၆နှစ်အကြာ တည်ဆောက်ခဲ့ရသည့် ကမ္ဘာ့အကြီးဆုံးငှက်ပန်းပုလို့ လူသိများတဲ့ ဒဏ္ဍာရီလာငှက်အဆောက်အအုံ

၆နှစ်အကြာ တည်ဆောက်ခဲ့ရသည့် ကမ္ဘာ့အကြီးဆုံးငှက်ပန်းပုလို့ လူသိများတဲ့ ဒဏ္ဍာရီလာငှက်အဆောက်အအုံ

အိန္ဒိယရုပ်ရှင်ရိုက်ကူးသူနဲ့ ပန်းပုဆရာ Rajiv Anchal ဟာ အိန္ဒိယနိုင်ငံ Kerala မြို့လယ်ရှိ ဒဏ္ဍာရီလာငှက်တစ်ကောင်ကို တည်ဆောက်ပုံဖော်ခဲ့ပါတယ် ။ သူကောလိပ်ကျောင်းတက်စဉ် ကာလကတည်းကပင် တည်ဆောက်ရန် စိတ်တက်ကြွနေခဲ့တာပါ ။

နောက်ဆုံးနှစ်အနည်းငယ်အကြာမှာ Anchal ဟာ သူ့ရဲ့ခန့်ညားထည်ဝါတဲ့ အနုပညာကို ကမ္ဘာကို ပြသဖို့ ၆ နှစ် အချိန်ယူခဲ့ပါတယ် ။ သူဟာ ဧရာမငှက်ကြီး ကို သံမဏိဖြင့် ပြုလုပ်ထားပြီး ကွန်ကရစ်နဲ့ တည်ဆောက်ထားပါတယ် ။ Jatayu Earth’s Center လို့ လူသိများတဲ့ အဆိုပါ ငှက်ပန်းပုဟာ အလျား ၂၀၀ ပေ၊ အမြင့် ၇၀ ပေနဲ့ အတောင် ၁၅၀ ရှိတဲ့ အမြင့်ဆုံးငှက်ဖြစ်တာကြောင့် ၎င်းဟာ ကမ္ဘာ့အကြီးဆုံးငှက်ပန်းပုဖြစ်ပါတယ်။

Anchal ရဲ့ အဆိုအရ ထိုဧရာမကြီးငှက် နဲ့ အဆောက်အအုံဟာ အမျိုးသမီးများရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာကို ချီးကျူးဂုဏ်ပြုတဲ့ အထိမ်းအမှတ်ဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပြီး အိန္ဒိယတစ်ဝှမ်းခရီးသွားစဉ် လည်ပတ်ရန် နောက်ထပ်အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ် ။

Credit – JRose (KB Chimmy One)

Comments

Leave a Reply

Your email address will not be published. Required fields are marked *