(Zawgyi)
ငါးသေလာက္တက္ေၾကာထုတ္နည္း (၂)နည္း
စားခ်င္ေပမယ့္ ေသြးတက္ အေၾကာတက္လို႔ မစားရဲသူမ်ားအတြက္ ငါးသေလာက္တက္ေၾကာထုတ္နည္း။
ငါးသေလာက္ရဲ႕တက္ေက်ာေလးထုတ္ရေအာင္
ငါးသေလာက္ေလး စားျခင္ေပမဲ့ အေၾကာတက္လို႔ မစားရဘူးဆိုသူမ်ားအတြက္ ပုံမွာျပထားတဲ့အတိုင္း ဦးေခါင္းနားက အသားေလးကို အသာရွပ္လွီးလိုက္ရင္ အေၾကာျဖဴေလး ေတြ႕ပါလိမ့္မယ္။

အသာအယာဆြဲယူပါ။ တအားဆြဲရင္ ျပတ္ထြက္တတ္ပါတယ္။

ျပတ္သြားရင္ေတာ့ အေၾကာတက္မွာပါပဲ။ အခုကြၽန္မအေက်ာထုတ္ထားတာ ၈၀သားအေကာင္ပါ။ တက္ေက်ာေလးက ပုံမွာျပထားတဲ့အတိုင္း ၁၀လက္မေလာက္ ရွည္ပါတယ္။ ငါးရဲ႕ေခါင္းႏွစ္ဖက္လုံးရဲ႕ ေဘးအသားကို ရွပ္လွီးထုတ္ရမွာပါ။ တက္ေက်ာက ႏွစ္ဖက္လုံးမွာရွိလို႔ ႏွစ္ဖက္လုံး အေၾကာထုတ္ရပါတယ္။ သိမ္ျဖဴေဈးက ငါးသေလာက္သည္ႀကီး သင္ေပးတဲ့ တက္ေၾကာထုတ္နည္းေလးပါရွင္။ အားလုံးအဆင္ေျပၾကပါေစရွင္။
Credit–Yadanar Soe
ေနာက္တစ္နည္း-
မီးဖိုေခ်ာင္ထဲက ညီမငယ္ေရ ေရွးလူႀကီးသူမေတြ ေျပာခဲ့တဲ့ စကားတခုရွိတယ္ဗ်။ “မယား ဆံေတာက္၊ ငါးငသေလာက္” တဲ့။ ဟဲဟဲ မယားဆံေတာက္အေၾကာင္းေတာ့သိဘူးဗ်။ ငါးသေလာက္ကေတာ့ အရသာ ေလးေလးပင္ပင္နဲ႔ ေကာင္းသေလာက္၊ စားၿပီးရင္ မ်က္လုံးေလး ေမွးစင္းသြားတာဘဲ။ အဲ့ဒါကို ငါးသေလာက္တက္တယ္လို႔ ေခၚတယ္ေလ။
ညီမေလးကေတာ့ လူငယ္ဆိုေတာ့ ဘယ္ေလာက္တက္တက္ ဇိမ္မပ်က္ေပမယ့္ တစ္အိမ္တည္း အတူေနၾကတဲ့ ဖိုးဖိုး၊ ဖြားဖြား၊ ေဖေဖ၊ ေမေမတို႔က်ေတာ့ မစားရဲၾကတာ မ်ားတယ္၊ တက္စာေတြ ေရွာင္ၾကတာမ်ားတယ္။ ေသြးတက္မွာ ေၾကာက္လို႔သာ မစားရဲၾကတာေနာ္။ စားခ်င္စိတ္ေတြကေတာ့ တဖြားဖြားဖိတ္ေပါ့ဗ်ာ။
ဒီေတာ့ကာ သူတို႔ေတြကို ငါးသေလာက္ဟင္း တက္ျခင္းကင္းကင္းနဲ႔ ခ်က္ေကြၽးခ်င္ေနမလား ညီမငယ္။ နည္းလမ္းေလးေတာ့ ရွိပါတယ္ကြာ။

