Month: March 2020

  • မိသားစု လုပ်စားစား၊ စီးပွားဖြစ်လုပ်လုပ် လွယ်လွယ်ကူကူ အစုံသုပ်

    (Zawgyi)

    ေ႐ႊျမန္မာတို႔ရဲ႕ အႀကိဳက္ရဆုံး မနက္စာထဲကတစ္ခုျဖစ္ေသာ အစုံသုပ္

    လြယ္လြယ္ကူကူ အစုံသုပ္

    ေခါက္ဆြဲ၊ ဆန္ၾကာဇံ၊ သခြားသီးပါးပါးလွီး၊ သေဘၤာသီးျခစ္၊ ပဲျပားေၾကာ္၊ အာလူးျပဳတ္၊ ပဲပင္ေပါက္ေလွာ္၊ တိုဟူး၊ င႐ုတ္ဆီနဲ႔နယ္ထားတဲ့ထမင္း ( ဆီပူပူထဲ င႐ုတ္သီးအေရာင္တင္မႈန္႔ထည့္…ၿပီးခ်က္ခ်င္းအေအးခံထားတဲ့င႐ုတ္ဆီ)၊ ေဂၚဖီထုပ္ပါးပါးလွီး။ ဒါေတြကထည့္သုပ္စားမယ့္ပစၥည္းေတြပါ။

    ၾကက္သြန္ျဖဴဆီခ်က္၊ ၾကက္သြန္နီဆီခ်က္၊ ပုစြန္ေျခာက္မႈန္႔၊ ငံျပာရည္၊ ပဲအက်က္မႈန္႔၊ င႐ုတ္သီးအက်က္မႈန္႔၊ မန္က်ည္းမွည့္ရည္၊ ၾကက္သြန္နီပါးပါးလွီး ၊ နံနံပင္၊ ေရွာက္႐ြက္ပါးပါးလွီး ေတြလိုအပ္ပါတယ္။ သုပ္မယ္ဆို ဆီခ်က္ရည္နဲ႔ ပဲမႈန္႔ကို အခ်ိဳးအစားမွ်ဖို႔ ဂ႐ုစိုက္ပါ။ ပဲမႈန္႔လတ္လတ္ဆတ္ဆတ္နဲ႔ သုပ္ရင္ အလြန္အရသာရွိပါတယ္။ င႐ုတ္သီးစိမ္းနဲ႔ ၾကက္သြန္ျဖဴကေတာ့ ႏွစ္သက္ရင္ထည့္စားပါ

    Credit-ခန္႔ခန္႔ႀကီး

    (Unicode)

    ရွှေမြန်မာတို့ရဲ့ အကြိုက်ရဆုံး မနက်စာထဲကတစ်ခုဖြစ်သော အစုံသုပ်

    လွယ်လွယ်ကူကူ အစုံသုပ်

    ခေါက်ဆွဲ၊ ဆန်ကြာဇံ၊ သခွားသီးပါးပါးလှီး၊ သင်္ဘောသီးခြစ်၊ ပဲပြားကြော်၊ အာလူးပြုတ်၊ ပဲပင်ပေါက်လှော်၊ တိုဟူး၊ ငရုတ်ဆီနဲ့နယ်ထားတဲ့ထမင်း ( ဆီပူပူထဲ ငရုတ်သီးအရောင်တင်မှုန့်ထည့်…ပြီးချက်ချင်းအအေးခံထားတဲ့ငရုတ်ဆီ)၊ ဂေါ်ဖီထုပ်ပါးပါးလှီး။ ဒါတွေကထည့်သုပ်စားမယ့်ပစ္စည်းတွေပါ။

    ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ပဲအကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ မန်ကျည်းမှည့်ရည်၊ ကြက်သွန်နီပါးပါးလှီး ၊ နံနံပင်၊ ရှောက်ရွက်ပါးပါးလှီး တွေလိုအပ်ပါတယ်။ သုပ်မယ်ဆို ဆီချက်ရည်နဲ့ ပဲမှုန့်ကို အချိုးအစားမျှဖို့ ဂရုစိုက်ပါ။ ပဲမှုန့်လတ်လတ်ဆတ်ဆတ်နဲ့ သုပ်ရင် အလွန်အရသာရှိပါတယ်။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကတော့ နှစ်သက်ရင်ထည့်စားပါ

    Credit-ခန့်ခန့်ကြီး

  • သရေစာပိန္နဲသီးခြောက်ပြုလုပ်နည်းနှင့် ပိန္နဲသီး၏ ဆေးဘက်ဝင်ပုံ

    (Zawgyi)

    သေရစာပိႏၷဲသီးေျခာက္ျပဳလုပ္နည္းႏွင့္ ပိႏၷဲသီး၏ ေဆးဘက္ဝင္ပုံ

    ပိႏၷဲပင္က အာရွေဒသ အပူပိုင္းစြတ္စိုေနရာေတြမွာ အေပါက္အေရာက္မ်ားတယ္။ သေဘာဝအေလ်ာက္လည္းေပါက္တယ္။ လူေတြစိုက္ၿပီးေတာ့ စီးပြားျဖစ္လည္းထုတ္လုပ္တယ္။ အာဖရိကမွာဆို သူတို႔အစိုးရက စားနပ္ရိကၡာဖူလုံဖို႔ စီမံခ်က္နဲ႔စိုက္တယ္။ သူက အမ်ားႀကီးသီးၿပီး လူေတြဗိုက္ဝေစတာကိုး။ သူ႔အေစ့ရဲ႕အကာကို အနံအရသာနဲ႔ဖန္တီးထားလို႔ လူေတြေနရာအႏွံ ယူသြားၾက၊ စားၾကလုပ္လို႔ မ်ိဳးပြားျခင္းကို က်ယ္ျပန႔္ေစတာ။ ၾကည့္စမ္းသဘာဝတရားႀကီးက ဘယ္ေလာက္ထူးဆန္းလဲ။

    ပါဝင္တဲ့ဓါတ္ေပါင္းေတြလည္းၾကည့္ဦး ပိုတက္စီယမ္ပါတယ္။ သူက ေသြးဖိအားကို ထိန္းညႇိေပးရာမွာအေထာက္အကူျပဳတယ္။ ေသြးတိုးသမားေတြ စားသင့္တယ္ဆိုပါေတာ့။ ၿပီးေတာ့ အိုက္စိုဖလိုဘီယန္၊ ပိုက္တိုနယူထရီးယက္စ္နဲ႔ ေအာက္တီေအာက္စီတန႔္ဓါတ္ေတြပါလို႔ ကင္ဆာဆဲလ္ေတြကိုေလ်ာ့ေစတယ္တဲ့။ ပုံမွန္စားရင္ကင္ဆာကာကြယ္ၿပီးသားျဖစ္တဲ့အျပင္ ကင္ဆာေရာဂါရွိတဲ့လူေတြ ေန႔တိုင္းစားသင့္တယ္။

