(Unicode)
ကလေး၊ လူကြီး အားလုံး Super Glue နဲ့ ကပ်မိရင် ဘယ်လိုအရေးပေါ် ကုသပေးနိုင်မလဲ
Super Glue မှာ Cyanoacrylates ဆိုတဲ့ ဓာတုပစ္စည်း အဓိကပါဝင်ပါတယ်။ ကပ်အားအလွန်ကောင်းတဲ့ ဓာတုပစ္စည်းမို့ မတော်တဆ သူနဲ့ထိမိတဲ့အခါ အရေပြားအချင်းချင်း ပူးကပ်သွားတာ၊ ဦးရေပြားနဲ့ ဆံပင်မှာ ထွေးကပ်သွားတာ၊ ပါးစပ်ထဲ ဝင်သွားတဲ့အခါ အမြန်ခြောက်သွားတတ်တဲ့ သဘာဝကြောင့် ပါးစောင်၊ အာခေါင်၊ လျှာပေါ်မှာ ခြောက်ပြီး ကပ်သွားတာ၊ မျက်စိထဲဝင်ပြီး မျက်လုံးပိတ်သွားတာ၊ မျက်စိ မျက်ကြည်လွှာထိခိုက်ပြီး အမြင်အာရုံကွယ်သွားတာတွေထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ အထူးသတိထားသင့်ပါတယ်။ လူကြီးတွေတောင်မှ တစ်ခုခုကပ်ဖို့ Super Glue ကိုသုံးတဲ့အခါ လက်မှာကပ်တာတို့ ပေကျံတာတို့ ဖြစ်လေ့ရှိတာကြောင့် လက်အိတ်ဖြင့် အသုံးပြုကိုင်တွယ် သင့်ပါတယ်။
Super Glue နဲ့ ကပ်မိရင် အရေးပေါ် ဘာလုပ်ပေးနိုင်လဲ။ ဘယ်လို ကုသမှုပေးရမလဲ ဆိုတာကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။
အရေပြားမှာ ကပ်ခဲ့ရင်
ကပ်နေတဲ့အရေပြားကို ဇွတ်ဆွဲမခွာပါနဲ့။ အရေပြား ထိခိုက်ပွန်းပဲ့နိုင်ပါတယ်။ ကပ်နေတဲ့နေရာကိုဟင်းသီးဟင်းရွက်ဆီ (Vegetable oil) ရွှဲရွှဲလူးပေးထားပါ။ အဲဒါမရှိရင် ဆပ်ပြာနဲ့ ရေနွေးနွေးနဲ့ စိမ်ထားပါ။အရေပြားကို ရှေ့နောက်အသာအယာ ပွတ်ဆွဲလှိမ့်ပြီး အနားတွေကစပြီး ကပ်နေတဲ့ကော်ကို ငြင်ငြင်သာသာခွာကြည့်ပါ။ တခါနဲ့မရရင် ဆီပြန်လူးပြီး ထပ်ခါထပ်ခါ ကြိုးစားကြည့်ပါ။ ချောမွတ်တဲ့ပစ္စည်းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ်နေတဲ့ကြားကထားပြီး အသာဆွဲဟကြည့်ပါ။ ခွာလို့ရသွားပြီးရင် ခြောက်သွေ့အက်ကွဲတာ ကာကွယ်ဖို့ အစိုဓာတ်ထိန်းတဲ့ ခရင် တခုခုလိမ်းပေးပါ။
မျက်စိထဲ ဝင်တဲ့အခါ
