ထမင္းေပါင္းအိုးနဲ႕ ငါးသေလာက္ေပါင္း လုပ္စားလို႕ရမယ့္ နည္းလမ္းေလး။ ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်း လုပ်စားလို့ရမယ့် နည်းလမ်းလေး။

(Zawgyi)

ထမင္းေပါင္းအိုးနဲ႕ ငါးသေလာက္ေပါင္း လုပ္စားလို႕ရမယ့္ နည္းလမ္းေလး… ထမင္းေပါင္းအိုး နဲ႔ေပါင္းတာပါ… အရမ္းလြယ္ပါတယ္…

ငါးသေလာက္ကို အေနေတာ္တံုးပါ။ ေဆးေၾကာသန့္စင္ၿပီးရင္ ဆား ဆႏြင္း ငံျပာရည္ သၾကား ထည့္ ေရွာက္သီးကိုအရည္ညွစ္ၿပီးထည့္ နယ္ၿပီးနွပ္ထားပါ။ ေပါင္းမယ့္ အိုး ထဲမွာ စပါးလင္ ကိုအေနေတာ္ျဖတ္ထည့္ၿပီး ဒါးျပားရိုက္ၿပီးခင္းပါတယ္။ ခရမ္းခ်ဥ္သီး (၅) လံုးကိုလည္း ေလးစိတ္ စိတ္ၿပီးခင္း အဲ ့အေပၚကေနမွ ငါးေတြကိုေနရာခ်။ ေရနည္းနည္းထည့္ျပီး ေပါင္းပါတယ္ ေရ ခမ္းရင္ ေတာ့ ငါးျမဳတ္ရံု ထည့္ေပးပါတယ္။ ေရထည့္တဲ ့အခါ ငါးအေပၚကိုေလာင္းမထည့္ပါနဲ ့ ..ေဘးကေန ညင္ညင္သာသာေလာင္းထည့္ေပးပါ…

ေလးႀကိမ္ေလာက္ထည့္ၿပီး ေရခမ္းရင္အရိုးလည္း ႏူးေလာက္ပါၿပီ။ ၾကက္သြန္ဥ ေလးေတြထည့္ ..ေရထပ္ထည့္ျပီး ဆူေအာင္တည္..။ အရိုး နူးမနူးလည္းစစ္ပါ။ အရိုးနူးေလာက္ၿပီဆိုရင္ ဒယ္အိုး တအိုးထဲမွာဆီကိုဆူေနေအာင္တည္.. ျငဳပ္သီးေလးေတာင့္ေလာက္ကို ညက္ေအာင္ေထာင္းျပီး ဆီသတ္။ ဆီသတ္ ရင္ ေရ ေလးနည္းနည္းထည့္ျပီးသတ္ပါ။ ျငဳပ္သီးလည္းမတူးသလို အရသာ လည္းပိုေကာင္းပါတယ္။

ၿပီးရင္အေအးခံၿပီး ငါးသေလာက္ အိုးထဲထည့္ပါ။ ေရခမ္းၿပီး ဆီျပန္လာရင္ အရသာရွိရွိသံုးေဆာင္ နိုင္ပါၿပီ။ ၾကာခ်ိန္ (၂) နာရီမွ (၄)နာရီအတြင္းျဖစ္ပါတယ္။

Credit-Original Uploader

(Unicode)

ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်း လုပ်စားလို့ရမယ့် နည်းလမ်းလေး… ထမင်းပေါင်းအိုး နဲ့ပေါင်းတာပါ… အရမ်းလွယ်ပါတယ်…

ငါးသလောက်ကို အနေတော်တုံးပါ။ ဆေးကြောသန့်စင်ပြီးရင် ဆား ဆနွင်း ငံပြာရည် သကြား ထည့် ရှောက်သီးကိုအရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။ ပေါင်းမယ့် အိုး ထဲမှာ စပါးလင် ကိုအနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။ ခရမ်းချဉ်သီး (၅) လုံးကိုလည်း လေးစိတ် စိတ်ပြီးခင်း အဲ့အပေါ်ကနေမှ ငါးတွေကိုနေရာချ။ ရေနည်းနည်းထည့်ပြီး ပေါင်းပါတယ် ရေ ခမ်းရင် တော့ ငါးမြုတ်ရုံ ထည့်ပေးပါတယ်။ ရေထည့်တဲ့အခါ ငါးအပေါ်ကိုလောင်းမထည့်ပါနဲ့ ..ဘေးကနေ ညင်ညင်သာသာလောင်းထည့်ပေးပါ…

လေးကြိမ်လောက်ထည့်ပြီး ရေခမ်းရင်အရိုးလည်း နူးလောက်ပါပြီ။ ကြက်သွန်ဥ လေးတွေထည့် ..ရေထပ်ထည့်ပြီး ဆူအောင်တည်..။ အရိုး နူးမနူးလည်းစစ်ပါ။ အရိုးနူးလောက်ပြီဆိုရင် ဒယ်အိုး တအိုးထဲမှာဆီကိုဆူနေအောင်တည်.. ငြုပ်သီးလေးတောင့်လောက်ကို ညက်အောင်ထောင်းပြီး ဆီသတ်။ ဆီသတ် ရင် ရေ လေးနည်းနည်းထည့်ပြီးသတ်ပါ။ ငြုပ်သီးလည်းမတူးသလို အရသာ လည်းပိုကောင်းပါတယ်။

ပြီးရင်အအေးခံပြီး ငါးသလောက် အိုးထဲထည့်ပါ။ ရေခမ်းပြီး ဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။ ကြာချိန် (၂) နာရီမှ (၄)နာရီအတွင်းဖြစ်ပါတယ်။

Credit-Original Uploader

Comments

Leave a Reply

Your email address will not be published. Required fields are marked *