    ၿပီးေတာ့ထူးျခားတာက သူက ခႏၶာကိုယ္ထဲမွာ ေန႔စဥ္ပ်က္စီးေနတဲ့ဆဲလ္အေရအတြက္ကို ဟန႔္တားေပးေတာ့အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာ မျဖစ္တဲ့အျပင္ ပုံမွန္ႏွစ္ရွည္စားတဲ့လူေတြဟာ ခန႔္မွန္းအသက္ထက္ ငယ္႐ြယ္ေနတာကို သုေတသနစာတမ္းေတြမွာ ေတြ႕ရတယ္။ အဲသည့္ေတာ့ ႏုခ်င္ရင္ ပိႏၵဲသီး ပုံမွန္စားေပးေပါ့။ အဲ ၿပီးေတာ့ …သူ႔ကိုစားရင္ ဗိုက္ျပည့္သြားၿပီး အစာစားခ်င္စိတ္ကကို ေလ်ာ့ခ်ေပးတယ္။ ဝိတ္က်တယ္ေပါ့။ ကယ္စီယမ္ကလည္း ခက္မ်ားမ်ားပါေတာ့ အ႐ိုးက်ိဳးတာ ပြတာေတြမျဖစ္ႏိုင္ေတာ့ဘူး။ အမွ်င္ဓါတ္ကလည္း အမ်ားႀကီးပါေတာ့ ဝမ္းမခ်ဳပ္ေတာ့ဘူး။ အစိမ္းခ်က္စားရင္ေတာ့ အဖန္ဓါတ္နည္းနည္းပါလို႔ ဝမ္းခ်ဳပ္ေစတယ္။ အမ်ားႀကီးစားရင္ ရင္ျပည့္တယ္။ အစာေျခရည္ေတြ အမ်ားႀကီး အစာအိမ္ကထြက္လာလို႔ အစာအိမ္ေသြးေၾကာေပါက္တာ ျဖစ္ႏိုင္တယ္။

    ဗိုက္ႀကီးသည္ေတြ၊ ဆီးခ်ိဳသမားေတြ၊ အစာအိမ္ေရာဂါရွိတဲ့လူေတြ၊ ရာသီလာေနတဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးမစားသင့္ဘူး။

    ပိႏၷဲသီးကို ေနရာေဒသအမ်ိဳးမ်ိဳးမွာ လူမ်ိဳးအမ်ိဳးမ်ိဳးက နည္းအမ်ိဳးမ်ိဳးနဲ႔ အစားအစာေတြ လုပ္စားၾကတယ္။ျမန္မာျပည္မွာေတာ့ အစိမ္းကို အႏုေလးေတြျပဳတ္တို႔တယ္။ အစိမ္းကို ပုံစံမ်ိဳးစုံနဲ႔ခ်က္စားတယ္။ အဲ .. အမွည့္ကိုေတာ့ သိပ္ၿပီးေထြေထြထူးထူး လုပ္စားတာ ျမန္မာေတြမွာ သိပ္မေတြ႕ရဘူး။ ဒီအတိုင္းခြဲၿပီး အားရပါးရ ဝိုင္းစားၾကတာ။ သူကခြဲၿပီးထားလိုက္ရင္ ၾကာရင္ခ်ဥ္သြားလို႔ေလ။

    ပိႏၷဲသီးေကာ္ျပန႔္လိပ္နဲ႔ ပိႏၷဲသီးစႏြင္းမကင္းေတာ့ ရန္ကင္းဘက္မွာတစ္ခါဝယ္စားဖူးတယ္။ အရမ္းေကာင္းတယ္။ယိုးဒယားကို အလည္သြားတုန္းကေတာ့ ပိႏၷဲသီးမွည့္ေဖ်ာ္ရည္ေသာက္ျဖစ္တယ္။ သူလည္းေတာ္ေတာ္ေကာင္းတယ္။ အဲ.. ပိႏၷဲသီးနဲ႔သေရစာလုပ္တဲ့ေနရာမွာေတာ့ ယိုးဒယားကို တို႔ျမန္မာေတြမမွီဘူး။ သူတို႔တိုင္းျပည္ရဲ႕ထုတ္ကုန္တစ္မ်ိဳးျဖစ္လို႔ ဧကေတြ ေထာင္ခ်ီၿပီးစိုက္ၾကတယ္။ အစိုးရကလည္း ေသေသခ်ာခ်ာ ေထာက္ပံ့အားေပးတယ္ျမန္မာျပည္မွာလိုေပါ့ေနာ္။

    ပိႏၷဲသီးေျခာက္လုပ္ဖို႔က နည္းသိရင္လြယ္လြယ္ေလးပါ။ ပိႏၷဲသီးတစ္လုံးဝယ္။ အေစ့ထုတ္ၿပီး အေနေတာ္ေလးေတြလွီးထား။ ၿပီးရင္ သူ႔ကို ဒီအတိုင္းေနပူလွန္း႐ုံနဲ႔ သူကမေျခာက္ဘူး ျပားကပ္ၿပီး႐ြံ႕တြတြႀကီး ျဖစ္သြားတယ္။ သူ႔ကို အေျခာက္ခံစက္နဲ႔မွရတာ။ ခုေခတ္ကေတာ့ အေျခာက္ခံစက္ေတြက ေဈးကြက္မွာ ေဈးသက္သက္သာသာနဲ႔အလြယ္တကူဝယ္လို႔ရေနေတာ့ လြယ္ပါတယ္။ သူ႔ကို ၈၀ ဒီဂရီစင္တီဂရိတ္အပူခ်ိန္နဲ႔ ၈ နာရီတိတိ အေျခာက္ခံစက္နဲ႔ အေျခာက္ခံ။ ၿပီးရင္ ေလလုံဘူးေလး တခုခုနဲ႔ထည့္ၿပီးသိမ္းထား။

    မုန႔္လုပ္ေတာ့မယ္ဆိုမွ သူ႔ကို ႏွစ္သက္ရာအနံ႔အရသာတစ္ခုခုနဲ႔နယ္ၿပီး ဆီပူပူမွာထည့္ေၾကာ္ရတာ။ ကြၽတ္႐ြၿပီး မြမြေလးေပါ့။ စတိုးဆိုင္က ပိႏၷဲသီးေျခာက္အရသာအတိုင္းပဲ။ အိႏၵိယလူမ်ိဳးေတြကေတာ့ အမွည့္ကိုပဲ တိုက္႐ိုက္ဆီပူနဲ႔ေၾကာ္တာ။ သူလည္း ကြၽတ္႐ြပါတယ္။ ဒါေပမယ့္ တာရွည္ေတာ့ မခံဘူးေပါ့။

    Credit-အစာလည္းေဆး ေဆးလည္းအစာ

    (Unicode)