မျက်ခွံကို ဇွတ်ဆွဲမခွာပါနဲ့။ ဒဏ်ရာရသွားနိုင်ပါတယ်။ ကော်ဝင်သွားတဲ့မျက်စိကို ရေနွေးနွေးနဲ့ ချက်ချင်းဆေးပါ။ ရေဆွတ်ထားတဲ့အဝတ် သို့မဟုတ် ပတ်တီးနဲ့ အသာအုပ်ထားပြီး မျက်စိဆရာဝန်ထံ သွားပါ။ တကယ်လို့ ပြစရာမျက်စိဆရာဝန်မရှိရင်လည်း ပြာပြီး လုပ်မိလုပ်ရာမလုပ်ပါနဲ့။ များသောအားဖြင့် ၁-၄ ရက်အတွင်း အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။
ဆံပင်နဲ့ဦးရေပြား
ရေနွေးနွေးနဲ့ ခေါင်းလျှော်ပါ။ Vegetable oil ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် Body oil ကိုယ်လိမ်းဆီ တမျိုးမျိုး ရွှဲရွှဲလူးပေးပါ။ တရက်၊ နှစ်ရက်နေရင် အလိုလိုကွာကျသွားပါမယ်။ သိပ်လုံးထွေးနေရင် ဆံပင်ကို အသာလေး ရိတ်ပစ်လို့ရပါတယ်။
ပါးစပ်နဲ့နှုတ်ခမ်း
ဇွတ်ဆွဲမခွာပါနဲ့။ ရေနွေးများများနဲ့ အသာဆေးပါ။ ပါးစပ်ထဲ ကပ်နေတဲ့ ကော်ကို ပါးစပ်ထဲက သွားရေနဲ့ပဲ စိုအောင်လုပ်ပြီး လျှာကပွတ်တွန်းပေးပါ။ (ကလေးငယ်တွေကတော့ မလုပ်တတ်လောက်ဘူး။) တရက်နှစ်ရက်နေလို့ ကွာလာတဲ့အခါ မြိုမချမိဖို့ သတိထားရပါမယ်။ (ဒါလည်း ကလေးငယ်တွေအဖို့ ခက်ခဲပါမယ်။)
Credit-ဒေါက်တာသက်ထားရွှေစင်ဝင်း
(Zawgyi)
ကေလး၊ လူႀကီး အားလုံး Super Glue နဲ႔ ကပ္မိရင္ ဘယ္လိုအေရးေပၚ ကုသေပးႏိုင္မလဲ

Super Glue မွာ Cyanoacrylates ဆိုတဲ့ ဓာတုပစၥည္း အဓိကပါဝင္ပါတယ္။ ကပ္အားအလြန္ေကာင္းတဲ့ ဓာတုပစၥည္းမို႔ မေတာ္တဆ သူနဲ႔ထိမိတဲ့အခါ အေရျပားအခ်င္းခ်င္း ပူးကပ္သြားတာ၊ ဦးေရျပားနဲ႔ ဆံပင္မွာ ေထြးကပ္သြားတာ၊ ပါးစပ္ထဲ ဝင္သြားတဲ့အခါ အျမန္ေျခာက္သြားတတ္တဲ့ သဘာဝေၾကာင့္ ပါးေစာင္၊ အာေခါင္၊ လွ်ာေပၚမွာ ေျခာက္ၿပီး ကပ္သြားတာ၊ မ်က္စိထဲဝင္ၿပီး မ်က္လုံးပိတ္သြားတာ၊ မ်က္စိ မ်က္ၾကည္လႊာထိခိုက္ၿပီး အျမင္အာ႐ုံကြယ္သြားတာေတြထိ ျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ ကေလးငယ္ရွိတဲ့ မိဘေတြအေနနဲ႔ အထူးသတိထားသင့္ပါတယ္။ လူႀကီးေတြေတာင္မွ တစ္ခုခုကပ္ဖို႔ Super Glue ကိုသုံးတဲ့အခါ လက္မွာကပ္တာတို႔ ေပက်ံတာတို႔ ျဖစ္ေလ့ရွိတာေၾကာင့္ လက္အိတ္ျဖင့္ အသုံးျပဳကိုင္တြယ္ သင့္ပါတယ္။
