ေရႊတြင္းမ်ားရိွရာ စဥ့္ကူးႏွင့္ သပိတ္က်င္းမွာ ေရႊေတြဘယ္လိုတူးေဖာ္ၾကသလဲ

(Zawgyi)

ေ႐ႊတြင္းမ်ားရွိရာ စဥ့္ကူး၊ သပိတ္က်င္းက ျပန္ခဲ့တယ္

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ စဥ့္ကူး၊ သပိတ္က်င္းၿမိဳ႕နယ္မ်ားတြင္ ေက်ာက္ေ႐ႊတူးေဖာ္ျခင္း လုပ္ကိုင္ေနသည့္ ေ႐ႊတြင္းမ်ားသို႔ ၂၀၁၉ ေဖေဖာ္ဝါရီ ဒုတိယပတ္အတြင္း သြားေရာက္ေလ့လာခဲ့သည္မ်ားကို ေဖာ္ျပအပ္ပါသည္။

ေ႐ႊကို ဘယ္လို တူးေဖာ္ၾကသလဲ

ေ႐ႊတူးေဖာ္ရာတြင္ ျမစ္၊ ေခ်ာင္းမ်ားမွ ေရစီးေၾကာင္းျဖင့္ပါလာကာ အနည္ထိုင္ေနသည့္ ကမ္းပါးမ်ား၊ ေျမသားမ်ားကို ေရအားျဖင့္ ၿဖိဳခ်တူးေဖာ္သည့္ နည္းလမ္း (ဝါ)အနည္က် ေ႐ႊတူးေဖာ္ေရး (ဝါ) ျဗဳန္းေ႐ႊတူးေဖာ္ေရးႏွင့္ ေျမႀကီးေအာက္ နက္ရႈိင္းေသာေနရာတြင္ အျခားေသာ သတၱဳမ်ားႏွင့္ ေရာေႏွာကာ အုံႏွင့္က်င္းႏွင့္ တည္ရွိေနသည့္ေ႐ႊကို လိုဏ္ဂူမ်ား၊ က်င္းမ်ား၊ အင္းမ်ားေဖာက္၍ တူးေဖာ္ေသာ နည္းလမ္း (ဝါ) ေက်ာက္ေ႐ႊ တူးေဖာ္ျခင္းဟူ၍ ႏွစ္ပိုင္းခြဲျခားႏိုင္သည္။

ေက်ာက္ေ႐ႊတူးေဖာ္ရန္အတြက္ ေ႐ႊလုပ္ကြက္ရွိေသာ ေနရာအား အစိုးရထံ လုပ္ကြက္ေလွ်ာက္ယူၿပီး က်သင့္အခြန္ ေပးသြင္းရသည္။ လုပ္ကြက္ႀကီး ရွိေသာေနရာတြင္ လုပ္ကြက္ငယ္မ်ားအား ကန္ထ႐ိုက္သေဘာ ျပန္လည္ခြဲသြင္းေပးသည္။ လုပ္ကြက္ငယ္ပိုင္ရွင္အေနျဖင့္ ေ႐ႊတူးေဖာ္ရန္ ကုန္က်စရိတ္ကို မိမိဘာသာ စိုက္ဝင္သုံးစြဲၿပီး ေ႐ႊရၿပီဆိုပါက အဆိုပါေ႐ႊအား သုံးပုံပုံကာ တစ္ပုံအား ကုမၸဏီႀကီးထံသို႔ ျပန္လည္ေပးသြင္းရေသာ စနစ္ျဖင့္ တူးေဖာ္ လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။ ေက်ာက္ေ႐ႊအထြက္မ်ားေသာ ေဒသမ်ားမွာ ရမည္းသင္း မိုးထိမိုးမိေဒသ၊ သပိတ္က်ဥ္းေဒသ၊ ေကာလင္းေဒသတို႔ျဖစ္ၾကၿပီး ျဗဳန္းေ႐ႊမွာ ခ်င္းတြင္းျမစ္၊ ဧရာဝတီျမစ္ေၾကာတစ္ေလွ်ာက္ တူးေဖာ္ၾကျခင္း ျဖစ္သည္။

ေက်ာက္ေ႐ႊကိုဘယ္လိုရွာၾကသလဲ

ေျမႀကီးေအာက္ မည္သည့္ေနရာတြင္ ေ႐ႊေၾကာရွိမလဲဆိုသည္ကို ေ႐ႊတူးေဖာ္ေရးသမားမ်ားအေနျဖင့္မည္သို႔မည္ပုံ ရွာေဖြၾကပါသလဲဆိုသည္မွာ သာမန္လူတစ္ဦးအေနျဖင့္ အေတာ္စဥ္းစားရခက္ေသာ ကိစၥျဖစ္သည္။ အေၾကာင္းသိလွ်င္ လြယ္ပါသည္။ သပိတ္က်င္း၊ စဥ့္ကူး၊ က်ည္ေတာက္ေပါက္ေဒသရွိ ေ႐ႊေၾကာရွိေသာေနရာတြင္ ေက်ာက္ဖေယာင္း၊ ေက်ာက္ကုလား (ဝါ) ေက်ာက္မဲ၊ သလင္းပြ၊ သလင္းက်စ္မ်ား ေပါမ်ားစြာေတြ႕ရေသာေၾကာင့္ ေ႐ႊသမားမ်ားသည္ ေက်ာက္ဖေယာင္း မည္သည့္ေနရာတြင္ ေပါမ်ားစြာ ေတြ႕ရသလဲဆိုသည္ကို မူလပထမ လိုက္ရွာေလ့ရွိၾကသည္။