    သရေစာပိန္နဲသီးခြောက်ပြုလုပ်နည်းနှင့် ပိန္နဲသီး၏ ဆေးဘက်ဝင်ပုံ

    ပိန္နဲပင်က အာရှဒေသ အပူပိုင်းစွတ်စိုနေရာတွေမှာ အပေါက်အရောက်များတယ်။ သဘောဝအလျောက်လည်းပေါက်တယ်။ လူတွေစိုက်ပြီးတော့ စီးပွားဖြစ်လည်းထုတ်လုပ်တယ်။ အာဖရိကမှာဆို သူတို့အစိုးရက စားနပ်ရိက္ခာဖူလုံဖို့ စီမံချက်နဲ့စိုက်တယ်။ သူက အများကြီးသီးပြီး လူတွေဗိုက်ဝစေတာကိုး။ သူ့အစေ့ရဲ့အကာကို အနံအရသာနဲ့ဖန်တီးထားလို့ လူတွေနေရာအနှံ ယူသွားကြ၊ စားကြလုပ်လို့ မျိုးပွားခြင်းကို ကျယ်ပြန့်စေတာ။ ကြည့်စမ်းသဘာဝတရားကြီးက ဘယ်လောက်ထူးဆန်းလဲ။

    ပါဝင်တဲ့ဓါတ်ပေါင်းတွေလည်းကြည့်ဦး ပိုတက်စီယမ်ပါတယ်။ သူက သွေးဖိအားကို ထိန်းညှိပေးရာမှာအထောက်အကူပြုတယ်။ သွေးတိုးသမားတွေ စားသင့်တယ်ဆိုပါတော့။ ပြီးတော့ အိုက်စိုဖလိုဘီယန်၊ ပိုက်တိုနယူထရီးယက်စ်နဲ့ အောက်တီအောက်စီတန့်ဓါတ်တွေပါလို့ ကင်ဆာဆဲလ်တွေကိုလျော့စေတယ်တဲ့။ ပုံမှန်စားရင်ကင်ဆာကာကွယ်ပြီးသားဖြစ်တဲ့အပြင် ကင်ဆာရောဂါရှိတဲ့လူတွေ နေ့တိုင်းစားသင့်တယ်။

    ပြီးတော့ထူးခြားတာက သူက ခန္ဓာကိုယ်ထဲမှာ နေ့စဉ်ပျက်စီးနေတဲ့ဆဲလ်အရေအတွက်ကို ဟန့်တားပေးတော့အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ မဖြစ်တဲ့အပြင် ပုံမှန်နှစ်ရှည်စားတဲ့လူတွေဟာ ခန့်မှန်းအသက်ထက် ငယ်ရွယ်နေတာကို သုတေသနစာတမ်းတွေမှာ တွေ့ရတယ်။ အဲသည့်တော့ နုချင်ရင် ပိန္ဒဲသီး ပုံမှန်စားပေးပေါ့။ အဲ ပြီးတော့ …သူ့ကိုစားရင် ဗိုက်ပြည့်သွားပြီး အစာစားချင်စိတ်ကကို လျော့ချပေးတယ်။ ဝိတ်ကျတယ်ပေါ့။ ကယ်စီယမ်ကလည်း ခက်များများပါတော့ အရိုးကျိုးတာ ပွတာတွေမဖြစ်နိုင်တော့ဘူး။ အမျှင်ဓါတ်ကလည်း အများကြီးပါတော့ ဝမ်းမချုပ်တော့ဘူး။ အစိမ်းချက်စားရင်တော့ အဖန်ဓါတ်နည်းနည်းပါလို့ ဝမ်းချုပ်စေတယ်။ အများကြီးစားရင် ရင်ပြည့်တယ်။ အစာခြေရည်တွေ အများကြီး အစာအိမ်ကထွက်လာလို့ အစာအိမ်သွေးကြောပေါက်တာ ဖြစ်နိုင်တယ်။

    ဗိုက်ကြီးသည်တွေ၊ ဆီးချိုသမားတွေ၊ အစာအိမ်ရောဂါရှိတဲ့လူတွေ၊ ရာသီလာနေတဲ့ အမျိုးသမီးတွေ အများကြီးမစားသင့်ဘူး။

    ပိန္နဲသီးကို နေရာဒေသအမျိုးမျိုးမှာ လူမျိုးအမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ အစားအစာတွေ လုပ်စားကြတယ်။မြန်မာပြည်မှာတော့ အစိမ်းကို အနုလေးတွေပြုတ်တို့တယ်။ အစိမ်းကို ပုံစံမျိုးစုံနဲ့ချက်စားတယ်။ အဲ .. အမှည့်ကိုတော့ သိပ်ပြီးထွေထွေထူးထူး လုပ်စားတာ မြန်မာတွေမှာ သိပ်မတွေ့ရဘူး။ ဒီအတိုင်းခွဲပြီး အားရပါးရ ဝိုင်းစားကြတာ။ သူကခွဲပြီးထားလိုက်ရင် ကြာရင်ချဉ်သွားလို့လေ။

    ပိန္နဲသီးကော်ပြန့်လိပ်နဲ့ ပိန္နဲသီးစနွင်းမကင်းတော့ ရန်ကင်းဘက်မှာတစ်ခါဝယ်စားဖူးတယ်။ အရမ်းကောင်းတယ်။ယိုးဒယားကို အလည်သွားတုန်းကတော့ ပိန္နဲသီးမှည့်ဖျော်ရည်သောက်ဖြစ်တယ်။ သူလည်းတော်တော်ကောင်းတယ်။ အဲ.. ပိန္နဲသီးနဲ့သရေစာလုပ်တဲ့နေရာမှာတော့ ယိုးဒယားကို တို့မြန်မာတွေမမှီဘူး။ သူတို့တိုင်းပြည်ရဲ့ထုတ်ကုန်တစ်မျိုးဖြစ်လို့ ဧကတွေ ထောင်ချီပြီးစိုက်ကြတယ်။ အစိုးရကလည်း သေသေချာချာ ထောက်ပံ့အားပေးတယ်မြန်မာပြည်မှာလိုပေါ့နော်။

    ပိန္နဲသီးခြောက်လုပ်ဖို့က နည်းသိရင်လွယ်လွယ်လေးပါ။ ပိန္နဲသီးတစ်လုံးဝယ်။ အစေ့ထုတ်ပြီး အနေတော်လေးတွေလှီးထား။ ပြီးရင် သူ့ကို ဒီအတိုင်းနေပူလှန်းရုံနဲ့ သူကမခြောက်ဘူး ပြားကပ်ပြီးရွံ့တွတွကြီး ဖြစ်သွားတယ်။ သူ့ကို အခြောက်ခံစက်နဲ့မှရတာ။ ခုခေတ်ကတော့ အခြောက်ခံစက်တွေက ဈေးကွက်မှာ ဈေးသက်သက်သာသာနဲ့အလွယ်တကူဝယ်လို့ရနေတော့ လွယ်ပါတယ်။ သူ့ကို ၈၀ ဒီဂရီစင်တီဂရိတ်အပူချိန်နဲ့ ၈ နာရီတိတိ အခြောက်ခံစက်နဲ့ အခြောက်ခံ။ ပြီးရင် လေလုံဘူးလေး တခုခုနဲ့ထည့်ပြီးသိမ်းထား။

