ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

(Zawgyi)

ညအိပ္ရာမဝင္ခင္တိုင္း ႏြားႏို႔တစ္ခြက္ေသာက္သုံးျခင္းေၾကာင့္ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား
====================================

အဟာရျပည့္ဝတဲ့ ႏြားႏို႔ဟာ အ႐ိုးအဆစ္ေတြကို သန္မာေစၿပီး ႀကီးထြားမႈကို အေထာက္အကူျဖစ္ေစတဲ့အတြက္ ကေလးေလးေတြကေနစလို႔ လူႀကီးေတြအထိ ေသာက္သုံးေပးသင့္တဲ့ အရာပါ။ အိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္ေပးတာက မ်ားစြာေသာ အက်ိဳးေက်းဇူးေတြကို ရရွိေစႏိုင္ပါတယ္။

ေကာင္းမြန္စြာ အိပ္စက္ေစႏိုင္တယ္

ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တာဟာ ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ႏြားႏို႔မွာ tryptophan နဲ႔ melatonin ဓာတ္တို႔ပါဝင္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္ေစႏိုင္သလို ႏွစ္ၿခိဳက္စြာ အိပ္စက္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကေန စိတ္ခံစားမႈ ေကာင္းမြန္မႈကို ထုတ္လႊတ္ေပးၿပီး ေအးေဆးသက္သာစြာ အနားယူအိပ္စက္ႏိုင္ေစပါတယ္ေနာ္။

ဝိတ္က်ေစႏိုင္တယ္

ညအိပ္ရာမဝင္ခင္ ႏို႔တစ္ခြက္ေသာက္တတ္တဲ့ အေလ့အထဟာ ဝိတ္ကို က်ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြဟာ ေကာင္းမြန္စြာ အိပ္မေပ်ာ္ႏိုင္တဲ့အခါ ဝိတ္ပိုတက္ေလ့ရွိပါတယ္။ ေနာက္ၿပီး ႏြားႏို႔က ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညဘက္ ဗိုက္ဆာတဲ့အခ်ိန္မွာ ဝိတ္လည္း မတက္ေစပဲ ေသာက္သုံးဖို႔ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

ႂကြက္သားေတြကို သန္မာေစတယ္

ႏြားႏို႔မွာပါဝင္တဲ့ ပ႐ိုတန္းဓာတ္ကို ကစီဓာတ္လို႔ေခၚၿပီး ေလ့လာေတြ႕ရွိခ်က္ေတြအရ ညအိပ္မရာမဝင္ခင္ ႏို႔ေသာက္ျခင္းက ႂကြက္သားေတြကို ပိုသန္မာလာေစပါတယ္။ ဒါေပမယ့္ သတိထားရမွာက တစ္ခါတစ္ေလမွာ ေလပြတာ၊ ဗိုက္နာတာေတြ အခန္႔မသင့္ရင္ ျဖစ္တတ္လို႔ သန္႔ရွင္းလတ္ဆတ္တဲ့ ႏြားႏို႔ကို ေသာက္သုံးဖို႔ လိုအပ္ပါတယ္ေနာ္။

ညဘက္ ဗိုက္ဆာတတ္တဲ့ ျပသနာကို ေျဖရွင္းႏိုင္တယ္

တစ္ခါတစ္ေလမွာ ညစာကို ေစာစားမိတဲ့ ေန႔မ်ိဳးမွာ ညဘက္ ဗိုက္ဆာတာမ်ိဳးေတြ ျဖစ္တတ္ၿပီး ေကာင္းေကာင္းအိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ႏြားႏို႔က အေကာင္းဆုံးပါပဲ။ ႏြားႏို႔မွာ ပ႐ိုတိန္းဓာတ္ႂကြယ္ဝတဲ့အတြက္ ညအိပ္ရာမဝင္ခင္ ေသာက္ျခင္းက အိပ္စက္ေနခ်ိန္ ဗိုက္ဆာျခင္း ျပသနာကို ေျဖရွင္းၿပီးသား ျဖစ္ေစပါတယ္။

(Unicode)

ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
====================================

အဟာရပြည့်ဝတဲ့ နွားနို့ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်သုံးပေးသင့်တဲ့ အရာပါ။ အိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်ပေးတာက များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်

လေ့လာတွေ့ရှိချက်တွေအရ ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တာဟာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ နွားနို့မှာ tryptophan နဲ့ melatonin ဓာတ်တို့ပါဝင်တဲ့အတွက် မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်သလို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု ကောင်းမွန်မှုကို ထုတ်လွှတ်ပေးပြီး အေးဆေးသက်သာစွာ အနားယူအိပ်စက်နိုင်စေပါတယ်နော်။

ဝိတ်ကျစေနိုင်တယ်

ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တတ်တဲ့ အလေ့အထဟာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကောင်းမွန်စွာ အိပ်မပျော်နိုင်တဲ့အခါ ဝိတ်ပိုတက်လေ့ရှိပါတယ်။ နောက်ပြီး နွားနို့က ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညဘက် ဗိုက်ဆာတဲ့အချိန်မှာ ဝိတ်လည်း မတက်စေပဲ သောက်သုံးဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ကြွက်သားတွေကို သန်မာစေတယ်

နွားနို့မှာပါဝင်တဲ့ ပရိုတန်းဓာတ်ကို ကစီဓာတ်လို့ခေါ်ပြီး လေ့လာတွေ့ရှိချက်တွေအရ ညအိပ်မရာမဝင်ခင် နို့သောက်ခြင်းက ကြွက်သားတွေကို ပိုသန်မာလာစေပါတယ်။ ဒါပေမယ့် သတိထားရမှာက တစ်ခါတစ်လေမှာ လေပွတာ၊ ဗိုက်နာတာတွေ အခန့်မသင့်ရင် ဖြစ်တတ်လို့ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့ကို သောက်သုံးဖို့ လိုအပ်ပါတယ်နော်။

ညဘက် ဗိုက်ဆာတတ်တဲ့ ပြသနာကို ဖြေရှင်းနိုင်တယ်

တစ်ခါတစ်လေမှာ ညစာကို စောစားမိတဲ့ နေ့မျိုးမှာ ညဘက် ဗိုက်ဆာတာမျိုးတွေ ဖြစ်တတ်ပြီး ကောင်းကောင်းအိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နွားနို့က အကောင်းဆုံးပါပဲ။ နွားနို့မှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညအိပ်ရာမဝင်ခင် သောက်ခြင်းက အိပ်စက်နေချိန် ဗိုက်ဆာခြင်း ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။

Crd,Khin

Comments

Leave a Reply

Your email address will not be published. Required fields are marked *