(Unicode)
ကြွက်နှင်ကြရအောင်။
ကြွက်သေတစ်ခု၊ အရင်းပြု
ကြွက်နားရွက်၊ ဝက်တပ်
ကြောင်မရှိ၊ ကြွက်ထ
ကြောင်အို၊ ကြွက်မလေး
ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့ စတဲ့ စကားပုံတွေ အများကြီးရှိသလို ညီငယ်၊ ညီမငယ်တို့ အိမ်မှာလည်း ကြွက်သောင်းကျန်းတွေနဲ့ နဘမ်းလုံးနေရသလားဟင်။ “ကြောင်မရှိ၊ ကြွက်ထ” စကားနဲ့အညီ ကြွက်အဟန့်လေးဖြစ်အောင် ကြောင်မွေးလိုက်ပေမယ့် နှာခေါင်းရှေ့က ကြွက်ပြေးတာတောင် မသိလိုက်တဲ့ ကြောင်ပျင်းကြီးတွေက ရှိသေး။ တခါခါ ကြောင်စာပန်းကန်ထဲ ဝင်စားနေတဲ့ကြွက်ကို စောင့်ကြောင့်ကလေးထိုင်ကြည့်ပြီး ပီတိပွားနေပြန်တဲ့ ဝေသန္တရာကြောင်မျိုးနဲ့ တိုးတတ်သေး။ ဘယ်လောက်ဘဲ ကြွက်ခုတ်တော်တော် ကြောင်မဝင်နိုင်လောက်တဲ့ ဘီရိုအကြိုအကြားထဲ အသိုက်ဖွဲ့ပြီးကိုက်ဖဲ့တတ်တဲ့ကြွက်စူပါတွေကလဲ ဒုနဲ့ဒေး။ အမလေး……ကိုကိုအမှတ်တရဝယ်ပေးထားတဲ့ လက်ပတ်နာရီသားရေ ကြိုးလေး ကိုက်ဖြတ်ထားလိုက်ပြီ စိတ်မကောင်းလိုက်တာ ကိုကိုရယ်။ ဟိုက်….သွားပြီ ချစ်လေးဝယ်ပေးထားတဲ့ ဖုန္းကာဗာ ကြွက်ကိုက်ရာကြီးနဲ့ဟ။
ဒီလိုဖြစ်နေကြတာကို ဖြေရှင်းကြစို့။ ကြွက်ထောင်ပုံးမှာ ခရမ်းချဉ်သီး အမှည့်တလုံးထည့်၊ အရှင်တကောင် ရအောင်ဖမ်းနော်။ အဲဒီကြွက်အရှင်ကို ရေဖျော်ထားတဲ့ရှိန်းခိုနဲ့ တစ်ကိုယ်လုံးအနှံ့လိမ်းပြီး လွှတ်ပေးလိုက်သိလား။ (၃-၄)ရက်အတွင်းမှာ အထုပ်အပိုးလေးတွေကိုယ်စီနဲ့ အပြီးပြောင်းထွက်ခွာသွားမယ့် ကြွက်တွေကို တွေ့ကြရမယ်ကွ။ “ကြွက်မနိုင်လို့ ကျီကိုမီးရှို့” စရာလိုသေးလို့လားဟင်။
အင်း ရှင်းပြစရာနဲ့ အကြံပြုစရာလေး ကျန်သွားသကွယ်။ ကြွက်တွေဘာကြောင့် ပြောင်းပြေးရသလဲဆိုတော့ ဖမ်းမိပြီး ရှိန်းခိုလိမ်းပေးလိုက်တဲ့ ကြွက်ကရလာတဲ့ ရှိန်းခိုအနံ့ကြောင့်ပေါ့။ အဲ့ဒီအနံ့ကိုကြွက်တွေက မခံနိုင်ဘူးလေ။ အကြံပေးချင်တာကတော့ ကြွက်ထောင်ပုံးထဲက ကြွက်အရှင်ကို ဖမ်းပြီးရှိန်းခိုသုတ်ဘို့ အခက်အခဲရှိရင် ဒီလိုလုပ်ပါလား။ အသင့်ဖျော်ထားတဲ့ ရှိန်းခိုအရည်ကို ဆံပင်ညှပ်ဆိုင်တွေမှာသုံးတဲ့ စပရေးဘူးထဲထည့်ပြီး ကြွက်ထောင်ပုံးထဲမှာတင် ကြွက်ရဲ့တစ်ကိုယ်လုံး ရွှဲရွှဲလေးစိုသွားအောင် ဖြန်းပစ်လိုက်ပါ။