    မုန့်လုပ်တော့မယ်ဆိုမှ သူ့ကို နှစ်သက်ရာအနံ့အရသာတစ်ခုခုနဲ့နယ်ပြီး ဆီပူပူမှာထည့်ကြော်ရတာ။ ကျွတ်ရွပြီး မွမွလေးပေါ့။ စတိုးဆိုင်က ပိန္နဲသီးခြောက်အရသာအတိုင်းပဲ။ အိန္ဒိယလူမျိုးတွေကတော့ အမှည့်ကိုပဲ တိုက်ရိုက်ဆီပူနဲ့ကြော်တာ။ သူလည်း ကျွတ်ရွပါတယ်။ ဒါပေမယ့် တာရှည်တော့ မခံဘူးပေါ့။

    Credit-အစာလည်းဆေး ဆေးလည်းအစာ

  • ဖြောင့် စက် ဆွဲ စ ရာ မ လို ဘဲ ဆံ ပင် ပျော့ အောင် သ ဘာ ဝ နည်း နဲ့ ပေါင်း တင် နည်း

    (Zawgyi)

    ေျဖာင့္ စက္ ဆြဲ စ ရာ မ လို ဘဲ ဆံ ပင္ ေပ်ာ့ ေအာင္ သ ဘာ ဝ နည္း နဲ႔ ေပါင္း တင္ နည္း…

    ေျဖာင့္စရာ မလို ၊ စက္ဆြဲစရာ မလိုတဲ့ ဆံပင္ တစ္ခါမွ မေျဖာင့္ဖူးဘူး။ ဒါေပမယ့္ဆံပင္က ေျဖာင့္ထားတဲ့ သူေတြလို ေပ်ာ့တယ္ ၊ ဆံသားေျပာင္တယ္၊ စင္းတယ္ ။ တစ္ျခား ေပါင္းေဆး သုံးစရာလည္းမလိုဘူး။

    တစ္ပါတ္တစ္ခါ – ၾကက္ဥ၊ ရွားေစာင္းဂ်ယ္လ္၊ သံလြင္ဆီ၊ ပ်ားရည္နဲ႔ ေပါင္းတင္တယ္။ ႏွစ္ခြလည္း လုံးဝ မျဖစ္ဘူး ။ ဆံပင္ ကြၽတ္တဲ့ သူဆို သံပုရာရည္ေလးပါ ထည့္လုပ္ေနာ္။ ေရမခ်ိဳးခင္ နာရီဝက္ ၊ ဒါမွ မဟုတ္ ေရခ်ိဳးခါနီးဆို အဝတ္ေလွ်ာ္တယ္ ။ အဝတ္ မေလွ်ာ္ခင္ ကတည္းက လိမ္းထားလိုက္တာ အဝတ္ေတြလည္း အကုန္ေလွ်ာ္ အၿပီး လိမ္းထားတဲ့ အခ်ိန္နဲ႔ ကြက္တိပဲ ။ တကူးတက အခ်ိန္မေပးရဘဲ အလုပ္၂ခု ၿပီးပါတယ္ ။

    အေရာင္ဆိုးရင္ေတာင္ အေရာင္က ပိုေျပာင္ လက္ၿပီး ေတာက္တယ္ ။ ဒါနဲ႔ ေဖ်ာ္တာ ပိုသြားရင္လည္း မ်က္ႏွာလိမ္းလို႔ရတယ္ေနာ္။ ပ်ားရည္ ေဆးဆိုင္မွာ ေရာင္းတာလည္း စစ္တယ္ စစ္မစစ္ စမ္းနည္း ေျပာျပမယ္။

    ပ်ားရည္ တစ္စက္ကို လက္သည္းခြံေပၚ တင္ၾကည့္ပါ ။ ပ်ားရည္စက္က ေအာက္ကို မက်ဘူး ။ ပိန္းၾကာ႐ြက္မွာ ေရတင္သလို အလုံးေလးျဖစ္ေနရင္ အဲ့ဒါ အစစ္ပဲ။

    Credit-May Zin Aye Thwin

    (Unicode)

    ဖြောင့် စက် ဆွဲ စ ရာ မ လို ဘဲ ဆံ ပင် ပျော့ အောင် သ ဘာ ဝ နည်း နဲ့ ပေါင်း တင် နည်း…

    ဖြောင့်စရာ မလို ၊ စက်ဆွဲစရာ မလိုတဲ့ ဆံပင် တစ်ခါမှ မဖြောင့်ဖူးဘူး။ ဒါပေမယ့်ဆံပင်က ဖြောင့်ထားတဲ့ သူတွေလို ပျော့တယ် ၊ ဆံသားပြောင်တယ်၊ စင်းတယ် ။ တစ်ခြား ပေါင်းဆေး သုံးစရာလည်းမလိုဘူး။

    တစ်ပါတ်တစ်ခါ – ကြက်ဥ၊ ရှားစောင်းဂျယ်လ်၊ သံလွင်ဆီ၊ ပျားရည်နဲ့ ပေါင်းတင်တယ်။ နှစ်ခွလည်း လုံးဝ မဖြစ်ဘူး ။ ဆံပင် ကျွတ်တဲ့ သူဆို သံပုရာရည်လေးပါ ထည့်လုပ်နော်။ ရေမချိုးခင် နာရီဝက် ၊ ဒါမှ မဟုတ် ရေချိုးခါနီးဆို အဝတ်လျှော်တယ် ။ အဝတ် မလျှော်ခင် ကတည်းက လိမ်းထားလိုက်တာ အဝတ်တွေလည်း အကုန်လျှော် အပြီး လိမ်းထားတဲ့ အချိန်နဲ့ ကွက်တိပဲ ။ တကူးတက အချိန်မပေးရဘဲ အလုပ်၂ခု ပြီးပါတယ် ။

    အရောင်ဆိုးရင်တောင် အရောင်က ပိုပြောင် လက်ပြီး တောက်တယ် ။ ဒါနဲ့ ဖျော်တာ ပိုသွားရင်လည်း မျက်နှာလိမ်းလို့ရတယ်နော်။ ပျားရည် ဆေးဆိုင်မှာ ရောင်းတာလည်း စစ်တယ် စစ်မစစ် စမ်းနည်း ပြောပြမယ်။

    ပျားရည် တစ်စက်ကို လက်သည်းခွံပေါ် တင်ကြည့်ပါ ။ ပျားရည်စက်က အောက်ကို မကျဘူး ။ ပိန်းကြာရွက်မှာ ရေတင်သလို အလုံးလေးဖြစ်နေရင် အဲ့ဒါ အစစ်ပဲ။

    Credit-May Zin Aye Thwin

  • ပန်းများပွင့်စေဖို့ အိမ်တွင်းဖြစ်ဆေးဖော်ကြရအောင်

    (Zawgyi)