မိုင္းခြဲရန္ ျပင္ဆင္ေနသည့္ ေ႐ႊလုပ္သားမ်ားအား ေတြ႕ရစဥ္

ေက်ာက္ဖေယာင္းဟု အမည္ေပးထားသည့္အတိုင္း အဆိုပါ ေက်ာက္ဖေယာင္းသည္ ျပင္ပဖေယာင္းသားကဲ့သို႔ လြန္စြာႏူးညံ့ၿပီး အဆီဓာတ္ရွိသည္။ ေျမေအာက္ထဲရွိ ေက်ာက္သားထုမ်ား၊ ျပတ္ေ႐ြ႕ေၾကာမ်ား အခ်င္းခ်င္းပြတ္တိုက္ရာတြင္ ေက်ာက္ဖေယာင္းသည္ ေခ်ာဆီကဲ့သို႔ ေက်ာက္သားထုမ်ားၾကား ပြတ္တိုက္မႈ ေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ေပးသည့္ ေက်ာက္သားအပြတစ္မ်ိဳးျဖစ္ၿပီး လက္ျဖင့္ဖဲ့ေခ်၍ ရသည္အထိ ႏူးညံ့လွသည္။ ေက်ာက္ဖေယာင္းၿပီးလွ်င္ ေတြ႕ရမည္မွာ ေက်ာက္ကုလားဟု ေခၚဆိုၾကသည့္ အမည္းေရာင္ ေက်ာက္အမာတစ္မ်ိဳးျဖစ္ၿပီး မာေက်ာမႈ လြန္စြာျမင့္မားလွသည္။ ေ႐ႊတြင္းတူးေဖာ္ရာတြင္ အဆိုပါ ေက်ာက္ကုလားကို ယမ္းျဖင့္ ေဖာက္ခြဲရၿပီး ယမ္းေဖာက္ရန္အတြက္ အဆိုပါ ေက်ာက္ကုလား ေက်ာက္သားထုထဲသို႔ သုံးေပ – ေလးေပခန႔္ရွိ အေပါက္မ်ားကို ဂန္းျဖင့္ ေဖာက္ရသည္။ တစ္ခါတစ္ရံတြင္ ဂေဟေဆာ္သည့္အလား မီးပြင့္မ်ား ျဖာထြက္သည္အထိ မာေက်ာလွေသာ ေက်ာက္အမ်ိဳးအစား တစ္ခုျဖစ္သည္။ ေက်ာက္ဖေယာင္းႏွင့္ ေက်ာက္ကုလားကို ေျမေအာက္တြင္ မ်ားမ်ားေတြ႕ေလ ေ႐ႊသမားတို႔ အိပ္မက္မ်ား ပိုမိုလွပေလျဖစ္သည္။ ေက်ာက္ကုလားၿပီးေနာက္ ေတြ႕ရ မည္မွာ သလင္းပြဟုေခၚဆိုသည့္ ေက်ာက္အျဖဴတစ္မ်ိဳးျဖစ္သည္။ ၾကည္လင္ေသာ အဆင္းရွိၿပီး သိပ္သည္းဆနည္းပါးေသာေၾကာင့္ အလြယ္တကူ ေခ်မြႏိုင္သည္။ သလင္းပြေက်ာက္မ်ားကို ေတြ႕ရွိေသာ္လည္း ျဗဳန္းဟုေခၚဆိုသည့္ ေ႐ႊပါဝင္ေသာ သလင္းက်စ္ေက်ာက္မ်ားသို႔ မေရာက္ေသးပါ။ ေ႐ႊပါဝင္ေသာ သလင္းက်စ္ေက်ာက္မ်ားကို အုံႏွင့္က်င္းႏွင့္ ေတြ႕ရွိသည္အထိ ေျမေအာက္တြင္ ဆက္လက္တူးေဖာ္ရဦးမည္ျဖစ္သည္။

ေျမအာက္မွာ ေ႐ႊဘယ္လိုရွာၾကသလဲ

ေက်ာက္ေ႐ႊ တူးေဖာ္ရာတြင္ ပထမဦးစြာ ေအာက္ဆီဒိုက္ဇုန္ (ဝါ) ေ႐ႊထုတ္ရန္ လြယ္ေသာအပိုင္းသို႔ေရာက္ရန္ ေျမႀကီးေအာက္သို႔ တည့္တည့္တူးေဖာ္ရသည္။ တခ်ိဳ႕ေသာ ဝါရင့္ေ႐ႊတူးေဖာ္ေရးသမားမ်ားကမူ ေဘးတေစာင္း ခပ္ေျပေျပ တူးေဖာ္ၾကသည္။

ေျမႀကီးေအာက္ ေပတစ္ရာ၊ ႏွစ္ရာ အနက္သို႔ေရာက္ေအာင္ ေက်ာက္သားထုမ်ားကို ထိုးေဖာက္ၿပီးေအာက္သို႔ နက္သထက္နက္ေအာင္ ဆင္းႏိုင္မွ ေက်ာက္ဖေယာင္း၊ ေက်ာက္ကုလား စသည့္ ေ႐ႊသတၱဳအနားတြင္ ေတြ႕ရေသာ ေက်ာက္မ်ားကို ေတြ႕ရွိရမည္ျဖစ္သည္။ က်င္းတူးရာတြင္ အဓိကႀကဳံရေသာ အခက္အခဲမွာ ေျမေအာက္ေရစိမ့္ထြက္ေသာ ျပႆနာျဖစ္သည္။ ထိုအခ်ိန္တြင္ မည္မွ်အနက္အထိ တူးမည္။ မည္သည့္ဘက္သို႔ ဆက္ေဖာက္မည္ဆိုသည္ကို ဆုံးျဖတ္ေပးေသာလူမွာ အင္းဆရာျဖစ္သည္။

ေ႐ႊတြင္းတစ္ခု၏ အရႈံးအျမတ္သည္ အင္းဆရာ၏ အေတြ႕အႀကဳံ၊ ပညာေပၚမူတည္ေနပါသည္။ထို႔ေၾကာင့္ ေ႐ႊေမွာ္ေဒသတြင္ လုပ္ခလစာအမ်ားဆုံး၊ ေကာ္မရွင္ အမ်ားဆုံးရေသာသူသည္ အင္းဆရာျဖစ္ၿပီး နာမည္ေက်ာ္ အင္းဆရာမ်ားအား ေဘာလုံးသမားမ်ားကဲ့သို႔ ေ႐ႊတြင္းပိုင္ရွင္မ်ားက လစာအၿပိဳင္အဆိုင္ ေပးေခၚၾက၊ စာခ်ဳပ္ ခ်ဳပ္ထားၾကသည္။ အင္းဆရာက မည္သည့္အနက္သို႔ ေရာက္ေအာင္ ေဒါင္လိုက္တူးမည္။ မည္သည့္ေနရာတြင္ ရပ္မည္ဆိုလွ်င္ ထိုေနရာတြင္ ရပ္ထားရသည္။ထို႔ေနာက္ ေ႐ႊက်င္း၏ ေအာက္ေျခ၊ ေရွ႕၊ ေနာက္၊ ေတာင္၊ ေျမာက္ ေလးဘက္ေလးတန္သို႔ မိုင္းခြဲကာ အင္းဆရာက စမ္းသပ္သည္။ မိုင္းခြဲရာက ထြက္ရွိလာေသာ ေက်ာက္သားထု၊ ပါဝင္ေက်ာက္သား အမ်ိဳးအစားအေပၚ အေျခခံၿပီး အေရွ႕ဘက္သို႔ ေဖာက္မည္။ အေနာက္ဘက္သို႔ ေဖာက္မည္ဟု အင္းဆရာက ဆုံးျဖတ္ခ်က္ခ်ေပးျခင္း ျဖစ္သည္။ အင္းဆရာ ဆုံးျဖတ္ခ်က္မွန္ေသာေၾကာင့္ ေအာင္ျမင္သြားေသာ ေ႐ႊတြင္း အမ်ားအျပားရွိသကဲ့သို႔ အင္းဆရာ ဆုံးျဖတ္ခ်က္မွားေသာေၾကာင့္ ဆုံးရႈံးသြားေသာ ေ႐ႊတြင္းမ်ားမွာလည္း ေ႐ႊေလာကတြင္ ဒုႏွင့္ေဒးသာျဖစ္သည္။ ထို႔အတူပင္ ေ႐ႊလုပ္သားမ်ား၏ အသက္သည္လည္း အင္းဆရာေပၚမူတည္သည္။ အင္း၏ ႀကံ့ခိုင္ေရး၊ လုံၿခဳံေရး၊ ေက်ာက္သားမ်ား၊ ေျမေအက္ေရမ်ား၏ အေျခအေနကို အင္းဆရာက စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ကာ လုံၿခဳံေရးအစီအမံမ်ား ေဆာင္႐ြက္ေပးရသည့္အတြက္ မည္သူ႔ကိုမွ် လူမထင္ၾကေသာ ေ႐ႊလုပ္သားမ်ားသည္ အင္းဆရာကိုမူ ေၾကာက္႐ြံ႕ေလးစားၾကေပသည္။

