ေအာ္တိုဂီယာ ေမာင္းမယ္ဆိုရင္ သတိထားသင့္တဲ့ အခ်က္မ်ား

(Zawgyi)

ေအာ္တိုဂီယာ ေမာင္းမယ္ဆိုရင္ သတိထားသင့္တဲ့ အခ်က္မ်ား

ေအာ္တိုဂီယာေတြ ေရပန္းစားလာတာဟာ ကားေမာင္းသင္တဲ့သူေတြအတြက္ အရမ္းကို အဆင္ေျပလာပါတယ္။ ေမာင္းရတာ လြယ္တယ္ဆိုေပမယ့္ မေကာင္းတဲ့ အက်င့္ေတြေၾကာင့္ ကားအလြယ္တကူ ပ်က္စီးႏိုင္ပါတယ္။ ဒါေၾကာင့္ ေအာ္တိုဂီယာကားေတြကို ေမာင္းမယ္ဆိုရင္ သတိထားသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ကားရပ္ထားခ်ိန္

ကားကို နည္းနည္းၾကာေအာင္ ရပ္မယ္ဆိုရင္ “D” မွာ မထားဖို႔ လိုပါတယ္။ D ဟာ ေမာင္းေနဆဲ ျဖစ္တာကို ရည္႐ြယ္တဲ့အတြက္ ကားရပ္တဲ့အခ်ိန္ “D” ကိုထားျခင္းဟာ ကားရဲ႕ ေအာ္တိုစနစ္ကို ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ ကားကို အခ်ိန္ခဏေလးပဲ ရပ္ရင္ေတာင္ ဥပမာ မီးပြိဳင့္ ခပ္ၾကာၾကာမိတဲ့ အခ်ိန္ေတြမွာ “P” Parking ထိုးတဲ့ ေနရာကိုပဲ ထားသင့္ပါတယ္။

(၂) Hand Brake ဆြဲပါ

သင့္ရဲ႕ ကားကို သူမ်ားကားေတြထက္ ပိုၿပီး ၾကာၾကာခံေစခ်င္တယ္ဆိုရင္ေတာ့ သင္ကိုယ္တိုင္က တယုတယ ကိုင္မွ အဆင္ေျပပါလိမ့္မယ္။ Hand Brake လို႔ေခၚတဲ့ Parking Brake ကို ဆြဲဖို႔ ေမ့ျခင္းဟာ သင့္ကားကို ညႇင္းပန္းရာက်ပါတယ္။ ကား စေမာင္းသူေတြအဖို႔ ကားေမာင္းသင္တဲ့ အခ်ိန္က စလို႔ Hand Brake ဆြဲတဲ့ အက်င့္ျဖစ္ေအာင္ ျပဳလုပ္ထားဖို႔ လိုပါတယ္။

(၃) ကားရပ္ခ်ိန္

ကားကို ပါကင္ထိုးၿပီးသြားတဲ့ အခ်ိန္မွာ ကားဘီး နည္းနည္းေလးလိ့မ္ေနေသးရင္ “P” ကို မထိုးလိုက္ပါနဲ႔။ တခ်ိဳ႕ကားေတြကေတာ့ ဒီလို ျပဳလုပ္တဲ့ အခ်ိန္ေတြမွာ ဂီယာ ထိုးမရေအာင္ လုပ္ထားေပးပါတယ္။ ကားလုံးဝရပ္မသြားခင္မွာ ပါကင္ဂီယာကို ထိုးျခင္းဟာ ဘရိတ္နဲ႔ ဂီယာ စနစ္ကို ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ ကားရပ္ဖို႔ ေနရာရလို႔ ပါကင္ထိုးၿပီးရင္ စိတ္ကို မေလာပါနဲ႔။ အားလုံးေသခ်ာၿပီဆိုမွ “P” ကို ေျပာင္းဖို႔ သတိေပးခ်င္ပါတယ္။

(၄) အရည္ပါေသာ ခြက္မ်ား ထားျခင္း

ေအာ္တိုဂီယာေတြရဲ႕ ခ်ိဳ႕ယြင္းခ်က္ကေတာ့ ဂီယာခလုတ္ေတြထဲကို ေရလုံးဝ အဝင္ခံလို႔ မရတာပဲ ျဖစ္ပါတယ္။ ေရဝင္ၿပီဆိုတာနဲ႔ နည္းနည္းေလးပဲ ျဖစ္ေစဦးေတာ့ ဂီယာစနစ္ကို ပ်က္စီးေစၿပီး အခန႔္မသင့္ရင္ ဂီယာအုံတခုလုံး လဲလိုက္ရတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

(၅) ဆီစစ္ပါ

ေအာ္တိုဂီယာေတြဟာ ဆီအၿမဲစစ္ဖို႔ လိုပါတယ္။ ဆီဟာ ဆီတိုင္ကီရဲ႕ ေလးပုံ တပုံ အၿမဲရွိသင့္ပါတယ္။ ဆီကုန္ခါနီး အေနအထားအထိ ဘယ္ေတာ့မွ မထားဖို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆီဟာ သင္ခန႔္မွန္းထားတဲ့ အခ်ိန္ထက္ေစာၿပီး ကုန္သြားႏိုင္လို႔ပါ။ ေနာက္တခုကေတာ့ ေအာ္တိုကားေတြမွာ ဆီက အဓိကပိုၿပီးက်တဲ့ အတြက္ ဆီကုန္ၿပီး ထိုးရပ္သြားတာေတြ အျဖစ္မ်ားရင္ ကားပ်က္ဖို႔ ပိုလြယ္ေစပါတယ္။