    ပန္းမ်ားပြင့္ေစဖို႔ အိမ္တြင္းျဖစ္ေဆးေဖာ္ၾကရေအာင္

    အပင္မသန္ရင္ေန ပန္းေတြပြင့္ေနရင္ကို ေပ်ာ္ေနပါၿပီဆိုတဲ့ ပန္းခ်စ္သူတို႔အတြက္ ပန္းပြင့္ေစတဲ့ အားေဆးေတြေျပာျပခ်င္ပါတယ္ခင္ဗ်။ ပန္းဆိုေပမယ့္ ဓါတ္ေသဘာအရ အသီးနဲ႔လည္း ဆိုင္ပါတယ္။ ဒါေၾကာင့္ အလ်င္းသင့္သလို ခ်ဲ႕ၿပီး သုံးၾကပါခင္ဗ်။

    (၁) ၾကက္ဥခြံ

    ဒါေကတာ့ ကြၽန္ေတာ္အၿမဲေျပာေနက်မို႔ ေတာ္ေတာ္မ်ားမ်ားသိေန ေလာက္ပါၿပီခင္ဗ်။ ၾကက္ဥအခြံမွာက အပြင့္အတြက္လိုအပ္တဲ့ Calcium နဲ႔ Phosphoric acid တို႔အျပင္ Nitrogen ပါ ပါဝင္လို႔ အပင္ကိုလည္း အားရွိေစပါတယ္။ ၾကက္ဥခြံကို အမႈန႔္ႀကိတ္ၿပီးပဲျဖစ္ျဖစ္သုံးလို႔ရသလို ေဆးရည္အေနနဲ႔လည္း သုံးလို႔ရပါတယ္ခင္ဗ်။ ေဆးရည္ ရယူပုံက ၾကက္ဥခြံ ငါးလုံးခန႔္ကို ထုေျခၿပီး ေရတစ္လီတာနဲ႔ျပဳပ္ပါတယ္။ ၿပီးရင္ ေရတစ္ဂါလံနဲ႔ ျပန္ေရာသုံးပါတယ္ခင္ဗ်။ ေဆးရည္ပိုထိေရာက္ေစခ်င္ရင္ေတာ့ တစ္ညတိတိ ႏွပ္ထားၿပီးမွာ ေနာက္ရက္မွာ သုံးေပးပါ။

    (၂) ငွက္ေပ်ာခြံ

    ငွက္ေပ်ာခြံေတြကို အေျခာက္လွမ္းထားၿပီး ႏုတ္ႏုတ္စင္းတာပဲျဖစ္ျဖစ္ blender ထဲထည့္ႀကိတ္တာပဲျဖစ္ျဖစ္ လုပ္ယူလိုက္ပါခင္ဗ်။ အစိုမသုံးဘဲ အေျခာက္လွန္းၿပီးမွ သုံးဖို႔ ဂ႐ုစိုက္ေစခ်င္ပါတယ္။ စိုေနခ်ိန္ဆို ပိုးေတြ မႈိေတြလာတက္လို႔ပါ။ငွက္ေပ်ာခြံအေျခာက္မွာဆို အပင္အတြက္လိုအပ္တဲ့ Potassium, Potash, Phosphorous, nitrogen နဲ႔ Magnesium ဓါတ္ေတြပါဝင္လို႔ အပင္၊ အပြင့္နဲ႔ အျမစ္ေတြအထိ အကုန္အားရွိေစပါတယ္ခင္ဗ်။ ေရာဂါခံႏိုင္ရည္ကိုလည္း ျမင့္တက္ေစပါတယ္။ ငွက္ေပ်ာေျခာက္အမႈန႔္ေတြကိုေတာ့ အပင္ေျခေတြမွာ ျဖဴးေပးၿပီး slow release fertilizer အျဖစ္သုံးႏိုင္ပါတယ္။ ေဆးရည္အေနနဲ႔ျဖန္းခ်င္ရင္ေတာ့ ၾကက္ဥအခြံျပဳပ္ခ်ိန္မွာ လက္တစ္ဆုပ္စာထည့္ျပဳပ္ေပးပါခင္ဗ်။

    (၃) ႏြားႏို႔

    ႏြားႏို႔ေလာက္ အဟာရေပါႂကြယ္ဝတာကေတာ့ ႏြားႏို႔ပဲရွိမယ္ခင္ဗ်။ အသားဓါတ္ေတြျပည့္ဝတဲ့အျပင္ calcium ဓါတ္ကလည္း အပြင့္ကို သန္ေစပါတယ္။ ေနာက္ၿပီး ႏြားႏို႔ကေန အခ်ဥ္ေပါက္လာတဲ့ အက်ိဳးျပဳပိုးေတြက အပင္မွာ က်ေရာက္တဲ့ ပိုးေတြကို တိုက္ဖ်က္ေပးပါတယ္။ ေရနဲ႔ေရာသုံးမယ္ဆို ႏြားႏို႔တစ္ဆ ေရေလးဆ ေရာေပးပါခင္ဗ်။ ကုန္က်စရိတ္ သက္သာခ်င္ရင္ေတာ့ ႏြားႏို႔တစ္ဆ ေရ ရွစ္ဆလည္း ရပါတယ္ခင္ဗ်။

    ဒါေတြက အိမ္မွာ အလြယ္တကူရွိေနတဲ့ အသီး အပြင့္အားေဆးေတြပါ။ ႏြားႏို႔ကလြဲရင္ က်န္တာေတြက ကုန္က်စရိတ္မရွိတဲ့ ေဆးနည္းေတြျဖစ္လို႔ သုံးရတာ အဆင္ေျပၾကမွာပါခင္ဗ်။ တစ္ခါတည္း ေျပာျပခ်င္တာရွိေသးတယ္ခင္ဗ်။ ဘာလဲဆိုေတာ့ ဘုရားပန္းထိုးတာပဲျဖစ္ျဖစ္ စားပြဲတင္ ပန္းထိုးတာပဲ ျဖစ္ျဖစ္ ပန္းကို တာရွည္ခံေအာင္ ထားႏိုင္မယ့္ ေဆးနည္းကိုေျပာျပခ်င္ပါတယ္။

    ပန္းတာရွည္ခံေအာင္ထားနည္း

    (၁) သၾကား လဖက္စားဇြန္း တစ္ဇြန္း

    (၂) ခြၽတ္ေဆး လဖက္စားဇြန္း တစ္ဇြန္း

    (၃) သံပုရာရည္ လဖက္စားဇြန္း ႏွစ္ဇြန္း

    (၄) ေရ တစ္လီတာ

    ပါဝင္ပစၥည္းေတြကို ေရာစပ္ထားတဲ့ေဆးရည္ထဲ ပန္းေတြထိုးေပးၿပီး တာရွည္ခံေအာင္ ထားလို႔ရပါတယ္ခင္ဗ်။ ကိုယ္သုံးမယ့္ ပမာဏအ ေပၚမူတည္ၿပီး အနည္းအမ်ား အဆင္ေျပသလို လုပ္လို႔ရပါတယ္။