ေက်ာက္သားမ်ားကို စမ္းသပ္ေနသည့္ အင္းဆရာတစ္ဦးအား ေတြ႕ရစဥ္

အင္းဆရာက မည္သည့္ဘက္သို႔ ဆက္လက္တူးေဖာ္ရမည္ဆိုသည္ကို အမွတ္အသားေပးၿပီးေနာက္တြင္မူ ဂန္းအဖြဲ႕အလွည့္ ေရာက္ပါသည္။ ေက်ာက္သားမ်ားကို ယမ္းျဖင့္ေဖာက္ခြဲရန္အတြက္ အဆိုပါ ေက်ာက္သားထုမ်ားကို အေပါက္ေဖာက္ေပးရသည့္ လုပ္ငန္းကို ဂန္းလုပ္ငန္းဟု ေခၚဆိုၿပီး ေ႐ႊတြင္းလုပ္သားမ်ားအနက္ ေရာဂါအျဖစ္မ်ားဆုံး၊ ေသေက်မႈအမ်ားဆုံး လုပ္ငန္းလည္းျဖစ္သည္။ေက်ာက္သားမ်ားအား ဂန္းျဖင့္ေဖာက္ရာတြင္ ေက်ာက္မႈန္မ်ား ထြက္ၾကသည္။ ေက်ာက္မႈန္အမ်ိဳးအစားမ်ား အနက္ခဲမွ ထြက္ေသာ အမႈန္အမႊားမ်ားသည္ အႏၲရာယ္အေပးဆုံး အမႈန္တစ္ခုျဖစ္သည္။

သပိတ္က်င္း၊ စဥ့္ကူး၊ က်ည္ေတာက္ေပါက္ ေ႐ႊေတာနယ္ေျမတြင္ ခဲမႈန္ေၾကာင့္ ေသသြားၾကေသာ ဂန္းသမားအေရအတြက္ ဒုႏွင့္ေဒးျဖစ္သည္။ သပိတ္က်င္းနယ္ရွိ မီးလမ္းဆိုေသာ ေ႐ႊလုပ္ကြက္တစ္ခုသည္ ခဲဆိပ္သင့္ေသာ ေနရာတြင္ အလြန္နာမည္ႀကီးခဲ့ေသာ ေနရာတစ္ခုျဖစ္သည္။ အဆိုပါ လုပ္ကြက္သို႔ ဂန္းသြားေဖာက္ေသာ ေ႐ႊလုပ္သားမ်ား တစ္ႏွစ္အတြင္း ဦးေရ ၆၀ ခန႔္ ခဲဆိပ္သင့္ ေသသြားမွ အားလုံးေၾကာက္႐ြံ႕ကုန္ၾကၿပီး အေတာ္မ်ားမ်ားက ဆက္မလုပ္ၾကေတာ့ေပ။ ေနာက္ဆုံး ဂန္းပိုက္အစား ေရအားသုံးေသာ နည္းလမ္းကို ေျပာင္းလုပ္ၾကမွ ေရာဂါရမႈ နည္းသြားေတာ့သည္။ အျခားေသာ ေ႐ႊလုပ္ကြက္မ်ားတြင္မူ ထိုေနရာေလာက္ ခဲဆိပ္မရွိသည့္အတြက္ ခ်က္ခ်င္း ေရာဂါလကၡဏာ မျပ။ သို႔ေသာ္ ဂန္းသမားမ်ားသည္ ယခင္တုန္းက နည္းပညာႏွင့္ က်န္းမာေရးဗဟုသုတ နည္းပါးသည့္အတြက္ အသက္ရွည္ရွည္ေနရတာ နည္းသည္ဟု ေ႐ႊလုပ္သားမ်ားက ေျပာျပၾကသည္။ ယခုေတာ့ က်န္းမာေရးအသိပညာလည္း ရွိလာသည့္အျပင္ အကာအကြယ္ေပးသည့္ ဝတ္စုံမ်ားလည္း ဝတ္ဆင္လာၾကသည္ ကိုေတြ႕ရသည္။

ဂန္းသမားမ်ား အေပါက္ေဖာက္ၿပီးလွ်င္မူ မိုင္းဆင္သူမ်ား အလွည့္ျဖစ္သည္။ ေက်ာက္ထုမ်ားၾကား ဂန္းသမားမ်ား ေဖာက္ေပးထားသည့္ အေပါက္မ်ားတြင္ မိုင္းတံမ်ား ထည့္သြင္းသည္ကို စနစ္တက် လုပ္ၾကရသည္။ ထို႔ေနာက္ ကုမၸဏီတာဝန္ရွိသူမ်ားအား မည္သည့္အခ်ိန္တြင္ မိုင္းခြဲမည္ဆိုသည္ကိုအေၾကာင္းၾကား ရသည္။ ထိုအခါမွ ကုမၸဏီက ၎တို႔လုပ္ ကြက္အတြင္းရွိ တျခားေသာ ေ႐ႊအင္းသမားမ်ားအား အသိေပးၾကသည္။

