(Zawgyi)
အဲကြန္း အသုံးမျပဳဘဲ ေအးခ်မ္းစြာ အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္း ၅ ခု
အဲကြန္းအသုံးမျပဳဘဲ ေအးခ်မ္းစြာ အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္းေတြ ေဖာ္ျပေပးလိုက္ပါတယ္။ အခုလို ပူျပင္းလြန္းတဲ့ ေႏြရာသီကာလမွာ အဲကြန္းအသုံးျပဳၿပီး အိပ္စက္ရသူေတြအဖို႔ ကိစၥမရွိေပမယ့္ မီးပ်က္သြားတဲ့ အခ်ိန္မ်ိဳးနဲ႔ အဲကြန္း မရွိသူေတြအတြက္ေတာ့ ပူပူေလာင္ေလာင္ ေခြၽးတ႐ႊဲ႐ႊဲနဲ႔မို႔ အိပ္စက္ရခက္ေစမွာပါ။ ဒါေၾကာင့္မို႔လို႔ ရာသီဥတုပူပူမွာ အဲကြန္းအသုံးမျပဳဘဲ ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ႏိုင္ေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
(၁) အိပ္ခါနီးကို ေရေသာက္အိပ္ပါ
ခႏၶာကိုယ္တြင္း ေရဓာတ္ ျပည့္ဝေနတဲ့အခါ ရာသီဥတုအပူဒဏ္ကို ပုံမွန္ထက္ပိုၿပီး ခံႏိုင္ရည္ ရွိပါတယ္။ အိပ္ရာဝင္ခါနီး ေရတဖန္ခြက္ခန႔္ ေသာက္သုံံးေပးတာမ်ိဳးဟာ အပူဒဏ္ခံရျခင္းကို အနည္းငယ္ သက္သာေစမွာ ျဖစ္ပါတယ္။
(၂) မီးေရာင္နည္းႏိုင္သေလာက္ နည္းေအာင္ထားပါ
အိပ္ခန္းတြင္းမွာ မီးဖြင့္ထားျခင္းဟာ ရာသီဥတု အပူဒဏ္အျပင္ အခန္းတြင္း အပူခ်ိန္ကိုပါ ျမင့္တက္ေစတာေၾကာင့္ အပူဒဏ္ကို ပိုမိုခံစားရေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို သင့္အိပ္ခန္းတြင္းမွာ မီးေရာင္နည္းႏိုင္သေလာက္ နည္းေအာင္ ထားေပးသင့္ပါတယ္။
(၃) အိပ္စက္မယ့္ ေနရာကို သဘာဝအတိုင္း ေအးေအာင္ျပဳလုပ္ပါ
အခုေဖာ္ျပမယ့္ နည္းလမ္းကေတာ့ အီဂ်စ္လူမ်ိဳးေတြ ေရွးယခင္တည္းက အသုံးျပဳၾကတဲ့ နည္းလမ္းတခုျဖစ္ပါတယ္။ ေရေကာင္းမြန္စြာ စုပ္ယူႏိုင္တဲ့ အဝတ္တခုကို ေရစြတ္၊ ေရစင္ေအာင္ညႇစ္ၿပီး မိမိအိပ္စက္မယ့္ ေနရာအနီးအနားက ျပတင္းေပါက္နဲ႔ မ်က္ႏွာၾကက္မွာ ျဖန႔္တင္ထားတာမ်ိဳးနဲ႔ အိပ္ရာေပၚမွာ ခဏေလာက္ ျဖန႔္တင္ထားတာမ်ိဳးကို ျပဳလုပ္ေပးႏိုင္ပါတယ္။
(၄) ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ိဳးကိုသာ ေ႐ြးခ်ယ္ဝတ္ဆင္ပါ
ေလဝင္ေလထြက္ေကာင္းမြန္ၿပီး ေပါ့ေပါ့ပါးပါးျဖစ္ေစမယ့္ ခ်ည္ထည္အဝတ္အစားမ်ိဳးကို ေ႐ြးခ်ယ္ ဝတ္ဆင္ျခင္းက အပူဒဏ္ကို ေလ်ာ့ပါးသက္သာေစမွာပါ။
(၅) ယပ္ေတာင္ မၾကာခဏ အသုံးမျပဳပါနဲ႔
အပူဒဏ္သက္သာေအာင္လို႔ ယပ္ေတာင္ တဖ်ပ္ဖ်ပ္ ခတ္ျခင္းဟာ ခႏၶာကိုယ္လႈပ္ရွားမႈကို ျဖစ္ေပၚေစၿပီး အိပ္စက္ရခက္ေစတာေၾကာင့္ ယပ္ေတာင္ကို အသုံးျပဳမယ့္အစား ပန္ကာအေသးစားေလးေတြကို ခဏေလာက္ဖြင့္ထားတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။
Ref. www.tuck.com
Credit -ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition
(Unicode)