    Credit-Original Uploader

    (Unicode)

    ပန်းများပွင့်စေဖို့ အိမ်တွင်းဖြစ်ဆေးဖော်ကြရအောင်

    အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက် ပန်းပွင့်စေတဲ့ အားဆေးတွေပြောပြချင်ပါတယ်ခင်ဗျ။ ပန်းဆိုပေမယ့် ဓါတ်သေဘာအရ အသီးနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် အလျင်းသင့်သလို ချဲ့ပြီး သုံးကြပါခင်ဗျ။

    (၁) ကြက်ဥခွံ

    ဒါကေတာ့ ကျွန်တော်အမြဲပြောနေကျမို့ တော်တော်များများသိနေ လောက်ပါပြီခင်ဗျ။ ကြက်ဥအခွံမှာက အပွင့်အတွက်လိုအပ်တဲ့ Calcium နဲ့ Phosphoric acid တို့အပြင် Nitrogen ပါ ပါဝင်လို့ အပင်ကိုလည်း အားရှိစေပါတယ်။ ကြက်ဥခွံကို အမှုန့်ကြိတ်ပြီးပဲဖြစ်ဖြစ်သုံးလို့ရသလို ဆေးရည်အနေနဲ့လည်း သုံးလို့ရပါတယ်ခင်ဗျ။ ဆေးရည် ရယူပုံက ကြက်ဥခွံ ငါးလုံးခန့်ကို ထုခြေပြီး ရေတစ်လီတာနဲ့ပြုပ်ပါတယ်။ ပြီးရင် ရေတစ်ဂါလံနဲ့ ပြန်ရောသုံးပါတယ်ခင်ဗျ။ ဆေးရည်ပိုထိရောက်စေချင်ရင်တော့ တစ်ညတိတိ နှပ်ထားပြီးမှာ နောက်ရက်မှာ သုံးပေးပါ။

    (၂) ငှက်ပျောခွံ

    ငှက်ပျောခွံတွေကို အခြောက်လှမ်းထားပြီး နုတ်နုတ်စင်းတာပဲဖြစ်ဖြစ် blender ထဲထည့်ကြိတ်တာပဲဖြစ်ဖြစ် လုပ်ယူလိုက်ပါခင်ဗျ။ အစိုမသုံးဘဲ အခြောက်လှန်းပြီးမှ သုံးဖို့ ဂရုစိုက်စေချင်ပါတယ်။ စိုနေချိန်ဆို ပိုးတွေ မှိုတွေလာတက်လို့ပါ။ငှက်ပျောခွံအခြောက်မှာဆို အပင်အတွက်လိုအပ်တဲ့ Potassium, Potash, Phosphorous, nitrogen နဲ့ Magnesium ဓါတ်တွေပါဝင်လို့ အပင်၊ အပွင့်နဲ့ အမြစ်တွေအထိ အကုန်အားရှိစေပါတယ်ခင်ဗျ။ ရောဂါခံနိုင်ရည်ကိုလည်း မြင့်တက်စေပါတယ်။ ငှက်ပျောခြောက်အမှုန့်တွေကိုတော့ အပင်ခြေတွေမှာ ဖြူးပေးပြီး slow release fertilizer အဖြစ်သုံးနိုင်ပါတယ်။ ဆေးရည်အနေနဲ့ဖြန်းချင်ရင်တော့ ကြက်ဥအခွံပြုပ်ချိန်မှာ လက်တစ်ဆုပ်စာထည့်ပြုပ်ပေးပါခင်ဗျ။

    (၃) နွားနို့

    နွားနို့လောက် အဟာရပေါကြွယ်ဝတာကတော့ နွားနို့ပဲရှိမယ်ခင်ဗျ။ အသားဓါတ်တွေပြည့်ဝတဲ့အပြင် calcium ဓါတ်ကလည်း အပွင့်ကို သန်စေပါတယ်။ နောက်ပြီး နွားနို့ကနေ အချဉ်ပေါက်လာတဲ့ အကျိုးပြုပိုးတွေက အပင်မှာ ကျရောက်တဲ့ ပိုးတွေကို တိုက်ဖျက်ပေးပါတယ်။ ရေနဲ့ရောသုံးမယ်ဆို နွားနို့တစ်ဆ ရေလေးဆ ရောပေးပါခင်ဗျ။ ကုန်ကျစရိတ် သက်သာချင်ရင်တော့ နွားနို့တစ်ဆ ရေ ရှစ်ဆလည်း ရပါတယ်ခင်ဗျ။

    ဒါတွေက အိမ်မှာ အလွယ်တကူရှိနေတဲ့ အသီး အပွင့်အားဆေးတွေပါ။ နွားနို့ကလွဲရင် ကျန်တာတွေကကုန်ကျစရိတ်မရှိတဲ့ ဆေးနည်းတွေဖြစ်လို့ သုံးရတာ အဆင်ပြေကြမှာပါခင်ဗျ။ တစ်ခါတည်း ပြောပြချင်တာရှိသေးတယ်ခင်ဗျ။ ဘာလဲဆိုတော့ ဘုရားပန်းထိုးတာပဲဖြစ်ဖြစ် စားပွဲတင် ပန်းထိုးတာပဲ ဖြစ်ဖြစ် ပန်းကို တာရှည်ခံအောင် ထားနိုင်မယ့် ဆေးနည်းကိုပြောပြချင်ပါတယ်။

    ပန်းတာရှည်ခံအောင်ထားနည်း

    (၁) သကြား လဖက်စားဇွန်း တစ်ဇွန်း

    (၂) ချွတ်ဆေး လဖက်စားဇွန်း တစ်ဇွန်း

    (၃) သံပုရာရည် လဖက်စားဇွန်း နှစ်ဇွန်း

    (၄) ရေ တစ်လီတာ

    ပါဝင်ပစ္စည်းတွေကို ရောစပ်ထားတဲ့ဆေးရည်ထဲ ပန်းတွေထိုးပေးပြီး တာရှည်ခံအောင် ထားလို့ရပါတယ်ခင်ဗျ။ ကိုယ်သုံးမယ့် ပမာဏအ ပေါ်မူတည်ပြီး အနည်းအများ အဆင်ပြေသလို လုပ်လို့ရပါတယ်။

    Credit-Original Uploader

  • ဆန်ဆေးရည်တွေကို လွှင့်မပြစ်ပဲ အပင်တွေအတွက် ဒီလိုအသုံးချပါ။

    (Zawgyi)

