မိမိဆိုင္ကယ္ကို လက္ရွိ မိမိေနရပ္လိပ္စာ ဘယ္လိုေျပာင္းရတယ္ ဆိုတာေလး ေျပာျပပါ့မယ္။

(Zawgyi)

မိမိဆိုင္ကယ္ကို လက္ရွိ မိမိေနရပ္လိပ္စာ ဘယ္လိုေျပာင္းရတယ္ ဆိုတာေလး ေျပာျပပါ့မယ္

သင့္ဆိုင္ကယ္ကို လိပ္စာေျပာင္းျခင္းျဖင့္ သက္တမ္းတိုးဖို႔ပါ အလိုလို အဆင္ေျပပါမည္။ ဆရာ ကြၽန္ေတာ့္ဆိုင္ကယ္က ေ႐ႊဘိုမွာလုပ္ခဲ့တာဆရာ။ အခု ကြၽန္ေတာ္က မႏၲေလးမွာေျပာင္းေနေတာ့တာ။ အဲ့ဒါ ဆိုင္ကယ္ကို မႏၲေလးေနရပ္ေျပာင္းခ်င္လို႔ပါဆရာ။

ဆရာ သမီးတို႔မိသားစုက မေကြးေျပာင္းလာခဲ့ေတာ့မွာ။ ဒါေပမဲ့ ဆိုင္ကယ္က ျပင္ဦးလြင္က လုပ္ခဲ့တာဆရာ အဲ့ဒါ ဆိုင္ကယ္ကို မေကြးလိပ္စာ ေျပာင္းခ်င္လို႔ပါဆရာတဲ့။

ဟုတ္ပါတယ္ မိမိလက္ရွိ ေနေနေတာ့တာက ဒီၿမိဳ႕ ဆိုင္ကယ္လုပ္ခဲ့တာက ဟိုၿမိဳ႕ဆိုရင္ သက္တမ္းတိုးတာကအစ အဆင္မေျပေတာ့ပါဘူး။ ေစာေစာကေမးၾကသလို ေနရပ္ေျပာင္းလာၿပီဆိုမွေတာ့ ဆိုင္ကယ္ကိုလည္း လက္ရွိမိမိေနရပ္လိပ္စာေျပာင္းလိုက္တာ အသင့္ေတာ္ဆုံးပါ။ အဲ့ဒီလို လိပ္စာေျပာင္းၿပီးရင္ ဆိုင္ကယ္သက္တမ္းကိုလည္း ဒီမွာပဲ တိုးလို႔ရၿပီေလ။ လိုင္စင္လုပ္ခဲ့တဲ့ ၿမိဳ႕ကိုျပန္ၿပီး သက္တမ္းတိုးရတဲ့ ဒုကၡလဲ မရွိေတာ့ဘူးေပါ့။

အဲ့ဒီေတာ့ မိမိဆိုင္ကယ္ကို လက္ရွိ မိမိေနရပ္လိပ္စာ ဘယ္လိုေျပာင္းရတယ္ ဆိုတာေလး ေျပာျပပါ့မယ္။

အခုေနတဲ့ ၿမိဳ႕ရဲ႕ ကညနမွာ ေအာက္ေဖၚျပပါ စာ႐ြက္စာတမ္းေလးေတြကို မိမိဆိုင္ကယ္ႏွင့္အတူ ယူေဆာင္လို႔ လိပ္စာေျပာင္းႏိုင္ပါတယ္။

၁။ လက္ရွိေနထိုင္သည့္ ေနရာမွ ရက္ကြက္ေထာက္ခံစာ

၂။ အုံနာဘုတ္မူရင္းႏွင့္ မိတၳဴ

၃။ ဝွီးတက္မူရင္းႏွင့္ မိတၳဴ

၄။ ဆိုင္ကယ္လုပ္စဥ္က စာရင္းေပးခဲ့တဲ့ မွတ္ပုံတင္မူရင္း (အျခားမွတ္ပုံတင္မရ ထိုစဥ္က မိမိမွတ္ပုံတင္ဆိုလွ်င္ အခုလဲမိမိမွတ္ပုံတင္။ ထိုစဥ္က အေဖမွတ္ပုံတင္နဲ႔ လုပ္ခဲ့တာဆိုလွ်င္ အခုလဲ အေဖ့မွတ္ပုံတင္ျဖစ္ရမည္)

Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)

မိမိဆိုင်ကယ်ကို လက်ရှိ မိမိနေရပ်လိပ်စာ ဘယ်လိုပြောင်းရတယ် ဆိုတာလေး ပြောပြပါ့မယ်

သင့်ဆိုင်ကယ်ကို လိပ်စာပြောင်းခြင်းဖြင့် သက်တမ်းတိုးဖို့ပါ အလိုလို အဆင်ပြေပါမည်။ ဆရာ ကျွန်တော့်ဆိုင်ကယ်က ရွှေဘိုမှာလုပ်ခဲ့တာဆရာ။ အခု ကျွန်တော်က မန္တလေးမှာပြောင်းနေတော့တာ။ အဲ့ဒါ ဆိုင်ကယ်ကို မန္တလေးနေရပ်ပြောင်းချင်လို့ပါဆရာ။

ဆရာ သမီးတို့မိသားစုက မကွေးပြောင်းလာခဲ့တော့မှာ။ ဒါပေမဲ့ ဆိုင်ကယ်က ပြင်ဦးလွင်က လုပ်ခဲ့တာဆရာ အဲ့ဒါ ဆိုင်ကယ်ကို မကွေးလိပ်စာ ပြောင်းချင်လို့ပါဆရာတဲ့။

ဟုတ်ပါတယ် မိမိလက်ရှိ နေနေတော့တာက ဒီမြို့ ဆိုင်ကယ်လုပ်ခဲ့တာက ဟိုမြို့ဆိုရင် သက်တမ်းတိုးတာကအစ အဆင်မပြေတော့ပါဘူး။ စောစောကမေးကြသလို နေရပ်ပြောင်းလာပြီဆိုမှတော့ ဆိုင်ကယ်ကိုလည်း လက်ရှိမိမိနေရပ်လိပ်စာပြောင်းလိုက်တာ အသင့်တော်ဆုံးပါ။ အဲ့ဒီလို လိပ်စာပြောင်းပြီးရင် ဆိုင်ကယ်သက်တမ်းကိုလည်း ဒီမှာပဲ တိုးလို့ရပြီလေ။ လိုင်စင်လုပ်ခဲ့တဲ့ မြို့ကိုပြန်ပြီး သက်တမ်းတိုးရတဲ့ ဒုက္ခလဲ မရှိတော့ဘူးပေါ့။

အဲ့ဒီတော့ မိမိဆိုင်ကယ်ကို လက်ရှိ မိမိနေရပ်လိပ်စာ ဘယ်လိုပြောင်းရတယ် ဆိုတာလေး ပြောပြပါ့မယ်။

အခုနေတဲ့ မြို့ရဲ့ ကညနမှာ အောက်ဖေါ်ပြပါ စာရွက်စာတမ်းလေးတွေကို မိမိဆိုင်ကယ်နှင့်အတူ ယူဆောင်လို့ လိပ်စာပြောင်းနိုင်ပါတယ်။

၁။ လက်ရှိနေထိုင်သည့် နေရာမှ ရက်ကွက်ထောက်ခံစာ

၂။ အုံနာဘုတ်မူရင်းနှင့် မိတ္ထူ

၃။ ဝှီးတက်မူရင်းနှင့် မိတ္ထူ

၄။ ဆိုင်ကယ်လုပ်စဉ်က စာရင်းပေးခဲ့တဲ့ မှတ်ပုံတင်မူရင်း (အခြားမှတ်ပုံတင်မရ ထိုစဉ်က မိမိမှတ်ပုံတင်ဆိုလျှင် အခုလဲမိမိမှတ်ပုံတင်။ ထိုစဉ်က အဖေမှတ်ပုံတင်နဲ့ လုပ်ခဲ့တာဆိုလျှင် အခုလဲ အဖေ့မှတ်ပုံတင်ဖြစ်ရမည်)

Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Comments

Leave a Reply

Your email address will not be published. Required fields are marked *