ဆွေမျိုးမေ့သွားမယ့် တာလေပါ့ချက်နည်း

ဆွေမျိုးမေ့သွားမယ့် တာလေပါ့ချက်နည်း

ဝါးပိုးမျှစ်နုလေးတွေရယ် ဒညင်းသီးရယ် လှိုင်လှိုင်ပေါ်တာနဲ့ တာလပေါ့ ချက်ချင်စိတ် ပေါက်လာလို့ ချက်လိုက်ပါတယ်။ ချက်နည်းလေး ရေးပေးလိုက်တယ်နော်။ တိုင်းရင်းသားတွေချက်တဲ့ တာလပေါ့ ချက်နည်းနဲ့ တူချင်မှတူမှာပါနော်။ ဖြည့်ကြည့်ပါလို့။ လိုအပ်ရင်လည်းဖြည့်စွက်ပေးပါ fri တို့ရေ။

ပါဝင်ပစ္စည်း-

ဆန်( သို့) ဆန်ကွဲ-လက်နှစ်ဆုပ်

မျှစ်-၁၀ ကျပ်သား

ဒညင်းသီး-၁၀ လုံး

ကြိုက်နှစ်သက်ရာ ဟင်းရွက်မျိုးစုံ- ဆူးပုပ်၊ ကင်းပုံ၊ ဒန့်ဒလွန်၊ ဂွေးတောက်၊ ပင်စိမ်း

ငရုပ်ကောင်း-အနည်းငယ်

ပုဇွန်ငါးပိ(သို့)ငါး ငါးပိ-အနည်းငယ်

ကြိုက်နှစ်သက်ရာအသား (ကြက် ဝက် ငါး ပုဇွန်)-၁၀ ကျပ်သား

ပြုလုပ်ပုံ-

၁။ ဆန်ကိုရေစိမ်ထားပြီး မညက်တစ်ညက် ထောင်းပါ။ မျှစ်ကို ပါးပါးလှီးပြီး ပြုပ်ပါ (၂/၃ကြိမ်ပြုပ်ပါ တစ်ကြိမ်ပြုပ်ပြီး ရေ သွန်ပြီး နောက်ထပ်ပြုတ်ပါ။ အဆိပ်အတောက် ထွက်သွားပါတယ်။ ဒညင်းသီးကိုလည်း မျှစ်ပြုတ်သလို ပြုတ်ပါ။ ငါး ငါးပိကို ကျိုပြီး အရည်စစ်ထားပါ။

၂။ မျှစ်ပြုတ်ပြီး ရေထည့်ပါ။ ဆူလာရင် အသားထည့်ပါ။ ဆန်ထောင်းထည့်ပြီး မွှေပေးပါ။ ဆူပြီး ပွလာရင် ဒညင်းသီး၊ငါးပိရည်ကျိုထည့်၊ ဆားထည့်၊ ဟင်းခတ်မှုန့်ထည့်။ အရသာ စိတ်ကြိုက်ဖြစ်ရင် ဟင်းရွက်စုံခတ်၊ ဆူအောင်တည်၊ ငရုပ်ကောင်းမှုန့် ဖြူးပြီးချပါ ။ ရပါပြီ။ အရမ်းကောင်းတဲ့ တာလပေါ့ဟင်းလေးပါ။

Credit – lae cooking diary

(Zawgyi)

ေဆြမ်ိဳးေမ့သြားမယ့္ တာေလပါ့ခ်က္နည္း

ဝါးပိုးမွ်စ္ႏုေလးေတြရယ္ ဒညင္းသီးရယ္ လႈိင္လႈိင္ေပၚတာနဲ႔ တာလေပါ့ ခ်က္ခ်င္စိတ္ ေပါက္လာလို႔ ခ်က္လိုက္ပါတယ္။ ခ်က္နည္းေလး ေရးေပးလိုက္တယ္ေနာ္။ တိုင္းရင္းသားေတြခ်က္တဲ့ တာလေပါ့ ခ်က္နည္းနဲ႔ တူခ်င္မွတူမွာပါေနာ္။ ျဖည့္ၾကည့္ပါလို႔။ လိုအပ္ရင္လည္းျဖည့္စြက္ေပးပါ fri တို႔ေရ။

ပါဝင္ပစၥည္း-

ဆန္( သို႔) ဆန္ကြဲ-လက္ႏွစ္ဆုပ္

မွ်စ္-၁၀ က်ပ္သား

ဒညင္းသီး-၁၀ လုံး

ႀကိဳက္ႏွစ္သက္ရာ ဟင္း႐ြက္မ်ိဳးစုံ- ဆူးပုပ္၊ ကင္းပုံ၊ ဒန႔္ဒလြန္၊ ေဂြးေတာက္၊ ပင္စိမ္း

င႐ုပ္ေကာင္း-အနည္းငယ္

ပုဇြန္ငါးပိ(သို႔)ငါး ငါးပိ-အနည္းငယ္

ႀကိဳက္ႏွစ္သက္ရာအသား (ၾကက္ ဝက္ ငါး ပုဇြန္)-၁၀ က်ပ္သား

ျပဳလုပ္ပုံ-

၁။ ဆန္ကိုေရစိမ္ထားၿပီး မညက္တစ္ညက္ ေထာင္းပါ။ မွ်စ္ကို ပါးပါးလွီးၿပီး ျပဳပ္ပါ (၂/၃ႀကိမ္ျပဳပ္ပါ တစ္ႀကိမ္ျပဳပ္ၿပီး ေရ သြန္ၿပီး ေနာက္ထပ္ျပဳတ္ပါ။ အဆိပ္အေတာက္ ထြက္သြားပါတယ္။ ဒညင္းသီးကိုလည္း မွ်စ္ျပဳတ္သလို ျပဳတ္ပါ။ ငါး ငါးပိကို က်ိဳၿပီး အရည္စစ္ထားပါ။

၂။ မွ်စ္ျပဳတ္ၿပီး ေရထည့္ပါ။ ဆူလာရင္ အသားထည့္ပါ။ ဆန္ေထာင္းထည့္ၿပီး ေမႊေပးပါ။ ဆူၿပီး ပြလာရင္ ဒညင္းသီး၊ငါးပိရည္က်ိဳထည့္၊ ဆားထည့္၊ ဟင္းခတ္မႈန႔္ထည့္။ အရသာ စိတ္ႀကိဳက္ျဖစ္ရင္ ဟင္း႐ြက္စုံခတ္၊ ဆူေအာင္တည္၊ င႐ုပ္ေကာင္းမႈန႔္ ျဖဴးၿပီးခ်ပါ ။ ရပါၿပီ။ အရမ္းေကာင္းတဲ့ တာလေပါ့ဟင္းေလးပါ။

Credit – lae cooking diary

Comments

Leave a Reply

Your email address will not be published. Required fields are marked *