ပတဲေကာႀကီးပင္၏ အစြမ္းမ်ား

(Zawgyi)

ပတဲေကာႀကီးပင္

Item Name ——— Greater Galangal (ပတဲေကာႀကီးပင္)
Category ———— Raw Material
Botany Term ——– Alpinia galangal Willd A, conchigera Griff
Species Family —– Zingiberaceae

ျမန္မာ ႏိုင္ငံ အႏွံ႕အျပားတြင္ သဘာ၀အေလ်ာက္ ေပါက္ေရာက္သည္။ သဘာ၀ ေပါက္ပင္ ျဖစ္သည္။

အပင္

အၿမဲစိမ္း အပင္ငယ္ မ်ိဳးျဖစ္သည္။ အျမင့္ ၅-၈ ေပ အထိ ျမင့္သည္။႐ြက္ေယာင္ ပင္စည္ ျဖစ္ၿပီး ေထာင္မတ္၍ ေပါက္သည္။ ပင္စည္ လံုးမာ၍ ေခ်ာေမြ႕သည္။

အ႐ြက္

ပင္စည္လံုးအား ပတ္၍ ႐ြက္လႊဲ ထြက္သည္။အလ်ား ၁-၂ ေပ အထိ ႐ွိ၏။ ႐ြက္ျပား က်ဥ္း၏။ ႐ြက္ရင္း၀ိုင္း သို႕မဟုတ္ သြယ္ၿပီး ႐ြက္ထိပ္သို႕ ခၽြန္သြယ္ သြားသည္။ဂံုမင္း ႐ြက္ႏွင့္ တူသည္။႐ြက္ညွာ တိုသည္။႐ြက္လယ္ေၾကာ ထင္႐ွား၍ ေျမာင္းပါသည္။ အ႐ြက္ မ်က္ႏွာျပင္ ႏွစ္ဖက္လံုး ေခ်ာေမြ႕ၿပီး ႐ြက္နားညီသည္။

အပြင့္

ေသးငယ္ၿပီး အျဖဴ ေရာင္တြင္ နီညိဳ စင္းကေလး မ်ား ႐ွိသည္။

 အျမစ္ဥ

ဥပံုသဏၭာန္ ျဖစ္ၿပီး နႏြင္း တက္ႏွင့္ တူသည္။ အေျမွး ဖတ္မ်ားျဖင့္ ဖံုးအုပ္ထားသည္။ ျမစ္ျမႊာ နည္းသည္။

အသံုး၀င္ပံု

ဥတက္။

အာနိသင္

ျမန္မာ ေဆးက်မ္း မ်ား အလိုအရ ပတဲေကာ ျမစ္သည္ ပူ ၊ စပ္၊ ခါး ေသာ အရသာ ႐ွိ၏။ ပူ၍ ထက္ျမက္ေသာ ဂုဏ္သတၱိ ႐ွိ၏။ ေသြး ၊ သလိပ္ကို ေၾကေစ၍ အဆိပ္ ကုိ လည္းေကာင္း ၊ ေရာင္ရမ္းေသာ အနာကုိ လည္းေကာင္း ႏုိင္ေသာ သတၱိ ႐ွိ၏။ ၀မ္းမီးကို ေတာက္ေစသည္။ ႏွလံုး ကုိ အက်ိဳး ျပဳသည္။ ႏႈတ္ကုိ ၿမိန္ေစသည္။

ဥတက္အသံုးျပဳပံု

၁။ ပတဲေကာႀကီးကုိ ၀မ္းကုိက္ ေရာဂါ၊ ေသြး၀မ္းက် ေရာဂါ၊ ပန္းနာေရာဂါ၊ ႏွလံုး ေရာဂါ ေပ်ာက္ ေဆးမ်ား အျဖစ္ ေဖာ္စပ္ အသံုးျပဳ၏။


၂။ ဆီးခဲလွ်င္ ပတဲေကာကုိ ဆန္ေဆးရည္ႏွင့္ ေသြးေသာက္က ဆီး႐ႊင္ေစ၏။


၃။ ပတဲေကာႀကီး ျမစ္ကုိ ခ်င္းစိမ္းအရည္၊ ပ်ားရည္ႏွင့္ လ်က္ေပးက ေခ်ာင္းဆုိး ေရာဂါ ေပ်ာက္၏။


၄။ ပတဲေကာႀကီး ႏွင့္ စမုန္ျဖဴ၊ ဆားမီးဖုတ္ တုိ႕ကုိ အမႈန္႕ ျပဳ၍ အနည္းငယ္မွ် လ်က္ေပး ေသာ္ ရင္နာ၊ ၀မ္းနာ ေပ်ာက္၏။


၅။ ဆီးအိမ္တြင္ ဆီး႐ွိလ်က္ ဆီးေအာင့္ ဆီးခ်ဳပ္ေနမူ ပတဲေကာႀကီး ျမစ္ကုိ ေရႏွင့္ ေသြးေသာက္ ေသာ္ ေပ်ာက္၏။


၆။ အဖ်ား ေရာဂါ မ်ား အတြက္ အဖ်ားကို ႏိုင္ေစ ေသာ ငန္းေဆးႏွင့္ ပတဲေကာႀကီး ျပဳတ္ရည္ တိုက္ပါက လ်င္ျမန္စြာ ေပ်ာက္ကင္း၏။


၇။ ပတဲေကာႀကီး၊ ခ်င္းေျခာက္၊ သိေႏၶာဆား တို႕ကုိ ဆတူ စပ္၍ အမႈန္႕ျပဳ ေသာက္ေသာ္ အစာ မေၾက ေရာဂါ ေပ်ာက္ကင္း၏။

Credit – ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား

(Unicode)

ပတဲကောကြီးပင်

Item Name ——— Greater Galangal (ပတဲကောကြီးပင်)
Category ———— Raw Material
Botany Term ——– Alpinia galangal Willd A, conchigera Griff
Species Family —– Zingiberaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ သဘာ၀ ပေါက်ပင် ဖြစ်သည်။

အပင်

အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ၍ ချောမွေ့သည်။

အရွက်

ပင်စည်လုံးအား ပတ်၍ ရွက်လွှဲ ထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြား ကျဉ်း၏။ ရွက်ရင်းဝိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။

အပွင့်

သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။

 အမြစ်ဥ

ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်းတက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။

အသုံးဝင်ပုံ

ဥတက်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ်ကိုလည်းကောင်း၊ ရောင်ရမ်းသော အနာကိုလည်းကောင်း နိုင်သော သတ္တိ ရှိ၏။ ဝမ်းမီးကို တောက်စေသည်။ နှလုံးကို အကျိုးပြုသည်။ နှုတ်ကို မြိန်စေသည်။

ဥတက်အသုံးပြုပုံ

၁။ ပတဲကောကြီးကို ဝမ်းကိုက် ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံး ရောဂါ ပျောက် ဆေးများ အဖြစ် ဖော်စပ် အသုံးပြု၏။


၂။ ဆီးခဲလျှင် ပတဲကောကို ဆန်ဆေးရည်နှင့် သွေးသောက်က ဆီးရွှင်စေ၏။


၃။ ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။


၄။ ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။


၅။ ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။


၆။ အဖျား ရောဂါများအတွက် အဖျားကို နိုင်စေသော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။


၇။ ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူစပ်၍ အမှုန့်ပြု သောက်သော် အစာမကြေ ရောဂါ ပျောက်ကင်း၏။

Credit – မြန်မာ့ဆေးဖက်ဝင်အပင်များ

Comments

Leave a Reply

Your email address will not be published. Required fields are marked *