Credit-(နဂါးနိုင်)
(Zawgyi)
ႂကြက္ႏွင္ၾကရေအာင္။
ႂကြက္ေသတစ္ခု၊ အရင္းျပဳ
ႂကြက္နား႐ြက္၊ ဝက္တပ္
ေၾကာင္မရွိ၊ ႂကြက္ထ
ေၾကာင္အို၊ ႂကြက္မေလး
ႂကြက္မႏိုင္၊ က်ီမီးနဲ႔ရႈိ႕ စတဲ့ စကားပုံေတြ အမ်ားႀကီးရွိသလို ညီငယ္၊ ညီမငယ္တို႔ အိမ္မွာလည္း ႂကြက္ေသာင္းက်န္းေတြနဲ႔ နဘမ္းလုံးေနရသလားဟင္။ “ေၾကာင္မရွိ၊ ႂကြက္ထ” စကားနဲ႔အညီ ႂကြက္အဟန႔္ေလးျဖစ္ေအာင္ ေၾကာင္ေမြးလိုက္ေပမယ့္ ႏွာေခါင္းေရွ႕က ႂကြက္ေျပးတာေတာင္ မသိလိုက္တဲ့ ေၾကာင္ပ်င္းႀကီးေတြက ရွိေသး။ တခါခါ ေၾကာင္စာပန္းကန္ထဲ ဝင္စားေနတဲ့ႂကြက္ကို ေစာင့္ေၾကာင့္ကေလးထိုင္ၾကည့္ၿပီး ပီတိပြားေနျပန္တဲ့ ေဝသႏၲရာေၾကာင္မ်ိဳးနဲ႔ တိုးတတ္ေသး။ ဘယ္ေလာက္ဘဲ ႂကြက္ခုတ္ေတာ္ေတာ္ ေၾကာင္မဝင္ႏိုင္ေလာက္တဲ့ ဘီ႐ိုအႀကိဳအၾကားထဲ အသိုက္ဖြဲ႕ၿပီးကိုက္ဖဲ့တတ္တဲ့ႂကြက္စူပါေတြကလဲ ဒုနဲ႔ေဒး။ အမေလး……ကိုကိုအမွတ္တရဝယ္ေပးထားတဲ့ လက္ပတ္နာရီသားေရႀကိဳးေလး ကိုက္ျဖတ္ထားလိုက္ၿပီ စိတ္မေကာင္းလိုက္တာ ကိုကိုရယ္။ ဟိုက္….သြားၿပီ ခ်စ္ေလးဝယ္ေပးထားတဲ့ ဖုန္းကာဗာ ႂကြက္ကိုက္ရာႀကီးနဲ႔ဟ။
ဒီလိုျဖစ္ေနၾကတာကို ေျဖရွင္းၾကစို႔။ ၾကြက္ေထာင္ပုံးမွာ ခရမ္းခ်ဥ္သီး အမွည့္တလုံးထည့္၊ အရွင္တေကာင္ ရေအာင္ဖမ္းေနာ္။ အဲဒီႂကြက္အရွင္ကို ေရေဖ်ာ္ထားတဲ့ရွိန္းခိုနဲ႔ တစ္ကိုယ္လုံးအႏွံ႔လိမ္းၿပီး လႊတ္ေပးလိုက္သိလား။ (၃-၄)ရက္အတြင္းမွာ အထုပ္အပိုးေလးေတြကိုယ္စီနဲ႔ အၿပီးေျပာင္းထြက္ခြာသြားမယ့္ ႂကြက္ေတြကို ေတြ႕ၾကရမယ္ကြ။ “ႂကြက္မႏိုင္လို႔ က်ီကိုမီးရႈိ႕” စရာလိုေသးလို႔လားဟင္။
အင္း ရွင္းျပစရာနဲ႔ အႀကံျပဳစရာေလး က်န္သြားသကြယ္။ ႂကြက္ေတြဘာေၾကာင့္ ေျပာင္းေျပးရသလဲဆိုေတာ့ ဖမ္းမိၿပီး ရွိန္းခိုလိမ္းေပးလိုက္တဲ့ ႂကြက္ကရလာတဲ့ ရွိန္းခိုအနံ႔ေၾကာင့္ေပါ့။ အဲ့ဒီအနံ႔ကိုႂကြက္ေတြက မခံႏိုင္ဘူးေလ။ အႀကံေပးခ်င္တာကေတာ့ ႂကြက္ေထာင္ပုံးထဲက ႂကြက္အရွင္ကို ဖမ္းၿပီးရွိန္းခိုသုတ္ဘို႔ အခက္အခဲရွိရင္ ဒီလိုလုပ္ပါလား။ အသင့္ေဖ်ာ္ထားတဲ့ ရွိန္းခိုအရည္ကို ဆံပင္ညႇပ္ဆိုင္ေတြမွာသုံးတဲ့ စပေရးဘူးထဲထည့္ၿပီး ႂကြက္ေထာင္ပုံးထဲမွာတင္ ႂကြက္ရဲ႕တစ္ကိုယ္လုံး ႐ႊဲ႐ႊဲေလးစိုသြားေအာင္ ျဖန္းပစ္လိုက္ပါ။
Credit-(နဂါးႏိုင္)
Leave a Reply