ေမွာက္အိပ္ရတာ ၾကိဳက္တဲ့သူေတြ ဒါေလးေတြကို သိထားေပးပါ
====================
====================
အိပ္တဲ့ပံုစံ အမ်ိဳးမ်ိဳးရွိတဲ့အထဲမွာမွ ေမွာက္အိပ္တဲ့ပံုစံကေတာ့ က်န္းမာေရးနဲ႔ မညီညြတ္ဆံုး အေနအထားလို႔ဆိုႏိုင္ပါတယ္။ လူေတြသိထားၾကတာကေတာ့ ေမွာက္အိပ္ရင္ ဗိုက္ေအာင့္ဗိုက္နာျဖစ္မယ္၊ ကိုယ္ဝန္ေဆာင္ေတြဆိုရင္ ကေလးကို သြားျပီးထိခိုက္ႏိုင္တယ္ဆိုတာေပါ့။ တကယ္ေတာ့ ေမွာက္အိပ္တာမွာလည္း သူ႔ရဲ႕ ေကာင္းကြက္၊ ဆိုးကြက္ေတြဆိုတာ အျမဲတမ္းရွိေနတတ္တာေၾကာင့္ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး အခုေဆာင္းပါးမွာ ေျပာျပေပးသြားခ်င္ပါတယ္။
ေမွာက္အိပ္လို႔ ဘာေကာင္းက်ိဳးရွိလဲ။
အိပ္ေနတဲ့အခ်ိန္မွာ ေဟာက္တတ္တဲ့သူေတြအတြက္ ေဟာက္သံထြက္တာ နည္းသြားမယ္။ အသက္ရွဴၾကပ္ျပီး အိပ္မေပ်ာ္ျဖစ္တဲ့သူေတြအတြက္ ေမွာက္အိပ္ျခင္းနည္းလမ္းက အဆင္ေျပေစႏိုင္ပါတယ္။ ဒါေပမယ့္ ေကာင္းက်ိဳးနည္းျပီး ဆိုးက်ိဳးမ်ားတာေၾကာင့္ တစ္ေရးတေမာ မိနစ္အနည္းငယ္ေလာက္ပဲ အိပ္လို႔ အဆင္ေျပျပီး ၾကာရွည္အိပ္မယ္ဆိုရင္ေတာ့ ကိုယ္ခႏၶာအရိုးအဆစ္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။
ေမွာက္အိပ္တဲ့အခါ ကိုယ္ခႏၶာအတြက္ ဘယ္လိုဒုကၡျဖစ္ေစလဲ။
၁။ ပထမဆံုးအေနနဲ႔ ေက်ာရိုးမွာ ဒဏ္စျဖစ္ပါတယ္။ ေမွာက္အိပ္တဲ့အခါ ကိုယ္ခႏၶာအရိုးအဆစ္နဲ႔ ေမြ႔ယာက တစ္သားတည္းမက်ပါဘူး။ ဗိုက္ကို ေမွာက္ထားလိုက္ေတာ့ တစ္ကိုယ္လံုးရဲ႕ အေလးခ်ိန္က ဒီဗိုက္ေပၚကို သြားျပီးသက္ေရာက္ပါတယ္။ အဲ့ေတာ့ ဗိုက္နဲ႔ ဆက္စပ္ေနတဲ့ ေက်ာရိုးမွာ ပံုမွန္တစ္ေျဖာင့္တည္းမဟုတ္ေတာ့ဘဲ အေနအထားပ်က္ယြင္းကာ မနက္ႏိုးလာျပီဆိုရင္ ေညာင္းညာကိုက္ခဲျခင္းကို ျဖစ္ေစပါတယ္။
၂။ ေက်ာရိုးက နာက်င္ကိုက္ခဲျပီဆိုရင္ သူနဲ႔ ဆက္စပ္ေနတဲ့ လည္ပင္းရိုးေတြကိုလည္း သြားျပီး ဒဏ္ျဖစ္ေစပါတယ္။ ေမွာက္အိပ္တဲ့သူေတာ္ေတာ္မ်ားမ်ားက အသက္ရွဴလို႔ရေအာင္ ေခါင္းကို ဘယ္ဘက္ သို႔မဟုတ္ ညာဘက္ကို ေစာင္းျပီး အိပ္ၾကပါတယ္။ အဲ့လိုပံုစံအတိုင္း အခ်ိန္အၾကာၾကီးအိပ္ေနေတာ့ လည္ပင္းမွာရွိတဲ့ အရိုးအဆစ္ေတြက ၾကာလာတာနဲ႔အမွ် ေညာင္းညာကိုက္ခဲျပီး ဒဏ္ျဖစ္ေစပါတယ္။ အဲ့ေတာ့ ညအိပ္ခ်ိန္ျပည့္တာေတာင္ မနက္ႏိုးလာရင္ ဟိုနားက နာ၊ ဒီနားက ကိုက္နဲ႔ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေစႏိုင္ပါတယ္။
၃။ ဒီအေနအထားက မိနစ္အနည္းငယ္ေလာက္ အိပ္ဖို႔ပဲ အဆင္ေျပျပီး ၾကာရွည္စြာ အိပ္မယ္ဆိုရင္ အစာအိမ္ကို ဖိထားမိသလို ျဖစ္ျပီး ဗိုက္ေအာင့္ဗိုက္နာ ျဖစ္ေစႏိုင္ပါတယ္။
၄။ အရိုးအဆစ္ေတြက နာက်င္ျပီးတဲ့ေနာက္ ထံုက်ဥ္သြားပါတယ္။ ထံုက်ဥ္မႈရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ အသားထဲက ဆူးစူးသလို ခံစားရတာ၊ ခံစားသိရွိႏိုင္စြမ္း ေလ်ာ့နည္းသြားတာ၊ ကိုယ္လက္အစိတ္အပိုင္းေတြ အလုပ္မလုပ္ႏိုင္ေတာ့သလို အားေပ်ာ့သြားတာေတြ ျဖစ္ႏိုင္ပါတယ္။