မိုင္းခြဲၿပီးေနာက္ ထြက္လာေသာ ေက်ာက္စမ်ားကို အိတ္ျဖင့္ထုပ္ပိုးကာ ေ႐ႊတြင္းေပၚသို႔ ထေရာ္လီမ်ား၊ ဝင့္ (ေ႐ႊတြင္းအေပၚႏွင့္ ေအာက္သို႔ ကုန္သယ္ေပးသည့္ဝန္ခ်ီႀကိဳး) မ်ားျဖင့္ ျပန္သယ္ရသည္။ ထိုထြက္လာေသာ ေက်ာက္စမ်ားကို ဓာတ္ခြဲခန္းသို႔ပို႔ၿပီး ေ႐ႊႏွင့္ အျခားသတၱဳပါဝင္ႏႈန္းကို အကဲျဖတ္ၿပီးေအာက္ဘက္သို႔ ဆက္တူးမည္။ ေဘးဘက္သို႔ ဆက္တူးမည္ဆိုသည္ကို ဆုံးျဖတ္ၾကျခင္းျဖစ္သည္။

ေ႐ႊတြင္းမ်ားတြင္ ထိခိုက္ဒဏ္ရာရမႈ၊ ေသေက်ပ်က္စီးမႈ ျဖစ္ေပၚေစေသာ အဓိက အရာသုံးခုရွိသည္။ေျမေအာက္ေရစိမ့္ထြက္ကာ ေရလုံးေပါက္ျခင္း၊ က်င္းႀကံ့ခိုင္မႈအားနည္းကာ က်င္းၿပိဳ၊ ေျမၿပိဳျခင္းႏွင့္ ဝင့္ျပတ္ျခင္း တို႔ျဖစ္သည္။ ေ႐ႊတူးေဖာ္သည့္ ေဒသမ်ားတြင္ ထိခိုက္ဒဏ္ရာရျခင္း၊ လူအေသအေပ်ာက္ရွိျခင္း စသည့္ကိစၥရပ္မ်ားမွာ ထူးေသာ္လည္း မဆန္းေတာ့သည့္ သမား႐ိုးက် ကိစၥရပ္ပမာ အသားက်ေနသည္ကို ေတြ႕ျမင္ရသည္။

သပိတ္က်င္း၊ စဥ့္ကူးစသည့္ ေ႐ႊလုပ္ကြက္မ်ားတြင္ ေ႐ႊတူးေဖာ္ၾကသည့္ပုံစံမွာ ကုမၸဏီႀကီးမ်ားကႏိုင္ငံေတာ္သို႔ လုပ္ကြက္ေလွ်ာက္ၿပီး အခြန္ေပးသြင္းၾကသည္။ အဆိုပါ က်လာသည့္ လုပ္ကြက္ဧရိယာအတြင္း ၎တို႔ မလုပ္လိုသည့္ (သို႔မဟုတ္) ၎တို႔ ေ႐ႊတြင္း မေဖာက္ေသာေနရာမ်ားကို ကုမၸဏီငယ္မ်ား၊ လုပ္ငန္းရွင္မ်ားထံသို႔ ျပန္ခြဲေပးၾကသည္။ ယင္း Sub Conbtract ျပန္ယူေသာ လုပ္ငန္းရွင္မ်ားက မိမိအစီအစဥ္ျဖင့္မိမိ ေ႐ႊတြင္းေဖာက္ရသည္။ ေျမေပၚတြင္သာ မည္သည့္ေနရာ၊ မည္သည့္လုပ္ကြက္တြင္ လုပ္ဟု သတ္မွတ္ေပးထားျခင္းျဖစ္ေသာ္လည္း ေျမေအာက္တြင္မူ မိမိစိတ္ႀကိဳက္ေနရာသို႔ တူးေဖာ္ႏိုင္ေပသည္။ တူးေဖာ္ခြင့္သက္တမ္းမွာ တစ္ႀကိမ္လွ်င္ တစ္ႏွစ္ျဖစ္သည့္အတြက္ ေ႐ႊတြင္းမ်ားသည္ ၂၄ နာရီ အဆိုင္းမ်ားခြဲ၍ တူးေဖာ္ၾကရသည္။

ေ႐ႊပါဝင္ေသာ ေက်ာက္သားမ်ားကို အစုလိုက္အၿပဳံလိုက္ ေတြ႕ရွိရၿပီဆိုလွ်င္ အလြယ္တကူအားျဖင့္တြင္းေအာင္သည္ (ဝါ) ျဗဳန္းေတြ႕ၿပီဟု သုံးႏႈန္းၾကသည္။ ေ႐ႊတြင္းပိုင္ရွင္ႏွင့္ အင္းဆရာ သက္ျပင္းခ်ႏိုင္ေသာ အခ်ိန္အခါလည္းျဖစ္သည္။ အဆိုပါ ျဗဳန္းအိတ္မ်ားသည္ ေ႐ႊတြင္းတစ္ခု၏ အသက္ေသြးေၾကာလည္း ျဖစ္သည္။ ေ႐ႊတြင္းလုပ္သားမ်ား၏ အလုပ္အာမခံခ်က္ တစ္ခုျဖစ္သည္။ျဗဳန္းမေတြ႕မခ်င္း ေ႐ႊတြင္းတစ္ခုသည္ ဝင္ေငြမရွိဘဲ ထြက္ေငြသာရွိသည္။ လုပ္သား ၃၀ ခန႔္ရွိေသာ ေ႐ႊတြင္းအငယ္တစ္ခု လည္ပတ္စရိတ္မွာ တစ္ေန႔လွ်င္ အနိမ့္ဆုံး သိန္း ၂၀ ဝန္းက်င္ရွိသည္။ ေ႐ႊပါေသာ ျဗဳန္းေျမကို မေတြ႕မခ်င္း လခ်ီရွာေဖြ တူးေဖာ္ရသည္။ ေ႐ႊပါဝင္ေသာ ျဗဳန္းအိတ္မ်ား ရၿပီဆိုလွ်င္မူအဆိုပါ ျဗဳန္းအိတ္ကို သုံးစုခြဲရၿပီး ကုမၸဏီႀကီးထံ တစ္စုသြင္းရသည္။ လုပ္ငန္းရွင္က ႏွစ္စုရသည္။ တခ်ိဳ႕ေဒသမ်ားတြင္မူ ေလးစုခြဲကာ ကုမၸဏီက တစ္စု၊ ေဒသခံလုပ္ငန္းရွင္က သုံးစုစနစ္ျဖင့္ အခ်ိဳးက် ခြဲေဝယူၾကျခင္းျဖစ္သည္။ ရရွိလာေသာ ျဗဳန္းအိတ္မ်ားကို ညက္ညက္ေက်ေအာင္ စက္ျဖင့္ေခ်ၿပီးမွ ေ႐ႊမႈန႔္မ်ားကို ျပန္လည္ထုတ္ယူရျခင္း ျဖစ္သည္။ ေနရာေဒသကိုလိုက္၍ အထက္ေ႐ႊ၊ ေအာက္ေ႐ႊ ပါဝင္ႏႈန္းမွာ ကြဲျပားမႈရွိၾကသည္။ မိုးထိမိုးမိ ေဒသတြင္ ေတြ႕ရေသာေ႐ႊမွာ အထက္ေ႐ႊပါဝင္မႈ လြန္စြာမ်ားၿပီး သပိတ္က်င္းဘက္တြင္မူ ေအာက္ေ႐ႊပါဝင္မႈ မ်ားေၾကာင္း သိရသည္။