    စရိတ္နည္းဖို႔ ဒီလိုအစျပဳပါ။ သင့္အိမ္က ဆန္ေဆးရည္ေတြကို အက်ိဳးရွိမဲ့ ေနရာတစ္ခုခုမွာ မသုံးစြဲဘဲ သြန္ျပစ္ေနျခင္းမ်ိဳး လုံးဝမလုပ္ပါႏွင့္။အထူးသျဖင့္ သင္ဟာစိုက္ပ်ိဳးေရးနဲ႔ ပါတ္သက္ဆက္ႏြယ္ေနသူတစ္ဦး ျဖစ္ေနတယ္ဆိုရင္ ပိုလို႔ေတာင္ ဆင္ျခင္သင့္ပါတယ္။ ဆန္ေဆးရည္မွာ ဘာေတြပါသလဲဆိုရင္ သက္ရွိမ်ားကို အက်ိဳးျပဳႏိုင္ေသာ ဓါတ္အဟာရေတြ ေျမာက္မ်ားစြာပါဝင္ေနပါတယ္လို႔သာ အလြယ္မွတ္လိုက္ၾကပါစို႔။ အိုမင္းရင့္ေရာ္ျခင္းကို ဟန္႔တားေစႏိုင္ျခင္း၊ မျဖစ္မေန က်ိဳးရမဲ့သြားေတြကို ခိုင္ခန္႔ေစႏိုင္ျခင္းႏွင့္ ျဖဴသြားတဲ့ဆံပင္ေတြ တဖန္ျပန္ၿပီး မဲနက္လာေစႏိူင္ျခင္းဆိုတဲ့အထိအစြမ္းအာနိသင္မ်ိဳးေတြ ဆန္ေဆးရည္မွာ ရွိေနပါတယ္။

    စိုက္ပ်ိဳးေရးနဲ႔ ပါတ္သက္သည္မ်ားကို အဓိကထားတင္ရမယ္ဆိုရင္ အပင္မ်ားနဲ႔ ပါတ္သက္ရင္လဲ မ်ားျပားလွစြာေသာအက်ိဳးမ်ားကို ျဖစ္ထြန္းေစပါတယ္။ အေထြအထူး စီမံေနစရာမလိုပါဘူး။ ဆန္ေဆးရည္ကို အခ်ဥ္ေဖါက္ၿပီး သုံးစြဲယုံသာျဖစ္ပါတယ္။ အရင္ဦးဆုံး ေဆးတဲ့ဆန္ေဆးရည္ကို ေရသန္႔ဗူးအလႊတ္ထဲမွာထည့္ အဖုံးကို မလုံ႔တလုံထား။ ေအးျပီးေျခာက္တဲ့ေနရာမွာ (၇)ရက္ထားလိုက္။ ၿပီးရင္ပိတ္စပါးပါးျဖင့္ စစ္ယူလိုက္ပါ။ ထိုအရည္ကို (၆)လခန္႔အထိ ေအး ေျခာက္မွာ သိမ္းဆည္းၿပီး အသုံးျပဳခဲ့ဖူးပါတယ္။ ျပဳလုပ္၊ သိမ္းဆည္းသူရဲ႕ သန္႔ရွင္းမႈ၊ ရာသီဥတု အပူအေအးေပၚမူတည္ၿပီး အထားခံတဲ့ရက္ ကြာျခားသြားႏိုင္ပါတယ္။

    ကဲ ဆန္ေဆးရည္မွာ ကယ္လ္စီယမ္၊ သံ၊ ကာဗိုဟိုက္ ဒရိတ္ႏွင့္ စပါးအတြက္ မရွိမျဖစ္လိုအပ္ေသာ စီလီကာဓါတ္၊ ဗီတာမင္ ဓါတ္၊ ကစီဓါတ္ႏွင့္အပင္အတြက္ အက်ိဳးျဖစ္ထြန္းေစေသာအျခားဓါတ္ ေပါင္းေျမာက္မ်ား စြာလည္းပါဝင္ေနပါတယ္။ ဆန္ေဆးအခ်ဥ္ေဖါက္ရည္ တစ္ခုတည္းျဖင့္ အခ်ိဳ႕အခ်ိဳ႕ ေသာ မႈိ၊ ပိုး၊ ပ်၊ စုပ္စားပိုးတို႔ကို နိမ္နင္းႏိုင္စြမ္းရွိပါတယ္။ အပင္မ်ားကို ပက္ဖ်န္းေပးလွ်င္ က်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ အပင္မစိုက္ပ်ိဳးမွီ စိုက္က်င္းထဲကို ပက္ဖ်န္းေပးျခင္းျဖင့္ အခ်ိဳ႕ေသာ ေျမေအာင္းပိုးမ်ား ရန္ကိုတားဆီးနိမ္နင္းႏိုင္ပါတယ္။ ေျမခ်ဥ္ငံျခင္းကိုလည္း အတိုင္းအတာ တစ္ခုအထိ ျပဳျပင္ႏိုင္စြမ္းပါတယ္။ ဆန္ေဆးအခ်ဥ္ေဖါက္ရည္ျဖင့္ ႏို႔ အခ်ဥ္ေဖါက္ရည္ေဖၚစပ္ျပဳလုပ္ႏိုင္ပါတယ္။ ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးစနစ္အတြက္ျဖစ္ေစ၊ စရိတ္နည္းေသာ စိုက္ပ်ိဳးေရးအတြက္ျဖစ္ေစ ပထမဦးဆုံး စတင္စုေဆာင္းရမည့္ ကုန္ၾကမ္းပစၥည္းမွာ ဆန္ေဆးရည္ပင္ျဖစ္ပါသည္။

    ခ်မ္းသာၾကပါေစ

    Credit-ခြန္တူး

    (Unicode)

    စရိတ်နည်းဖို့ ဒီလိုအစပြုပါ။ သင့်အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမဲ့ နေရာတစ်ခုခုမှာ မသုံးစွဲဘဲ သွန်ပြစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။အထူးသဖြင့် သင်ဟာစိုက်ပျိုးရေးနဲ့ ပါတ်သက်ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့တောင် ဆင်ခြင်သင့်ပါတယ်။ ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုးပြုနိုင်သော ဓါတ်အဟာရတွေ မြောက်များစွာပါဝင်နေပါတယ်လို့သာ အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တားစေနိုင်ခြင်း၊ မဖြစ်မနေ ကျိုးရမဲ့သွားတွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ဆံပင်တွေ တဖန်ပြန်ပြီး မဲနက်လာစေနိူင်ခြင်းဆိုတဲ့အထိအစွမ်းအာနိသင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။

    စိုက်ပျိုးရေးနဲ့ ပါတ်သက်သည်များကို အဓိကထားတင်ရမယ်ဆိုရင် အပင်များနဲ့ ပါတ်သက်ရင်လဲ များပြားလှစွာသောအကျိုးများကို ဖြစ်ထွန်းစေပါတယ်။ အထွေအထူး စီမံနေစရာမလိုပါဘူး။ ဆန်ဆေးရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲယုံသာဖြစ်ပါတယ်။ အရင်ဦးဆုံး ဆေးတဲ့ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာထည့် အဖုံးကို မလုံ့တလုံထား။ အေးပြီးခြောက်တဲ့နေရာမှာ (၇)ရက်ထားလိုက်။ ပြီးရင်ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေး ခြောက်မှာ သိမ်းဆည်းပြီး အသုံးပြုခဲ့ဖူးပါတယ်။ ပြုလုပ်၊ သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတု အပူအအေးပေါ်မူတည်ပြီး အထားခံတဲ့ရက် ကွာခြားသွားနိုင်ပါတယ်။

    ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသောအခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များကို ပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သော မြေအောင်းပိုးများ ရန်ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်းသော စိုက်ပျိုးရေးအတွက်ဖြစ်စေပထမဦးဆုံး စတင်စုဆောင်းရမည့် ကုန်ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။

    ချမ်းသာကြပါစေ

    Credit-ခွန်တူး

  • သဘာဝကြက်သွန်ဖြူ ပိုးသတ်ဆေးရည် ပြုလုပ်အသုံးပြုပုံ

    (Zawgyi)

    သဘာဝၾကက္သြန္ျဖဴ ပိုးသတ္ေဆးရည္ ျပဳလုပ္အသုံးျပဳပုံ

    ၾကက္သြန္ျဖဴဟာ သီးႏွံဖ်က္ပိုးေတြကိုေသေစႏိုင္တဲ့ အာနိသင္ (Pesticidal Action) နဲ႔ မႈိစြဲနာပိုးေတြကို ေသေစႏိုင္တဲ့ အာနိသင္ (Fungicidal Action) ေတြရွိပါတယ္..

    ျပဳလုပ္ပုံအဆင့္ဆင့္

    အဆင့္၁- ေရတစ္လီတာ ယူပါ။

    အဆင့္ ၂-အေနေတာ္ ၾကက္သြန္ျဖဴဥ (၁၀)ဥ ကို ဓားျဖင့္စင္းပါ။

    အဆင့္၃-ယူေဆာင္ထားေသာ ေရတစ္လီတာထဲထည့္၍ သမာေအာင္ေမႊပါ။

    အဆင့္ ၄- ၆နာရီခန႔္ထားၿပီး ပိတ္စိမ္းပါးျဖင့္ အဖတ္မ်ားကိုဖယ္၍ ညႇစ္ခ်ပါ။

    ၾကက္သြန္ျဖဴ ပိုးသတ္ေဆးရည္ ရရွိပါၿပီ။

    အသုံးျပဳပုံ-

    အသုံးျပဳခါနီးတြင္ ေရ ၄ ဆ ထပ္ေရာၿပီး ပိုးက်ေနေသာ အပင္မ်ားကို ပက္ဖ်န္းပါ။ သီးႏွံဖ်က္ပိုးမ်ား၊ မႈိစြဲနာမ်ား ေပ်ာက္ကင္းေစရန္ တစ္ပတ္ ႏွစ္ႀကိမ္ ပက္ဖ်န္းေပးသင့္ပါသည္။

    သတိျပဳရန္-

    ၁။ လတ္လတ္ဆတ္ဆတ္ ေဖ်ာ္သုံးပါ။ သိုေလွာင္ထားပါက အာနိသင္ တျဖည္းျဖည္း ေလ်ာ့နည္းသြားပါသည္။

    ၂။ ၾကက္သြန္ျဖဴဟာ မူလသီးႏွံရဲ႕ အနံ႔အရသာကို ထိခိုက္ႏိုင္လို႔ သီးႏွံဆြတ္ခူးခါးနီး မသုံးသင့္ပါ။တစ္လခန႔္ ႀကိဳတင္ အသုံးျပဳပါ။

    ၾကက္သြန္ျဖဴ ပိုးသတ္ေဆးရည္ကို စနစ္တက်အသုံးျပဳေပးမယ္ဆိုရင္ အဖ်က္ပိုး၊ ပု႐ြက္ဆိတ္၊ျခ၊ ယင္ေကာင္၊ ယင္ေကာင္ျဖဴ၊ ပိုးတုံးလုံး၊ ပက္က်ိနဲ႔ အျခားအဖ်က္ပိုး အမ်ားအျပားကို ေသေစပါတယ္။

    Credit-FameOrganicPharmingProject

    (Unicode)

    သဘာဝကြက်သွန်ဖြူ ပိုးသတ်ဆေးရည် ပြုလုပ်အသုံးပြုပုံ

    ကြက်သွန်ဖြူဟာ သီးနှံဖျက်ပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် (Pesticidal Action) နဲ့ မှိုစွဲနာပိုးတွေကို သေစေနိုင်တဲ့ အာနိသင် (Fungicidal Action) တွေရှိပါတယ်..

    ပြုလုပ်ပုံအဆင့်ဆင့်

    အဆင့်၁ -ရေတစ်လီတာ ယူပါ။

    အဆင့်၂ -အနေတော် ကြက်သွန်ဖြူဥ (၁၀)ဥ ကို ဓားဖြင့်စင်းပါ။

    အဆင့်၃-ယူဆောင်ထားသော ရေတစ်လီတာထဲထည့်၍ သမာအောင်မွှေပါ။

    အဆင့်၄- ၆နာရီခန့်ထားပြီး ပိတ်စိမ်းပါးဖြင့် အဖတ်များကိုဖယ်၍ ညှစ်ချပါ။

    ကြက်သွန်ဖြူ ပိုးသတ်ဆေးရည် ရရှိပါပြီ။

    အသုံးပြုပုံ-

    အသုံးပြုခါနီးတွင် ရေ ၄ ဆ ထပ်ရောပြီး ပိုးကျနေသော အပင်များကို ပက်ဖျန်းပါ။ သီးနှံဖျက်ပိုးများ၊ မှိုစွဲနာများ ပျောက်ကင်းစေရန် တစ်ပတ် နှစ်ကြိမ် ပက်ဖျန်းပေးသင့်ပါသည်။

    သတိပြုရန်-

    ၁။ လတ်လတ်ဆတ်ဆတ် ဖျော်သုံးပါ။ သိုလှောင်ထားပါက အာနိသင် တဖြည်းဖြည်း လျော့နည်းသွားပါသည်။

    ၂။ ကြက်သွန်ဖြူဟာ မူလသီးနှံရဲ့ အနံ့အရသာကို ထိခိုက်နိုင်လို့ သီးနှံဆွတ်ခူးခါးနီး မသုံးသင့်ပါ။တစ်လခန့် ကြိုတင် အသုံးပြုပါ။

    ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်ကို စနစ်တကျအသုံးပြုပေးမယ်ဆိုရင် အဖျက်ပိုး၊ ပုရွက်ဆိတ်၊ခြ၊ ယင်ကောင်၊ ယင်ကောင်ဖြူ၊ ပိုးတုံးလုံး၊ ပက်ကျိနဲ့ အခြားအဖျက်ပိုး အများအပြားကို သေစေပါတယ်။

    Credit-FameOrganicPharmingProject