Ref;brightside

Credit-ေရဗန္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

အော်တိုဂီယာ မောင်းမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ

အော်တိုဂီယာတွေ ရေပန်းစားလာတာဟာ ကားမောင်းသင်တဲ့သူတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ မောင်းရတာ လွယ်တယ်ဆိုပေမယ့် မကောင်းတဲ့ အကျင့်တွေကြောင့် ကားအလွယ်တကူ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် အော်တိုဂီယာကားတွေကို မောင်းမယ်ဆိုရင် သတိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားရပ်ထားချိန်

ကားကို နည်းနည်းကြာအောင် ရပ်မယ်ဆိုရင် “D” မှာ မထားဖို့ လိုပါတယ်။ D ဟာ မောင်းနေဆဲ ဖြစ်တာကို ရည်ရွယ်တဲ့အတွက် ကားရပ်တဲ့အချိန် “D” ကိုထားခြင်းဟာ ကားရဲ့ အော်တိုစနစ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကားကို အချိန်ခဏလေးပဲ ရပ်ရင်တောင် ဥပမာ မီးပွိုင့် ခပ်ကြာကြာမိတဲ့ အချိန်တွေမှာ “P” Parking ထိုးတဲ့ နေရာကိုပဲ ထားသင့်ပါတယ်။

(၂) Hand Brake ဆွဲပါ

သင့်ရဲ့ ကားကို သူများကားတွေထက် ပိုပြီး ကြာကြာခံစေချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင်က တယုတယ ကိုင်မှ အဆင်ပြေပါလိမ့်မယ်။ Hand Brake လို့ခေါ်တဲ့ Parking Brake ကို ဆွဲဖို့ မေ့ခြင်းဟာ သင့်ကားကို ညှင်းပန်းရာကျပါတယ်။ ကား စမောင်းသူတွေအဖို့ ကားမောင်းသင်တဲ့ အချိန်က စလို့ Hand Brake ဆွဲတဲ့ အကျင့်ဖြစ်အောင် ပြုလုပ်ထားဖို့ လိုပါတယ်။

(၃) ကားရပ်ချိန်

ကားကို ပါကင်ထိုးပြီးသွားတဲ့ အချိန်မှာ ကားဘီး နည်းနည်းလေးလိ့မ်နေသေးရင် “P” ကို မထိုးလိုက်ပါနဲ့။ တချို့ကားတွေကတော့ ဒီလို ပြုလုပ်တဲ့ အချိန်တွေမှာ ဂီယာ ထိုးမရအောင် လုပ်ထားပေးပါတယ်။ ကားလုံးဝရပ်မသွားခင်မှာ ပါကင်ဂီယာကို ထိုးခြင်းဟာ ဘရိတ်နဲ့ ဂီယာ စနစ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကားရပ်ဖို့ နေရာရလို့ ပါကင်ထိုးပြီးရင် စိတ်ကို မလောပါနဲ့။ အားလုံးသေချာပြီဆိုမှ “P” ကို ပြောင်းဖို့ သတိပေးချင်ပါတယ်။

(၄) အရည်ပါသော ခွက်များ ထားခြင်း

အော်တိုဂီယာတွေရဲ့ ချို့ယွင်းချက်ကတော့ ဂီယာခလုတ်တွေထဲကို ရေလုံးဝ အဝင်ခံလို့ မရတာပဲ ဖြစ်ပါတယ်။ ရေဝင်ပြီဆိုတာနဲ့ နည်းနည်းလေးပဲ ဖြစ်စေဦးတော့ ဂီယာစနစ်ကို ပျက်စီးစေပြီး အခန့်မသင့်ရင် ဂီယာအုံတခုလုံး လဲလိုက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၅) ဆီစစ်ပါ

အော်တိုဂီယာတွေဟာ ဆီအမြဲစစ်ဖို့ လိုပါတယ်။ ဆီဟာ ဆီတိုင်ကီရဲ့ လေးပုံ တပုံ အမြဲရှိသင့်ပါတယ်။ ဆီကုန်ခါနီး အနေအထားအထိ ဘယ်တော့မှ မထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီဟာ သင်ခန့်မှန်းထားတဲ့ အချိန်ထက်စောပြီး ကုန်သွားနိုင်လို့ပါ။ နောက်တခုကတော့ အော်တိုကားတွေမှာ ဆီက အဓိကပိုပြီးကျတဲ့ အတွက် ဆီကုန်ပြီး ထိုးရပ်သွားတာတွေ အဖြစ်များရင် ကားပျက်ဖို့ ပိုလွယ်စေပါတယ်။

Ref;brightside

Credit-ရေဗန် (ဧရာဝတီ), The Irrawaddy – Burmese Edition

Comments

Leave a Reply

Your email address will not be published. Required fields are marked *