အထက္ေ႐ႊဆိုသည္မွာ ျဗဳန္းတြင္ ေ႐ႊသားပါဝင္မႈ မ်ားျပားၿပီး ျပဒါးျဖင့္ အလြယ္တကူ ဖမ္းယူႏိုင္ေသာ ေ႐ႊအမ်ိဳးအစားကို ေခၚဆိုျခင္းျဖစ္သည္။ ေအာက္ေ႐ႊဆိုသည္မွာ ျဗဳန္းတြင္ ေ႐ႊသားပါဝင္မႈ နည္းပါးၿပီး ျပဒါးက အကုန္မဖမ္းယူႏိုင္ေသာေၾကာင့္ အမႈန႔္ႀကိတ္၊ သန႔္စင္ၿပီး ျပန္ခ်က္ရေသာ ေ႐ႊအမ်ိဳးအစားကို ေခၚဆိုျခင္းျဖစ္သည္။ ထိုသို႔ က်ိဳခ်က္သန႔္စင္ၿပီး ရလာေသာေ႐ႊအား အ႐ိုင္းေ႐ႊ၊ အ႐ိုင္းတုံးဟု ေခၚဆိုသည္။ ထိုအ႐ိုင္းတုံးမ်ားကို ရန္ကုန္၊ မႏၲေလးစသည့္ ၿမိဳ႕ႀကီးမ်ားေပၚရွိ ေ႐ႊသန႔္စင္ေရး ဖိုမ်ားထံ ေပးပို႔ၿပီး ျပန္လည္သန႔္စင္ၿပီး လူအမ်ားလက္ဝတ္ရတနာအျဖစ္ ဝတ္ဆင္ႏိုင္ရန္ ျပန္လည္ျပဳလုပ္ၾကျခင္းျဖစ္ေၾကာင္း တင္ျပအပ္ပါသည္။

Credit-Eleven Media

https://news-eleven.com/article/87065

(Unicode)

ရွှေတွင်းများရှိရာ စဉ့်ကူး၊ သပိတ်ကျင်းက ပြန်ခဲ့တယ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတွင် ကျောက်ရွှေတူးဖော်ခြင်း လုပ်ကိုင်နေသည့် ရွှေတွင်းများသို့ ၂၀၁၉ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း သွားရောက်လေ့လာခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ရွှေကို ဘယ်လို တူးဖော်ကြသလဲ

ရွှေတူးဖော်ရာတွင် မြစ်၊ ချောင်းများမှ ရေစီးကြောင်းဖြင့်ပါလာကာ အနည်ထိုင်နေသည့် ကမ်းပါးများ၊ မြေသားများကို ရေအားဖြင့် ဖြိုချတူးဖော်သည့် နည်းလမ်း (ဝါ)အနည်ကျ ရွှေတူးဖော်ရေး (ဝါ) ဗြုန်းရွှေတူးဖော်ရေးနှင့် မြေကြီးအောက် နက်ရှိုင်းသောနေရာတွင် အခြားသော သတ္တုများနှင့် ရောနှောကာ အုံနှင့်ကျင်းနှင့် တည်ရှိနေသည့်ရွှေကို လိုဏ်ဂူများ၊ ကျင်းများ၊ အင်းများဖောက်၍ တူးဖော်သော နည်းလမ်း (ဝါ) ကျောက်ရွှေ တူးဖော်ခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။

ကျောက်ရွှေတူးဖော်ရန်အတွက် ရွှေလုပ်ကွက်ရှိသော နေရာအား အစိုးရထံ လုပ်ကွက်လျှောက်ယူပြီး ကျသင့်အခွန် ပေးသွင်းရသည်။ လုပ်ကွက်ကြီး ရှိသောနေရာတွင် လုပ်ကွက်ငယ်များအား ကန်ထရိုက်သဘော ပြန်လည်ခွဲသွင်းပေးသည်။ လုပ်ကွက်ငယ်ပိုင်ရှင်အနေဖြင့် ရွှေတူးဖော်ရန် ကုန်ကျစရိတ်ကို မိမိဘာသာ စိုက်ဝင်သုံးစွဲပြီး ရွှေရပြီဆိုပါက အဆိုပါရွှေအား သုံးပုံပုံကာ တစ်ပုံအား ကုမ္ပဏီကြီးထံသို့ ပြန်လည်ပေးသွင်းရသော စနစ်ဖြင့် တူးဖော် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျောက်ရွှေအထွက်များသော ဒေသများမှာ ရမည်းသင်း မိုးထိမိုးမိဒေသ၊ သပိတ်ကျဉ်းဒေသ၊ ကောလင်းဒေသတို့ဖြစ်ကြပြီး ဗြုန်းရွှေမှာ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြောတစ်လျှောက် တူးဖော်ကြခြင်း ဖြစ်သည်။

ကျောက်ရွှေကိုဘယ်လိုရှာကြသလဲ

မြေကြီးအောက် မည်သည့်နေရာတွင် ရွှေကြောရှိမလဲဆိုသည်ကို ရွှေတူးဖော်ရေးသမားများအနေဖြင့်မည်သို့မည်ပုံ ရှာဖွေကြပါသလဲဆိုသည်မှာ သာမန်လူတစ်ဦးအနေဖြင့် အတော်စဉ်းစားရခက်သော ကိစ္စဖြစ်သည်။ အကြောင်းသိလျှင် လွယ်ပါသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက်ဒေသရှိ ရွှေကြောရှိသောနေရာတွင် ကျောက်ဖယောင်း၊ ကျောက်ကုလား (ဝါ) ကျောက်မဲ၊ သလင်းပွ၊ သလင်းကျစ်များ ပေါများစွာတွေ့ရသောကြောင့် ရွှေသမားများသည် ကျောက်ဖယောင်း မည်သည့်နေရာတွင် ပေါများစွာ တွေ့ရသလဲဆိုသည်ကို မူလပထမ လိုက်ရှာလေ့ရှိကြသည်။