ကဲ…. ငါးသေလာက္ကိုေခါင္းျဖတ္လိုက္ရင္ ငါးသေလာက္ရဲ႕ေက်ာပိုင္း ဘယ္ညာက သားေရနဲ႔ အသားၾကားမွာ တက္ေၾကာျဖဴျဖဴ ခပ္ျပားျပားေလးကို ေတြ႕ရမယ္။ အဲ့ဒီ တက္ေၾကာကို ဖယ္ရွားၿပီး ခ်က္။ တက္ဘို႔မေျပာနဲ႔ ေသြးတိုး သမားေတြေတာင္ စားလို႔ရသြားၿပီဗ်။ တစ္ခုေတာ့ရွိတယ္ ညီမေလးရဲ႕။ အရသာေလး နဲနဲေတာ့ ေပါ့သြားမယ္ေနာ္ ဟုတ္ၿပီလား။
Credit–နဂါးႏိုင္
(Unicode)
ငါးသလောက်တက်ကြောထုတ်နည်း (၂)နည်း
စားချင်ပေမယ့် သွေးတက် အကြောတက်လို့ မစားရဲသူများအတွက် ငါးသလောက်တက်ကြောထုတ်နည်း။
ငါးသလောက်ရဲ့တက်ကျောလေးထုတ်ရအောင်
ငါးသလောက်လေး စားခြင်ပေမဲ့ အကြောတက်လို့ မစားရဘူးဆိုသူများအတွက် ပုံမှာပြထားတဲ့အတိုင်း ဦးခေါင်းနားက အသားလေးကို အသာရှပ်လှီးလိုက်ရင် အကြောဖြူလေး တွေ့ပါလိမ့်မယ်။
အသာအယာဆွဲယူပါ။ တအားဆွဲရင် ပြတ်ထွက်တတ်ပါတယ်။ ပြတ်သွားရင်တော့ အကြောတက်မှာပါပဲ။ အခုကျွန်မအကျောထုတ်ထားတာ ၈၀သားအကောင်ပါ။ တက်ကျောလေးက ပုံမှာပြထားတဲ့အတိုင်း ၁၀လက်မလောက် ရှည်ပါတယ်။ ငါးရဲ့ခေါင်းနှစ်ဖက်လုံးရဲ့ ဘေးအသားကို ရှပ်လှီးထုတ်ရမှာပါ။ တက်ကျောက နှစ်ဖက်လုံးမှာရှိလို့ နှစ်ဖက်လုံး အကြောထုတ်ရပါတယ်။ သိမ်ဖြူဈေးက ငါးသလောက်သည်ကြီး သင်ပေးတဲ့ တက်ကြောထုတ်နည်းလေးပါရှင်။ အားလုံးအဆင်ပြေကြပါစေရှင်။
Credit–Yadanar Soe
နောက်တစ်နည်း-
မီးဖိုချောင်ထဲက ညီမငယ်ရေ ရှေးလူကြီးသူမတွေ ပြောခဲ့တဲ့ စကားတခုရှိတယ်ဗျ။ “မယား ဆံတောက်၊ ငါးငသလောက်” တဲ့။ ဟဲဟဲ မယားဆံတောက်အကြောင်းတော့သိဘူးဗျ။ ငါးသလောက်ကတော့ အရသာ လေးလေးပင်ပင်နဲ့ ကောင်းသလောက်၊ စားပြီးရင် မျက်လုံးလေး မှေးစင်းသွားတာဘဲ။ အဲ့ဒါကို ငါးသလောက်တက်တယ်လို့ ခေါ်တယ်လေ။
ညီမလေးကတော့ လူငယ်ဆိုတော့ ဘယ်လောက်တက်တက် ဇိမ်မပျက်ပေမယ့် တစ်အိမ်တည်း အတူနေကြတဲ့ ဖိုးဖိုး၊ ဖွားဖွား၊ ဖေဖေ၊ မေမေတို့ကျတော့ မစားရဲကြတာ များတယ်၊ တက်စာတွေ ရှောင်ကြတာများတယ်။ သွေးတက်မှာ ကြောက်လို့သာ မစားရဲကြတာနော်။ စားချင်စိတ်တွေကတော့ တဖွားဖွားဖိတ်ပေါ့ဗျာ။
ဒီတော့ကာ သူတို့တွေကိုငါးသလောက်ဟင်း တက်ခြင်းကင်းကင်းနဲ့ ချက်ကျွေးချင်နေမလား ညီမငယ်။ နည်းလမ်းလေးတော့ ရှိပါတယ်ကွာ။
ကဲ…. ငါးသလောက်ကိုခေါင်းဖြတ်လိုက်ရင် ငါးသလောက်ရဲ့ကျောပိုင်း ဘယ်ညာက သားရေနဲ့ အသားကြားမှာ တက်ကြောဖြူဖြူ ခပ်ပြားပြားလေးကို တွေ့ရမယ်။ အဲ့ဒီ တက်ကြောကို ဖယ်ရှားပြီး ချက်။ တက်ဘို့မပြောနဲ့ သွေးတိုး သမားတွေတောင် စားလို့ရသွားပြီဗျ။ တစ်ခုတော့ရှိတယ် ညီမလေးရဲ့။ အရသာလေး နဲနဲတော့ ပေါ့သွားမယ်နော် ဟုတ်ပြီလား။
Credit–နဂါးနိုင်
Leave a Reply