အဲကွန်း အသုံးမပြုဘဲ အေးချမ်းစွာ အိပ်ပျော်နိုင်စေမယ့် နည်းလမ်း ၅ ခု
အဲကွန်းအသုံးမပြုဘဲ အေးချမ်းစွာ အိပ်ပျော်နိုင်စေမယ့် နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။ အခုလို ပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ အဲကွန်းအသုံးပြုပြီး အိပ်စက်ရသူတွေအဖို့ ကိစ္စမရှိပေမယ့် မီးပျက်သွားတဲ့ အချိန်မျိုးနဲ့ အဲကွန်း မရှိသူတွေအတွက်တော့ ပူပူလောင်လောင် ချွေးတရွှဲရွှဲနဲ့မို့ အိပ်စက်ရခက်စေမှာပါ။ ဒါကြောင့်မို့လို့ ရာသီဥတုပူပူမှာ အဲကွန်းအသုံးမပြုဘဲ အေးအေးချမ်းချမ်း အိပ်ပျော်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အိပ်ခါနီးကို ရေသောက်အိပ်ပါ
ခန္ဓာကိုယ်တွင်း ရေဓာတ် ပြည့်ဝနေတဲ့အခါ ရာသီဥတုအပူဒဏ်ကို ပုံမှန်ထက်ပိုပြီး ခံနိုင်ရည် ရှိပါတယ်။ အိပ်ရာဝင်ခါနီး ရေတဖန်ခွက်ခန့် သောက်သုံံးပေးတာမျိုးဟာ အပူဒဏ်ခံရခြင်းကို အနည်းငယ် သက်သာစေမှာ ဖြစ်ပါတယ်။
(၂) မီးရောင်နည်းနိုင်သလောက် နည်းအောင်ထားပါ
အိပ်ခန်းတွင်းမှာ မီးဖွင့်ထားခြင်းဟာ ရာသီဥတု အပူဒဏ်အပြင် အခန်းတွင်း အပူချိန်ကိုပါ မြင့်တက်စေတာကြောင့် အပူဒဏ်ကို ပိုမိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့်မို့လို သင့်အိပ်ခန်းတွင်းမှာ မီးရောင်နည်းနိုင်သလောက် နည်းအောင် ထားပေးသင့်ပါတယ်။
(၃) အိပ်စက်မယ့် နေရာကို သဘာဝအတိုင်း အေးအောင်ပြုလုပ်ပါ
အခုဖော်ပြမယ့် နည်းလမ်းကတော့ အီဂျစ်လူမျိုးတွေ ရှေးယခင်တည်းက အသုံးပြုကြတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ရေကောင်းမွန်စွာ စုပ်ယူနိုင်တဲ့ အဝတ်တခုကို ရေစွတ်၊ ရေစင်အောင်ညှစ်ပြီး မိမိအိပ်စက်မယ့် နေရာအနီးအနားက ပြတင်းပေါက်နဲ့ မျက်နှာကြက်မှာ ဖြန့်တင်ထားတာမျိုးနဲ့ အိပ်ရာပေါ်မှာ ခဏလောက် ဖြန့်တင်ထားတာမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။
(၄) ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ
လေဝင်လေထွက်ကောင်းမွန်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ချည်ထည်အဝတ်အစားမျိုးကို ရွေးချယ် ဝတ်ဆင်ခြင်းက အပူဒဏ်ကို လျော့ပါးသက်သာစေမှာပါ။
(၅) ယပ်တောင် မကြာခဏ အသုံးမပြုပါနဲ့
အပူဒဏ်သက်သာအောင်လို့ ယပ်တောင် တဖျပ်ဖျပ် ခတ်ခြင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး အိပ်စက်ရခက်စေတာကြောင့် ယပ်တောင်ကို အသုံးပြုမယ့်အစား ပန်ကာအသေးစားလေးတွေကို ခဏလောက်ဖွင့်ထားတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.tuck.com
Credit -ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition
Leave a Reply