ကျောက်ဖယောင်းဟု အမည်ပေးထားသည့်အတိုင်း အဆိုပါ ကျောက်ဖယောင်းသည် ပြင်ပဖယောင်းသားကဲ့သို့ လွန်စွာနူးညံ့ပြီး အဆီဓာတ်ရှိသည်။ မြေအောက်ထဲရှိ ကျောက်သားထုများ၊ ပြတ်ရွေ့ကြောများ အချင်းချင်းပွတ်တိုက်ရာတွင် ကျောက်ဖယောင်းသည် ချောဆီကဲ့သို့ ကျောက်သားထုများကြား ပွတ်တိုက်မှု ချောမွေ့အောင် လုပ်ဆောင်ပေးသည့် ကျောက်သားအပွတစ်မျိုးဖြစ်ပြီး လက်ဖြင့်ဖဲ့ချေ၍ ရသည်အထိ နူးညံ့လှသည်။ ကျောက်ဖယောင်းပြီးလျှင် တွေ့ရမည်မှာ ကျောက်ကုလားဟု ခေါ်ဆိုကြသည့် အမည်းရောင် ကျောက်အမာတစ်မျိုးဖြစ်ပြီး မာကျောမှု လွန်စွာမြင့်မားလှသည်။ ရွှေတွင်းတူးဖော်ရာတွင် အဆိုပါ ကျောက်ကုလားကို ယမ်းဖြင့် ဖောက်ခွဲရပြီး ယမ်းဖောက်ရန်အတွက် အဆိုပါ ကျောက်ကုလား ကျောက်သားထုထဲသို့ သုံးပေ – လေးပေခန့်ရှိ အပေါက်များကို ဂန်းဖြင့် ဖောက်ရသည်။ တစ်ခါတစ်ရံတွင် ဂဟေဆော်သည့်အလား မီးပွင့်များ ဖြာထွက်သည်အထိ မာကျောလှသော ကျောက်အမျိုးအစား တစ်ခုဖြစ်သည်။ ကျောက်ဖယောင်းနှင့် ကျောက်ကုလားကို မြေအောက်တွင် များများတွေ့လေ ရွှေသမားတို့ အိပ်မက်များ ပိုမိုလှပလေဖြစ်သည်။ ကျောက်ကုလားပြီးနောက် တွေ့ရ မည်မှာ သလင်းပွဟုခေါ်ဆိုသည့် ကျောက်အဖြူတစ်မျိုးဖြစ်သည်။ ကြည်လင်သော အဆင်းရှိပြီး သိပ်သည်းဆနည်းပါးသောကြောင့် အလွယ်တကူ ချေမွနိုင်သည်။ သလင်းပွကျောက်များကို တွေ့ရှိသော်လည်း ဗြုန်းဟုခေါ်ဆိုသည့် ရွှေပါဝင်သော သလင်းကျစ်ကျောက်များသို့ မရောက်သေးပါ။ ရွှေပါဝင်သော သလင်းကျစ်ကျောက်များကို အုံနှင့်ကျင်းနှင့် တွေ့ရှိသည်အထိ မြေအောက်တွင် ဆက်လက်တူးဖော်ရဦးမည်ဖြစ်သည်။

မြေအာက်မှာ ရွှေဘယ်လိုရှာကြသလဲ

ကျောက်ရွှေ တူးဖော်ရာတွင် ပထမဦးစွာ အောက်ဆီဒိုက်ဇုန် (ဝါ) ရွှေထုတ်ရန် လွယ်သောအပိုင်းသို့ရောက်ရန် မြေကြီးအောက်သို့ တည့်တည့်တူးဖော်ရသည်။ တချို့သော ဝါရင့်ရွှေတူးဖော်ရေးသမားများကမူ ဘေးတစောင်း ခပ်ပြေပြေ တူးဖော်ကြသည်။

မြေကြီးအောက် ပေတစ်ရာ၊ နှစ်ရာ အနက်သို့ရောက်အောင် ကျောက်သားထုများကို ထိုးဖောက်ပြီးအောက်သို့ နက်သထက်နက်အောင် ဆင်းနိုင်မှ ကျောက်ဖယောင်း၊ ကျောက်ကုလား စသည့် ရွှေသတ္တုအနားတွင် တွေ့ရသော ကျောက်များကို တွေ့ရှိရမည်ဖြစ်သည်။ ကျင်းတူးရာတွင် အဓိကကြုံရသော အခက်အခဲမှာ မြေအောက်ရေစိမ့်ထွက်သော ပြဿနာဖြစ်သည်။ ထိုအချိန်တွင် မည်မျှအနက်အထိ တူးမည်။ မည်သည့်ဘက်သို့ ဆက်ဖောက်မည်ဆိုသည်ကို ဆုံးဖြတ်ပေးသောလူမှာ အင်းဆရာဖြစ်သည်။

ရွှေတွင်းတစ်ခု၏ အရှုံးအမြတ်သည် အင်းဆရာ၏ အတွေ့အကြုံ၊ ပညာပေါ်မူတည်နေပါသည်။ထို့ကြောင့် ရွှေမှော်ဒေသတွင် လုပ်ခလစာအများဆုံး၊ ကော်မရှင် အများဆုံးရသောသူသည် အင်းဆရာဖြစ်ပြီး နာမည်ကျော် အင်းဆရာများအား ဘောလုံးသမားများကဲ့သို့ ရွှေတွင်းပိုင်ရှင်များက လစာအပြိုင်အဆိုင် ပေးခေါ်ကြ၊ စာချုပ် ချုပ်ထားကြသည်။ အင်းဆရာက မည်သည့်အနက်သို့ ရောက်အောင် ဒေါင်လိုက်တူးမည်။ မည်သည့်နေရာတွင် ရပ်မည်ဆိုလျှင် ထိုနေရာတွင် ရပ်ထားရသည်။ထို့နောက် ရွှေကျင်း၏ အောက်ခြေ၊ ရှေ့၊ နောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ မိုင်းခွဲကာ အင်းဆရာက စမ်းသပ်သည်။ မိုင်းခွဲရာက ထွက်ရှိလာသော ကျောက်သားထု၊ ပါဝင်ကျောက်သား အမျိုးအစားအပေါ် အခြေခံပြီး အရှေ့ဘက်သို့ ဖောက်မည်။ အနောက်ဘက်သို့ ဖောက်မည်ဟု အင်းဆရာက ဆုံးဖြတ်ချက်ချပေးခြင်း ဖြစ်သည်။ အင်းဆရာ ဆုံးဖြတ်ချက်မှန်သောကြောင့် အောင်မြင်သွားသော ရွှေတွင်း အများအပြားရှိသကဲ့သို့ အင်းဆရာ ဆုံးဖြတ်ချက်မှားသောကြောင့် ဆုံးရှုံးသွားသော ရွှေတွင်းများမှာလည်း ရွှေလောကတွင် ဒုနှင့်ဒေးသာဖြစ်သည်။ ထို့အတူပင် ရွှေလုပ်သားများ၏ အသက်သည်လည်း အင်းဆရာပေါ်မူတည်သည်။ အင်း၏ ကြံ့ခိုင်ရေး၊ လုံခြုံရေး၊ ကျောက်သားများ၊ မြေအေက်ရေများ၏ အခြေအနေကို အင်းဆရာက စဉ်ဆက်မပြတ် စောင့်ကြည့်ကာ လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးရသည့်အတွက် မည်သူ့ကိုမျှ လူမထင်ကြသော ရွှေလုပ်သားများသည် အင်းဆရာကိုမူ ကြောက်ရွံ့လေးစားကြပေသည်။