၅။ ဒီလိုအိပ္စက္ပံုအေနအထားဟာ ကေလးေတြနဲ႔ လူငယ္ေတြမွာ ခါးနဲ႔ ေက်ာရိုးအဆစ္လြဲျခင္းေတြ ျဖစ္ေစျပီး အေနအထားမမွန္စြာ အိပ္စက္ျခင္းေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ လက္ျပင္ကုန္းတာ၊ ခါးကိုင္းေနတာ၊ အရိုးအဆစ္မေကာင္းတာေတြ ျဖစ္ႏိုင္ပါတယ္။
၆။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ဒီလိုအိပ္စက္တဲ့ အေနအထားကို လံုုးဝေရွာင္ဖို႔လိုအပ္ပါတယ္။ မိခင္အတြက္လည္း အဆင္မေျပေစသလို ဗိုက္ကို ဖိထားရတာျဖစ္တဲ့အတြက္ အထဲက သေႏၶသားအတြက္လည္း ေနရထိုင္ရခက္ေစပါတယ္။ အခန္႔မသင့္ရင္ ကိုယ္ဝန္ပ်က္က်တဲ့အထိပါ ျပင္းထန္ႏိုင္ပါတယ္။ ကိုယ္ဝန္အေစာပိုင္းကာလမွာလည္း မေပါ့သင့္ပါဘူး။
ဒါေၾကာင့္ ေမွာက္အိပ္ရမွာ ၾကိဳက္တဲ့သူေတြဆိုရင္ ေမွာက္လ်က္နဲ႔ အခ်ိန္အၾကာၾကီးလံုးဝ မအိပ္ပါနဲ႔။ ခဏတျဖဳတ္ ေမွးရံုေလာက္ပဲ အိပ္ပါ။ ေခါင္းေအာက္မွာ ေခါင္းအံုးေသးေသးတစ္လံုး ခံေပးပါ။ ကေလးေတြ၊ လူငယ္ေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဆိုရင္ ေမွာက္လ်က္လံုးဝမအိပ္ပါနဲ႔။ ပက္လက္ သို႔မဟုတ္ ေဘးအနည္းငယ္ေစာင္းတဲ့ အေနအထားပဲ အိပ္ေပးပါေနာ္။ မနက္ႏိုးလာျပီဆိုရင္ အေၾကာအခ်ဥ္ေတြ၊ အရိုးအဆစ္ေတြကို ဆန္႔ျပီး အေညာင္းေျဖေပးပါ။ လမ္းနည္းနည္း ထေလွ်ာက္ပါ။
==========
ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
(unicode)
မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ
====================
====================
အိပ်တဲ့ပုံစံ အမျိုးမျိုးရှိတဲ့အထဲမှာမှ မှောက်အိပ်တဲ့ပုံစံကတော့ ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အနေအထားလို့ဆိုနိုင်ပါတယ်။ လူတွေသိထားကြတာကတော့ မှောက်အိပ်ရင် ဗိုက်အောင့်ဗိုက်နာဖြစ်မယ်၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကို သွားပြီးထိခိုက်နိုင်တယ်ဆိုတာပေါ့။ တကယ်တော့ မှောက်အိပ်တာမှာလည်း သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေဆိုတာ အမြဲတမ်းရှိနေတတ်တာကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ပြောပြပေးသွားချင်ပါတယ်။
မှောက်အိပ်လို့ ဘာကောင်းကျိုးရှိလဲ။
အိပ်နေတဲ့အချိန်မှာ ဟောက်တတ်တဲ့သူတွေအတွက် ဟောက်သံထွက်တာ နည်းသွားမယ်။ အသက်ရှူကြပ်ပြီး အိပ်မပျော်ဖြစ်တဲ့သူတွေအတွက် မှောက်အိပ်ခြင်းနည်းလမ်းက အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများတာကြောင့် တစ်ရေးတမော မိနစ်အနည်းငယ်လောက်ပဲ အိပ်လို့ အဆင်ပြေပြီး ကြာရှည်အိပ်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာအရိုးအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။
မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအတွက် ဘယ်လိုဒုက္ခဖြစ်စေလဲ။
