(Zawgyi)
ယာဥ္ေမာင္းလိုင္စင္ေျဖဆိုရန္အတြက္ Online Booking ဘယ္လိုလုပ္မလဲ
ရန္ကုန္တိုင္းေဒသႀကီးအတြင္း လိုင္စင္ေျဖဆိုမည့္သူမ်ား အေနျဖင့္ အခ်ိန္ကုန္၊ လူပင္ပန္းစရာ မလိုေတာ့ဘဲ Online Booking System ျဖင့္ မိမိေျဖဆိုရမည့္ ေနရာ၊ ေန႔ရက္၊ အခ်ိန္မ်ားကို Online မွတစ္ဆင့္ ႀကိဳတင္ booking ျပဳလုပ္ႏိုင္ၿပီ ျဖစ္ပါသည္။
Onlin Booking မ်ားကို www.rtad.gov.mm တြင္ ဝင္ေရာက္ ျပဳလုပ္ႏိုင္ပါသည္။ Online Booking ရယူရန္အတြက္ ဝန္ေဆာင္ခမွာ အခမဲ့ ျဖစ္ပါသည္။ Online Appointment Application Form တြင္ ေ႐ြးခ်ယ္ျဖည့္စြက္ရန္ လိုအပ္သည္မ်ားမွာ
(၁) လာေရာက္ေျဖဆိုမည့္႐ုံးအမည္၊
(၂) ရယူလိုသည့္ လိုင္စင္အမ်ိဳးအစား၊
(၃) လာေရာက္ေျဖဆိုမည့္ေန႔၊
(၄) လာေရာက္ေျဖဆိုမည့္အခ်ိန္၊
(၅) လက္ရွိလိုင္စင္အမွတ္၊
(၆) လက္ရွိလိုင္စင္ ထုတ္ေပးထားသည့္႐ုံး ျဖစ္ပါသည္။
Online Booking ေလွ်ာက္ထားမႈတြင္ အဆင္မေျပမႈမ်ားႏွင့္ သိရွိလိုသည္မ်ားရွိပါက ရန္ကုန္႐ုံး ဖုန္း – ၀၉-၇၈၁၄၂၅၄၀၃၊ ၀၉-၉၇၄၈၈၅၈၉၆၊ ၀၉-၂၅၄၅၁၃၀၄၂ မ်ားကို ဆက္သြယ္ ေမးျမန္းႏိုင္ပါသည္။ဝန္ေဆာင္မႈရယူရန္အတြက္ အေျခခံလိုအပ္ခ်က္မ်ားကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါသည္။
“ခ” ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူမ်ားအေနျဖင့္
(၁) အသက္(၁၈)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။
(၂) ရန္ကုန္တိုင္းမွ ထုတ္ေပးထားသည့္ “သ” ယာဥ္ေမာင္းလိုင္စင္(သို႔မဟုတ္) “က” ယာဥ္ေမာင္းလိုင္စင္သက္တမ္း (၃) လျပည့္ၿပီး သက္တမ္းရွိလိုင္စင္ ျဖစ္ရမည္။
(၃) ဦးစီးဌာနမွ ဖြင့္လွစ္သည့္ ယာဥ္စည္းကမ္း/လမ္းစည္းကမ္း ပညာေပးသင္တန္း တက္ေရာက္ၿပီးသူ (သို႔မဟုတ္) ဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ယာဥ္ေမာင္း သင္တန္းေက်ာင္း မွ တက္ေရာက္ၿပီးသည့္ သင္တန္းဆင္းလက္မွတ္ပါရွိရမည္။
“ဃ” ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူမ်ားအေနျဖင့္
(၁) အသက္(၂၁)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။
(၂) ျပည္ေထာင္စု ျမန္မာႏိုင္ငံသား (သို႔မဟုတ္) ဧည့္ႏိုင္ငံသား (သို႔မဟုတ္) ႏိုင္ငံသား ျပဳခြင့္ရသူမ်ား ျဖစ္ရမည္။
(၃) ရန္ကုန္တိုင္းမွထုတ္ေပးထားသည့္ “ခ” ယာဥ္ေမာင္းလိုင္စင္ သက္တမ္း(၃)ႏွစ္ ျပည့္ၿပီး သက္တမ္းရွိလိုင္စင္ျဖစ္ရမည္။
(၄) အျခားတိုင္းေဒသႀကီး/ျပည္နယ္/ခ႐ိုင္႐ုံးမ်ား၏ “ခ” ယာဥ္ေမာင္းလိုင္စင္ျဖစ္ပါက ရန္ကုန္တိုင္း႐ုံးမ်ားတြင္ နယ္ဝင္ေဆာင္႐ြက္ၿပီး ရန္ကုန္တိုင္း လိုင္စင္ေျပာင္းလဲရရွိၿပီး ျဖစ္ရမည္။
“င” ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူမ်ားအေနျဖင့္
(၁) အသက္(၂၃)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။
(၂) ျပည္ေထာင္စု ျမန္မာႏိုင္ငံသား (သို႔မဟုတ္) ဧည့္ႏိုင္ငံသား (သို႔မဟုတ္) ႏိုင္ငံသား ျပဳခြင့္ရသူမ်ား ျဖစ္ရမည္။
(၃) ရန္ကုန္တိုင္းမွ ထုတ္ေပးထားသည့္ “ဃ” ယာဥ္ေမာင္းလိုင္စင္သက္တမ္း (၂)ႏွစ္ ျပည့္ၿပီးသူ (သို႔မဟုတ္) တစ္ဆက္တည္း “ခ” ယာဥ္ေမာင္းလိုင္စင္(၅)ႏွစ္ျပည့္ၿပီးသူ (သို႔မဟုတ္)
“ခ” ယာဥ္ေမာင္းလိုင္စင္သက္တမ္းႏွင့္ ”ဃ” ယာဥ္ေမာင္းလိုင္စင္သက္တမ္း စုစုေပါင္း တစ္ဆက္တည္း (၅)ႏွစ္ျပည့္ၿပီးသူ၊ သက္တမ္းရွိ ယာဥ္ေမာင္းလိုင္စင္မ်ား ျဖစ္ရမည္။