အင်းဆရာက မည်သည့်ဘက်သို့ ဆက်လက်တူးဖော်ရမည်ဆိုသည်ကို အမှတ်အသားပေးပြီးနောက်တွင်မူ ဂန်းအဖွဲ့အလှည့် ရောက်ပါသည်။ ကျောက်သားများကို ယမ်းဖြင့်ဖောက်ခွဲရန်အတွက် အဆိုပါ ကျောက်သားထုများကို အပေါက်ဖောက်ပေးရသည့် လုပ်ငန်းကို ဂန်းလုပ်ငန်းဟု ခေါ်ဆိုပြီး ရွှေတွင်းလုပ်သားများအနက် ရောဂါအဖြစ်များဆုံး၊ သေကျေမှုအများဆုံး လုပ်ငန်းလည်းဖြစ်သည်။ကျောက်သားများအား ဂန်းဖြင့်ဖောက်ရာတွင် ကျောက်မှုန်များ ထွက်ကြသည်။ ကျောက်မှုန်အမျိုးအစားများ အနက်ခဲမှ ထွက်သော အမှုန်အမွှားများသည် အန္တရာယ်အပေးဆုံး အမှုန်တစ်ခုဖြစ်သည်။

သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက် ရွှေတောနယ်မြေတွင် ခဲမှုန်ကြောင့် သေသွားကြသော ဂန်းသမားအရေအတွက် ဒုနှင့်ဒေးဖြစ်သည်။ သပိတ်ကျင်းနယ်ရှိ မီးလမ်းဆိုသော ရွှေလုပ်ကွက်တစ်ခုသည် ခဲဆိပ်သင့်သော နေရာတွင် အလွန်နာမည်ကြီးခဲ့သော နေရာတစ်ခုဖြစ်သည်။ အဆိုပါ လုပ်ကွက်သို့ ဂန်းသွားဖောက်သော ရွှေလုပ်သားများ တစ်နှစ်အတွင်း ဦးရေ ၆၀ ခန့် ခဲဆိပ်သင့် သေသွားမှ အားလုံးကြောက်ရွံ့ကုန်ကြပြီး အတော်များများက ဆက်မလုပ်ကြတော့ပေ။ နောက်ဆုံး ဂန်းပိုက်အစား ရေအားသုံးသော နည်းလမ်းကို ပြောင်းလုပ်ကြမှ ရောဂါရမှု နည်းသွားတော့သည်။ အခြားသော ရွှေလုပ်ကွက်များတွင်မူ ထိုနေရာလောက် ခဲဆိပ်မရှိသည့်အတွက် ချက်ချင်း ရောဂါလက္ခဏာ မပြ။ သို့သော် ဂန်းသမားများသည် ယခင်တုန်းက နည်းပညာနှင့် ကျန်းမာရေးဗဟုသုတ နည်းပါးသည့်အတွက် အသက်ရှည်ရှည်နေရတာ နည်းသည်ဟု ရွှေလုပ်သားများက ပြောပြကြသည်။ ယခုတော့ ကျန်းမာရေးအသိပညာလည်း ရှိလာသည့်အပြင် အကာအကွယ်ပေးသည့် ဝတ်စုံများလည်း ဝတ်ဆင်လာကြသည် ကိုတွေ့ရသည်။

ဂန်းသမားများ အပေါက်ဖောက်ပြီးလျှင်မူ မိုင်းဆင်သူများ အလှည့်ဖြစ်သည်။ ကျောက်ထုများကြား ဂန်းသမားများ ဖောက်ပေးထားသည့် အပေါက်များတွင် မိုင်းတံများ ထည့်သွင်းသည်ကို စနစ်တကျ လုပ်ကြရသည်။ ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများအား မည်သည့်အချိန်တွင် မိုင်းခွဲမည်ဆိုသည်ကိုအကြောင်းကြား ရသည်။ ထိုအခါမှ ကုမ္ပဏီက ၎င်းတို့လုပ် ကွက်အတွင်းရှိ တခြားသော ရွှေအင်းသမားများအား အသိပေးကြသည်။

မိုင်းခွဲပြီးနောက် ထွက်လာသော ကျောက်စများကို အိတ်ဖြင့်ထုပ်ပိုးကာ ရွှေတွင်းပေါ်သို့ ထရော်လီများ၊ ဝင့် (ရွှေတွင်းအပေါ်နှင့် အောက်သို့ ကုန်သယ်ပေးသည့်ဝန်ချီကြိုး) များဖြင့် ပြန်သယ်ရသည်။ ထိုထွက်လာသော ကျောက်စများကို ဓာတ်ခွဲခန်းသို့ပို့ပြီး ရွှေနှင့် အခြားသတ္တုပါဝင်နှုန်းကို အကဲဖြတ်ပြီးအောက်ဘက်သို့ ဆက်တူးမည်။ ဘေးဘက်သို့ ဆက်တူးမည်ဆိုသည်ကို ဆုံးဖြတ်ကြခြင်းဖြစ်သည်။