Super Glue နဲ႔ ကပ္မိရင္ အေရးေပၚ ဘာလုပ္ေပးႏိုင္လဲ။ ဘယ္လို ကုသမႈေပးရမလဲ ဆိုတာကို သိရွိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။
အေရျပားမွာ ကပ္ခဲ့ရင္
ကပ္ေနတဲ့အေရျပားကို ဇြတ္ဆြဲမခြာပါနဲ႔။ အေရျပား ထိခိုက္ပြန္းပဲ့ႏိုင္ပါတယ္။ ကပ္ေနတဲ့ေနရာကိုဟင္းသီးဟင္း႐ြက္ဆီ (Vegetable oil) ႐ႊဲ႐ႊဲလူးေပးထားပါ။ အဲဒါမရွိရင္ ဆပ္ျပာနဲ႔ ေရေႏြးေႏြးနဲ႔ စိမ္ထားပါ။အေရျပားကို ေရွ႕ေနာက္အသာအယာ ပြတ္ဆြဲလွိမ့္ၿပီး အနားေတြကစၿပီး ကပ္ေနတဲ့ေကာ္ကို ျငင္ျငင္သာသာခြာၾကည့္ပါ။ တခါနဲ႔မရရင္ ဆီျပန္လူးၿပီး ထပ္ခါထပ္ခါ ႀကိဳးစားၾကည့္ပါ။ ေခ်ာမြတ္တဲ့ပစၥည္းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ္ေနတဲ့ၾကားကထားၿပီး အသာဆြဲဟၾကည့္ပါ။ ခြာလို႔ရသြားၿပီးရင္ ေျခာက္ေသြ႕အက္ကြဲတာ ကာကြယ္ဖို႔ အစိုဓာတ္ထိန္းတဲ့ ခရင္ တခုခုလိမ္းေပးပါ။
မ်က္စိထဲ ဝင္တဲ့အခါ
မ်က္ခြံကို ဇြတ္ဆြဲမခြာပါနဲ႔။ ဒဏ္ရာရသြားႏိုင္ပါတယ္။ ေကာ္ဝင္သြားတဲ့မ်က္စိကို ေရေႏြးေႏြးနဲ႔ ခ်က္ခ်င္းေဆးပါ။ ေရဆြတ္ထားတဲ့အဝတ္ သို႔မဟုတ္ ပတ္တီးနဲ႔ အသာအုပ္ထားၿပီး မ်က္စိဆရာဝန္ထံ သြားပါ။ တကယ္လို႔ ျပစရာမ်က္စိဆရာဝန္မရွိရင္လည္း ျပာၿပီး လုပ္မိလုပ္ရာမလုပ္ပါနဲ႔။ မ်ားေသာအားျဖင့္ ၁-၄ ရက္အတြင္း အလိုလို ျပန္ပြင့္လာပါလိမ့္မယ္။
ဆံပင္နဲ႔ဦးေရျပား
ေရေႏြးေႏြးနဲ႔ ေခါင္းေလွ်ာ္ပါ။ Vegetable oil ဟင္းသီးဟင္း႐ြက္ဆီ သို႔မဟုတ္ Body oil ကိုယ္လိမ္းဆီ တမ်ိဳးမ်ိဳး ႐ႊဲ႐ႊဲလူးေပးပါ။ တရက္၊ ႏွစ္ရက္ေနရင္ အလိုလိုကြာက်သြားပါမယ္။ သိပ္လုံးေထြးေနရင္ ဆံပင္ကို အသာေလး ရိတ္ပစ္လို႔ရပါတယ္။
ပါးစပ္နဲ႔ႏႈတ္ခမ္း
ဇြတ္ဆြဲမခြာပါနဲ႔။ ေရေႏြးမ်ားမ်ားနဲ႔ အသာေဆးပါ။ ပါးစပ္ထဲ ကပ္ေနတဲ့ ေကာ္ကို ပါးစပ္ထဲက သြားေရနဲ႔ပဲ စိုေအာင္လုပ္ၿပီး လွ်ာကပြတ္တြန္းေပးပါ။ (ကေလးငယ္ေတြကေတာ့ မလုပ္တတ္ေလာက္ဘူး။) တရက္ႏွစ္ရက္ေနလို႔ ကြာလာတဲ့အခါ ၿမိဳမခ်မိဖို႔ သတိထားရပါမယ္။ (ဒါလည္း ကေလးငယ္ေတြအဖို႔ ခက္ခဲပါမယ္။)
Credit-ေဒါက္တာသက္ထားေ႐ႊစင္ဝင္း
Leave a Reply