(Zawgyi)
ျမင္သူတိုင္း စားခ်င္သည့္ ငါးသံပုရာေပါင္း လုပ္နည္း
ငါးသံပုရာေပါင္းကို အမ်ိဳးမ်ိဳး လုပ္စားတဲ့ နည္းထဲကမွ ဒါကနည္းတမ်ိဳးပါ။ လုပ္နည္းကေတာ့ လြယ္ကူပါတယ္။ လုပ္စားၾကည့္ေနာ္။ အျခားနည္းေတြနဲ႔လဲ အရမ္းေတာ့ သိပ္မကြာပါဘူး။ ဒါေပမယ့္ ပိုလြယ္လို႔.. လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ကကတစ္ငါး (သို႔) စလားဗီးယားငါး – ၁ ေကာင္
၂။ ၾကက္သြန္ျဖဴ – ၃ မႊာ
၃။ င႐ုတ္သီးစိမ္း – ၃ ေတာင့္
၄။ ၾကက္သြန္ၿမိတ္ – ၂ ပင္
၅။ နံနံပင္ – ၅ ပင္
၆။ ဂ်င္း – လက္တဆစ္
၇။ ပဲငံျပာရည္ – ထမင္းစားဇြန္း ၁ ဇြန္းခြဲ
၈။ သၾကား (သို႔) အခ်ိဳမႈုန္႔- လက္ဖက္ရည္ဇြန္း တစ္ဝက္
၉။ ၾကက္သားမႈန္႔- ထမင္းစားဇြန္း ၁ ဇြန္း
၁၀။ သံပုရာသီး – ၁ ျခမ္း
၁၁။ ေရ – ၁ ခြက္
( ၁ ခြက္ = 240 ml = ႐ိုး႐ိုးေကာ္ဖီခြက္ ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း) ( ထမင္းစားဇြန္း = 1 tablespoon = 15 ml) (လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)
ျပဳလုပ္နည္း
၁။ ငါးကို သန္႔စင္ထားပါ။ ဂ်င္းကို ေထာင္းထားပါ။ ၾကက္သြန္ျဖဴကို ပါးပါးလွီးထားပါ။ င႐ုတ္သီးကို အေသးေလးေတြလွီးထားပါ။ ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္ကို ႏႈတ္ႏႈတ္စင္းထားပါ။
၂။ သန္႔စင္ထားေသာ ငါးေပၚကို ေထာင္းထားေသာ ဂ်င္းမွ အရည္မ်ား ညႇစ္ခ်ပါ။ ၿပီးလွ်င္ မိနစ္ ၂၀ခန္႔ ေပါင္းပါ။ ေပါင္းၿပီး ငါးမွထြက္လာေသာ အရည္မ်ားကို သြန္ပစ္ပါ။ (အညႇီနံ႔မ်ား ပါသြားပါလိမ့္မည္။)
၃။ ေပါင္းထားေသာ ငါးေပၚကို ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္မ်ား အုပ္ထားပါ။
၄။ ဒယ္အိုးတခုထဲတြင္ ေရထည့္၊ ၾကက္သားမႈန႔္၊ သၾကား၊ ပဲငံျပာရည္တို႔ကို ထည့္ရ်္ ဆူလာေအာင္တည္ပါ။ ဆူလာလွ်င္ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးကို ထည့္၍ င႐ုတ္သီး အနံ႔ေမႊးလာသည္အထိ တည္ပါ။ င႐ုတ္သီး အနံ႔ေမႊးလာလွ်င္ မီးဖိုကို ပိတ္၍ သံပုရာရည္ကို ညႇစ္ထည့္ပါ။ (ခ်ဥ္မခ်ဥ္ၾကည့္ၿပီး သံပုရာရည္ လိုသေလာက္ ထပ္ထည့္ပါ။)
၅။ ျပဳလုပ္ထားေသာ အရည္ကို ေပါင္းထားေသာ ငါးေပၚကို ဆမ္းပါ။
၆။ အရသာရွိရွိ ငါးသံပုရာေပါင္းကို သုံးေဆာင္ႏိုင္ပါၿပီ။
Credit-Khin Lay
(Unicode)
မြင်သူတိုင်း စားချင်သည့် ငါးသံပုရာပေါင်း လုပ်နည်း
ငါးသံပုရာပေါင်းကို အမျိုးမျိုး လုပ်စားတဲ့ နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အခြားနည်းတွေနဲ့လဲ အရမ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး – ၁ ကောင်
၂။ ကြက်သွန်ဖြူ – ၃ မွှာ
၃။ ငရုတ်သီးစိမ်း – ၃ တောင့်
၄။ ကြက်သွန်မြိတ် – ၂ ပင်
၅။ နံနံပင် – ၅ ပင်
၆။ ဂျင်း – လက်တဆစ်
၇။ ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၈။ သကြား (သို့) အချိုမှုုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
၁၀။ သံပုရာသီး – ၁ ခြမ်း
၁၁။ ရေ – ၁ ခွက်
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်စင်းထားပါ။
၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှ အရည်များ ညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ခန့် ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အရည်များကို သွန်ပစ်ပါ။ (အညှီနံ့များ ပါသွားပါလိမ့်မည်။)
၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။
၄။ ဒယ်အိုးတခုထဲတွင် ရေထည့်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်တို့ကို ထည့်ရျ် ဆူလာအောင်တည်ပါ။ ဆူလာလျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးကို ထည့်၍ ငရုတ်သီး အနံ့မွှေးလာသည်အထိ တည်ပါ။ ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်၍ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည် လိုသလောက် ထပ်ထည့်ပါ။)
၅။ ပြုလုပ်ထားသော အရည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။
၆။ အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။
Credit-Khin Lay
Leave a Reply