၁။ ပထမဆုံးအနေနဲ့ ကျောရိုးမှာ ဒဏ်စဖြစ်ပါတယ်။ မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအရိုးအဆစ်နဲ့ မွေ့ယာက တစ်သားတည်းမကျပါဘူး။ ဗိုက်ကို မှောက်ထားလိုက်တော့ တစ်ကိုယ်လုံးရဲ့ အလေးချိန်က ဒီဗိုက်ပေါ်ကို သွားပြီးသက်ရောက်ပါတယ်။ အဲ့တော့ ဗိုက်နဲ့ ဆက်စပ်နေတဲ့ ကျောရိုးမှာ ပုံမှန်တစ်ဖြောင့်တည်းမဟုတ်တော့ဘဲ အနေအထားပျက်ယွင်းကာ မနက်နိုးလာပြီဆိုရင် ညောင်းညာကိုက်ခဲခြင်းကို ဖြစ်စေပါတယ်။
၂။ ကျောရိုးက နာကျင်ကိုက်ခဲပြီဆိုရင် သူနဲ့ ဆက်စပ်နေတဲ့ လည်ပင်းရိုးတွေကိုလည်း သွားပြီး ဒဏ်ဖြစ်စေပါတယ်။ မှောက်အိပ်တဲ့သူတော်တော်များများက အသက်ရှူလို့ရအောင် ခေါင်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်ကို စောင်းပြီး အိပ်ကြပါတယ်။ အဲ့လိုပုံစံအတိုင်း အချိန်အကြာကြီးအိပ်နေတော့ လည်ပင်းမှာရှိတဲ့ အရိုးအဆစ်တွေက ကြာလာတာနဲ့အမျှ ညောင်းညာကိုက်ခဲပြီး ဒဏ်ဖြစ်စေပါတယ်။ အဲ့တော့ ညအိပ်ချိန်ပြည့်တာတောင် မနက်နိုးလာရင် ဟိုနားက နာ၊ ဒီနားက ကိုက်နဲ့ တော်တော်လေးကို ဒုက္ခရောက်စေနိုင်ပါတယ်။
၃။ ဒီအနေအထားက မိနစ်အနည်းငယ်လောက် အိပ်ဖို့ပဲ အဆင်ပြေပြီး ကြာရှည်စွာ အိပ်မယ်ဆိုရင် အစာအိမ်ကို ဖိထားမိသလို ဖြစ်ပြီး ဗိုက်အောင့်ဗိုက်နာ ဖြစ်စေနိုင်ပါတယ်။
၄။ အရိုးအဆစ်တွေက နာကျင်ပြီးတဲ့နောက် ထုံကျဉ်သွားပါတယ်။ ထုံကျဉ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ အသားထဲက ဆူးစူးသလို ခံစားရတာ၊ ခံစားသိရှိနိုင်စွမ်း လျော့နည်းသွားတာ၊ ကိုယ်လက်အစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်တော့သလို အားပျော့သွားတာတွေ ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအိပ်စက်ပုံအနေအထားဟာ ကလေးတွေနဲ့ လူငယ်တွေမှာ ခါးနဲ့ ကျောရိုးအဆစ်လွဲခြင်းတွေ ဖြစ်စေပြီး အနေအထားမမှန်စွာ အိပ်စက်ခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ပြင်ကုန်းတာ၊ ခါးကိုင်းနေတာ၊ အရိုးအဆစ်မကောင်းတာတွေ ဖြစ်နိုင်ပါတယ်။
၆။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဒီလိုအိပ်စက်တဲ့ အနေအထားကို လုံးဝရှောင်ဖို့လိုအပ်ပါတယ်။ မိခင်အတွက်လည်း အဆင်မပြေစေသလို ဗိုက်ကို ဖိထားရတာဖြစ်တဲ့အတွက် အထဲက သန္ဓေသားအတွက်လည်း နေရထိုင်ရခက်စေပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတဲ့အထိပါ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာလည်း မပေါ့သင့်ပါဘူး။
ဒါကြောင့် မှောက်အိပ်ရမှာ ကြိုက်တဲ့သူတွေဆိုရင် မှောက်လျက်နဲ့ အချိန်အကြာကြီးလုံးဝ မအိပ်ပါနဲ့။ ခဏတဖြုတ် မှေးရုံလောက်ပဲ အိပ်ပါ။ ခေါင်းအောက်မှာ ခေါင်းအုံးသေးသေးတစ်လုံး ခံပေးပါ။ ကလေးတွေ၊ လူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် မှောက်လျက်လုံးဝမအိပ်ပါနဲ့။ ပက်လက် သို့မဟုတ် ဘေးအနည်းငယ်စောင်းတဲ့ အနေအထားပဲ အိပ်ပေးပါနော်။ မနက်နိုးလာပြီဆိုရင် အကြောအချဉ်တွေ၊ အရိုးအဆစ်တွေကို ဆန့်ပြီး အညောင်းဖြေပေးပါ။ လမ်းနည်းနည်း ထလျှောက်ပါ။
==========
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Leave a Reply