ပိုကောင်းတဲ့ ကြက်ပေါင်းရည် အိမ်တွင်းလုပ်နည်း
ကြက်ပေါင်းရည် လုပ်နည်း
ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ်။ ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ။
ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ် ကြက်သားကိုရေစင်အောင်ဆေးပါ နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ ဂျင်းကိုအခွံခွာပြီး မထူမပါးလှီးပါ ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ (အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ) ဇောက်နက်တဲ့ပန်းကန်ထဲကို ပန်းကန်လုံးအသေးလေးတစ်လုံးမှောက်ထည့်ပါ သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင် ဖြန့်ပြီးထည့်ပါ ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့ အချိန်၂နာရီကလုံလောက်ပါတယ်ရှင် ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင် ဒီလိုလေးလုပ်ပါရှင်
ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး အိုးအဖုံးပေါ်ကို တင်ပေးပါရှင် ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁၀မိနစ်အလိုလောက်မှာလုပ်လို့ရပါတယ် ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး ကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင်။ ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာ မနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ ကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့်။
(Zawgyi)
ၾကက္ေပါင္းရည္ လုပ္နည္း
ၾကက္ေပါင္းရည္လုပ္နည္းေလး ျပန္လည္၍ေဝမွ်ေပးလိုက္ပါတယ္။ ကိုယ္လည္းအျပင္မထြက္တာ ၁ပတ္ေလာက္ရွိၿပီမို႔ရွိတာေလးနဲ႔လုပ္ျပထားပါတယ္ ။ ၾကက္ေပါင္းရည္ဆိုတာၾကက္ကိုေပါင္းၿပီးထြက္လာတဲ့အရည္ခ်ိဳကိုေျပာတာပါ။
ၾကက္သား ဂ်င္း ၾကက္သြန္ျဖဴ နံနံပင္အျမစ္တို႔လိုပါတယ္ ၾကက္သားကိုေရစင္ေအာင္ေဆးပါ နံနံပင္ရဲ႕အျမစ္ကိုေရစင္ေအာင္ေဆးပါ ဂ်င္းကိုအခြံခြာၿပီး မထူမပါးလွီးပါ ၾကက္သြန္ျဖဴအမႊာကိုခြာယူၿပီး ေရေဆးပါ (အခြံမခြာပါဘူးရွင္ အခြံနဲ႔တစ္ပါတည္းထည့္ေပါင္းမွာပါ) ေဇာက္နက္တဲ့ပန္းကန္ထဲကို ပန္းကန္လုံးအေသးေလးတစ္လုံးေမွာက္ထည့္ပါ သူ႔အေပၚမွ ၾကက္သား ဂ်င္း ၾကက္သြန္ျဖဴ နံနံပင္ ျဖန္႔ၿပီးထည့္ပါ ထမင္းေပါင္းအိုးထဲကို ေရထက္ဝက္ခန္႔ထည့္ၿပီး အေပၚကန္႔သုံးကာ ၂နာရီခန္႔ေပါင္းပါ အဖုံးမဖြင့္ၾကည့္ပါနဲ႔ ၾကက္ေပါင္းရည္ရဖို႔ အခ်ိန္၂နာရီကလုံေလာက္ပါတယ္ရွင္ ၾကက္ေပါင္းရည္လိုတာထက္ပိုထြက္ခ်င္ရင္ ဒီလိုေလးလုပ္ပါရွင္
ဇစ္အိတ္ေလးေတြထဲ ေရခဲတုံးေလးေတြထည့္ၿပီး အိုးအဖုံးေပၚကို တင္ေပးပါရွင္ ဘယ္အခ်ိန္လုပ္ရမလဲဆိုေတာ့ အခ်ိန္ျပည့္ဖို႔ ၅မိနစ္၁၀မိနစ္အလိုေလာက္မွာလုပ္လို႔ရပါတယ္ ဘာအရသာမႈန္႔ ဘာဆားမွမထည့္ပါဘူး ၾကက္ကေတာ့ ဗမာၾကက္အသုံးျပဳတာအေကာင္းဆုံးပါရွင္။ ၾကက္ေပါင္းရည္ထဲမွာအဆီေတြေဝ့ေနတာ မႏွစ္သက္ဘူးဆိုရင္ ၾကက္ေပါင္းတဲ့အခါ ၾကက္အေရခြံကိုဖယ္ၿပီးေပါင္းေပးပါရွင့္။
Leave a Reply