(၄) အျခားတိုင္းေဒသႀကီး/ ျပည္နယ္/ ခ႐ိုင္႐ုံးမ်ား၏ “ခ” ယာဥ္ေမာင္းလိုင္စင္ (သို႔) “ဃ” ယာဥ္ေမာင္းလိုင္စင္ ျဖစ္ပါက ရန္ကုန္တိုင္းအတြင္းရွိ ႐ုံးမ်ားတြင္ နယ္ဝင္ေဆာင္႐ြက္ၿပီး ရန္ကုန္တိုင္းလိုင္စင္ ေျပာင္းလဲရရွိၿပီး ျဖစ္ရမည္။
ယာဥ္ေမာင္းစစ္ေဆးခမွာ လိုင္စင္အသစ္အားလုံးအတြက္ စစ္ေဆးခ တစ္ႀကိမ္လွ်င္ ၂၀၀၀ က်ပ္ျဖစ္ပါသည္။
ယာဥ္ငွားရမ္းခမွာ
(၁) “ခ”၊ “ဃ” တစ္ႀကိမ္အတြက္ ၅၀၀၀ က်ပ္
(၂) “င” တစ္ႀကိမ္အတြက္ ၁၀၀၀၀ က်ပ္
(၃) Simulator တစ္ႀကိမ္အတြက္ ၅၀၀၀ က်ပ္
လိုင္စင္ေျဖဆိုသူမ်ားအေနျဖင့္ လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားမွာ
“ခ” လိုင္စင္ေျဖဆိုသူမ်ားအတြက္
(၁) သင္ေမာင္းလိုင္စင္(မူရင္း/မိတၱဴ)
(၂) ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း/မိတၱဴ)
(၃) ယာဥ္ေမာင္းသင္တန္းတက္ေရာက္ၿပီးသည့္ သင္တန္းဆင္းလက္မွတ္ (မူရင္း/မိတၱဴ)
(၄) QR Code ပါသည့္ Appointment Letter Printout စာ႐ြက္ (သို႔) လက္ခံရရွိသည့္ mail အေထာက္အထား (phone or Tablet or Notebook) တစ္ခုခုျဖင့္ တင္ျပႏိုင္ပါသည္။
“ဃ” လိုင္စင္ေျဖဆိုသူမ်ားအတြက္
(၁) “ခ”ယာဥ္ေမာင္းလိုင္စင္(မူရင္း/မိတၱဴ)
(၂) ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း/မိတၱဴ)
(၃) QR Code ပါသည့္ Appointment Letter Printout စာ႐ြက္ (သို႔) လက္ခံရရွိသည့္ mail အေထာက္အထား (Phone or Tablet or Notebook) တစ္ခုခုျဖင့္ တင္ျပႏိုင္ပါသည္။
“င ” လိုင္စင္ေျဖဆိုသူမ်ားအတြက္
(၁) “ခ”(သို႔)”ဃ”ယာဥ္ေမာင္းလိုင္စင္(မူရင္း/မိတၱဴ)
(၂) ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း/မိတၱဴ)
(၃) QR Code ပါသည့္ Appointment Letter Printout စာ႐ြက္(သို႔) လက္ခံရရွိသည့္ mail အေထာက္အထား(phone or Tablet or Notebook) တစ္ခုခုျဖင့္ တင္ျပႏိုင္ပါသည္။
Myanmar National Portal
Credit-yangondirectory
(Unicode)
ယာဉ်မောင်းလိုင်စင်ဖြေဆိုရန်အတွက် Online Booking ဘယ်လိုလုပ်မလဲ
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်ဖြေဆိုမည့်သူများ အနေဖြင့် အချိန်ကုန်၊ လူပင်ပန်းစရာ မလိုတော့ဘဲ Online Booking System ဖြင့် မိမိဖြေဆိုရမည့် နေရာ၊ နေ့ရက်၊ အချိန်များကို Online မှတစ်ဆင့် ကြိုတင် booking ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။
Onlin Booking များကို www.rtad.gov.mm တွင် ဝင်ရောက် ပြုလုပ်နိုင်ပါသည်။ Online Booking ရယူရန်အတွက် ဝန်ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။ Online Appointment Application Form တွင် ရွေးချယ်ဖြည့်စွက်ရန် လိုအပ်သည်များမှာ
(၁) လာရောက်ဖြေဆိုမည့်ရုံးအမည်၊
(၂) ရယူလိုသည့် လိုင်စင်အမျိုးအစား၊
(၃) လာရောက်ဖြေဆိုမည့်နေ့၊
(၄) လာရောက်ဖြေဆိုမည့်အချိန်၊
(၅) လက်ရှိလိုင်စင်အမှတ်၊
(၆) လက်ရှိလိုင်စင် ထုတ်ပေးထားသည့်ရုံး ဖြစ်ပါသည်။
Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက ရန်ကုန်ရုံး ဖုန်း – ၀၉-၇၈၁၄၂၅၄၀၃၊ ၀၉-၉၇၄၈၈၅၈၉၆၊ ၀၉-၂၅၄၅၁၃၀၄၂ များကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။ဝန်ဆောင်မှုရယူရန်အတွက် အခြေခံလိုအပ်ချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
“ခ” ယာဉ်မောင်းလိုင်စင် ရယူလိုသူများအနေဖြင့်