ရွှေတွင်းများတွင် ထိခိုက်ဒဏ်ရာရမှု၊ သေကျေပျက်စီးမှု ဖြစ်ပေါ်စေသော အဓိက အရာသုံးခုရှိသည်။မြေအောက်ရေစိမ့်ထွက်ကာ ရေလုံးပေါက်ခြင်း၊ ကျင်းကြံ့ခိုင်မှုအားနည်းကာ ကျင်းပြို၊ မြေပြိုခြင်းနှင့် ဝင့်ပြတ်ခြင်း တို့ဖြစ်သည်။ ရွှေတူးဖော်သည့် ဒေသများတွင် ထိခိုက်ဒဏ်ရာရခြင်း၊ လူအသေအပျောက်ရှိခြင်း စသည့်ကိစ္စရပ်များမှာ ထူးသော်လည်း မဆန်းတော့သည့် သမားရိုးကျ ကိစ္စရပ်ပမာ အသားကျနေသည်ကို တွေ့မြင်ရသည်။

သပိတ်ကျင်း၊ စဉ့်ကူးစသည့် ရွှေလုပ်ကွက်များတွင် ရွှေတူးဖော်ကြသည့်ပုံစံမှာ ကုမ္ပဏီကြီးများကနိုင်ငံတော်သို့ လုပ်ကွက်လျှောက်ပြီး အခွန်ပေးသွင်းကြသည်။ အဆိုပါ ကျလာသည့် လုပ်ကွက်ဧရိယာအတွင်း ၎င်းတို့ မလုပ်လိုသည့် (သို့မဟုတ်) ၎င်းတို့ ရွှေတွင်း မဖောက်သောနေရာများကို ကုမ္ပဏီငယ်များ၊ လုပ်ငန်းရှင်များထံသို့ ပြန်ခွဲပေးကြသည်။ ယင်း Sub Conbtract ပြန်ယူသော လုပ်ငန်းရှင်များက မိမိအစီအစဉ်ဖြင့်မိမိ ရွှေတွင်းဖောက်ရသည်။ မြေပေါ်တွင်သာ မည်သည့်နေရာ၊ မည်သည့်လုပ်ကွက်တွင် လုပ်ဟု သတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း မြေအောက်တွင်မူ မိမိစိတ်ကြိုက်နေရာသို့ တူးဖော်နိုင်ပေသည်။ တူးဖော်ခွင့်သက်တမ်းမှာ တစ်ကြိမ်လျှင် တစ်နှစ်ဖြစ်သည့်အတွက် ရွှေတွင်းများသည် ၂၄ နာရီ အဆိုင်းများခွဲ၍ တူးဖော်ကြရသည်။

ရွှေပါဝင်သော ကျောက်သားများကို အစုလိုက်အပြုံလိုက် တွေ့ရှိရပြီဆိုလျှင် အလွယ်တကူအားဖြင့်တွင်းအောင်သည် (ဝါ) ဗြုန်းတွေ့ပြီဟု သုံးနှုန်းကြသည်။ ရွှေတွင်းပိုင်ရှင်နှင့် အင်းဆရာ သက်ပြင်းချနိုင်သော အချိန်အခါလည်းဖြစ်သည်။ အဆိုပါ ဗြုန်းအိတ်များသည် ရွှေတွင်းတစ်ခု၏ အသက်သွေးကြောလည်း ဖြစ်သည်။ ရွှေတွင်းလုပ်သားများ၏ အလုပ်အာမခံချက် တစ်ခုဖြစ်သည်။ဗြုန်းမတွေ့မချင်း ရွှေတွင်းတစ်ခုသည် ဝင်ငွေမရှိဘဲ ထွက်ငွေသာရှိသည်။ လုပ်သား ၃၀ ခန့်ရှိသော ရွှေတွင်းအငယ်တစ်ခု လည်ပတ်စရိတ်မှာ တစ်နေ့လျှင် အနိမ့်ဆုံး သိန်း ၂၀ ဝန်းကျင်ရှိသည်။ ရွှေပါသော ဗြုန်းမြေကို မတွေ့မချင်း လချီရှာဖွေ တူးဖော်ရသည်။ ရွှေပါဝင်သော ဗြုန်းအိတ်များ ရပြီဆိုလျှင်မူအဆိုပါ ဗြုန်းအိတ်ကို သုံးစုခွဲရပြီး ကုမ္ပဏီကြီးထံ တစ်စုသွင်းရသည်။ လုပ်ငန်းရှင်က နှစ်စုရသည်။ တချို့ဒေသများတွင်မူ လေးစုခွဲကာ ကုမ္ပဏီက တစ်စု၊ ဒေသခံလုပ်ငန်းရှင်က သုံးစုစနစ်ဖြင့် အချိုးကျ ခွဲဝေယူကြခြင်းဖြစ်သည်။ ရရှိလာသော ဗြုန်းအိတ်များကို ညက်ညက်ကျေအောင် စက်ဖြင့်ချေပြီးမှ ရွှေမှုန့်များကို ပြန်လည်ထုတ်ယူရခြင်း ဖြစ်သည်။ နေရာဒေသကိုလိုက်၍ အထက်ရွှေ၊ အောက်ရွှေ ပါဝင်နှုန်းမှာ ကွဲပြားမှုရှိကြသည်။ မိုးထိမိုးမိ ဒေသတွင် တွေ့ရသောရွှေမှာ အထက်ရွှေပါဝင်မှု လွန်စွာများပြီး သပိတ်ကျင်းဘက်တွင်မူ အောက်ရွှေပါဝင်မှု များကြောင်း သိရသည်။

အထက်ရွှေဆိုသည်မှာ ဗြုန်းတွင် ရွှေသားပါဝင်မှု များပြားပြီး ပြဒါးဖြင့် အလွယ်တကူ ဖမ်းယူနိုင်သော ရွှေအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ အောက်ရွှေဆိုသည်မှာ ဗြုန်းတွင် ရွှေသားပါဝင်မှု နည်းပါးပြီး ပြဒါးက အကုန်မဖမ်းယူနိုင်သောကြောင့် အမှုန့်ကြိတ်၊ သန့်စင်ပြီး ပြန်ချက်ရသော ရွှေအမျိုးအစားကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုသို့ ကျိုချက်သန့်စင်ပြီး ရလာသောရွှေအား အရိုင်းရွှေ၊ အရိုင်းတုံးဟု ခေါ်ဆိုသည်။ ထိုအရိုင်းတုံးများကို ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများပေါ်ရှိ ရွှေသန့်စင်ရေး ဖိုများထံ ပေးပို့ပြီး ပြန်လည်သန့်စင်ပြီး လူအများလက်ဝတ်ရတနာအဖြစ် ဝတ်ဆင်နိုင်ရန် ပြန်လည်ပြုလုပ်ကြခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Credit-Eleven Media

https://news-eleven.com/article/87065

Comments

Leave a Reply

Your email address will not be published. Required fields are marked *