပြီး သင့်ရဲ့ ဘုန်းကံတွေကို နိမ့်စေနိုင်လို့ပါပဲ။
Em Em
Credit-AuntyMay
(Zawgyi)
သင္ေနတဲ့ အိမ္ (သို႔) အခန္းမွာ ဒီအခ်က္ (၄)ခ်က္ရွိေနရင္ အျမန္ဆုံး ျပင္လိုက္ပါ။
အရာရာတိုင္း၊ ပစၥည္းတိုင္းမွာ စြမ္းအင္ေတြ ရွိေနပါတယ္။ သင့္အိမ္မွာရွိတဲ့ ပစၥည္းေတြထဲမွာ သင့္အိမ္ကိုလာဘ္တိတ္ေစသလို၊ သင့္ကိုလည္း ဘုန္းကံနိမ့္ေစတဲ့ ပစၥည္းေတြရွိပါတယ္။ ဘာေတြလဲဆိုတာကိုေတာ့ၾကည့္လိုက္ပါေနာ္။
(၁)ရႈပ္ပြေနျခင္း
သင့္အိမ္ကို ရႈပ္ပြညစ္ပတ္ေနေအာင္ထားတာ၊ အမႈိက္ေတြ၊ ဖုန္ေတြမရွင္းတာ၊ ပင့္ကူမွ်င္ေတြ မရွင္းတာ၊ပန္းကန္ေတြ မေဆးပဲ ပုံထားတာမ်ိဳး၊ အဝတ္အစားေတြလည္း ေသခ်ာမေခါက္ပဲ ျပန႔္က်ဲရႈပ္ပြေနတာမ်ိဳးေတြ၊ ပစၥည္းေတြက သူ႔ေနရာနဲ႔သူရွိမေနပဲ ရႈပ္ပြ ညစ္ပတ္ေနတာမ်ိဳးေတြက သင့္အိမ္ကို လာဘ္တိတ္ေစသလို၊ ဘုန္းကံနိမ့္ေစပါတယ္။
(၂)အနံ႔အသက္ဆိုးျခင္း
သင့္အိမ္က ေလထုကလည္း သင့္အေပၚကို အမ်ားႀကီး သက္ေရာက္ႏိုင္ပါတယ္။ သင့္အိမ္မွာ အနံ႔အသက္ေတြ မေကာင္းတာ၊ အဝတ္အစား မႈိေစာ္ေတြနံေနတာ ဒါမွမဟုတ္ အမႈိက္နံ႔ေတြနဲ႔ တျခားမေကာင္းတဲ့အနံ႔ေတြအားလုံးဟာ သင့္အိမ္ကို လာဘ္တိတ္ေစၿပီး ဘုန္းကံနိမ့္ေစတာေၾကာင့္ သင့္အိမ္ျပတင္းေပါက္ေတြကို ဖြင့္ၿပီး ေလေကာင္းေလသန႔္ ရေအာင္လုပ္တာ၊ အေမႊးနံ႔ေတြ ျဖန္းေပးတာမ်ိဳးေတြကို အၿမဲတမ္း လုပ္ေပးသင့္ပါတ ယ္။
(၃)ပစၥည္းအပ်က္ေတြထားျခင္း
သင့္အိမ္မွာ အက္ေနတဲ့မွန္ေတြ၊ က်ိဳးေနတဲ့ ခ်ိတ္ေတြ၊ အက်ႌအၿပဲေတြကအစ မထားသင့္ပါဘူး။ ဒီလို မေကာင္းေတာ့တဲ့ အရာေတြကို ဆက္လက္ သိမ္းထားတာဟာ အိမ္ကို လာဘ္တိတ္ေစတဲ့အျပင္ ဘုန္းကံကိုလည္း နိမ့္ေစႏိုင္လို႔ပါ။
(၄)ဘုရားတရား မလုပ္ျခင္း
သင့္အိမ္မွာ သင္ကိုးကြယ္ရာ ဘာသာတရားကို ေလးနက္စြာ ျပဳလုပ္သင့္ပါတယ္။ က်မ္းစာ၊ ဘုရားစာေတြကို အသံထြက္ၿပီး ႐ြတ္ဖတ္တာ၊ ဆုေတာင္းဝတ္ျပဳတာေတြ၊ အိမ္ကို ေကာင္းခ်ီးမဂၤလာေပးျခင္းေတြကို ေန႔စဥ္မပ်က္မကြက္ ျပဳလုပ္ရပါမယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ သင့္အိမ္ကို မေကာင္းတဲ့ ဝိညာဥ္ဆိုးေတြအျပင္ တျခားေသာ ကံနိမ့္မႈေတြ၊ လာဘ္တိတ္မႈေတြက တံခါးမရွိ၊ ဓားမရွိဝင္လာႏိုင္ၿပီး သင့္ရဲ႕ ဘုန္းကံေတြကို နိမ့္ေစႏိုင္လို႔ပါပဲ။
Em Em
Credit-AuntyMay
Leave a Reply