(၁) အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “သ” ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) “က” ယာဉ်မောင်းလိုင်စင်သက်တမ်း (၃) လပြည့်ပြီး သက်တမ်းရှိလိုင်စင် ဖြစ်ရမည်။
(၃) ဦးစီးဌာနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ (သို့မဟုတ်) ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ယာဉ်မောင်း သင်တန်းကျောင်း မှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။
“ဃ” ယာဉ်မောင်းလိုင်စင် ရယူလိုသူများအနေဖြင့်
(၁) အသက်(၂၁)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) ပြည်ထောင်စု မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများ ဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ” ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။
(၄) အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏ “ခ” ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိပြီး ဖြစ်ရမည်။
“င” ယာဉ်မောင်းလိုင်စင် ရယူလိုသူများအနေဖြင့်
(၁) အသက်(၂၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) ပြည်ထောင်စု မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများ ဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း (၂)နှစ် ပြည့်ပြီးသူ (သို့မဟုတ်) တစ်ဆက်တည်း “ခ” ယာဉ်မောင်းလိုင်စင်(၅)နှစ်ပြည့်ပြီးသူ (သို့မဟုတ်)
“ခ” ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့် ”ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း စုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်များ ဖြစ်ရမည်။
(၄) အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ “ခ” ယာဉ်မောင်းလိုင်စင် (သို့) “ဃ” ယာဉ်မောင်းလိုင်စင် ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင် ပြောင်းလဲရရှိပြီး ဖြစ်ရမည်။
ယာဉ်မောင်းစစ်ဆေးခမှာ လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်ဖြစ်ပါသည်။
ယာဉ်ငှားရမ်းခမှာ
(၁) “ခ”၊ “ဃ” တစ်ကြိမ်အတွက် ၅၀၀၀ ကျပ်
(၂) “င” တစ်ကြိမ်အတွက် ၁၀၀၀၀ ကျပ်
(၃) Simulator တစ်ကြိမ်အတွက် ၅၀၀၀ ကျပ်
လိုင်စင်ဖြေဆိုသူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများမှာ
“ခ” လိုင်စင်ဖြေဆိုသူများအတွက်
(၁) သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
(၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
(၃) ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)
(၄) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်ပါသည်။
“ဃ” လိုင်စင်ဖြေဆိုသူများအတွက်
(၁) “ခ”ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
(၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
(၃) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်ပါသည်။
“င ” လိုင်စင်ဖြေဆိုသူများအတွက်
(၁) “ခ”(သို့)”ဃ”ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
(၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
(၃) QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိသည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်ပါသည်။
Myanmar National Portal
Credit-yangondirectory
Leave a Reply